ဂိမ်းကစားရတာ အပျင်းလည်းပြေ တခါတလေ ဗဟုသုတလည်းရ ၊ E Skill လည်း ကျွမ်းတတ်တာမို့ ကမ္ဘာပေါ်က မျက်စိနှစ်လုံးပါပြီး လက်နှစ်ဖက်နဲ့ စဉ်းစားတတ်တဲ့ ဘယ်လူမဆို ကိုယ့်အကြိုက်သူ့အကြိုက် ကစားစမြဲပါ။ ဒီတော့ ဂိမ်းမဆော့ဘူးရင် လူရာမဝင်ဘူးလို့ (Just For Fun) ပြောနိုင်ပြီး Critics Review တွေအရ မသေခင်မှာ ဆော့ကစားသင့်တဲ့ ဗီဒီယိုဂိမ်း အမျိုး ၅၀ ကို ၅ ပိုင်းခွဲပြီး ဖော်ပြသွားပါ့မယ်။

50. God of War 2018

(Critic Score: 94/ User Score 9.1)
Kratos ကို အထူးတလည် မိတ်ဆက်နေစရာ မလိုဘူးထင်ပါတယ်။ Greek နတ်ဘုရားတွေရဲ့ ဒဏ္ဍာရီကို အခြေခံထားပြီး အထူးသဖြင့် Zeus ကို အငြိုးတကြီးသတ်ဖြတ်လိုတဲ့ စစ်နတ်ဘုရားကို ပုံဖော်ထားတဲ့ဂိမ်းလည်းဖြစ်ပါတယ်။ တချိန်ချိန်မှာ Kratos လိုအင်ဆန္ဒပြည့်ဝလာမယ်လို့ ကြိုတင်ဟောကိန်း ထုတ်ထားတဲ့အတိုင်း Olympus ကျဆုံးခန်း ရောက်ရှိခဲ့ပါတယ်။

Photo: PlayStation

ဒါပေမယ့် တချိန်က ကျူးလွန်ခဲ့တဲ့အမှားတွေနဲ့ အတိတ်နိမိတ်ဆိုးတွေက သားတော် Atres ပေါ်ကျရောက်လာမယ်လို့ ထင်မထားခဲ့ပါဘူး။ အဲ့ဒါကြောင့်ပဲ သူတတ်ကျွမ်းတဲ့ ကိုယ်ခံပညာတွေ သင်ပေးရပြီး Norse Realm ထဲမှာ မကောင်းဆိုးဝါး၊ ကံကြမ္မာဆိုးတွေနဲ့ ရင်ဆိုင်ရပုံနဲ့ Mystery တွေကို အကောင်းဆုံးတင်ဆက်ထားနိုင်တဲ့ ဂိမ်းကောင်းပါ။

49. Call of Duty: Modern Warfare 2

(Critic Score 94/ User Score: 6.4)
First Person Shooter ထဲမှာ Call of Duty စီးရီးတွေကို နှစ်သက်မယ်လို့ ထင်ပါတယ်။ Title တိုင်းကိုတော့ မဆိုလိုဘူးပေါ့နော်။ ကျနော်ဆို Advanced Warfare ကစလို့ Black Ops 4 မတိုင်ခင် ထွက်သမျှ ဂိမ်းတွေ မကြိုက်ပါဘူး။ Ghost လောက်ထိက ဆော့လို့လည်းကောင်း ဇာတ်လမ်းနဲ့ Plot Twist မတရားမိုက်တဲ့အတွက် Fans တွေအကြိုက်ဖြစ်ခဲ့တာပါ။

၂၀၁၄ တုန်းက ထွက်ခဲ့တဲ့ MW2 ဆိုရင် တတိယ ကမ္ဘာစစ်ဖြစ်ဖို့ အကြောင်းဖန်လာတဲ့ အနာဂတ်တိုက်ပွဲအတွက် ဘယ်လိုဖြေရှင်းရမလဲ အကောင်းဆုံးတင်ဆက်နိုင်တဲ့ ဂိမ်းဖြစ်ပါတယ်။ ကမ္ဘာပေါ်က အင်အားကြီးနိုင်ငံတွေ စစ်မက်ဖြစ်ပွားဖို့ ပြင်ဆင်နေချိန် Single Player တမျိုးထဲမဟုတ်ဘဲ Local Co-op ၊ Multi-player Mode နဲ့ ကစားနိုင်တဲ့အတွက် လူကြိုက်များခဲ့တာပါ။

