[Zawgyi]

အဂၤလိပ္စာေလ့လာေနသူမ်ား စိတ္ဓာတ္ခြန္အားရရွိေစဖို႔ ၾကည့္ရႈသင့္တဲ့ ဇာတ္ကားေကာင္းမ်ား

အဂၤလိပ္စာ၊ အဂၤလိပ္စကားဟာ ကမာၻနဲ႔အဝွမ္း အသံုးျပဳေနၾကတဲ႔ ဘာသာစကားျဖစ္ၿပီး အသံုးဝင္တဲ႔ဘာသာစကားတစ္ခုလည္း ျဖစ္တဲ႔အတြက္ လူတိုင္းလုိလုိက အဂၤလိပ္ဘာသာစကားကို မျဖစ္မေန ေလ့လာၾကပါတယ္။ ဘာသာစကားေလ့လာၾကတဲ႔အခါမွာ ဘာသာစကားဟာ က်ယ္ျပန္႔တဲ႔အတြက္ ေလ့လာလို႔ မကုန္ႏိုင္ပါဘူး။ သင္ယူစရာမကုန္ႏိုင္တဲ႔ ဘာသာစကားကို ေလ့လာရင္း စိတ္ပ်က္အားငယ္လာတာမ်ဳိး၊ ေလ့လာခ်င္စိတ္ကုန္တာမ်ုဳိးလည္း ျဖစ္တတ္ပါတယ္။ ဒါေၾကာင့္မို႔ ဘာသာစကားေလ့လာတဲ႔အခါမ်ဳိးမွာ တိုးတက္မႈေႏွာင့္ေႏွးၿပီး ေလ့လာခ်င္စိတ္ကုန္လာရင္ ဒီရုပ္ရွင္ကားေလးေတြကို ၾကည္႔ၿပီး အပန္းေျဖကာ စိတ္ဓာတ္ခြန္အားေတြ ျပန္လည္ရယူလိုက္ပါ။ အဲ့ဒီရုပ္ရွင္ကားေလးေတြက ဘာကားေလးေတြလဲဆုိေတာ့……

(၁) I Can Speak (2017)

2017 ခုနစ္ကထြက္ရွိတဲ႔ Drama/Comedy ကိုရီးယားကားတစ္ကားျဖစ္တဲ့ I Can Speak ဟာ IMDb Rating အရဆို ၇.၆ ရရွိထားၿပီး ျဖစ္ရပ္မွန္ဇာတ္လမ္းတစ္ပုဒ္ကို အေျခခံရုိက္ကူးထားတဲ႔ ကိုရီးယား ဇာတ္ကားေကာင္းတစ္ကားျဖစ္ပါတယ္။ ဒါအျပင္ ဒီကားဟာ ကိုရီးယားမွာ ဆုတံဆိပ္ေပါင္း (၁၂) ဆုလည္းရရွိထားပါတယ္။ ထိုကားထဲမွာ အဂၤလိပ္စာသင္ယူတဲ႔ ဇာတ္လမ္း ဇာတ္ကြက္ေတြလည္း ပါဝင္ၿပီး အသက္ႀကီးမွ အဂၤလိပ္စာေလ့လာသင္ယူတဲ႔ အဘြားႀကီးအေၾကာင္းကုိ ျမွဳပ္ကြက္ေလးေတြနဲ႔ ပရိသတ္ႀကီးကို ဖမ္းစားထားတဲ႔ ဇာတ္ကားေကာင္းတစ္ကား ျဖစ္ပါတယ္။ အဘြားႀကီးဟာ အဂၤလိပ္စာကို အသက္ႀကီးမွ ဘာေၾကာင့္သင္ခ်င္ရတာလဲဆိုတာကိုေတာ့ ပရိသတ္ႀကီးက ရုပ္ရွင္ၾကည္႔ၿပီး အေျဖရွာၾကည့္လိုက္ေတာ့ေနာ္။

(၂) I Fine Thank You Love You (2014)

