[Zawgyi]

အိမ္တြင္းျပင္ဆင္မႈေတြလုပ္ေတာ့မယ္ဆိုရင္ အဓိကထားျပင္ဆင္ရမယ့္ အစိတ္အပိုင္း (၅)ခု

အိမ္တစ္အိမ္ကိုပဲျဖစ္ျဖစ္၊ အေဆာက္အဦးတစ္ခုကို Interior Decoration ျပင္ဆင္ဖို႔ စဥ္းစားၿပီဆိုရင္ အဓိကအားျဖင့္ မပါမျဖစ္ထည့္သြင္းစဥ္းစားရမယ့္အရာေလးေတြ အနည္းငယ္ရွိပါတယ္။ အမ်ားႀကီးေတာ့မဟုတ္ပါဘူး။ စည္းမ်ဥ္းစည္းကမ္း (၅) ခ်က္တည္းပါပဲ။ ဒီအရာ (၅) ခုနဲ႔ျပည့္စံုေနတဲ့အခန္းတစ္ခန္းဟာ အၿမဲတမ္းဆြဲေဆာင္မႈတစ္စံုတစ္ခုရွိေနလိမ့္မွာပါ။ အဲဒီ့ အခ်က္ (၅) ခ်က္က ဘာေတြလဲ။ ဘယ္လိုဂရုစိုက္ရမွာလဲ နည္းနည္းေျပာျပခ်င္ပါတယ္။

နံပတ္တစ္အခ်က္ – Wall Art

အခန္းနံရံေတြဟာ အေသးစိတ္ဂရုစိုက္ရမယ့္အရာတစ္ခုပဲျဖစ္ပါတယ္။ ဂရုမစိုက္ပဲ ပစ္ထားလိုက္မယ္ဆိုရင္ေတာ့ ေရယိုၿပီး ေရကြက္တာေတြ၊ ညစ္ေပတာေတြနဲ႔ ၾကည့္ရဆိုးပါတယ္။ ဒါေၾကာင့္ Interior Decoration လုပ္ေတာ့မယ္ဆိုရင္ အခန္းနံရံေတြကို မတူညီတဲ့ ဘယ္လိုပံုစံေတြနဲ႔ အလွဆင္ၾကမလဲဆိုတာကို ပထမဆံုးစဥ္းစားပါ။ ဓာတ္ပံုေလးေတြနဲ႔ အလွဆင္မွာလား။ ပန္းခ်ီကားေတြနဲ႔လား။ နံရံကပ္စကၠဴကို ေရြးခ်ယ္မွာလား။ အေရာင္ဆန္းဆန္းေလးေတြလား။ သင့္အႀကိဳက္ေပၚ မူတည္ပါတယ္။

နံပတ္ႏွစ္အခ်က္ – Plants

အပင္ေလးေတြကလည္း အခန္းအလွဆင္တဲ့ေနရာမွာ အေရးပါပါတယ္။ အဓိကအားျဖင့္ အပင္ပုေလးေတြ၊ အပင္ေသးေလးေတြကို အခန္းေထာင့္ေလးေတြမွာ အလွဆင္လိုက္မယ္ဆိုရင္ေတာ့ သင့္ရဲ႕ အခန္းေလးဟာ ၀င္လိုက္တာနဲ႔ စိတ္ထဲလန္းဆန္းခ်င္စရာေလးျဖစ္ေနမွာပါ။

နံပတ္သံုးအခ်က္ – Metallic Things

ပရိေဘာဂပစၥည္းေတြ ထားသို၀ယ္ယူတဲ့ေနရာမွာ အစံုလိုက္၀ယ္ယူျခင္းကို ဘယ္ေတာ့မွ မလုပ္ပါနဲ႔။ ဆင္တူႀကီးေတြ ထားေနတာက ရိုးၿပီး ေခတ္ေနာက္က်ေနပါၿပီ။ ဒီဘက္ေခတ္မွာ Interior Decoration ဆင္ယင္တဲ့အခါမွ ကိုယ္ႀကိဳက္တဲ့ပရိေဘာဂပစၥည္းေတြၾကားမွာ Metallic ပစၥည္းေတြနဲ႔ ေရာယွက္အလွဆင္ျခင္းကေတာ့ ေခတ္မီေစပါတယ္။