Photo: Gaming Respawn

အထူးသဖြင့် Multi-player Gameplay အတွက် ကစားနိုင်တဲ့ Mode တွေပါဝင်ပြီး Rank Unlock လုပ်နိုင်တဲ့ Special Ops Mission တွေနဲ့ လက်နက်မျိုးစုံ၊ စိတ်ကြိုက် Customize လုပ်နိုင်တဲ့ Weapon Mode တွေကြောင့် ကစားလို့ Fun ဖြစ်တယ်ဆိုရမှာပါ။ အခုလည်း Captain Price ပါလာတဲ့ Modern Warfare ထွက်ဦးမယ်ဆိုတော့ ဘယ်လိုလဲ?

48. Final Fantasy IX

(Critic Score: 94/ User Score 8.9)
Final Fantasy 9 ကိုတော့ PlayStation 1 ရဲ့ နောက်ဆုံးစီးရီးလို့ ပြောရင်ပိုမှန်ပါတယ်။ အဲ့ဒါထက် စီးရီးသစ်တွေထွက်လာဖို့ အကောင်းဆုံးမျိုးစေ့ချနိုင်ခဲ့သလို အရင်ဂိမ်းဟောင်းတေထွက် လုပ်ဆောင်ချက်ပိုများလာတဲ့ Character Detail ၊ ပိုကျယ်ပြန်တဲ့ မြေပုံ၊ Vehicle မျိုးစုံနဲ့ စီးရီးတလျှောက် Pure Fantasy Root ချနိုင်တဲ့ဂိမ်းလေးပါ။

Photo: Push Square

ကျနော့်အနေနဲ့ Final Fantasy ဂိမ်းဟောင်းတွေနဲ့ပဲ ရင်းနှီးခွင့်ရခဲ့လို့ လက်ရှိထွက်နေတဲ့ ဂိမ်းတွေကို အရမ်းမကြိုက်ပါဘူး။ Final Fantasy VII Remake ထွက်မယ်လို့ Square Enix ကြေညာထားပြီဆိုပေမယ့် တခေတ်တခါက ဂိမ်းဟောင်းကို Action ရောပြွန်းနေတဲ့ Classic Final Fantasy နဲ့ Mix လုပ်ပစ်သလိုပါပဲ။ အဲ့ဒါကြောင့် RPG စစ်စစ် ဆော့ချင်သူတွေ Final Fantasy ဂိမ်းဟောင်းတွေကို အချိန်ရရင် တီးခေါက်ကြည့်ပါဥိး။

47. Bioshock Infinite

(Critic Score: 94/ User Score 8.5)
ဂိမ်မာတွေအနေနဲ့ ဒီဂိမ်းနဲ့ ရင်းနှီးမယ်လို့ ကျနော်တွေးမိပါတယ်။ ထွက်ခဲ့တာ ၆ နှစ်ကျော်သွားပြီဆိုမယ့် ကစားလို့အကောင်းဆုံး ဥပမာ ဒီဖက်ခေတ် Wolfenstein ၊ DOOM နဲ့ Quantum Break တို့ စံချိန်ထက် ပိုကောင်းတယ်၊ Graphics ပိုင်းမှာဆိုရင်လည်း သူ့ခေတ်သူ့ခါနဲ့ အကောင်းဆုံးလို့ ပြောနိုင်ပြီး Animation ပုံစံ ဇာတ်ကောင်တွေကို Sci-fi နဲ့ Fantasy Style ၂ ခုကို အချိုးကျကျ ပေါင်းစပ်ထားတဲ့ ဂိမ်းကောင်းလို့ ပြောရင်မမှားပါဘူး။