I Fine Thank You Love You ဆိုတဲ႔ ရုပ္ရွင္ကားေလးကေတာ့ Romance/Comedy အမ်ဳိးအစားကားေလးျဖစ္ၿပီး IMDb Rating ကိုၾကည္႔မယ္ဆိုရင္လည္း Rating ေကာင္းတယ္လို႔ ေျပာလို႔ရတဲ႔ ဇာတ္ကားေကာင္း တစ္ကားျဖစ္ပါတယ္။ ေကာင္မေလးဟာ အဂၤလိပ္စာဆရာမျဖစ္ၿပီး ေကာင္ေလးက အဂၤလိပ္စာလာသင္ၾကားတဲ႔ တပည့္ျဖစ္ကာ အဂၤလိပ္စာသင္ၾကားရင္း အလဲြေလးေတြျဖစ္ကာ ခ်စ္ႀကိဳးသြယ္သြားၾကတဲ႔ ဇာတ္လမ္းေလး ျဖစ္ပါတယ္။ဒီဇာတ္လမ္းထဲမွာ ရယ္ရတဲ႔ ဇာတ္လမ္းဇာတ္ကြက္ေတြလည္း အမ်ားႀကီးပါဝင္ၿပီး ခ်စ္ျခင္းေတြနဲ႔ အဂၤလိပ္စာသင္ၾကားပံုေတြကိုလည္း ေဝေဝဆာဆာ ေတြ႔ျမင္ရမယ့္ ဇာတ္ကားေလး ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း အဂၤလိပ္စာေလ့လာရင္း ပင္ပန္းေနရင္ ဒီကားေလးကိုၾကည္႔ၿပီး အားရပါးရရယ္ေမာကာ စိတ္ကို လန္းဆန္းေအာင္ ျပဳလုပ္ၿပီး အဂၤလိပ္စာကို ျပန္လည္ ေလ့လာၾကည့္လုိက္ၾကပါ။

(၃) English Vinglish (2012)

ဒီကားေလးကေတာ့ Bollywood ကားေတြထဲက ကားေကာင္းေလးတစ္ကားျဖစ္ၿပီး Drama/Comedy-drama ပံုစံမ်ဳိး ရုိက္ကူးထားတဲ႔ ကားေလးျဖစ္ပါတယ္။ ဒီကားေလးရဲ႕ IMDb Rating ကလည္း ၇.၉ ေတာင္ရွိိလုိ႔ Bollywood ကားေတြကို ႀကိဳက္ႏွစ္သက္တဲ႔ သူေတြအေနနဲ႔ လံုးဝလက္မလႊတ္ဘဲ ၾကည္႔ကိုၾကည့္သင့္တဲ႔ ကားေကာင္းေလးျဖစ္ပါတယ္။ စိတ္မေကာင္းစရာတစ္ခုကေတာ့ ဒီကားထဲမွာပါဝင္သရုပ္ေဆာင္ခဲ႔တဲ႔ ဇာတ္ေဆာင္မင္းသမီးႀကီးကေတာ့ ယေန႔အခ်္ိန္မွာ မရွိေတာ့ပါဘူး။ သာမန္အိပ္ရွင္မတစ္ဦးအျဖစ္ မင္းသမီးႀကီးက ပါဝင္သရုပ္ေဆာင္ထားခဲ႔ၿပီး သူမရဲ႕သမီးက အေမကို အဂၤလိပ္စာနဲ႔ ပတ္သက္ရင္ အထင္မႀကီးဘဲ ဘာသိလဲဆုိတဲ႔ ပံုစံနဲ႔ဆက္ဆံတာကို ခံခဲ့ရပါတယ္။ တစ္ေန႔မွာေတာ့ ႏိုင္ငံျခားမွာ တူမေလးမဂၤလာေဆာင္ကိုသြားရင္း စားေသာက္ဆိုင္တစ္ခုမွာ မုန္႔မွာတဲ႔အခါ အဂၤလိပ္စာမတတ္လုိ႔ အခက္အခဲေတြ ႀကံဳေတြ႔ခဲ့ရာကေန အဂၤလိပ္စာသင္ယူဖို႔ ဆံုးျဖတ္ခ်ၿပီး သင္ယူခဲ႔ပါတယ္။ ဒါေပမယ့္ အိမ္ရွင္မ၊ မိခင္တစ္ေယာက္ျဖစ္တဲ႔အတြက္ သာမန္လူေတြလုိမ်ဳိး အဂၤလိပ္စာကို ေအးေအးလူလူသင္ယူခြင့္မရခဲ႔ပါဘူး။ သူမဟာ အခက္အခဲေတြၾကားကေန အဂၤလိပ္စာကို ဆံုးခန္းတုိင္ေအာင္သင္ယူခြင့္ရခဲ႔ၿပီး သူသမီးဆီက အထင္ႀကီးမႈကို ရရွိခဲ႔လားဆိုတာကိုေတာ့ ဇာတ္လမ္းမွာပဲ ဆက္လက္ၾကည့္ရႈလိုက္ပါေတာ့ေနာ္။

