[Zawgyi]

ပန္းခ်ီခ်စ္သူေတြအတြက္ iOS Drawing Application ေတြ

အခုေခတ္မွာ ပန္းခ်ီဆြဲဖုိ႔က အရမ္းကို ခက္ခဲသြားျပီလုိ႔ မထင္မိၾကဘူးလား… အရင္တုန္းက ပံုဆြဲစာအုပ္ေတြ၊ အေရာင္စံု ပံုဆြဲခဲတံေတြက ကေလးေတြတင္မဟုတ္ဘဲ ဆယ္ေက်ာ္သက္တုိင္းရဲ႕ အိမ္မွာ မရွိမျဖစ္အရာတစ္ခုျဖစ္ေနခဲ့တာပါ။ ဒါေပမယ့္ အခုအခ်ိန္မွာေတာ့ Canvas နဲ႔ စုတ္တံနဲ႔ ပံုဆြဲဖို႔မေျပာနဲ႔… ပံုဆြဲစာအုပ္နဲ႔ ခဲတံတစ္ေခ်ာင္းကိုင္ျပီး ပံုဆြဲျဖစ္ဖို႔ေတာင္ မလြယ္ကူေတာ့သလုိပါပဲ။

တခ်ိဳ႕ ပံုဆြဲတာကို အေၾကာင္းျပဳျပီး စီးပြားရွာေနတဲ့သူေတြ၊ ပန္းခ်ီဆရာေပါက္စေတြ၊ ပံုဆြဲရတာကို အရမ္းဝါသနာထံုတဲ့သူေတြပဲ ပံုဆြဲစာအုပ္ေတြကို ဝယ္ျပီးဆြဲေနၾကတုန္းပါ။ ဒါေပမယ့္ သာမန္ဝါသနာပါရုံေလာက္သူေတြကေတာ့ ေမ့မွန္းမသိ ေမ့သြားၾကပါျပီ။

အဲ့ဒီအတြက္ အခုေခတ္မွာ လူတိုင္းနီးပါး ေန႔စဥ္သံုးေနၾကတဲ့ Mobile Phone ေတြ၊ Tablet ေတြကို အသံုးျပဳျပီးေတာ့ Canvas အေပၚမွာ ပံုဆြဲကိရိယာအစံုအလင္နဲ႔ ပံုဆြဲေနရသလုိ ခံစားရေစမယ့္ Drawing Applications ေတြကို ညႊန္းေပးလိုက္မယ္ေနာ္… ။ ဒီတစ္ခါ ညႊန္းေပးသြားမယ့္ Apps ေလးေတြက ပံုဆြဲလုိ႔ အရမ္းေကာင္းၿပီးေတာ့ iPad နဲ႔ iPhone ေတြအတြက္ပဲဆုိေတာ့ Android သံုးေနတဲ့သူေတြအတြက္ကေတာ့ အခုေျပာသြားမယ့္ App အားလံုးရွိမွာမဟုတ္ပါဘူး။ အခ်ိဳ႕ App ေလးေတြေတာ့ Android အတြက္လည္းရႏိုင္ပါတယ္။

Procreate Pocket

Procreate-Pocket

Source : https://itunes.apple.com

Procreate Pocket က စုတ္ခ်က္ Detail အေသးစိတ္ဆြဲတတ္တဲ့သူေတြအတြက္ အေကာင္းဆံုး Drawing App တစ္ခုျဖစ္ပါတယ္။ Character ေတြ စိတ္တိုင္းက် ပံုေဖာ္ဖန္တီးလို႔ရတယ္။ စုတ္ခ်က္တိုင္းက အျပင္မွာ တကယ္ ဆြဲေနရသလိုမ်ိဳး ခံစားခ်က္ကိုေပးတယ္။ Texture ဟာလည္း တကယ့္ကို လက္ေတြ႔ဆန္လြန္းလွတဲ့အတြက္ ကိုယ္ဆြဲလိုက္တဲ့ ပံုတိုင္းကို 3D Effect လို႔ ထင္ေအာင္ ဆဲြနိုင္ပါေသးတယ္။ Artist ေတြ အရမ္းသေဘာက်တဲ့ Drawing App လည္းျဖစ္သလို Editor’s Choice Application တစ္ခုလည္းျဖစ္ပါတယ္။ စိတ္ကူးအတိုင္း ေရးဆြဲတဲ့သူေတြ၊ Creator ေတြအတြက္ဆိုရင္ေတာ့ Recommend လုပ္ပါတယ္။ စိတ္မေကာင္းစြာနဲ႔ Procreate ဟာ iPhone နဲ႔ iPod မွာပဲ အသံုးျပဳလို႔ရပါတယ္တဲ့ေနာ္။ iPad Version က သီးသန္႔ရွိပါတယ္။

