ကမၻာ့ႏုိင္ငံအလုိက္ အမ်ိဳးသမီးတန္းတူအခြင့္အေရး ရရွိမႈအေျခအေန

the-best-and-worst-countries-for-women
the-best-and-worst-countries-for-women

[Zawgyi]

ကမၻာ့ႏုိင္ငံအလုိက္ အမ်ိဳးသမီးတန္းတူအခြင့္အေရး ရရွိမႈအေျခအေန

၂ဝ၁၇ခုႏွစ္ စက္တင္ဘာလ (၂၆) ရက္ေန႔တုန္းက ေဆာ္ဒီအာေရဗ်ႏုိင္ငံ (Saudi Arabia) မွာ အမ်ိဳးသမီးေတြကုိ ယာဥ္ေမာင္းခြင့္ျပဳလုိက္ၿပီျဖစ္ေပမယ့္ အဆုိပါဥပေဒဟာ ၂ဝ၁၈ခုႏွစ္ ဇြန္လမွသာ အသက္ဝင္မွာျဖစ္ပါတယ္။ အထူးသျဖင့္ ဖြံ႕ၿဖိဳးဆဲႏုိင္ငံေတြမွာ အမ်ိဳးသမီးေတြဟာ အမ်ိဳးသားေတြထက္ တစ္ဆင့္ႏွိမ္လူတန္းစားအျဖစ္ ျမင္ေနၾကတုန္းပဲျဖစ္ပါတယ္။ အမ်ိဳးသမီးေတြဟာ အမ်ိဳးသာေတြလုိ တန္းတူအခြင့္အေရး ေတာင္းဆုိေနၾကေပမယ့္ ခြဲျခားမႈေတြက ရွိေနဆဲပင္ျဖစ္ပါတယ္။

ေနာ္ေဝးႏုိင္ငံ (Norway) ေအာ္စလုိၿမိဳ႕ (Oslo) ရွိ ၿငိမ္းခ်မ္းေရသုေတသနတကၠသုိလ္ (Peace Research Institute) မွ ပညာရွင္ေတြဟာ ကမၻာ့ (၁၅၃) ႏုိင္ငံမွ အမ်ိဳးသမီးေတြရဲ႕ အခြင့္အေရး၊ တရားမ်ွတမႈနဲ႕ လုံျခံဳေရးေတြအတြက္ စစ္တမ္းေကာက္ယူခဲ့ၿပီး အမ်ိဳးသမီးအခြင့္အေရး တန္းတူအရွိဆုံးႏုိင္ငံ (၅) ႏုိင္ငံနဲ႔ အဆုိးဝါးဆုံး (၅) ႏုိင္ငံကုိ ထုတ္ျပန္ခဲ့ပါတယ္။

အမ်ိဳးသမီးတန္းတူအခြင့္အေရး ရရွိမႈအေျခအေန - Forbes
အမ်ိဳးသမီးတန္းတူအခြင့္အေရး ရရွိမႈအေျခအေန – Forbes

အမ်ိဳးသားနဲ႔အမ်ိဳးသမီး တန္းတူအခြင့္အေရးကုိ ပ်မ္းမ်ွရမွတ္ (၁) အျဖစ္ သတ္မွတ္ၿပီး ပ်မ္းမ်ွရမွတ္နည္းေလ အမ်ိဳးသမီးအခြင့္အေရး ခ်ိဳးေဖာက္ခံရေလလုိ႔ သတ္မွတ္ထားပါတယ္။ အမ်ိဳးသမီးေတြအတြက္ ေနခ်င္စဖြယ္အေကာင္းဆုံးႏုိင္ငံကေတာ့ ပ်မ္းမ်ွရမွတ္ ဝ.၈၈၆ နဲ႔ အုိက္စလန္ႏုိင္ငံ (Iceland) ပဲျဖစ္ပါတယ္။ အမ်ိဳးသမီးအခြင့္အေရး အျမင့္မားဆုံး အုိက္စလန္ႏုိင္ငံမွာေတာင္ ပ်မ္းမ်ွရမွတ္ (၁) မရွိေသးတဲ့အတြက္ ကမၻာတလႊားမွာ အမ်ိဳးသမီးေတြဟာ ခြဲျခားဆက္ဆံခံရမႈရွိေနတယ္လုိ႔ သတ္မွတ္ႏုိင္ပါတယ္။

အမ်ိဳးသမီးအခြင့္အေရး ခ်ိဳးေဖာက္ခံရမႈအနည္းဆုံးႏုိင္ငံ

အဆင့္ (၁) အုိက္စလန္ (Iceland) – ပ်မ္းမ်ွရမွတ္ (ဝ.၈၈၆)

အဆင့္ (၂) ေနာ္ေဝး (Norway) – ပ်မ္းမ်ွရမွတ္ (ဝ.၈၇၉)

အဆင့္ (၃) ဆြတ္ဇာလန္ (Switzerland) ပ်မ္းမ်ွရမွတ္ (ဝ.၈၇၁)