ဘယ်လောက်တောင် အံ့အားသင့်စေမလဲဆိုရင် Intro ပိုင်းမှာတင် မြင်လိုက်ရတဲ့ ကောင်းကင်မြို့တော် Columbia ဆိုတာ တကယ်ရှိသလား၊ အိမ်မက်လားဆိုတာ ဝေခွဲရခက်စေတယ်။ အဲ့ဒီမှာ ငါဘာလို့ ဒီနေရာရောက်နေတာလဲဆိုတဲ့ အကြောင်းပြချက်ကြီးက Elizabeth ဆိုတဲ့ အမျိုးသမီးကို ရှာဖို့ညွန်လာတယ်။

Song Bird (Photo: Comic Vine)

ဒီမိန်းကလေးကို ရှာတွေ့မှ အိမ်ပြန်လက်မှတ်ရမယ်၊ အတိတ်မှာ သွေးစွန်းထင်ခဲ့တဲ့ အကြွေးပြန်ဆပ်နိုင်မှာဆိုတော့ လှပတဲ့ Columbia လေပေါ်မြို့ကြီးထဲ လိုက်ရှာရတယ်။ အဲ့မှာ False Shepard လို့ နိမိတ်ထားတဲ့ နတ်ဆိုးကြီးက Booker ကိုယ်တိုင်ဖြစ်နေပြီး Elizabeth နဲ့ တွေ့ရဖို့ Resistant တွေနဲ့ ရင်ဆိုင်ရတယ်။

Pistol ၊ Shotgun ၊ Sniper Rifle နဲ့ Vigor ၊ Murderer of Crows ၊ Return of Sender စတဲ့ Ability ၉ မျိုးကို ကျွမ်းကျင်သလို သုံးနိုင်ပြီး Overpower ဖြစ်လွန်းတဲ့ Vox Popuil စစ်တပ်၊ Elizabeth ဖခင်ကြီး Comstock Force နဲ့ပါ စပယ်ရှယ် ဆွဲရတယ်။

Photo: (Images-eu.ssl-images-amazon)

အဲ့မှာ Elizabeth ကို တွေ့လို့ သက်ပျင်းချနိုင်တုန်း Song Bird က လိုက်နှောက်ယှက်လို့ ခွေးပြေး၊ ဝက်ပြေး ပြေးရတယ်။ ဒါတင်လားဆို မဟုတ်သေးပါဘူး၊ ကျနော်ပြောတာ ၁၅ ရာခိုင်နှုန်းလောက်ပဲ ရှိသေးတဲ့အတွက် ပရိသတ်ကြီးလည်း ကစားချင်မယ်ထင်ပါတယ်။

46. World of Goo

(Critic Score: 94/ User Score 8.8)
ဒိ Goo Goo ဂိမ်းလေးကတော့ ချစ်စရာကောင်းပြီး ကလေး၊ လူကြီးမရွေး နှစ်သက်ကြတဲ့ ဂိမ်းလို့ပြောရမှာပါ။ Featuring လုပ်ပေးထားတာက Goo လေးတွေကို သီးခြားကမ္ဘာငယ် (အိမ်) ထဲစုစည်းပေးရမှာဖြစ်ပြီး Forming Ability ရှိတဲ့ Goo လေးတွေကို တခန်းပြီးတခန်း ထွက်ပေါက်တွေဆီ သူတို့ရဲ့ Ability လေးသုံးပြီး ဥာဏ်သုံးကစားရမယ့် ဂိမ်းလလို့လည်း ပြောရဦးမှာပါ။

Photo: Rock Paper Shotgun

45. Metal Gear Solid V: The Phantom Pain

(Critics Score: 95/ User Score 7.4)
Metal Gear Franchise ထဲမှာ Hideo Kojima ရဲ့ အပြောင်မြောက်ဆုံးလက်ရာ၊ Death Stranding ဂိမ်းရဲ့ ပထမဆုံး Installment လို့ပြောနိုင်တဲ့ The Phantom Pain ကိုတော့ မသိတဲ့လူ မရှိဘူးလို့ထင်ပါတယ်။ ဒီဂိမ်းဟာ Kojima Creation ဖြစ်နေတော့ Horror Theme က တခါထဲ ပါဝင်လာပြီး ကစားဖူးသူတဲ့ ဘယ်သူမဆို MGS 5 ရဲ့ Cinematic Opening (Prologue) ဇာတ်ဝင်ခန်းကို နှစ်သက်ကြမှာ အမှန်ပါ။

