မုတ်ဆိတ်မွှေးတွေရဲ့ ကောင်းကျိုးတွေက ဘာတွေများလဲ

မုတ်ဆိတ်မွေးတွေဟာ ယောက်ျားလေးတစ်ယောက်ရဲ့ ပုံရိပ်တစ်ခုလို့ ခေါ်လို့ရပါတယ်နော်။ လိုက်ဖက်တဲ့ မုတ်ဆိတ်မွေးပုံစံကို ထားမယ်ဆိုရင်တော့ ယောက်ျားလေးတစ်ယောက်ကို ပိုပြီး ဆွဲဆောင်မှုရှိစေတယ်။ ခန့်ညားစေတယ်။ မျက်နှာမွှေးတွေနဲ့ မုတ်ဆိတ်မွေးတွေဟာ ယောက်ျားတစ်ယောက်ရဲ့ အဆင်တန်ဆာလို့တောင် ဆိုကြပါသေးတယ်။ ဒါတင်မကပါဘူး။ ယောက်ျားလေးတစ်ယောက် မုတ်ဆိတ်မွေးထားမယ်ဆိုရင်တော့ တခြား ကောင်းကျိုးတွေလည်း ရနိုင်ပါသေးတယ်။

မုတ်ဆိတ်မွှေးတွေဟာ အရေပြားကင်ဆာကို ကာကွယ်ပေးပါတယ်

ယောက်ျားလေးတွေဟာ မုတ်ဆိတ်မွှေးထားခြင်းအားဖြင့် အရေးပြားကင်ဆာဖြစ်ပွားမှုနှုန်းကို လျှော့ချနိုင်တယ်လို့ ဆိုကြပါတယ်။ ဒီလိုမုတ်ဆိတ်မွှေးတွေဟာ မျက်နှာပေါ်ကို Ultraviolet ရောင်ခြည် တိုက်ရိုက်ထိတွေ့မှုကနေ ၉၀ရာခိုင်နှုန်းအထိ တားဆီးပေးပြီး University of Queensland, Australia ရဲ့ ခန့်မှန်းချက်တွေအရဆို ဒါကြောင့်ပဲ အရေပြားကင်ဆာဖြစ်ပွားမှုနှုန်းကို လျှော့ချတာပါတဲ့။

ယောက်ျားတစ်ယောက်ရဲ့ ပုံပန်းသွင်ပြင်ကို ပုံဖော်ပေးပါတယ်

ဒါကတော့ ယောက်ျားလေးတိုင်း သိကြမှာပါ။ မျက်နှာပေါ်က အမွှေးအမျှင်တွေနဲ့ ခြေထောက်က အမွှေးအမျှင်တွေဟာ ယောက်ျားလေးဆိုတဲ့ ပုံပန်းသွင်ပြင်ကို ပုံဖော်နေပါတယ်။ မုတ်ဆိတ်မွှေးတွေရှိတဲ့ ယောက်ျားလေးတွေဟာ ပိုပြီး ရင့်ကျက်တယ်။ ဖက်ရှင်ကျတယ်လို့ ယူဆကြပါတယ်။ နောက်ပြီး ယောက်ျားလေးတစ်ယောက်အနေနဲ့ ဆွဲဆောင်မှုရှိတဲ့ပုံစံကို ဖော်ကျူးတဲ့နေရာမှာလည်း မုတ်ဆိတ်မွှေးတွေ ပါဝင်နေပါတယ်။

ပန်းနာရင်ကျပ်ရောဂါနဲ့ ဓာတ်မတည့်ခြင်းတွေကို လျှော့ချနိုင်ပါတယ်

မုတ်ဆိတ်မွှေးတွေထားခြင်းအားဖြင့်ကတော့ ပန်းနာရင်ကျပ်ဖြစ်စေတဲ့ Pollen Grain တွေနဲ့ အမှုန်အမွှားတွေ နှာခေါင်းထဲ ၀င်ရောက်မှုကိုလည်း ကာကွယ်ပေးနိုင်တာကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါတွေကိုလည်း ကာကွယ်ပေးပြီးသားဖြစ်ပါတယ်။ လေထဲက လာသမျှအမှုန်အမွှားတွေအားလုံးကို ပါးစပ်နဲ့ နှာခေါင်းထဲ တိုက်ရိုက်မ၀င်ရောက်နိုင်အောင် တားဆီးပေးထားတဲ့ Mask တစ်ခုလို ဖြစ်နေမှာမို့လို့ အခန့်မသင့်ဘဲ ဓာတ်မသင့်လို့ ရောဂါဖြစ်တာတွေ၊ ရင်ကျပ်ပန်းနားဖြစ်တာတွေနဲ့ အဆုတ်ရောဂါတွေကို လျှော့ချနိုင်တာပါ။

အချိန်နဲ့ ငွေကို သက်သာစေပါတယ်

ဒါကတော့ မုတ်ဆိတ်မွှေးအရှည်ထားတဲ့သူတွေဟာ တစ်ခါပုံသွင်းပြီးသွားရင် အချိန်အကြာကြီး အထားခံတာကြောင့် မုတ်ဆိတ်မွှေးအမြဲရိတ်နေပြီး ခဏခဏ ဆိုင်သွားနေရသူတွေလို အချိန်တွေ၊ ငွေတွေ ကုန်ကျတော့မှာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ စတိုင်ကိုက မုတ်ဆိတ်မွှေးတွေဖြစ်နေတော့ မနက်ပိုင်း အိပ်ရာထကလည်း နောက်ကျ၊ အပြင်လည်း သွားစရာရှိလို့ မတိုမရှည်ဖြစ်နေတဲ့ မုတ်ဆိတ်မွှေးတွေကို ရိတ်နေစရာလည်း မလိုပါဘူး။

ကောင်မလေးတွေ ချစ်ပါတယ်

နောက်ဆုံအချက်ကတော့ စိတ်ဝင်စားစရာအကောင်းဆုံးအချက်လို့ပဲ ထင်ပါတယ်နော်။ မုတ်ဆိတ်မွှေးမပါတဲ့ ယောက်ျားလေးတွေနဲ့ ပါတဲ့ ယောက်ျားလေးတွေဆိုရင် မုတ်ဆိတ်မွှေးပါတဲ့ ယောက်ျားလေးတွေကို ကောင်မလေးတွေက ပိုချစ်ကြပါတယ်တဲ့။ ဒီတော့ စော်ကြည်ချင်တယ်ဆိုရင်တော့ မုတ်ဆိတ်မွှေးတွေ ထားရဦးမှာနော်။

ကဲ ဒီတော့ ကောင်လေးတွေအနေနဲ့ မုတ်ဆိတ်မွှေးတွေ ထားမလား၊ မထားမလားကတော့ ကိုယ့်ဘာသာကိုယ် စဉ်းစားကြပေါ့နော်။ တစ်ခါတလေကျတော့လည်း ပုံမှန်ပုံစံတွေထဲကနေ ခွဲထွက်ပြီး မုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေးလေးတွေနဲ့ ဂေါ်ကြည့်ကြပါလား။

www.akhayar.com