[Zawgyi]

အေကာင္းဆံုး Friday Night အျဖစ္ဖန္တီးေပးမယ့္ ရန္ကုန္ျမိဳ႕ရွိ Barမ်ား

ဒီလို ေသာၾကာေန႔မ်ိဳးေရာက္လာတဲ့အခါ ကိုယ္ေဘာ္ဒါေတြနဲ႔ ေပ်ာ္ေ်ပ်ာ္ပါးပါး ေသာက္ၾကစားၾကမယ္။ စကားေတြေျပာၾကမယ္။ သူငယ္ခ်င္းေတြ မဆံုျဖစ္တဲ့အခ်ိန္မွာ ျဖစ္ေၾကာင္းကုန္စဥ္ကို ေဖာက္သည္ခ်ၾကမယ့္အခ်ိန္ေကာင္းအခါေကာင္းျဖစ္လာျပီေလ။ ဒီလိုအခ်ိန္မွာ စကားေကာင္းေကာင္းေျပာလို႔ရမယ့္ေနရာ၊ ေအးေအးေဆးေဆးလည္းျဖစ္မယ့္ေနရာေတြလိုအပ္လာျပီ။ ယမကာေလးကလည္း ေသာက္ရမွ စကားေျပာဆိုတာ ေျပာေကာင္းတာဆိုေတာ့ ရန္ကုန္ျမိဳ႕တြင္း ထိုင္လို႔ေကာင္းတဲ့ ေအးေအးေဆးေဆးလည္း Chill လုပ္လို႔ေကာင္းတဲ့ Bar ေတြကို ညႊန္းေပးလုိက္ပါတယ္။

HP Spectre 13

HP Spectre 13

HP Spectre 13 အေၾကာင္း အေသးစိတ္သိရွိရန္

The Basement Bar

The Basement Bar

The Basement Bar

သူကေတာ့ ကိုယ့္သူငယ္ခ်င္းေတြနဲ႔ တစ္ေပ်ာ္တစ္ပါး ေတြ႔ၾကဆံုၾက စကားေျပာလို႔ေကာင္းတဲ့ဆိုင္ေလးပါ။ လူငယ္ေတြအၾကိဳက္ဆံုး Bar လို႔ဆိုရမလား ေအးေအးေဆးေဆးလည္းထိုင္လို႔ရေတာ့ လူငယ္ေတြပိုျပီး လာၾကတာမ်ားတယ္။ ဆိုင္ခင္းေနရာေလးက လသာျမိဳ႕နယ္ မဟာဗႏၶဳလမ္းမွာဖြင့္လွစ္ထားပါတယ္။ ဖြင့္လွစ္ထားတာကလည္း ေျမေအာက္ထပ္ထဲမွာဆိုေတာ့ ပတ္ဝန္းက်င္ရဲ႕ အေႏွာင့္အယွက္ေတြကင္းတယ္ေလ။ ကားသံေတြမၾကားရေတာ့ ေအးေအးေဆးေဆး Chill လို႔ေကာင္းတယ္။ Bar ထဲမွာ Live Band ေလးပါရွိေတာ့ Acoustic သီခ်င္းေလးေတြလည္း နားေထာင္ရင္း ျငိမ့္ေနလို႔ရပါတယ္။ ဆိုင္ဖြင့္ခ်ိန္ကေတာ့ ညေန ၄နာရီကေန ၁၁နာရီအထိဖြင့္ပါတယ္။

50th Street Cafe Restaurant Bar

50th Street Cafe Restaurant Bar

50th Street Cafe Restaurant Bar

သူကေတာ့ Country Vibe ပံုစံမ်ိဳးေလး ဖြင့္လွစ္ထားတာျဖစ္ပါတယ္။ လူၾကီးေတြပိုျပီး ႏွစ္ျခိဳက္ၾကတယ္လို႔ဆိုရပါမယ္။ Lighting နဲ႔ Decoration ေတြက Country Vibe ပံုစံမ်ိဳးသြားထားတဲ့အတြက္ Oldies Vibe ကို ၾကိဳက္တဲ့သူေတြအတြက္ေတာ့ အၾကိဳက္ေတြ႔ေစမယ့္ ေနရာေလးပါ။ 50th Street Bar မွာ ဘီလိယက္ခံုလည္းရွိေတာ့ ေယာက်ား္ေလးအတြက္ ပိုေပ်ာ္ရာအရပ္ျဖစ္ေစမယ္။ ဘီလိယက္ေလးထိုးလိုက္ ဘီယာေလးလည္းေသာက္လုိက္နဲ႔ဆို သာသာယာယာပဲ။ သူက ေအာက္ထပ္မွာ Bar ပံုစံေလးလုပ္ထားျပီးေတာ့ အေပၚထပ္မွာေတာ့ Restaurant ပံုစံမ်ိဳးေလးလုပ္ထားပါတယ္။ ဖြင့္လွစ္တဲ့အခ်ိန္ကေတာ့ မနက္ ၉နာရီကေန ညနက္ ၁နာရီအထိ ဖြင့္လွစ္ပါတယ္။ လိပ္စာကေတာ့ ဗိုလ္တေထာင္၊ လမ္း ၅၀ အလယ္နားေလာက္မွာ ရွိပါတယ္။