အဆင့္ (၄) စလုိေဗးနီးယား (Slovenia) ပ်မ္းမ်ွရမွတ္ (ဝ.၈၆၁)

အဆင့္ (၅) စပိန္ (Spain) ပ်မ္းမ်ွရမွတ္ (ဝ.၈၆ဝ)

အမ်ိဳးသမီးအခြင့္အေရး ခ်ိဳးေဖာက္ခံရမႈအမ်ားဆုံးႏုိင္ငံအျဖစ္နဲ႔ ဆီးရီးယားႏုိင္ငံ (Syria) က ပ်မ္းမ်ွရမွတ္ (ဝ.၃၈၅) နဲ႔ ထိပ္ဆုံးမွ ရပ္တည္ေနပါတယ္။ အဲဒီႏုိင္ငံမွာ အမ်ိဳးသမီးေတြဟာ ဖိႏွိပ္ခံလူတန္းစားအျဖစ္ ရပ္တည္ေနၾကၿပီး အမ်ိဳးသားေတြရဲ႕ေနာက္မွာပဲ ေနၾကရပါတယ္။

အမ်ိဳးသမီးအခြင့္အေရး ခ်ိဳးေဖာက္ခံရမႈအမ်ားဆုံးႏုိင္ငံ

အဆင့္ (၁၅၃) ဆီးရီးယား (Syria) – ပ်မ္းမ်ွရမွတ္ (ဝ.၃၈၅)

အဆင့္ (၁၅၂) အာဖဂန္နစၥတန္ (Afghanistan) ပ်မ္းမ်ွရမွတ္ (ဝ.၃၈၅)

အဆင့္ (၁၅၁) ယီမင္ (Yemen) ပ်မ္းမ်ွရမွတ္ (ဝ.၄ဝ၇)

အဆင့္ (၁၅ဝ) ပါကစၥတန္ (Pakistan) ပ်မ္းမ်ွရမွတ္ (ဝ.၄၄၁)

အဆင့္ (၁၄၉) Central African Republic ပ်မ္းမ်ွရမွတ္ (ဝ.၄၇၄)

အဖြံ႕ၿဖိဳးဆုံးႏုိင္ငံလုိ႔ သတ္မွတ္ထားၾကတဲ့ အေမရိကန္ႏုိင္ငံမ်ိဳးမွာေတာင္ ပ်မ္းမ်ွရမွတ္ (ဝ.၈၁ဝ) နဲ႔ ကမၻာ့အဆင့္ (၂၂) မွာ ရပ္တည္ေနတုန္းပဲျဖစ္ပါတယ္။ ျမန္မာႏုိင္ငံမွာ အမ်ိဳးသမီးေတြအတြက္ ေရွးရုိးစဲြအယူအဆေတြနဲ႔ ခ်ိဳးႏွိမ္ထားတုန္းပဲျဖစ္ပါတယ္။ ဒီစာရင္းမွာေတာ့ ျမန္မာႏုိင္ငံဟာ ပ်မ္းမ်ွရမွတ္ (ဝ.၆ဝ၆) နဲ႔ ႏုိင္ငံေပါင္း (၁၅၃) ႏုိင္ငံမွာ အဆင့္ (၁၁၉) မွာ ရပ္တည္ေနတုန္းပဲ ျဖစ္ပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ကမ္ဘာ့နိုင်ငံအလိုက် အမျိုးသမီးတန်းတူအခွင့်အရေး ရရှိမှုအခြေအနေ

၂ဝ၁၇ခုနှစ် စက်တင်ဘာလ (၂၆) ရက်နေ့တုန်းက ဆော်ဒီအာရေဗျနိုင်ငံ (Saudi Arabia) မှာ အမျိုးသမီးတွေကို ယာဉ်မောင်းခွင့်ပြုလိုက်ပြီဖြစ်ပေမယ့် အဆိုပါဥပဒေဟာ ၂ဝ၁၈ခုနှစ် ဇွန်လမှသာ အသက်ဝင်မှာဖြစ်ပါတယ်။ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် တစ်ဆင့်နှိမ်လူတန်းစားအဖြစ် မြင်နေကြတုန်းပဲဖြစ်ပါတယ်။ အမျိုးသမီးတွေဟာ အမျိုးသာတွေလို တန်းတူအခွင့်အရေး တောင်းဆိုနေကြပေမယ့် ခွဲခြားမှုတွေက ရှိနေဆဲပင်ဖြစ်ပါတယ်။

နော်ဝေးနိုင်ငံ (Norway) အော်စလိုမြို့ (Oslo) ရှိ ငြိမ်းချမ်းရေသုတေသနတက္ကသိုလ် (Peace Research Institute) မှ ပညာရှင်တွေဟာ ကမ္ဘာ့ (၁၅၃) နိုင်ငံမှ အမျိုးသမီးတွေရဲ့ အခွင့်အရေး၊ တရားမျှတမှုနဲ့ လုံခြုံရေးတွေအတွက် စစ်တမ်းကောက်ယူခဲ့ပြီး အမျိုးသမီးအခွင့်အရေး တန်းတူအရှိဆုံးနိုင်ငံ (၅) နိုင်ငံနဲ့ အဆိုးဝါးဆုံး (၅) နိုင်ငံကို ထုတ်ပြန်ခဲ့ပါတယ်။