H.H(Akhayar)

www.akhayar.com

[Unicode]

အင်္ဂလိပ်စာလေ့လာနေသူများ စိတ်ဓာတ်ခွန်အားရရှိစေဖို့ ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းများ

အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကားဟာ ကမ္ဘာနဲ့အဝှမ်း အသုံးပြုနေကြတဲ့ ဘာသာစကားဖြစ်ပြီး အသုံးဝင်တဲ့ဘာသာစကားတစ်ခုလည်း ဖြစ်တဲ့အတွက် လူတိုင်းလိုလိုက အင်္ဂလိပ်ဘာသာစကားကို မဖြစ်မနေ လေ့လာကြပါတယ်။ ဘာသာစကားလေ့လာကြတဲ့အခါမှာ ဘာသာစကားဟာ ကျယ်ပြန့်တဲ့အတွက် လေ့လာလို့ မကုန်နိုင်ပါဘူး။ သင်ယူစရာမကုန်နိုင်တဲ့ ဘာသာစကားကို လေ့လာရင်း စိတ်ပျက်အားငယ်လာတာမျိုး၊ လေ့လာချင်စိတ်ကုန်တာမျိုုးလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့်မို့ ဘာသာစကားလေ့လာတဲ့အခါမျိုးမှာ တိုးတက်မှုနှောင့်နှေးပြီး လေ့လာချင်စိတ်ကုန်လာရင် ဒီရုပ်ရှင်ကားလေးတွေကို ကြည့်ပြီး အပန်းဖြေကာ စိတ်ဓာတ်ခွန်အားတွေ ပြန်လည်ရယူလိုက်ပါ။ အဲ့ဒီရုပ်ရှင်ကားလေးတွေက ဘာကားလေးတွေလဲဆိုတော့……

(၁) I Can Speak (2017)

2017 ခုနစ်ကထွက်ရှိတဲ့ Drama/Comedy ကိုရီးယားကားတစ်ကားဖြစ်တဲ့ I Can Speak ဟာ IMDb Rating အရဆို ၇.၆ ရရှိထားပြီး ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ကို အခြေခံရိုက်ကူးထားတဲ့ ကိုရီးယား ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဒါအပြင် ဒီကားဟာ ကိုရီးယားမှာ ဆုတံဆိပ်ပေါင်း (၁၂) ဆုလည်းရရှိထားပါတယ်။ ထိုကားထဲမှာ အင်္ဂလိပ်စာသင်ယူတဲ့ ဇာတ်လမ်း ဇာတ်ကွက်တွေလည်း ပါဝင်ပြီး အသက်ကြီးမှ အင်္ဂလိပ်စာလေ့လာသင်ယူတဲ့ အဘွားကြီးအကြောင်းကို မြှုပ်ကွက်လေးတွေနဲ့ ပရိသတ်ကြီးကို ဖမ်းစားထားတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ အဘွားကြီးဟာ အင်္ဂလိပ်စာကို အသက်ကြီးမှ ဘာကြောင့်သင်ချင်ရတာလဲဆိုတာကိုတော့ ပရိသတ်ကြီးက ရုပ်ရှင်ကြည့်ပြီး အဖြေရှာကြည့်လိုက်တော့နော်။

(၂) I Fine Thank You Love You (2014)

