[Zawgyi]
PIXIE MARKET
MSI Z370 Gaming Pro Carbon အကြောင်း အသေးစိတ်စုံစမ်းရန်
Mango
Mango Clothing Brand (Source: https://shop.mango.com)
Mango Clothing Brand (Source: https://shop.mango.com)
TOPSHOP
NORDSTROM
Transcend Myanmar
Transcend Myanmar
ARITZIA
Redrose (Akhayar)
www.akhayar.com
[Zawgyi]
Business Wear အတွက် အလိုက်ဖက်ဆုံး Clothing Brand များ
လူမှာ အဝတ်၊ တောင်းမှာ အကွပ် ဆိုသလိုပဲ လူတစ်ယောက်အတွက် အဝတ်အစားက အရေးကြီးလို့နေပါတယ်။ ကိုယ့်အပေါ် ဆက်ဆံပြောဆိုနေဟန်တွေအားလုံးကို ထိန်းချုပ်နိုင်တာကလည်း ဒီဝတ်စားဆင်ယင်ခြင်းကြောင့်ပဲဖြစ်ပါတယ်။ ကိုယ်ရောက်နေတဲ့ နေရာအနေအထားနဲ့ လုပ်ကိုင်နေတဲ့အလုပ်အကိုင်နဲ့လိုက်ဖက်တဲ့ အဝတ်အစားမျိုးကို ဝတ်ဆင်ဖို့ကလည်းမဖြစ်မနေလိုအပ်ပြန်ပါတယ်။ ရုံးသွားရုံးထိုင်အလုပ်လုပ်နေကြတဲ့သူတွေဆိုရင် ပိုပြီးဂရုတစိုက်ဝတ်စားကြရတာအမှန်ပါပဲ။ အထူးသဖြင့် Business Women တွေဖို့ ပိုပြီး အသေးစိတ်ကစ သတိထားပြီး နေထိုင်ရပါတယ်။ ကိုယ့်ဝတ်စားဆင်ယင်မှု မှားယွင်းသွားရင် ကိုယ့်အပေါ်ရိုသေလေးစားမှုပျောက်သွားနိုင်ပြီး ကိုယ့် Grade ကို နိမ့်ချသလိုမျိုးလည်း ဖြစ်စေပါသေးတယ်။ ဒီလိုမျိုးတွေမဖြစ်ရလေအောင် Business Wear အတွက် သင့်တော်တဲ့ Clothing Brand တွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။
PIXIE MARKET
pixie-market-clothing brand (Source : https://www.pixiemarket.com)
Pixie Market Clothing Brand (Source : https://www.pixiemarket.com)
High End Clothing Brand တစ်ခုဖြစ်ပါတယ်။ အကျီၤအဝတ်အစားနဲ့ အခြားလက်ဝတ်လက်စားများကို မိန်းကလေးသီးသန့် ထုတ်လုပ်ရောင်းချနေတဲ့ Brand တစ်ခုလည်းဖြစ်ပါတယ်။ ဖန်တီးထားသမျှ ဒီဇိုင်းတွေနဲ့ အဆင်တွေကတော့ Simple & Classic ဘက်ကို သွားတဲ့အတွက် Business Woman တစ်ယောက်အတွက်တော့ အထူးသင့်တော်ပါတယ်။
MSI Z370 Gaming Pro Carbon
MSI Z370 Gaming Pro Carbon
Mango
Mango Clothing Brand (Source: https://shop.mango.com)
Mango Clothing Brand (Source: https://shop.mango.com)
မိန်းကလေး အသုံးအဆောင်ပစ္စည်းတွေကိုသာ ထုတ်လုပ်ရောင်းချတဲ့ Clothing Brand တစ်ခုဖြစ်ပါတယ်။ Mango ကတော့ လူအများနှုတ်ဖျားမှာ နာမည်ကြီးနေတဲ့အတွက် အထွေအထူး ရှင်းပြစရာ မလိုလောက်တော့ဘူးလို့ထင်ပါတယ်။ Mango က ဒီဇိုင်းနဲ့ အရည်အသွေးကို အဓိကထားပြီး ထုတ်လုပ်ရောင်းချတဲ့ Brand တစ်ခုပါ။ ဒါကြောင့် ဒီဇိုင်းတွေအားလုံးက သူများနဲ့ မတူဘဲ တစ်မူထူးခြားနေတာဖြစ်ပါတယ်။ အရည်အသွေးကို အဓိကထားတဲ့အတွက်လည်း ပေးရတဲ့ ဈေးနှုန်းတန်ဖိုးကလည်း မြောက်လှပါတယ်။