အမျိုးသမီးတန်းတူအခွင့်အရေး ရရှိမှုအခြေအနေ - Forbes
အမျိုးသမီးတန်းတူအခွင့်အရေး ရရှိမှုအခြေအနေ – Forbes

အမျိုးသားနဲ့အမျိုးသမီး တန်းတူအခွင့်အရေးကို ပျမ်းမျှရမှတ် (၁) အဖြစ် သတ်မှတ်ပြီး ပျမ်းမျှရမှတ်နည်းလေ အမျိုးသမီးအခွင့်အရေး ချိုးဖောက်ခံရလေလို့ သတ်မှတ်ထားပါတယ်။ အမျိုးသမီးတွေအတွက် နေချင်စဖွယ်အကောင်းဆုံးနိုင်ငံကတော့ ပျမ်းမျှရမှတ် ဝ.၈၈၆ နဲ့ အိုက်စလန်နိုင်ငံ (Iceland) ပဲဖြစ်ပါတယ်။ အမျိုးသမီးအခွင့်အရေး အမြင့်မားဆုံး အိုက်စလန်နိုင်ငံမှာတောင် ပျမ်းမျှရမှတ် (၁) မရှိသေးတဲ့အတွက် ကမ္ဘာတလွှားမှာ အမျိုးသမီးတွေဟာ ခွဲခြားဆက်ဆံခံရမှုရှိနေတယ်လို့ သတ်မှတ်နိုင်ပါတယ်။

အမျိုးသမီးအခွင့်အရေး ချိုးဖောက်ခံရမှုအနည်းဆုံးနိုင်ငံ

အဆင့် (၁) အိုက်စလန် (Iceland) – ပျမ်းမျှရမှတ် (ဝ.၈၈၆)

အဆင့် (၂) နော်ဝေး (Norway) – ပျမ်းမျှရမှတ် (ဝ.၈၇၉)

အဆင့် (၃) ဆွတ်ဇာလန် (Switzerland) ပျမ်းမျှရမှတ် (ဝ.၈၇၁)

အဆင့် (၄) စလိုဗေးနီးယား (Slovenia) ပျမ်းမျှရမှတ် (ဝ.၈၆၁)

အဆင့် (၅) စပိန် (Spain) ပျမ်းမျှရမှတ် (ဝ.၈၆ဝ)

အမျိုးသမီးအခွင့်အရေး ချိုးဖောက်ခံရမှုအများဆုံးနိုင်ငံအဖြစ်နဲ့ ဆီးရီးယားနိုင်ငံ (Syria) က ပျမ်းမျှရမှတ် (ဝ.၃၈၅) နဲ့ ထိပ်ဆုံးမှ ရပ်တည်နေပါတယ်။ အဲဒီနိုင်ငံမှာ အမျိုးသမီးတွေဟာ ဖိနှိပ်ခံလူတန်းစားအဖြစ် ရပ်တည်နေကြပြီး အမျိုးသားတွေရဲ့နောက်မှာပဲ နေကြရပါတယ်။

အမျိုးသမီးအခွင့်အရေး ချိုးဖောက်ခံရမှုအများဆုံးနိုင်ငံ

အဆင့် (၁၅၃) ဆီးရီးယား (Syria) – ပျမ်းမျှရမှတ် (ဝ.၃၈၅)

အဆင့် (၁၅၂) အာဖဂန်နစ္စတန် (Afghanistan) ပျမ်းမျှရမှတ် (ဝ.၃၈၅)

အဆင့် (၁၅၁) ယီမင် (Yemen) ပျမ်းမျှရမှတ် (ဝ.၄ဝ၇)

အဆင့် (၁၅ဝ) ပါကစ္စတန် (Pakistan) ပျမ်းမျှရမှတ် (ဝ.၄၄၁)

အဆင့် (၁၄၉) Central African Republic ပျမ်းမျှရမှတ် (ဝ.၄၇၄)

အဖွံ့ဖြိုးဆုံးနိုင်ငံလို့ သတ်မှတ်ထားကြတဲ့ အမေရိကန်နိုင်ငံမျိုးမှာတောင် ပျမ်းမျှရမှတ် (ဝ.၈၁ဝ) နဲ့ ကမ္ဘာ့အဆင့် (၂၂) မှာ ရပ်တည်နေတုန်းပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အမျိုးသမီးတွေအတွက် ရှေးရိုးစွဲအယူအဆတွေနဲ့ ချိုးနှိမ်ထားတုန်းပဲဖြစ်ပါတယ်။ ဒီစာရင်းမှာတော့ မြန်မာနိုင်ငံဟာ ပျမ်းမျှရမှတ် (ဝ.၆ဝ၆) နဲ့ နိုင်ငံပေါင်း (၁၅၃) နိုင်ငံမှာ အဆင့် (၁၁၉) မှာ ရပ်တည်နေတုန်းပဲ ဖြစ်ပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။