[Zawgyi]

အညိဳေရာင္မ်က္ဝန္းထဲက အလွတရား

အညိဳေရာင္ မ်က္အိမ္ကို ပိုင္ဆိုင္ထားတဲ့ မ်က္ဝန္းတစ္စံုရဲ႕ အလွက ေရျပင္ကို ၾကည့္ေနရသလို ကိုယ့္ရဲ႕ မ်က္လံုးနဲ႔ စိတ္ကို အာရံုလႊဲလို႔မရႏိုင္ေလာက္ေအာင္ လွေနမယ္လို႔ ဘယ္သူက ထင္ထားမွာလဲ? ေရျပင္နဲ႔ ခိုင္းႏိႈင္းတာထက္ကို ပိုျပီးလွေနတာကို ကိုယ္တိုင္ျမင္ေတြ႔ခဲ့လိုက္ရျပီ။ ၾကည့္ေလ မဝေလ၊ ၾကည့္ေလ ပိုျပီး ျမတ္ႏိုးလာေလ ျဖစ္လာပါတယ္။ အညိဳေရာင္မ်က္အိမ္ရဲ႕ အလွဟာ မ်က္စံအမည္းေရာင္ေလး က်ဥ္းသြားေလ ပိုျပီး လွလာေလပါပဲ။

စိတ္ပညာရွင္ေတြရဲ႕ ေလ့လာသံုးသပ္ခ်က္အရ အညိဳေရာင္မ်က္အိမ္ပိုင္ရွင္ေတြက အမည္းေရာင္မ်က္ဝန္းတစ္စံုကို ပိုင္ထားတဲ့သူေတြထက္ ပိုျပီး ထက္ျမက္တယ္။ အရာရာမွာ ကိုယ့္ကိုယ္ကို ေအာင္ျမင္ေအာင္ ကိုယ့္ဒူးကိုယ္ခြ်န္ႏိုင္တဲ့သူေတြျဖစ္တယ္။ ကိစၥအားလံုးကို အေသးစိတ္ေလ့လာတတ္တဲ့သူျဖစ္တယ္။ ကိုယ္မကြ်မ္းက်င္တဲ့အရာေတြဆိုရင္ ဝင္ေရာက္စြက္ဖက္တာမ်ိဳး၊ ေဆြးေႏြးတာမ််ိဳးေတြ လုပ္ေလ့မရွိတဲ့သူေတြျဖစ္တယ္။ ကိုယ္ကြ်မ္းက်င္တဲ့အရာဆိုရင္ေတာ့ အဲဒီအရာတစ္ခုကို အထူးခြ်န္ဆံုးျဖစ္ေအာင္ ၾကိဳးစားေလ့ရွိၾကသူေတြျဖစ္ပါတယ္ဆိုျပီး အစရွိသျဖင့္ မွတ္ခ်က္ခ်ထားတာကို ေတြ႔ရွိရပါတယ္။

HP Pavilion

HP Pavilion

HP Pavilion အေၾကာင္း အေသးစိတ္သိရွိရန္

ၾကည္လင္ျပီးျပတ္သားတဲ့ အညိဳေရာင္မ်က္အိမ္နဲ႔ မ်က္ဝန္းတစ္စံုဟာ ေခ်ာကလက္ရဲ႕ ခ်ိဳျမန္မႈနဲ႔လည္း တူျပန္ေရာ။ ဘယ္အခ်ိန္ၾကည့္လိုက္ၾကည့္လိုက္ ေခ်ာကလတ္ကို စားခ်င္စိတ္မကုန္သလိုမ်ိဳးပဲ။ အခ်ိန္နဲ႔ ရာသီဥတုမေရြး ဒီမ်က္အိမ္ေလးကိုပဲ ၾကည့္ခ်င္ေနမိတယ္။ ကိုယ့္ကိုျပန္ေငးၾကည့္ေနတဲ့ အဲဒီမ်က္ဝန္းတစ္စံုကလည္း ကိုယ့္ကို ေလာကဓံေတြရဲ႕ ရန္ကေန ကာကြယ္ေပးေနတယ္လို႔ခံစားရေစစတယ္။ ဒီကမာၻမွာ ထင္မထားတဲ့အလွတရားေတြဆိုတာ လက္ေတြ႔တည္ရွိေနေသးပါတယ္လို႔ေျပာေနသံေတြကို အဲဒီမ်က္အိမ္ေတြထဲကေန ၾကားေနရတယ္။