Photo: Game Spot

ဘယ်ဂိမ်းတွေနဲ့မှ နှိုင်းလို့မရဘဲ Fantasy Horror ဆန်ဆန် Monster တကောင် Chase တာနဲ့ အစပျိုးထားတဲ့ MGS 5 ဟာ သိလိုစိတ်ပျင်းပြမှုတွေနဲ့ တဖြည်ဖြည်းဆွဲခေါ်သွားမယ့် ဂိမ်းကောင်းလေးပါ။ RPG ဆန်ဆန် Open World ဖြစ်လာတဲ့အတွက် ဂိမ်မာတွေကို အသိပေးလိုတာက Stealth ကစားရတာ လုံးဝကြိုက်တဲ့လူတွေ အေးဆေးအချိန်ပေး Base Exploration လုပ်ပြီးတာနဲ့ Cool Gadget တွေသုံးပြီး ဘာကလိုက်သတ်နေမှန်း မသိတဲ့အထိ Pro ကျကျ သတ်ဖြတ်နိုင်တယ်။ (မရရင် ဝုန်းပေါ့နော်)

44.Portal 2

(MetaCritic Score: 95/ User Score: 8.4)
ဒီဂိမ်းလေးက Arcade Puzzle Title ထဲမှာ လူကြိုက်အတော်များခဲ့တဲ့ ဂိမ်းကောင်းလေးပါ။ Valve ကပဲ ရေးဆွဲ ဖန်တီးထားတာဖြစ်ပြီး Portal တစ်ခုနဲ့တစ်ခုအကြား ကူးလူးသွားလာရင်း ပဟေဠိတွေ ဖြေရှင်းရတဲ့ ဂိမ်းဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ Portal စီးရီးကို မကစားဖူးလို့ အကျယ်တဝင့် မဖော်ပြနိုင်ပါဘူး။ တကယ်လို့ လိုအပ်တာများ ရှိခဲ့ရင် ပရိသတ်ကြီးအနေနဲ့ ဖြည့်စွက်ပြောပေးလို့ရပါတယ်။

Photo: Akamaihd.net

43. Madden NFL 2003

(Critic Score: 95/ User Score: 7.5)
Football Simulation ဂိမ်းအမျိုးစားဖြစ်တဲ့ Madden NFL 2003 ဟာ Metacritic အကြားမှာ အောင်မြင်မှုရခဲ့တဲ့ ဂိမ်းကောင်းလို့ ပြောနိုင်ပါတယ်။ Electronic Arts (EA Sports) ကပဲ ကိုင်တွယ်ထားတဲ့ ဂိမ်းထဲမှာ Mini Camp Mode ပါဝင်လာတယ် အထူးသဖြင့် John Madden နဲ့ A.I Michaels တို့ ပါဝင်ထားတဲ့အတွက် ရေပန်းစားတဲ့ ဂိမ်းကောင်းလို့ ပြောနိုင်ပါတယ်။ ကျနော့်အနေနဲ့ မကစားဖူးလို့ Metacritics Reviews ကိုသာ ရေးသားဖော်ပြထားတာ ဖြစ်ပါတယ်။

42. The Last of Us

(Critic Score: 95/ User Score 9.2)
Sony နဲ့ Naughty Dog တို့ ပူးတွဲဖန်တီးထားတဲ့ Action Survival ဂိမ်း The Last of Us ဟာ ပရိသတ်တွေအကြား အကြိုက်တွေ့ခဲ့တဲ့ ဂိမ်းဆိုရင်လည်း မမှားပါဘူး။ PlayStation Exclusive ဂိမ်းဆိုတော့ ပြောလို့ရတဲ့ဘောင် ပိုကျဉ်းသွားမှာပါ။

ဒါကြောင့် ဂိမ်းဇာတ်လမ်းပိုင်းကိုပဲ အသားပေးဖော်ပြလိုပြီး စကားချည်းစရမယ်ဆိုရင် Virus ပြန့်လို့ ပျက်စီးသွားရတဲ့ အမေရိကန် ပြည်ထောင်စုကြီးထဲမှာ ဇာတ်အိမ်တည်ထားတာ ဖြစ်ပါတယ်။ ဆိုရင်တော့ ခေတ်ပျက်ကာလကြီးထဲမှာ အသက်ရှင်ဖို့ Survival Instinct ၊ Stealth Mode တွေနဲ့ အကျွမ်းတဝင် ဖြစ်ထားဖို့လိုပါတယ်။