HP Pavilion

HP Pavilion

HP Pavilion အေၾကာင္း အေသးစိတ္သိရွိရန္

Concepts

Concepts

Source : https://itunes.apple.com

Concepts ဆိုတဲ့ Application ကေတာ့ သူ႕ရဲ႕ နာမည္အတိုင္းပဲ နည္းက် စနစ္က် တိုင္းတာျပီးဆြဲတဲ့သူေတြအတြက္ သင့္ေတာ္ပါတယ္။ ကိုယ္လိုခ်င္သလိုမ်ိဳး Canvas Paper ကို ေရြးခ်ယ္ျပီး ဆြဲလို႔ရပါတယ္။ Grid နဲ႔ ဆြဲခ်င္လည္း ဆြဲလို႔ရသလို Plain Sheet ေျပာင္းျပီးေတာ့လည္း ဆြဲလို႔ရပါေသးတယ္။ ဒါ့အျပင္ ကိုယ္ပံုေဖာ္ခ်င္တဲ့ အရာဝတၳဳေပၚေအာင္ အပင္ပန္းခံျပီး မ်ဥ္းကိုတည့္ေနေအာင္ အၾကီးၾကီး ခ်ဲ႔ကားျပီး လက္မွန္ေနေအာင္ ဆြဲေနစရာမလိုေတာ့ပါဘူး။ အျခား Application ေတြမွာ ေတြ႔ရခဲတဲ့ Guide ဆိုတဲ့ မ်ဥ္းေတြဆြဲတဲ့အခါမွာ လက္မေခ်ာသြားေအာင္ ေဘးကေနထိန္းကြပ္ေပးတာျဖစ္ပါတယ္။ Engineering တက္ေနတဲ့သူေတြ၊ Architecture တက္ေနတဲ့သူေတြအျပင္ Drawing ကုိ တကယ့္ Professional တစ္ေယာက္လို အသံုးျပဳခ်င္တဲ့သူေတြအတြက္ေတာ့ အေကာင္းဆံုးျဖစ္ပါတယ္။ iDevice ေတာ္ေတာ္မ်ားမ်ားမွာ အသံုးျပဳလို႔ရပါတယ္ေနာ္။

Acer Swift 3

Acer Swift 3

Acer Swift 3 အေၾကာင္း အေသးစိတ္ၾကည့္ရန္

Adobe Photoshop Sketch

Adobe-Photoshop-Sketch

Source : https://itunes.apple.com

Adobe Photoshop Sketch ကေတာ့ ရံုးတြင္း လုပ္ငန္းခြင္ေတြမွာ အသံုးျပဳၾကပါတယ္။ ရံုးထိုင္ ဒီဇိုင္နာေတြ Sketch ဆြဲတဲ့အခါေတြမွာ အသံုးျပဳၾကပါတယ္။ အေရာင္ေတြကို ညွိလို႔ရတယ္။ ကိုယ္ၾကိဳက္သလိုမ်ိဳး Drawing Tools ေတြကို ၾကိဳက္သလို စီမံခန္႔ခြဲလို႔ရပါတယ္။ အေပ်ာ္သေဘာအျဖစ္နဲ႔ဆြဲတဲ့သူေတြအတြက္ေတာ့ နည္းနည္းေလး ပ်င္းစရာျဖစ္ေနေလာက္ပါလိမ့္မယ္။ သိုေပမယ့္လည္း Adobe Fan ေတြအတြက္ေတာ့ Adobe Photoshop Sketch က တကယ္ကို သေဘာက်ၾကတဲ့ Application တစ္ခုပဲျဖစ္ပါတယ္။ သူလည္း ထိုနည္းလည္းေကာင္းပါပဲ iDevice ေတာ္ေတာ္မ်ားမ်ားမွာ အသံုးျပဳလို႔ရပါတယ္ေနာ္။