Acer Swift 3

Acer Swift 3

Acer Swift 3 အေၾကာင္း အေသးစိတ္ၾကည့္ရန္

အညိဳေရာက္မ်က္အိမ္တစ္စံုကို ပုိင္ဆိုင္ထားတဲ့သူတစ္ေယာက္အတြက္ သူ႔ရဲ႕ ပိုင္ဆိုင္ထားရမႈဟာ ဂုဏ္ယူစရာတစ္ခုျဖစ္ေနခဲ့ျပီး ဒီလွပတဲ့မ်က္ဝန္းတစ္စံုကို ၾကည့္ေနရတဲ့ ကြ်န္မအဖို႔ကလည္း မ်က္အိမ္တစ္စံုရဲ႕ အလွက ဒီေလာက္ မွင္သက္ေနရေအာင္ လွႏုိင္လြန္းခဲ့ပါလားဆိုတဲ့ အမွန္တရားကို ရွာေဖြလိုက္ႏိုင္တဲ့အတြက္ ဂုဏ္ယူလို႔မဆံုးခဲ့ပါဘူး။

မည္းေမွာင္တဲ့သူေတြက မ်က္ကပ္မွန္အတုေတြတပ္ျပီး အတုေယာင္ေဆာင္ေနတဲ့အခ်ိန္မွာ လွပတဲ့အညိဳေရာင္မ်က္ဝန္းတစ္စံုပိုင္ရွင္ေတြက အသာအယာနဲ႔ ေခါင္းေမာ့ျပီး အားလံုးကို သိမ္ငယ္ေအာင္ ျပဳလုပ္ေနႏိုင္သူေတြျဖစ္ပါတယ္။ ပိုင္ဆိုင္ထားတဲ့သူက မိန္းကေလးျဖစ္ခဲ့ရင္လည္း Eyeshadow ေတြ ျခယ္တဲ့အခါမွာ သူမ်ားေတြလို မ်က္ကပ္မွန္တပ္ျပီး အထူးတေလ လွေနေအာင္လုပ္စရာမလိုဘူးေလ။ ေယာက်ာ္းေလးျဖစ္ခဲ့ရင္လည္း သာမန္ မ်က္အိမ္အမည္းရွိတဲ့ သူေတြနဲ႔ ယွဥ္ရင္ ပိုျပီး ေခ်ာေနတတ္ျပီး ပိုဆြဲေဆာင္မႈရွိေနပါတယ္။ ဒီလိုသိမ္ငယ္ေအာင္လုပ္ေနလည္း မည္းေမွာင္တဲ့မ်က္ဝန္းပိုင္ရွင္ေတြကလည္း အားမငယ္ပါနဲ႔ေနာ္။ သဘာဝအလွသည္သာ အလွဆံုးျဖစ္ပါတယ္။

Redrose (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

အညိုရောင်မျက်ဝန်းထဲက အလှတရား

အညိုရောင် မျက်အိမ်ကို ပိုင်ဆိုင်ထားတဲ့ မျက်ဝန်းတစ်စုံရဲ့ အလှက ရေပြင်ကို ကြည့်နေရသလို ကိုယ့်ရဲ့ မျက်လုံးနဲ့ စိတ်ကို အာရုံလွှဲလို့မရနိုင်လောက်အောင် လှနေမယ်လို့ ဘယ်သူက ထင်ထားမှာလဲ? ရေပြင်နဲ့ ခိုင်းနှိုင်းတာထက်ကို ပိုပြီးလှနေတာကို ကိုယ်တိုင်မြင်တွေ့ခဲ့လိုက်ရပြီ။ ကြည့်လေ မဝလေ၊ ကြည့်လေ ပိုပြီး မြတ်နိုးလာလေ ဖြစ်လာပါတယ်။ အညိုရောင်မျက်အိမ်ရဲ့ အလှဟာ မျက်စံအမည်းရောင်လေး ကျဉ်းသွားလေ ပိုပြီး လှလာလေပါပဲ။

စိတ်ပညာရှင်တွေရဲ့ လေ့လာသုံးသပ်ချက်အရ အညိုရောင်မျက်အိမ်ပိုင်ရှင်တွေက အမည်းရောင်မျက်ဝန်းတစ်စုံကို ပိုင်ထားတဲ့သူတွေထက် ပိုပြီး ထက်မြက်တယ်။ အရာရာမှာ ကိုယ့်ကိုယ်ကို အောင်မြင်အောင် ကိုယ့်ဒူးကိုယ်ချွန်နိုင်တဲ့သူတွေဖြစ်တယ်။ ကိစ္စအားလုံးကို အသေးစိတ်လေ့လာတတ်တဲ့သူဖြစ်တယ်။ ကိုယ်မကျွမ်းကျင်တဲ့အရာတွေဆိုရင် ဝင်ရောက်စွက်ဖက်တာမျိုး၊ ဆွေးနွေးတာမျျိုးတွေ လုပ်လေ့မရှိတဲ့သူတွေဖြစ်တယ်။ ကိုယ်ကျွမ်းကျင်တဲ့အရာဆိုရင်တော့ အဲဒီအရာတစ်ခုကို အထူးချွန်ဆုံးဖြစ်အောင် ကြိုးစားလေ့ရှိကြသူတွေဖြစ်ပါတယ်ဆိုပြီး အစရှိသဖြင့် မှတ်ချက်ချထားတာကို တွေ့ရှိရပါတယ်။