နံပတ္ေလးအခ်က္ – Floor Pattern

ေနာက္တစ္ခု သတိထားရမွာက ၾကမ္းျပင္ပါ။ အိမ္အလွဆင္သူေတာ္ေတာ္မ်ားမ်ားက ၾကမ္းျပင္ကို ေမ့ေလ်ာ့ေနတတ္ၾကပါတယ္။ ေမ့ထားလို႔မရပါဘူး။ ၾကမ္းျပင္ဟာ အိမ္တစ္အိမ္အတြက္ အေရးပါဆံုးအရာတစ္ခုအပါအ၀င္ျဖစ္လို႔ပါ။ ပါေကးသံုးမလား၊ ေက်ာက္ျပားခင္းမလား၊ ေၾကြျပားလား၊ ဒါကေတာ့ သင့္စိတ္ႀကိဳက္ပါပဲ။ ဒါေပမယ့္ ေရခ်ိဳးခန္းလုိ ေခ်ာတဲ့ေနရာမ်ိဳးမွာ ေခ်ာ္လဲေစႏိုင္ေလာက္တဲ့ ေၾကြျပားေက်ာက္ျပားမ်ိဳး မခင္းမိဖို႔ေတာ့ သတိထားရပါလိမ့္မယ္။

နံပတ္ငါးအခ်က္ – Ceilings

မ်က္ႏွာၾကတ္ဆိုတာ အိမ္တစ္အိမ္ရဲ႕ ဒုတိယမ်က္ႏွာပါ။ တစ္အိမ္လံုးေတာ့ ခမ္းနားႀကီးက်ယ္ေနၿပီး မ်က္ႏွာၾကတ္ကို ေမာ့ၾကည့္မိလိုက္ေတာ့မွ စိတ္ညစ္စရာျဖစ္ေနတာမ်ိဳး အျဖစ္မခံပါနဲ႔ေနာ္။ မ်က္ႏွာၾကတ္ႀကီးက ခမ္းနားေနစရာေတာ့ မလုိအပ္ပါဘူး။ ဒါေပမယ့္ ေသသပ္လွပေနဖို႔ေတာ့ လိုအပ္ပါတယ္။

ဒီအခ်က္ငါးခ်က္ကေတာ့ အိမ္တြင္းအလွဆင္ရာမွာ ဂရုစိုက္ရမယ့္အရာေတြပဲျဖစ္ပါတယ္။ ဒီအခ်က္ ငါးခ်က္ကိုသာ ဂရုစိုက္ျပင္ဆင္ထားမယ္ဆိုရင္ေတာ့ သင့္ရဲ႕ အိမ္ခန္း ဒါမွမဟုတ္ ရံုးခန္းဟာ လာေရာက္လည္ပတ္သူတိုင္း စိတ္ေက်နပ္ေပ်ာ္ရႊင္ေစမွာပါ။ ဒါေၾကာင့္ ဒီအခ်က္ငါးခ်က္ကို ဘယ္လိုပံုစံမ်ိဳး ျပင္ဆင္လို႔ရလဲဆိုတာကို သိရေအာင္ ဥပမာပံုေလးေတြနဲ႔တကြ ေဖာ္ျပေပးလိုက္ပါတယ္။

Moethaesay (Akhayar)

www.akhayar.com

[Unicode]

အိမ်တွင်းပြင်ဆင်မှုတွေလုပ်တော့မယ်ဆိုရင် အဓိကထားပြင်ဆင်ရမယ့် အစိတ်အပိုင်း (၅)ခု

အိမ်တစ်အိမ်ကိုပဲဖြစ်ဖြစ်၊ အဆောက်အဦးတစ်ခုကို Interior Decoration ပြင်ဆင်ဖို့ စဉ်းစားပြီဆိုရင် အဓိကအားဖြင့် မပါမဖြစ်ထည့်သွင်းစဉ်းစားရမယ့်အရာလေးတွေ အနည်းငယ်ရှိပါတယ်။ အများကြီးတော့မဟုတ်ပါဘူး။ စည်းမျဉ်းစည်းကမ်း (၅) ချက်တည်းပါပဲ။ ဒီအရာ (၅) ခုနဲ့ပြည့်စုံနေတဲ့အခန်းတစ်ခန်းဟာ အမြဲတမ်းဆွဲဆောင်မှုတစ်စုံတစ်ခုရှိနေလိမ့်မှာပါ။ အဲဒီ့ အချက် (၅) ချက်က ဘာတွေလဲ။ ဘယ်လိုဂရုစိုက်ရမှာလဲ နည်းနည်းပြောပြချင်ပါတယ်။

နံပတ်တစ်အချက် – Wall Art

အခန်းနံရံတွေဟာ အသေးစိတ်ဂရုစိုက်ရမယ့်အရာတစ်ခုပဲဖြစ်ပါတယ်။ ဂရုမစိုက်ပဲ ပစ်ထားလိုက်မယ်ဆိုရင်တော့ ရေယိုပြီး ရေကွက်တာတွေ၊ ညစ်ပေတာတွေနဲ့ ကြည့်ရဆိုးပါတယ်။ ဒါကြောင့် Interior Decoration လုပ်တော့မယ်ဆိုရင် အခန်းနံရံတွေကို မတူညီတဲ့ ဘယ်လိုပုံစံတွေနဲ့ အလှဆင်ကြမလဲဆိုတာကို ပထမဆုံးစဉ်းစားပါ။ ဓာတ်ပုံလေးတွေနဲ့ အလှဆင်မှာလား။ ပန်းချီကားတွေနဲ့လား။ နံရံကပ်စက္ကူကို ရွေးချယ်မှာလား။ အရောင်ဆန်းဆန်းလေးတွေလား။ သင့်အကြိုက်ပေါ် မူတည်ပါတယ်။

