ဒီနေ့မှာတော့ ပိန်တာထက် အထူးသဖြင့် ခါးသွယ်ပြီး ဗိုက်ချပ်ချင်သူတွေအတွက် လပိုင်းအတွင်းမှာပဲ သိသာတဲ့ရလဒ်ကို ရရှိဖို့အတွက် ဘယ်လိုစားသောက်နေထိုင်ရမလဲဆိုတာလေး ပြောပြချင်ပါတယ်။ နောက်ဆုံး အားကစားမလုပ်နိုင်ဘူးဆိုရင်တောင် အခုပြောပြမယ့် စားသောက်နေထိုင်မှုကို ဂရုစိုက်ထိန်းသိမ်းမယ်ဆိုရင် ရုပ်ဆိုးတဲ့ ခါးနဲ့ ဗိုက်ဟာ လေ့ကျင့်ခန်းလုပ်ထားတဲ့သူလို ကျစ်လျစ်လှပမနေတောင် ကြည့်ကောင်းတဲ့ Shape ကို ရရှိနိုင်ပါတယ်။

ပထမဆုံး မစားဘဲ လုံးဝရှောင်ကြဉ်ရမယ့် အစားအစာတွေကို အရင်ပြောပြချင်ပါတယ်။ အဲဒါတွေကတော့ ….

Soda ပါတဲ့သောက်စရာများ

ပေါင်မုန့်နဲ့ ပါစတာများ

သကြားနဲ့ အချိုမုန့်များ

အရက်သေစာများ

အနီရောင်အသားများ

ဒီအစားအသောက်တွေဟာ ကိုယ်ခန္ဓာကို ဘယ်လိုမှ ကောင်းကျိုးမပေးပါဘူး။ အဆီတွေ၊ ကာဗိုဟိုက်ဒရိတ်တွေ၊ အယ်ကိုဟောတွေက မကောင်းတဲ့အညစ်အကြေးတွေအဖြစ် ၀မ်းဗိုက်မှာ တဖြည်းဖြည်း စုစည်းလာပြီး ဒီလိုအစားအသောက်တွေကို စားသောက်တာ များလာတာနဲ့အမျှ ဗိုက်ပူလာပြီး ခါးတုတ်လာတော့မှာပါ။

အခုတော့ အမြဲဂရုစိုက်စားသောက်ရမှာတွေကို ဖော်ပြပေးတော့မှာပါ။

လိမ္မော်ရည်

ရေသန့်

ငါးနဲ့ ကြက်သားပြုတ်

အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်များ

အားလုံးသိပြီးသားပါပဲ။ ရေသောက်ခြင်းဟာ အသားအရည်နဲ့ ကိုယ်တွင်းကလီစာကျန်းမာရေးကို အထောက်အကူပေးတယ်။ လိမ္မော်ရည်က အဆီပိုတွေကို လျော့ကျစေပြီး ငါးနဲ့ ကြက်သားပြုတ်တွေကိုပဲ ဂရုစိုက်စားသုံးမယ်ဆိုရင် အာဟာရပြည့်ပြီး ကျစ်လျစ်လာပါလိမ့်မယ်။ ပြီးတော့ အသီးအနှံနံ့ ဟင်းသီးဟင်းရွက်တွေကြောင့် ၀မ်းမှန်မှန်သွားပြီး အဆီကျ အသားလှလာပါလိမ့်မယ်နော်။

ဒီတော့ ဘာခက်လို့လဲ။ ဘာမှမခက်ပါဘူး။ နေ့စဉ်တိုင်းမှာ အခု ဖြတ်တောက်ခိုင်းတဲ့ အစားအသောက်တွေကို ဖြတ်တောက်ပြီး စားခိုင်းတာလေးတွေကိုသာ ပုံမှန်စားပေးသွားမယ်ဆိုရင် အားကစား အပြင်းအထန်လုပ်စရာမလိုအပ်ဘဲ ကြည့်ကောင်းတဲ့ ခါးနဲ့ ၀မ်းဗိုက်တို့ကို ရရှိလာနိုင်ပါတယ်နော်။

Moethaesay (Akhayar)