HP Pavilion

HP Pavilion

HP Pavilion အကြောင်း အသေးစိတ်သိရှိရန်

ကြည်လင်ပြီးပြတ်သားတဲ့ အညိုရောင်မျက်အိမ်နဲ့ မျက်ဝန်းတစ်စုံဟာ ချောကလက်ရဲ့ ချိုမြန်မှုနဲ့လည်း တူပြန်ရော။ ဘယ်အချိန်ကြည့်လိုက်ကြည့်လိုက် ချောကလတ်ကို စားချင်စိတ်မကုန်သလိုမျိုးပဲ။ အချိန်နဲ့ ရာသီဥတုမရွေး ဒီမျက်အိမ်လေးကိုပဲ ကြည့်ချင်နေမိတယ်။ ကိုယ့်ကိုပြန်ငေးကြည့်နေတဲ့ အဲဒီမျက်ဝန်းတစ်စုံကလည်း ကိုယ့်ကို လောကဓံတွေရဲ့ ရန်ကနေ ကာကွယ်ပေးနေတယ်လို့ခံစားရစေစတယ်။ ဒီကမ္ဘာမှာ ထင်မထားတဲ့အလှတရားတွေဆိုတာ လက်တွေ့တည်ရှိနေသေးပါတယ်လို့ပြောနေသံတွေကို အဲဒီမျက်အိမ်တွေထဲကနေ ကြားနေရတယ်။

Acer Swift 3

Acer Swift 3

Acer Swift 3 အကြောင်း အသေးစိတ်ကြည့်ရန်

အညိုရောက်မျက်အိမ်တစ်စုံကို ပိုင်ဆိုင်ထားတဲ့သူတစ်ယောက်အတွက် သူ့ရဲ့ ပိုင်ဆိုင်ထားရမှုဟာ ဂုဏ်ယူစရာတစ်ခုဖြစ်နေခဲ့ပြီး ဒီလှပတဲ့မျက်ဝန်းတစ်စုံကို ကြည့်နေရတဲ့ ကျွန်မအဖို့ကလည်း မျက်အိမ်တစ်စုံရဲ့ အလှက ဒီလောက် မှင်သက်နေရအောင် လှနိုင်လွန်းခဲ့ပါလားဆိုတဲ့ အမှန်တရားကို ရှာဖွေလိုက်နိုင်တဲ့အတွက် ဂုဏ်ယူလို့မဆုံးခဲ့ပါဘူး။

မည်းမှောင်တဲ့သူတွေက မျက်ကပ်မှန်အတုတွေတပ်ပြီး အတုယောင်ဆောင်နေတဲ့အချိန်မှာ လှပတဲ့အညိုရောင်မျက်ဝန်းတစ်စုံပိုင်ရှင်တွေက အသာအယာနဲ့ ခေါင်းမော့ပြီး အားလုံးကို သိမ်ငယ်အောင် ပြုလုပ်နေနိုင်သူတွေဖြစ်ပါတယ်။ ပိုင်ဆိုင်ထားတဲ့သူက မိန်းကလေးဖြစ်ခဲ့ရင်လည်း Eyeshadow တွေ ခြယ်တဲ့အခါမှာ သူများတွေလို မျက်ကပ်မှန်တပ်ပြီး အထူးတလေ လှနေအောင်လုပ်စရာမလိုဘူးလေ။ ယောကျာ်းလေးဖြစ်ခဲ့ရင်လည်း သာမန် မျက်အိမ်အမည်းရှိတဲ့ သူတွေနဲ့ ယှဉ်ရင် ပိုပြီး ချောနေတတ်ပြီး ပိုဆွဲဆောင်မှုရှိနေပါတယ်။ ဒီလိုသိမ်ငယ်အောင်လုပ်နေလည်း မည်းမှောင်တဲ့မျက်ဝန်းပိုင်ရှင်တွေကလည်း အားမငယ်ပါနဲ့နော်။ သဘာဝအလှသည်သာ အလှဆုံးဖြစ်ပါတယ်။

Redrose (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။