ဒီလိုနာမည္ၾကီးျပီး အသံုးျပဳလို႔ေကာင္းတဲ့ Application သံုးခုအျပင္ အျခားအသံုးျပဳလို႔ေကာင္းတဲ့ Apps ေတြလည္း ရွိပါေသးတယ္။ သူတို႔ေတြကေတာ့ Tayasui SketchesAdobe Illustrator Draw by AdobeAutodesk နဲ႔ ArtRage တို႔ပဲျဖစ္ပါတယ္။

ကဲ… ကိုယ္မွာရွိတဲ့ iPad ပဲျဖစ္ျဖစ္၊ iPhone နဲ႔ပဲျဖစ္ျဖစ္ ဒီ Drawing Apps ေလးေတြသံုးျပီး ပံုဆြဲၾကည့္ၾကပါ။ iPad ကိုေတာ့ပို Recommend ေပးပါတယ္။ ပံုဆြဲစာအုပ္ဝယ္ျပီး ခဲတံေတြ၊ စုတ္တံေတြနဲ႔ ပံုဆြဲဖို႔ အဆင္မေျပဘူးဆုိရင္ေတာင္ ပံုဆြဲတာက ကုိယ့္စိတ္ရဲ႕ ဖန္တီးႏုိင္စြမ္းကို တိုးတက္ေစတယ္၊ မွတ္ဥာဏ္ပိုေကာင္းလာေစတယ္၊စိတ္လည္းရွည္ေစတယ္ စကားေျပာရတာကအစ ျပႆနာတစ္ခုခုဆုိရင္လည္း ေျဖရွင္းႏုိင္စြမ္းပိုျပီး ျမင့္မားလာေစေတာ့ ကိုယ့္အလုပ္၊ ပတ္ဝန္းက်င္မွာ စိတ္ညစ္ရသမွ်ေတြကို ပံုဆြဲျပီး ေျဖေဖ်ာက္လုိက္ရေအာင္…။

Redrose (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ပန်းချီချစ်သူတွေအတွက် iOS Drawing Application တွေ

အခုခေတ်မှာ ပန်းချီဆွဲဖို့က အရမ်းကို ခက်ခဲသွားပြီလို့ မထင်မိကြဘူးလား… အရင်တုန်းက ပုံဆွဲစာအုပ်တွေ၊ အရောင်စုံ ပုံဆွဲခဲတံတွေက ကလေးတွေတင်မဟုတ်ဘဲ ဆယ်ကျော်သက်တိုင်းရဲ့ အိမ်မှာ မရှိမဖြစ်အရာတစ်ခုဖြစ်နေခဲ့တာပါ။ ဒါပေမယ့် အခုအချိန်မှာတော့ Canvas နဲ့ စုတ်တံနဲ့ ပုံဆွဲဖို့မပြောနဲ့… ပုံဆွဲစာအုပ်နဲ့ ခဲတံတစ်ချောင်းကိုင်ပြီး ပုံဆွဲဖြစ်ဖို့တောင် မလွယ်ကူတော့သလိုပါပဲ။

တချို့ ပုံဆွဲတာကို အကြောင်းပြုပြီး စီးပွားရှာနေတဲ့သူတွေ၊ ပန်းချီဆရာပေါက်စတွေ၊ ပုံဆွဲရတာကို အရမ်းဝါသနာထုံတဲ့သူတွေပဲ ပုံဆွဲစာအုပ်တွေကို ဝယ်ပြီးဆွဲနေကြတုန်းပါ။ ဒါပေမယ့် သာမန်ဝါသနာပါရုံလောက်သူတွေကတော့ မေ့မှန်းမသိ မေ့သွားကြပါပြီ။

