[ZawGyi]




အထူးအခွင့်အရေးများ













လိပ်စာ


www.akhayar.com

[Unicode]

အောင်မြင်တဲ့ Career ၊ အောင်မြင်တဲ့စီးပွားရေးကို တည်ဆောက်ဖို့အတွက် WEBS College of Business

ဒီနေ့ခေတ်မှာဘွဲ့တစ်ခုရရုံနဲ့ မလုံလောက်တော့ပါဘူး။ ပိုပြီးအတောင်အလက်စုံစုံနဲ့ဝေးဝေးကိုပျံသန်းနိုင်ဖို့ Career Developing Skills တွေကိုအမြဲလေ့လာနေရမှာပါ။ လူငယ်တွေဟာ လုပ်ငန်းခွင်ထဲမှာ အလုပ်ရဲ့သဘောသဘာဝတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့သင်ယူကြရသလို ရုံးဆင်းချိန် ရုံးပိတ်ရက်တွေမှာ သင်တန်းတွေတက်ပြီးတော့လည်း သင်ယူကြရပါတယ်။ အောင်မြင်တဲ့ Career အောင်မြင်တဲ့စီးပွားရေးကို တည်ဆောက်နိုင်ဖို့ဆိုရင်ဒီဘက်ခေတ်မှာတော့ Marketing ၊ HR နဲ့ Business Development တွေကိုနားလည်ဖို့ ၊ ၂၁ ရာစုမှာမဖြစ်မနေလိုအပ်လာတဲ့ Skills တွေရှိဖို့၊ အင်္ဂလိပ်စာကောင်းဖို့တွေ လိုအပ်လာပါတယ်။

ဒီလိုပညာရပ်တွေကိုသင်ကြားပေးတဲ့ ကျောင်းတွေကလည်းအများကြီးရှိပါတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့တန်ဖိုးရှိတဲ့အချိန်နဲ့ ကိုယ့်မုန့်ဖိုး၊ ကိုယ့်ဝင်ငွေထဲကပမာဏတစ်ခုကိုဖဲ့ထုတ်ပြီးတက်ရတဲ့ သင်တန်းတွေဟာ ကိုယ့်အတွက်အသိပညာ အတတ်ပညာကိုတကယ်ထိထိရောက်ရောက်ပေးနိုင်ဖို့ တကယ့်လက်တွေ့မှာအသုံးချပြီး အောင်မြင်မှုတွေကိုတည်ဆောက်ဖို့အရေးကြီးပါတယ်။ ပြီးတော့ အဆင့်မြင့်ပညာရေးကိုငွေကြေးနဲ့ရင်းနှီးယူရတဲ့ဒီနေ့ခေတ်ကြီးမှာ ကိုယ့်ငွေကြေးတွေအလဟဿမကုန်ဖို့၊ Fees တွေခေါင်ခိုက်မနေဘဲ တကယ်တန်ဖိုးရှိတဲ့ နိုင်ငံတကာအသိအမှတ်ပြုဒီပလိုမာတွေရဖို့ဆိုတာ သေသေချာချာချင့်ချိန်စဉ်းစားရွေးချယ်နိုင်မှဖြစ်တာပါ။
ဒီလိုကျောင်းတွေထဲမှာ စိတ်ချရတဲ့ကျောင်းကိုရှာနေသူတွေအတွက် WEBS College of Business (World-Class English and Business School) ကိုလည်းညွှန်းပေးချင်ပါတယ်။ ဒီကျောင်းမှာ Diploma in Marketing ၊ Diploma in HR ၊ Strategic Manager နဲ့ ဒီနေ့ခေတ်မှာအလုပ်လုပ်နေသူတိုင်း မဖြစ်မနေလိုအပ်တဲ့ Diploma in Business English စတဲ့ နိုင်ငံတကာအသိအမှတ်ပြု IQN-UK တန်းတွေရှိပါတယ်။

