၂၀၁၉ The Best FIFA အကောင်းဆုံးဆုတွေအတွက် ဆန်ခါတင်စာရင်းတွေ ထွက်ပေါ်လာပြီဖြစ်ပြီး အမျိုးသား အကောင်းဆုံးဆုအတွက် ဆန်ခါတင်(၃)ဦးမှာတော့ မက်ဆီ Lionel Messi ၊ စီရော်နယ်လ်ဒို Cristiano Ronaldo ၊ ဗန်ဒိုက် Virgil van Dijk တို့ ပါဝင်ခဲ့ပါတယ်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)ဟာ ၂၀၁၆ ခုနှစ်ကစလို့ The Best FIFA အမည်နဲ့ အကောင်းဆုံးဆုတွေကို ချီးမြှင့်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့(၃)နှစ်အတွင်း စီရော်နယ်လ်ဒို Cristiano Ronaldo က (၂)ကြိမ်၊ မိုဒရစ် Luka Modrić က (၁)ကြိမ်ရရှိခဲ့ပါတယ်။ ထူးခြားတာက ဒီနှစ် The Best FIFA ဆုအတွက် ဆန်ခါတင်(၃)ဦးထဲမှာ ဆုရခဲ့ဖူးတာဆိုလို့ စီရော်နယ်လ်ဒို တစ်ဦးတည်းသာပါဝင်နေပြီး မက်ဆီ၊ ဗန်ဒိုက်တို့ကတော့ တစ်ခါမှ မရသေးပါဘူး။

ဒီဆုအတွက် ရေပန်းစားမှုမှာ စီရော်နယ်လ်ဒို၊ မက်ဆီတို့က ဗန်ဒိုက်ထက် ပိုပြီး ရေပန်းစားနေပေမယ့် ပြီးခဲ့တဲ့ UEFA (၁)နှစ်တာအကောင်းဆုံးဆုကိုလည်း ဗန်ဒိုက်က သူ့ထက် ရေပန်းစားခဲ့တဲ့ စီရော်နယ်လ်ဒို၊ မက်ဆီတို့ကို ကျော်ဖြတ်ရယူခဲ့တာကြောင့် အခု အဲဒီအတိုင်း ဆက်ဖြစ်သွားမလားဆိုတာ စောင့်ကြည့်ရမှာပါ။ အမျိုးသမီးဆုအတွက် ဆန်ခါတင်စာရင်းမှာတော့ ၂၀၁၉ အမျိုးသမီးကမ္ဘာ့ဖလားချန်ပီယံ အမေရိကန်အသင်း ကစားသမားတွေဖြစ်တဲ့ ရာပီနို Megan Rapinoe ၊ အဲလက်စ်မော်ဂန် Alex Morgan တို့နဲ့အတူ အင်္ဂလန်အသင်းနောက်ခံလူ လူစီဘရွန့်စ် Lucy Bronze လည်း ပါဝင်ခဲ့ပါတယ်။ လိုင်ယွန်အသင်းမှာ ကစားနေတဲ့ လူစီဘရွန့်စ်ဟာ မကြာသေးခင်က UEFA (၁)နှစ်တာအကောင်းဆုံး အမျိုးသမီးဆုကို ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။

အကောင်းဆုံးနည်းပြဆုအတွက် ဆန်ခါတင်စာရင်းမှာတော့ လီဗာပူးလ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ရယူခဲ့တဲ့ ယာဂန်ကလော့ပ် Jurgen Klopp ၊ ပြီးခဲ့တဲ့ရာသီ ပြည်တွင်းဖလား(၃)လုံး ချန်ပီယံ မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာ Pep Guardiola နဲ့ မနှစ်က ချန်ပီယံလိဂ်ဗိုလ်လုပွဲ တက်ရောက်ခဲ့တဲ့ စပါးအသင်းနည်းပြ ပိုချက်တီနို Mauricio Pochettino တို့ ပါဝင်ခဲ့ပြီး ပိုချက်တီနိုထက် ယာဂန်ကလော့ပ်နဲ့ ဂွါဒီယိုလာတို့ နှစ်ဦးသာ အဓိက ယှဉ်ပြိုင်ရမယ့်အနေအထားပါပဲ။ ၂၀၁၉ The Best FIFA ဆုပေးပွဲအခမ်းအနားကို လာမယ့်စက်တင်ဘာ(၂၃)ရက်ကျရင် မီလန်မြို့မှာရှိတဲ့ ဆန်စီရိုကွင်းကြီးမှာ ကျင်းပသွားမှာဖြစ်တာကြောင့် ဘယ်သူတွေ ဆုရရှိမလဲဆိုတာ ရင်ခုန်စွာ စောင့်ကြည့်ရမှာပါ . .

The Best FIFA Football Awards finalists in full

The Best FIFA Men’s Player
Cristiano Ronaldo (POR) – Juventus
Lionel Messi (ARG) – FC Barcelona
Virgil van Dijk (NED) – Liverpool

The Best FIFA Women’s Player
Lucy Bronze (ENG) – Olympique Lyonnais
Alex Morgan (USA) – Orlando Pride
Megan Rapinoe (USA) – Reign FC

The Best FIFA Men’s Coach
Pep Guardiola (ESP) – Manchester City
Jurgen Klopp (GER) – Liverpool
Mauricio Pochettino (ARG) – Tottenham Hotspur

The Best FIFA Women’s Coach
Jill Ellis (USA) – USA national team
Phil Neville (ENG) – England national team
Sarina Wiegman (NED) – Netherlands national team

FIFA Fan Award
Silvia Grecco (BRA)
Netherlands Fans at the Women’s World Cup (NED)
Justo Sánchez (URU)

The Best FIFA Men’s Goalkeeper
Alisson (BRA) – Liverpool
Ederson (BRA) – Manchester City
Marc-André ter Stegen (GER) – FC Barcelona

The Best FIFA Women’s Goalkeeper
Christiane Endler (CHI) – Paris Saint-Germain
Hedvig Lindahl (SWE) – Chelsea / Wolfsburg
Sari van Veenendaal (NED) – Arsenal / Atletico Madrid

FIFA Puskás Award
Lionel Messi (ARG) – Real Betis v FC Barcelona [La Liga] (17 March 2019)
Juan Fernando Quintero (COL) – River Plate v Racing Club [Argentinian Superliga] (10 February 2019)
Dániel Zsóri (HUN) – Debrecen FC v Ferencváros TC [Nemzeti Bajnoskag I] (16 February 2019)

REF:FIFA
Photo:FIFA,Getty Images
Naing Linn(Akhayar)
www.akhayar.com