အဲ့ဒီအတွက် အခုခေတ်မှာ လူတိုင်းနီးပါး နေ့စဉ်သုံးနေကြတဲ့ Mobile Phone တွေ၊ Tablet တွေကို အသုံးပြုပြီးတော့ Canvas အပေါ်မှာ ပုံဆွဲကိရိယာအစုံအလင်နဲ့ ပုံဆွဲနေရသလို ခံစားရစေမယ့် Drawing Applications တွေကို ညွှန်းပေးလိုက်မယ်နော်… ။ ဒီတစ်ခါ ညွှန်းပေးသွားမယ့် Apps လေးတွေက ပုံဆွဲလို့ အရမ်းကောင်းပြီးတော့ iPad နဲ့ iPhone တွေအတွက်ပဲဆိုတော့ Android သုံးနေတဲ့သူတွေအတွက်ကတော့ အခုပြောသွားမယ့် App အားလုံးရှိမှာမဟုတ်ပါဘူး။ အချို့ App လေးတွေတော့ Android အတွက်လည်းရနိုင်ပါတယ်။

Procreate Pocket

Procreate-Pocket

Source : https://itunes.apple.com

Procreate Pocket က စုတ်ချက် Detail အသေးစိတ်ဆွဲတတ်တဲ့သူတွေအတွက် အကောင်းဆုံး Drawing App တစ်ခုဖြစ်ပါတယ်။ Character တွေ စိတ်တိုင်းကျ ပုံဖော်ဖန်တီးလို့ရတယ်။ စုတ်ချက်တိုင်းက အပြင်မှာ တကယ် ဆွဲနေရသလိုမျိုး ခံစားချက်ကိုပေးတယ်။ Texture ဟာလည်း တကယ့်ကို လက်တွေ့ဆန်လွန်းလှတဲ့အတွက် ကိုယ်ဆွဲလိုက်တဲ့ ပုံတိုင်းကို 3D Effect လို့ ထင်အောင် ဆွဲနိုင်ပါသေးတယ်။ Artist တွေ အရမ်းသဘောကျတဲ့ Drawing App လည်းဖြစ်သလို Editor’s Choice Application တစ်ခုလည်းဖြစ်ပါတယ်။ စိတ်ကူးအတိုင်း ရေးဆွဲတဲ့သူတွေ၊ Creator တွေအတွက်ဆိုရင်တော့ Recommend လုပ်ပါတယ်။ စိတ်မကောင်းစွာနဲ့ Procreate ဟာ iPhone နဲ့ iPod မှာပဲ အသုံးပြုလို့ရပါတယ်တဲ့နော်။ iPad Version က သီးသန့်ရှိပါတယ်။

HP Pavilion

HP Pavilion

HP Pavilion အကြောင်း အသေးစိတ်သိရှိရန်

Concepts

Concepts

Source : https://itunes.apple.com

Concepts ဆိုတဲ့ Application ကတော့ သူ့ရဲ့ နာမည်အတိုင်းပဲ နည်းကျ စနစ်ကျ တိုင်းတာပြီးဆွဲတဲ့သူတွေအတွက် သင့်တော်ပါတယ်။ ကိုယ်လိုချင်သလိုမျိုး Canvas Paper ကို ရွေးချယ်ပြီး ဆွဲလို့ရပါတယ်။ Grid နဲ့ ဆွဲချင်လည်း ဆွဲလို့ရသလို Plain Sheet ပြောင်းပြီးတော့လည်း ဆွဲလို့ရပါသေးတယ်။ ဒါ့အပြင် ကိုယ်ပုံဖော်ချင်တဲ့ အရာဝတ္ထုပေါ်အောင် အပင်ပန်းခံပြီး မျဉ်းကိုတည့်နေအောင် အကြီးကြီး ချဲ့ကားပြီး လက်မှန်နေအောင် ဆွဲနေစရာမလိုတော့ပါဘူး။ အခြား Application တွေမှာ တွေ့ရခဲတဲ့ Guide ဆိုတဲ့ မျဉ်းတွေဆွဲတဲ့အခါမှာ လက်မချောသွားအောင် ဘေးကနေထိန်းကွပ်ပေးတာဖြစ်ပါတယ်။ Engineering တက်နေတဲ့သူတွေ၊ Architecture တက်နေတဲ့သူတွေအပြင် Drawing ကို တကယ့် Professional တစ်ယောက်လို အသုံးပြုချင်တဲ့သူတွေအတွက်တော့ အကောင်းဆုံးဖြစ်ပါတယ်။ iDevice တော်တော်များများမှာ အသုံးပြုလို့ရပါတယ်နော်။