အထူးအခွင့်အရေးများ

WEBS ကိုရွေးချယ်ဖြစ်တာကလက်ရှိမှာ ကျောင်းသားတွေအတွက်အရမ်းတန်တဲ့ ပရိုမိုးရှင်းတွေရှိနေလို့ဖြစ်ပါတယ်။ ပရိုမိုးရှင်းက မေလ ၁ ရက်နေ့အထိမို့ မြန်မြန်စဉ်းစားပြီးအပ်ရင်တော့ပိုအဆင်ပြေပါတယ်။ ပရိုမိုးရှင်းတွေက ကျောင်းသားဟောင်းဆိုရင် ၄၀%(Discount ပမာဏ-၁၇၆,၀၀၀) နဲ့ ကျောင်းသားသစ်ဆိုရင် ၂၅% (Discount ပမာဏ-၁၁၀,၀၀၀) တောင်ပေးတာမို့ ကြုံရခဲ့တဲ့အခွင့်အရေးတစ်ခုပါ။ Discount ရမယ့်အပြင်အခြားသောအကျိုးကျေးဇူးရနိုင်တာတွေက IQN Diploma တစ်တန်းအပ်ရုံနဲ့ နောက်ထပ်ကိုယ်နှစ်သက်တဲ့ IQN Diploma တစ်တန်းကို Free တက်ရောက်ခွင့်အပြင် ကျောင်းသားသစ်တွေအတွက်သင်တန်းကြေး သုံးကြိမ်ခွဲပေးနိုင်တဲ့အထူးအခွင့်အရေးတွေကို ရရှိမှာဖြစ်ပါတယ်။

ဒီနေ့ခေတ်မှာလူတိုင်းမျက်စိကျလာတဲ့ Marketing Management ကိုတကယ်ထိထိရောက်ရောက်သင်ယူမယ်

အခုဆိုရင် လူငယ်လူကြီးတော်တော်များများ စိတ်ဝင်တစားနဲ့သိချင်တတ်ချင်လာတာက Marketing Management ဖြစ်ပါတယ်။ WEBS college ရဲ့ Dip in Marketing မှာဆိုရင် Marketer အနေနဲ့အသက်မွေးဝမ်းကြောင်းပြုနေသူတွေ၊ Marketing လောကမှာလုပ်ကိုင်နေပြီး နိုင်ငံတကာအသိအမှတ်ပြု ဒီပလိုမာရရှိချင်သူတွေ၊ Marketer အနေနဲ့အသက်မမွေးလိုပေမယ့် စီးပွားရေးနယ်ပယ်မှာဝင်ရောက်လုပ်ကိုင်နေသူတွေ၊ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်နေသူတွေ၊ ကိုယ့် Brand ကိုယ်ထိရောက်အောင် ထိုးဖောက်ချင်သူများတွေတက်သင့်ပါတယ်။ Marketer တစ်ယောက်အနေနဲ့သိသင့်သိထိုက်တာတွေဖြစ်တဲ့ Marketing Process ၊ Customer Focus ၊ Marketing Environment ၊ Buying Behaviour ၊ Market Segmentation & Positioning ၊ Product ၊ Price ၊ Promotion ၊ Place အကြောင်း၊ Services Marketing တို့ကိုသင်ယူရမှာဖြစ်ပါတယ်။

WEBS College of Business (World-Class English and Business School)

WEBS College of Business (World-Class English and Business School)

နောက်ထပ်တက်ရောက်နိုင်တဲ့ ဒီပလိုမာတန်းတွေလည်းရှိပါသေးတယ်။

၁) HR နယ်ပယ်မှာအသက်မွေးဝမ်းကြောင်းပြုလိုသူတွေ၊ HR လောကမှာလုပ်ကိုင်နေပြီး နိုင်ငံတကာအသိအမှတ်ပြု ဒီပလိုမာဘွဲ့လိုအပ်နေသူတွေ၊ စီးပွားရေးနယ်ပယ်မှာလုပ်ကိုင်နေပြီး လူသားအရင်းအမြစ်ကိုကောင်းစွာစီမံပြီး အောင်မြင်သောကုန်အမှတ်တံဆိပ်ကိုတည်ဆောက်လိုသူတွေနဲ့ ကိုယ်ပိုင်လုပ်ငန်းလုပ်နေသူတွေအနေနဲ့ Diploma in Human Resource Management သင်တန်းတက်သင့်ပါတယ်။