7th Joint Bar & Grill

7th Joint Bar & Grill

7th Joint Bar & Grill

ဒီဆိုင္ကေတာ့ Freedom Society ကို သေဘာက်တဲ့လူငယ္ေတြ၊ လူရြယ္ေတြရဲ႕ Heaven ေလးျဖစ္ေစမွာပါ။ ဘယ္သူ႕ကိုမွ ဂရုစိုက္ေနစရာမလိုဘူး။ ကိုယ့္စိတ္ေပ်ာ္ရာ လြတ္လြတ္လပ္လပ္ ကိုယ့္သူငယ္ခ်င္းေတြနဲ႔ Hangout လုပ္လို႔ေကာင္းတဲ့ Spot ေလးပါ။ Freedom Zone ပံုစံမ်ိဳးခံစားရေအာင္ ဖြင့္လွစ္ထားတဲ့ ဆိုင္ေလးျဖစ္တဲ့အတြက္ Foreigner ေတြအမ်ားဆံုးလာၾကပါတယ္။ ေသာၾကာေန႔တိုင္း Live Band အစီအစဥ္ေလးလည္းရွိတဲ့အတြက္ ဒီလိုေန႔မ်ိဳးသြားျပီး ကိုယ့္ေဘာ္ဒါေတြနဲ႔ Hangout လုပ္သင့္တယ္ေနာ္။ ဆိိုင္ေနရာေလးကေတာ့ Urban Asia Center ထဲမွာ ဖြင့္လွစ္ထားပါတယ္ေနာ္။

Acer Nitro 5

Acer Nitro 5

Acer Nitro 5 အေၾကာင္း အေသးစိတ္သိရွိရန္

Yangon Yangon Rooftop Bar

Yangon Yangon Rooftop Bar

Yangon Yangon Rooftop Bar

သူက Sakura Tower အေပၚဆံုးထပ္မွာ ဖြင့္လွစ္ထားပါတယ္။ Rooftop Bar ျဖစ္တဲ့အတြက္ ေလွာင္အိုက္ေနတဲ့ေနရာမွာ ကိုယ့္ရဲ႕ တန္ဖိုးရွိတဲ့ညေလးကို မကုန္ဆံုးခ်င္တဲ့သူေတြအတြက္ အေကာင္းဆံုး Spot ေလးျဖစ္မွာပါ။ က်ယ္ဝန္းတဲ့ ဝရံတာ ဧရိယာထဲမွာ အမိုက္စား DJ ေဖ်ာ္ေျဖတင္ဆက္မႈေတြကိုနားေထာင္ျပီး Chill လုပ္ရထက္ေကာင္းတာ ဘာရွိႏုိင္ဦးမလဲ? ဆိုင္ကိုလာေရာက္ျပီး Chill က်တဲ့သူေတြကလည္း ကိုယ့္အဖြဲ႔နဲ႔ ကိုယ္သိပ္သိပ္သည္းသည္း Chill ၾကတာဆိုေတာ့ အာရံုေနာက္စရာမရွိဘူးေလ။ Lighting နဲ႔ Decoration ေတြကလည္း အေကာင္းဆံုး Friday Night ျဖစ္ေအာင္ ပံ့ပိုးေပးေနမွာျဖစ္ပါတယ္။

After 8

After 8 Bar

After 8 Bar

After 8 ကိုေတာ့ ေထြေထြထူးထူးညႊန္းေနစရာမလိုေလာက္ဘူးထင္ပါတယ္ေနာ္။ ရန္ကုန္ျမိဳ႕ တစ္ခုလံုးရဲ႕ လူငယ္ထုၾကီးရဲ႕ Heart ေတာင္ျဖစ္လို႔ေနေလာက္ပါျပီ။ Cocktail ေတြ၊ Food Recipe ေတြကေတာ့ တကယ့္ကို လ်ာလည္သြားေစေလာက္ပါတယ္။ ကိုယ့္သူငယ္ခ်င္းေတြနဲ႔ အလွဆံုး အမွတ္တရဓာတ္ပံုေလးေတြကို ရယူေစႏုိင္မယ့္ေနရာဆိုလည္း မွန္ပါလိမ့္မယ္။ After 8 ရဲ႕ တည္ေနရာေလးကေတာ့ Myanmar Plaza အေပၚဆံုးထပ္မွာျဖစ္ပါတယ္။