Photo: Word Press

ကစားရမယ့် ပုံစံက မခက်ခဲပေမယ့် Violence ဖြစ်တဲ့ တိုက်ခိုက်မှုတွေနဲ့ Brutal Killing တချို့ပါဝင်တယ်၊ “Cordyceps” လို့ ခေါ်တဲ့ Virus Strain ကြောင့် Mutation ဖြစ်နေတဲ့ ရန်သူတွေနဲ့ ကိုယ့်လိုပဲ မင်းမဲ့စရိုက်ကြောင့် ခက်ထန်နေတဲ့ လူတွေကို ဘယ်လို ရင်ဆိုင်မလဲ Adventure ဆန်ဆန် ကစားနိုင်တဲ့ ဂိမ်းကောင်းဖြစ်ပါတယ်။

41. The Legends of Zelda: Majora’s Mask

(Critic Score: 95/ User Score 9.2)
Zelda စီးရီးမှာ ကစားလို့ အကောင်းဆုံးဂိမ်းလို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် ခေတ်ကာလ အနေထားအရ Sequel Story မှာ မတူညီတဲ့ ဇာတ်လမ်းကြောရိုးနဲ့ တင်ဆက်နေလို့ မှော်ဆန်ဆန် မျက်နှာဖုံးပိုင်ရှင် Skull Kid က ကမ္ဘာကြီးကို ဖျက်ဆီးလာမယ့် အန္တရာယ်ကို ဘယ်လိုကာကွယ်မလဲဆိုပြီး ကစားရမယ့် ဂိမ်းကောင်းလေးပါ။

Photo: Future CDN

ပြောရရင်တော့ တခြား Dimension တခုမှာ ဖြစ်ပွားနေတာကို ဖော်ပြထားပြီး Alternate Reality အရ ၃ ရက်အတွင်း ကမ္ဘာကို ကြီးမားတဲ့ လတစင်းလာတိုက်တော့မယ်။ ဒိအတွက် သက်ရှိတွေကို ဘယ်လိုကယ်တင်မလဲ Skull Kid နေရကနေ ဆော့ကစားရမှာဖြစ်ပါတယ်။ ဂိမ်းမဆော့ဖူးလို့ MetaCritic Reviews ကို ဖော်ပြထားခြင်းဖြစ်ပါတယ်။

40. Halo 2

(Critic Score: 95/ User Score 8.2)
Sci-Fi ဂိမ်းထဲမှာ လူကြိုက်များတဲ့ Halo စီးရီးကို ချန်လှပ်ထားလို့ မရဘူးထင်ပါတယ်။ ကစားဖူးတဲ့လူဆိုရင် ကြိုက်တာ မှန်ပေမယ့် Xbox Exclusive ဂိမ်းဖြစ်နေတဲ့ အထိတွေ့ နည်းကျတယ်။ အဲ့အတွက် Windows Version ထုတ်ပေးဖို့ Microsoft ပြင်ဆင်နေပြီ ဖြစ်တဲ့အတွက် Story ပိုင်းကို Critic Review အတိုင်း ဖော်ပြလိုက်ပါတယ်။

Photo: Vgo247

ပြောရရင်တော့ Halo ဆိုတာလည်း လူသားမျိုးနွယ် ပျက်သုဉ်းမယ့် အန္တရာယ်ကို အကာကွယ်ပေး ဆော့ကစားရမယ့် သိပ္ပံစိတ်ကူးယဉ် ဇာတ်လမ်းတခုပါ။ ခေတ်မီလက်နက်တွေသုံးပြီး ဝုန်းဒိုင်းကျဲ၊ ပစ်ခတ်ရမယ့် Shooter ဂိမ်းဖြစ်တာနဲ့အညီ Halo 2 မှာ Alien နဲ့ လူသားတွေအကြား Last Defense အနေနဲ့ Master Chief နေရာကနေ ကစားရမှာ ဖြစ်ပါတယ်။

Credit: Ben Giibert
2B (Akhayar)
www.akhayar.com