၂) Strategic Manager သင်တန်းမှာတော့ မန်နေဂျာအဖြစ်အသက်မွေးဝမ်းကြောင်းပြုလိုသူတွေ၊ မန်နေဂျာအဖြစ်လုပ်ကိုင်နေပြီး နိုင်ငံတကာအသိအမှတ်ပြု ဒီပလိုမာဘွဲ့လိုအပ်နေသူတွေ၊ လုပ်ငန်းတစ်ခုလုံးချိတ်ဆက်လည်ပတ်နေပုံများကို အသေအချာသိရှိနားလည်လိုသူတွေ၊ ကိုယ်ပိုင်လုပ်ငန်းလုပ်နေသူတွေ တက်ရောက်သင့်တဲ့ သင်တန်းဖြစ်ပါတယ်။

၃) နိုင်ငံတကာနဲ့ပြောဆိုဆက်သွယ်လုပ်ကိုင်နေရတဲ့ဒီနေ့ခေတ်မှာအင်္ဂလိပ်စကားကို ရဲရဲဝံ့ဝံ့နဲ့လှလှပပပြောဆိုနိုင်ဖို့အတွက် တကယ်တတ်မြောက်အောင်သင်ကြားပေးမယ့် Diploma in Business English လည်းရှိပါတယ်။ အင်္ဂလိပ်ဘာသာစကားနဲ့ပတ်သက်ရင် အလုပ်မှာပိုင်နိုင်ကျွမ်းကျင်စွာပြောဆိုနိုင်ပြီး အောင်မြင်မှုတွေရရှိနိုင်ဖို့ အားလုံးတက်သင့်တဲ့သင်တန်းဖြစ်ပါတယ်။

ဒီသင်တန်းတွေတက်ရောက်ပြီးပြီးဆိုရင် IQN UK မှစစ်တဲ့စာမေးပွဲတွေကိုဝင်ရောက်ဖြေဆိုပြီး အင်္ဂလန်နိုင်ငံ IQN UK အဖွဲ့အစည်းကပေးအပ်တဲ့ နိုင်ငံတကာအသိအမှတ်ပြုဒီပလိုမာဘွဲ့တွေကိုရရှိမှာဖြစ်ပါတယ်။

WEBS မှာသင်ကြားနေတဲ့ဆရာတွေဟာ နိုင်ငံတကာကျောင်းတွေမှာတက်ရောက်ပညာသင်ကြားခဲ့ပြီး စာတွေ့ရောလက်တွေ့ပါစနစ်တကျသင်ယူတတ်မြောက်ထားပြီး တကယ်သိအောင်တတ်အောင်သင်ကြားပေးနိုင်တဲ့ဆရာတွေဖြစ်ပါတယ်။

နိုင်ငံတကာမှာ သင်ယူလေ့လာတတ်မြောက်ထားတဲ့ ဆရာတွေကနေ ဆရာစားမချန်သင်ကြားပြသပေးမှာမို့ ကိုယ့်ရဲ့ဘဝတက်လမ်းအတွက်ခိုင်မာတဲ့အုတ်မြစ်ချနိုင်မှာပဲဖြစ်ပါတယ်။

လိပ်စာ

21/23(F1) ၊ လှည်းတန်းလမ်း ၊ လှည်းတန်းစင်တာနဲ့ J Donuts ဆိုင်ကြားမှာရှိတဲ့ ကိုယ်ပိုင်လမ်းထဲမှာ သုံးဆိုင်မြောက်ဖြစ်ပြီး မြေညီထပ်၊ လှည်းတန်း၊ ရန်ကုန်မှာတည်ရှိတာမို့ သွားလာလွယ်ကူရအဆင်ပြေတဲ့နေရာဖြစ်ပါတယ်။
ဖုန်း – 09 5151398 ကိုဆက်ပြီးအသေးစိတ်စုံစမ်းနိုင်သလို ဒီပို့စ်လေးကနေလည်းသင်တန်းအကြောင်း သိလိုသမျှကိုသေသေချာချာမေးမြန်းနိုင်ပါတယ်။

www.akhayar.com