ဘယ္ Bar ကိုသြားျပီး Chill ရမလဲဆိုတာ အခုေလာက္ဆိုရင္ စဥ္းစားလို႔ရေကာင္းေလာက္ျပီထင္ပါတယ္။ အားလံုးပဲ Happy Friday ပါေနာ္။

Redrose (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

အကောင်းဆုံး Friday Night အဖြစ်ဖန်တီးပေးမယ့် ရန်ကုန်မြို့ရှိ Barများ

ဒီလို သောကြာနေ့မျိုးရောက်လာတဲ့အခါ ကိုယ်ဘော်ဒါတွေနဲ့ ပျော်ေျပျာ်ပါးပါး သောက်ကြစားကြမယ်။ စကားတွေပြောကြမယ်။ သူငယ်ချင်းတွေ မဆုံဖြစ်တဲ့အချိန်မှာ ဖြစ်ကြောင်းကုန်စဉ်ကို ဖောက်သည်ချကြမယ့်အချိန်ကောင်းအခါကောင်းဖြစ်လာပြီလေ။ ဒီလိုအချိန်မှာ စကားကောင်းကောင်းပြောလို့ရမယ့်နေရာ၊ အေးအေးဆေးဆေးလည်းဖြစ်မယ့်နေရာတွေလိုအပ်လာပြီ။ ယမကာလေးကလည်း သောက်ရမှ စကားပြောဆိုတာ ပြောကောင်းတာဆိုတော့ ရန်ကုန်မြို့တွင်း ထိုင်လို့ကောင်းတဲ့ အေးအေးဆေးဆေးလည်း Chill လုပ်လို့ကောင်းတဲ့ Bar တွေကို ညွှန်းပေးလိုက်ပါတယ်။

HP Spectre 13

HP Spectre 13

HP Spectre 13 အကြောင်း အသေးစိတ်သိရှိရန်

The Basement Bar

The Basement Bar

The Basement Bar

သူကတော့ ကိုယ့်သူငယ်ချင်းတွေနဲ့ တစ်ပျော်တစ်ပါး တွေ့ကြဆုံကြ စကားပြောလို့ကောင်းတဲ့ဆိုင်လေးပါ။ လူငယ်တွေအကြိုက်ဆုံး Bar လို့ဆိုရမလား အေးအေးဆေးဆေးလည်းထိုင်လို့ရတော့ လူငယ်တွေပိုပြီး လာကြတာများတယ်။ ဆိုင်ခင်းနေရာလေးက လသာမြို့နယ် မဟာဗန္ဓုလမ်းမှာဖွင့်လှစ်ထားပါတယ်။ ဖွင့်လှစ်ထားတာကလည်း မြေအောက်ထပ်ထဲမှာဆိုတော့ ပတ်ဝန်းကျင်ရဲ့ အနှောင့်အယှက်တွေကင်းတယ်လေ။ ကားသံတွေမကြားရတော့ အေးအေးဆေးဆေး Chill လို့ကောင်းတယ်။ Bar ထဲမှာ Live Band လေးပါရှိတော့ Acoustic သီချင်းလေးတွေလည်း နားထောင်ရင်း ငြိမ့်နေလို့ရပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ ညနေ ၄နာရီကနေ ၁၁နာရီအထိဖွင့်ပါတယ်။

50th Street Cafe Restaurant Bar

50th Street Cafe Restaurant Bar

50th Street Cafe Restaurant Bar

သူကတော့ Country Vibe ပုံစံမျိုးလေး ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ လူကြီးတွေပိုပြီး နှစ်ခြိုက်ကြတယ်လို့ဆိုရပါမယ်။ Lighting နဲ့ Decoration တွေက Country Vibe ပုံစံမျိုးသွားထားတဲ့အတွက် Oldies Vibe ကို ကြိုက်တဲ့သူတွေအတွက်တော့ အကြိုက်တွေ့စေမယ့် နေရာလေးပါ။ 50th Street Bar မှာ ဘီလိယက်ခုံလည်းရှိတော့ ယောကျာ်းလေးအတွက် ပိုပျော်ရာအရပ်ဖြစ်စေမယ်။ ဘီလိယက်လေးထိုးလိုက် ဘီယာလေးလည်းသောက်လိုက်နဲ့ဆို သာသာယာယာပဲ။ သူက အောက်ထပ်မှာ Bar ပုံစံလေးလုပ်ထားပြီးတော့ အပေါ်ထပ်မှာတော့ Restaurant ပုံစံမျိုးလေးလုပ်ထားပါတယ်။ ဖွင့်လှစ်တဲ့အချိန်ကတော့ မနက် ၉နာရီကနေ ညနက် ၁နာရီအထိ ဖွင့်လှစ်ပါတယ်။ လိပ်စာကတော့ ဗိုလ်တထောင်၊ လမ်း ၅၀ အလယ်နားလောက်မှာ ရှိပါတယ်။