I Fine Thank You Love You ဆိုတဲ့ ရုပ်ရှင်ကားလေးကတော့ Romance/Comedy အမျိုးအစားကားလေးဖြစ်ပြီး IMDb Rating ကိုကြည့်မယ်ဆိုရင်လည်း Rating ကောင်းတယ်လို့ ပြောလို့ရတဲ့ ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ ကောင်မလေးဟာ အင်္ဂလိပ်စာဆရာမဖြစ်ပြီး ကောင်လေးက အင်္ဂလိပ်စာလာသင်ကြားတဲ့ တပည့်ဖြစ်ကာ အင်္ဂလိပ်စာသင်ကြားရင်း အလွဲလေးတွေဖြစ်ကာ ချစ်ကြိုးသွယ်သွားကြတဲ့ ဇာတ်လမ်းလေး ဖြစ်ပါတယ်။ဒီဇာတ်လမ်းထဲမှာ ရယ်ရတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေလည်း အများကြီးပါဝင်ပြီး ချစ်ခြင်းတွေနဲ့ အင်္ဂလိပ်စာသင်ကြားပုံတွေကိုလည်း ဝေဝေဆာဆာ တွေ့မြင်ရမယ့် ဇာတ်ကားလေး ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အင်္ဂလိပ်စာလေ့လာရင်း ပင်ပန်းနေရင် ဒီကားလေးကိုကြည့်ပြီး အားရပါးရရယ်မောကာ စိတ်ကို လန်းဆန်းအောင် ပြုလုပ်ပြီး အင်္ဂလိပ်စာကို ပြန်လည် လေ့လာကြည့်လိုက်ကြပါ။

(၃) English Vinglish (2012)

ဒီကားလေးကတော့ Bollywood ကားတွေထဲက ကားကောင်းလေးတစ်ကားဖြစ်ပြီး Drama/Comedy-drama ပုံစံမျိုး ရိုက်ကူးထားတဲ့ ကားလေးဖြစ်ပါတယ်။ ဒီကားလေးရဲ့ IMDb Rating ကလည်း ၇.၉ တောင်ရှိလို့ Bollywood ကားတွေကို ကြိုက်နှစ်သက်တဲ့ သူတွေအနေနဲ့ လုံးဝလက်မလွှတ်ဘဲ ကြည့်ကိုကြည့်သင့်တဲ့ ကားကောင်းလေးဖြစ်ပါတယ်။ စိတ်မကောင်းစရာတစ်ခုကတော့ ဒီကားထဲမှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ဆောင်မင်းသမီးကြီးကတော့ ယနေ့အချိန်မှာ မရှိတော့ပါဘူး။ သာမန်အိပ်ရှင်မတစ်ဦးအဖြစ် မင်းသမီးကြီးက ပါဝင်သရုပ်ဆောင်ထားခဲ့ပြီး သူမရဲ့သမီးက အမေကို အင်္ဂလိပ်စာနဲ့ ပတ်သက်ရင် အထင်မကြီးဘဲ ဘာသိလဲဆိုတဲ့ ပုံစံနဲ့ဆက်ဆံတာကို ခံခဲ့ရပါတယ်။ တစ်နေ့မှာတော့ နိုင်ငံခြားမှာ တူမလေးမင်္ဂလာဆောင်ကိုသွားရင်း စားသောက်ဆိုင်တစ်ခုမှာ မုန့်မှာတဲ့အခါ အင်္ဂလိပ်စာမတတ်လို့ အခက်အခဲတွေ ကြုံတွေ့ခဲ့ရာကနေ အင်္ဂလိပ်စာသင်ယူဖို့ ဆုံးဖြတ်ချပြီး သင်ယူခဲ့ပါတယ်။ ဒါပေမယ့် အိမ်ရှင်မ၊ မိခင်တစ်ယောက်ဖြစ်တဲ့အတွက် သာမန်လူတွေလိုမျိုး အင်္ဂလိပ်စာကို အေးအေးလူလူသင်ယူခွင့်မရခဲ့ပါဘူး။ သူမဟာ အခက်အခဲတွေကြားကနေ အင်္ဂလိပ်စာကို ဆုံးခန်းတိုင်အောင်သင်ယူခွင့်ရခဲ့ပြီး သူသမီးဆီက အထင်ကြီးမှုကို ရရှိခဲ့လားဆိုတာကိုတော့ ဇာတ်လမ်းမှာပဲ ဆက်လက်ကြည့်ရှုလိုက်ပါတော့နော်။

H.H(Akhayar)

www.akhayar.com