နံပတ်နှစ်အချက် – Plants

အပင်လေးတွေကလည်း အခန်းအလှဆင်တဲ့နေရာမှာ အရေးပါပါတယ်။ အဓိကအားဖြင့် အပင်ပုလေးတွေ၊ အပင်သေးလေးတွေကို အခန်းထောင့်လေးတွေမှာ အလှဆင်လိုက်မယ်ဆိုရင်တော့ သင့်ရဲ့ အခန်းလေးဟာ ဝင်လိုက်တာနဲ့ စိတ်ထဲလန်းဆန်းချင်စရာလေးဖြစ်နေမှာပါ။

နံပတ်သုံးအချက် – Metallic Things

ပရိဘောဂပစ္စည်းတွေ ထားသိုဝယ်ယူတဲ့နေရာမှာ အစုံလိုက်ဝယ်ယူခြင်းကို ဘယ်တော့မှ မလုပ်ပါနဲ့။ ဆင်တူကြီးတွေ ထားနေတာက ရိုးပြီး ခေတ်နောက်ကျနေပါပြီ။ ဒီဘက်ခေတ်မှာ Interior Decoration ဆင်ယင်တဲ့အခါမှ ကိုယ်ကြိုက်တဲ့ပရိဘောဂပစ္စည်းတွေကြားမှာ Metallic ပစ္စည်းတွေနဲ့ ရောယှက်အလှဆင်ခြင်းကတော့ ခေတ်မီစေပါတယ်။

နံပတ်လေးအချက် – Floor Pattern

နောက်တစ်ခု သတိထားရမှာက ကြမ်းပြင်ပါ။ အိမ်အလှဆင်သူတော်တော်များများက ကြမ်းပြင်ကို မေ့လျော့နေတတ်ကြပါတယ်။ မေ့ထားလို့မရပါဘူး။ ကြမ်းပြင်ဟာ အိမ်တစ်အိမ်အတွက် အရေးပါဆုံးအရာတစ်ခုအပါအဝင်ဖြစ်လို့ပါ။ ပါကေးသုံးမလား၊ ကျောက်ပြားခင်းမလား၊ ကြွေပြားလား၊ ဒါကတော့ သင့်စိတ်ကြိုက်ပါပဲ။ ဒါပေမယ့် ရေချိုးခန်းလို ချောတဲ့နေရာမျိုးမှာ ချော်လဲစေနိုင်လောက်တဲ့ ကြွေပြားကျောက်ပြားမျိုး မခင်းမိဖို့တော့ သတိထားရပါလိမ့်မယ်။

နံပတ်ငါးအချက် – Ceilings

မျက်နှာကြတ်ဆိုတာ အိမ်တစ်အိမ်ရဲ့ ဒုတိယမျက်နှာပါ။ တစ်အိမ်လုံးတော့ ခမ်းနားကြီးကျယ်နေပြီး မျက်နှာကြတ်ကို မော့ကြည့်မိလိုက်တော့မှ စိတ်ညစ်စရာဖြစ်နေတာမျိုး အဖြစ်မခံပါနဲ့နော်။ မျက်နှာကြတ်ကြီးက ခမ်းနားနေစရာတော့ မလိုအပ်ပါဘူး။ ဒါပေမယ့် သေသပ်လှပနေဖို့တော့ လိုအပ်ပါတယ်။

ဒီအချက်ငါးချက်ကတော့ အိမ်တွင်းအလှဆင်ရာမှာ ဂရုစိုက်ရမယ့်အရာတွေပဲဖြစ်ပါတယ်။ ဒီအချက် ငါးချက်ကိုသာ ဂရုစိုက်ပြင်ဆင်ထားမယ်ဆိုရင်တော့ သင့်ရဲ့ အိမ်ခန်း ဒါမှမဟုတ် ရုံးခန်းဟာ လာရောက်လည်ပတ်သူတိုင်း စိတ်ကျေနပ်ပျော်ရွှင်စေမှာပါ။ ဒါကြောင့် ဒီအချက်ငါးချက်ကို ဘယ်လိုပုံစံမျိုး ပြင်ဆင်လို့ရလဲဆိုတာကို သိရအောင် ဥပမာပုံလေးတွေနဲ့တကွ ဖော်ပြပေးလိုက်ပါတယ်။

Moethaesay (Akhayar)

www.akhayar.com