7th Joint Bar & Grill

7th Joint Bar & Grill

7th Joint Bar & Grill

ဒီဆိုင်ကတော့ Freedom Society ကို သဘောကျတဲ့လူငယ်တွေ၊ လူရွယ်တွေရဲ့ Heaven လေးဖြစ်စေမှာပါ။ ဘယ်သူ့ကိုမှ ဂရုစိုက်နေစရာမလိုဘူး။ ကိုယ့်စိတ်ပျော်ရာ လွတ်လွတ်လပ်လပ် ကိုယ့်သူငယ်ချင်းတွေနဲ့ Hangout လုပ်လို့ကောင်းတဲ့ Spot လေးပါ။ Freedom Zone ပုံစံမျိုးခံစားရအောင် ဖွင့်လှစ်ထားတဲ့ ဆိုင်လေးဖြစ်တဲ့အတွက် Foreigner တွေအများဆုံးလာကြပါတယ်။ သောကြာနေ့တိုင်း Live Band အစီအစဉ်လေးလည်းရှိတဲ့အတွက် ဒီလိုနေ့မျိုးသွားပြီး ကိုယ့်ဘော်ဒါတွေနဲ့ Hangout လုပ်သင့်တယ်နော်။ ဆိုင်နေရာလေးကတော့ Urban Asia Center ထဲမှာ ဖွင့်လှစ်ထားပါတယ်နော်။

Acer Nitro 5

Acer Nitro 5

Acer Nitro 5 အကြောင်း အသေးစိတ်သိရှိရန်

Yangon Yangon Rooftop Bar

Yangon Yangon Rooftop Bar

Yangon Yangon Rooftop Bar

သူက Sakura Tower အပေါ်ဆုံးထပ်မှာ ဖွင့်လှစ်ထားပါတယ်။ Rooftop Bar ဖြစ်တဲ့အတွက် လှောင်အိုက်နေတဲ့နေရာမှာ ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ညလေးကို မကုန်ဆုံးချင်တဲ့သူတွေအတွက် အကောင်းဆုံး Spot လေးဖြစ်မှာပါ။ ကျယ်ဝန်းတဲ့ ဝရံတာ ဧရိယာထဲမှာ အမိုက်စား DJ ဖျော်ဖြေတင်ဆက်မှုတွေကိုနားထောင်ပြီး Chill လုပ်ရထက်ကောင်းတာ ဘာရှိနိုင်ဦးမလဲ? ဆိုင်ကိုလာရောက်ပြီး Chill ကျတဲ့သူတွေကလည်း ကိုယ့်အဖွဲ့နဲ့ ကိုယ်သိပ်သိပ်သည်းသည်း Chill ကြတာဆိုတော့ အာရုံနောက်စရာမရှိဘူးလေ။ Lighting နဲ့ Decoration တွေကလည်း အကောင်းဆုံး Friday Night ဖြစ်အောင် ပံ့ပိုးပေးနေမှာဖြစ်ပါတယ်။

After 8

After 8 Bar

After 8 Bar

After 8 ကိုတော့ ထွေထွေထူးထူးညွှန်းနေစရာမလိုလောက်ဘူးထင်ပါတယ်နော်။ ရန်ကုန်မြို့ တစ်ခုလုံးရဲ့ လူငယ်ထုကြီးရဲ့ Heart တောင်ဖြစ်လို့နေလောက်ပါပြီ။ Cocktail တွေ၊ Food Recipe တွေကတော့ တကယ့်ကို လျာလည်သွားစေလောက်ပါတယ်။ ကိုယ့်သူငယ်ချင်းတွေနဲ့ အလှဆုံး အမှတ်တရဓာတ်ပုံလေးတွေကို ရယူစေနိုင်မယ့်နေရာဆိုလည်း မှန်ပါလိမ့်မယ်။ After 8 ရဲ့ တည်နေရာလေးကတော့ Myanmar Plaza အပေါ်ဆုံးထပ်မှာဖြစ်ပါတယ်။

ဘယ် Bar ကိုသွားပြီး Chill ရမလဲဆိုတာ အခုလောက်ဆိုရင် စဉ်းစားလို့ရကောင်းလောက်ပြီထင်ပါတယ်။ အားလုံးပဲ Happy Friday ပါနော်။

Redrose (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။