Acer Swift 3

Acer Swift 3

Acer Swift 3 အကြောင်း အသေးစိတ်ကြည့်ရန်

Adobe Photoshop Sketch

Adobe-Photoshop-Sketch

Source : https://itunes.apple.com

Adobe Photoshop Sketch ကတော့ ရုံးတွင်း လုပ်ငန်းခွင်တွေမှာ အသုံးပြုကြပါတယ်။ ရုံးထိုင် ဒီဇိုင်နာတွေ Sketch ဆွဲတဲ့အခါတွေမှာ အသုံးပြုကြပါတယ်။ အရောင်တွေကို ညှိလို့ရတယ်။ ကိုယ်ကြိုက်သလိုမျိုး Drawing Tools တွေကို ကြိုက်သလို စီမံခန့်ခွဲလို့ရပါတယ်။ အပျော်သဘောအဖြစ်နဲ့ဆွဲတဲ့သူတွေအတွက်တော့ နည်းနည်းလေး ပျင်းစရာဖြစ်နေလောက်ပါလိမ့်မယ်။ သိုပေမယ့်လည်း Adobe Fan တွေအတွက်တော့ Adobe Photoshop Sketch က တကယ်ကို သဘောကျကြတဲ့ Application တစ်ခုပဲဖြစ်ပါတယ်။ သူလည်း ထိုနည်းလည်းကောင်းပါပဲ iDevice တော်တော်များများမှာ အသုံးပြုလို့ရပါတယ်နော်။

ဒီလိုနာမည်ကြီးပြီး အသုံးပြုလို့ကောင်းတဲ့ Application သုံးခုအပြင် အခြားအသုံးပြုလို့ကောင်းတဲ့ Apps တွေလည်း ရှိပါသေးတယ်။ သူတို့တွေကတော့ Tayasui SketchesAdobe Illustrator Draw by AdobeAutodesk နဲ့ ArtRage တို့ပဲဖြစ်ပါတယ်။

ကဲ… ကိုယ်မှာရှိတဲ့ iPad ပဲဖြစ်ဖြစ်၊ iPhone နဲ့ပဲဖြစ်ဖြစ် ဒီ Drawing Apps လေးတွေသုံးပြီး ပုံဆွဲကြည့်ကြပါ။ iPad ကိုတော့ပို Recommend ပေးပါတယ်။ ပုံဆွဲစာအုပ်ဝယ်ပြီး ခဲတံတွေ၊ စုတ်တံတွေနဲ့ ပုံဆွဲဖို့ အဆင်မပြေဘူးဆိုရင်တောင် ပုံဆွဲတာက ကိုယ့်စိတ်ရဲ့ ဖန်တီးနိုင်စွမ်းကို တိုးတက်စေတယ်၊ မှတ်ဉာဏ်ပိုကောင်းလာစေတယ်၊စိတ်လည်းရှည်စေတယ် စကားပြောရတာကအစ ပြဿနာတစ်ခုခုဆိုရင်လည်း ဖြေရှင်းနိုင်စွမ်းပိုပြီး မြင့်မားလာစေတော့ ကိုယ့်အလုပ်၊ ပတ်ဝန်းကျင်မှာ စိတ်ညစ်ရသမျှတွေကို ပုံဆွဲပြီး ဖြေဖျောက်လိုက်ရအောင်…။

Redrose (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။