TOPSHOP
Topshop Clothing Brand (Source : http://us.topshop.com)
Topshop Clothing Brand (Source : http://us.topshop.com)
TOPSHOP လည်း ထိုနည်းတူ မိန်းကလေးသီးသန့်အတွက်သာ ထုတ်လုပ်ရောင်းချနေတဲ့ Clothing Brand တစ်ခုဖြစ်ပါတယ်။ သူကတော့ အပေါ်မှာပြောခဲ့တဲ့ Brand နှစ်ခုထက်တော့ အနည်းငယ်ကွာခြားပါတယ်။ TOPSHOP က ပိုပြီး အရောင်လွင်တယ်။ ပိုပြီး လူငယ်ဆန်ပါတယ်။ အသုံးပြုတဲ့ အရောင်နဲ့ ဒီဇိုင်းတွေကိုကြည့်ရင် ခွဲခြားကြည့်နိုင်ပါတယ်။ ကိုယ်က ပေါ့ပေါ့ပါးပါးနဲ့ အရောင်လွင်တာလေးတွေ သဘောကျတယ်ဆိုရင်တော့ TOPSHOP ကိုသာ ရွေးချယ်သင့်ပါတယ်။
NORDSTROM
Nordstrom Clothing Brand (Source: https://shop.nordstrom.com)
Nordstrom Clothing Brand (Source: https://shop.nordstrom.com)
NORDSTOM ကတော့ မိန်းကလေးရော၊ ယောကျာ်းလေးပါ ကလေးလူငယ်အထိ အရွယ်သုံးပါးမရွေးအတွက် ရောင်းချနေတဲ့ Fashion Brand တစ်ခုပဲဖြစ်ပါတယ်။ သူရဲ့ ဒီဇိုင်းတွေနဲ့ အရောင်အသုံးပြုပုံတွေအရဆိုရင်တော့ ရုံးမှာ အရေးတကြီးတွေ့ဆုံမှုတွေရှိတဲ့အချိန်အခါမျိုးတွေမှာ ဝတ်ဆင်သင့်ပါတယ်။ ကိုယ့်ရဲ့ ဂုဏ်ကိုလည်း ပိုပြီးပေါ်စေသလို စမတ်လည်းကျစေပါတယ်။
Transcend Myanmar
Transcend Myanmar
Transcend Myanmar အကှောငြး အသေးစိတစြုံစမြးရနြ
ARITZIA
Aritzia Clothing Brand (Source: https://www.aritzia.com)
Aritzia Clothing Brand (Source: https://www.aritzia.com)
မိန်းကလေးတွေအတွက်သာ သီးသန့်ရောင်းချနေတဲ့ နောက်တစ်ခုသော Fashion Brand တစ်ခုဖြစ်ပါတယ်။ ထုတ်လုပ်တဲ့ ဒီဇိုင်းတွေနဲ့ အရောင်တွေဟာ ရိုးရှင်းပြီး သာမန်မြင်တွေ့နေရတဲ့အရောင်တွေကို အသုံးပြုထားတယ်လို့ ထင်ရနိုင်ပေမယ့် အရည်အသွေးမှာတော့ ဘယ်သူနဲ့မှ ယှဉ်ပြိုင်လို့မရနိုင်ပါဘူး။
အခုဆိုရင်တော့ ကိုယ့်ရုံးကိစ္စဆောင်ရွက်စရာ၊တွေ့ဆုံစရာရှိတဲ့အခါ ဘယ်လိုအကျီၤမျိုးကို ရွေးချယ်သင့်တယ်။ ဘယ်လို Brand ကို ဝတ်ဆင်သင့်တယ်ဆိုတာ သိမြင်သွားလောက်ပြီလို့ ယုံကြည်ပါတယ်။
Redrose (Akhayar)
www.akhayar.com
Reference : refinery29.com
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။