[Zawgyi]

ဇာတ္ကားနာမည္ေပါက္ၾကားလာခဲ့တဲ့ Avengers 4

Marvel ဟာ သူရိုက္မယ့္ ရုပ္ရွင္ေတြ၊ ဇာတ္လမ္းေတြ၊ ဇာတ္ကားနာမည္ေတြအတြက္ အထူူးလွ်ိဳ႕ဝွက္ေလ့ရွိပါတယ္။ ဒါေၾကာင့္ ထြက္ရွိလာမယ့္ ေလးကားေျမာက္ Avengers ရုပ္ရွင္အတြက္လည္း ဇာတ္ကားနာမည္ကို တရားဝင္ေၾကညာဖို႔အတြက္ လူေတြက ေစာင့္ေမွ်ာ္ေနၾကပါတယ္။

Avengers 4

Avengers 4

အခုေတာ့ ရုပ္ရွင္ရဲ႕ ရုိက္ကူးေရးပညာရွင္တစ္ေယာက္ဆီက ဇာတ္ကားနာမည္္သတင္းတစြန္းတစ ထြက္ေပၚလာပါျပီ။ Marvel ဇာတ္ကားေတြ ျဖစ္တဲ့ ‘Captain America : Civil War’ နဲ႔ ‘Avengers : Infinity War’ တို႔လို ဇာတ္ကားေတြမွာ Director of Photography အေနနဲ႔ ရုိက္ကူးခဲ့တဲ့ Trent Opaloch ရဲ႕ Website မွာ Avengers 4 ကို ‘Avengers: End Game’ လို ညႊန္းဆိုထားပါတယ္။

Trent Opaloch

Trent Opaloch

‘Infinity War’ ထဲမွာလည္း Doctor Strange က Iron Man ကို ေျပာတဲ့ စကားထဲမွာ “we’re in the end game now.” ဆိုျပီး ပါပါတယ္။ ဒါေပမယ့္ ဇာတ္ကားရဲ႕ တြဲဘက္ဒါရိုက္တာ Joe Russo ကေတာ့ ‘Infinity War’ ရဲ႕ Dialogue Line တစ္ခုကို Avengers 4 ရဲ႕ ဇာတ္ကားနာမည္ေပးမွာ မဟုတ္ဘူးလို႔ အရင္က ျငင္းဆိုထားဖူးပါတယ္။

Russo Brothers

Russo Brothers

ဒီလို ဇာတ္ကားနာမည္ကို တစ္ေယာက္ေယာက္ဆီက ေပါက္ၾကားဖူးတာဟာ ပထမဆံုးအၾကိမ္မဟုတ္ဘဲ အရင္ကလည္း ဒီလို အျဖစ္မ်ိဳးေတြ ရွိခဲ့ဖူးပါတယ္။ ဒါတင္မဟုတ္ဘဲ ဒါရိုက္တာျဖစ္တဲ့ Russo ညီအစ္ကိုေတြကလည္း ရုပ္ရွင္ပရိသတ္ေတြကို Trailer ေတြၾကည့္ျပီး ဇာတ္ကားနာမည္မွန္းခိုင္းတာမ်ိဳးလည္း ရွိပါတယ္။

ဆက္စပ္သတင္းေတြအရ ‘Spider-Man Homecoming’ ရဲ႕ ေနာက္ဆက္တြဲဇာတ္ကားနာမည္ကိုလည္း မင္းသား Tom Holland က မေတာ္တဆ ထုတ္ေျပာျဖစ္တာက ‘Spider-Man : Far From Home’ ပါတဲ့။ ‘Spider-Man: Far From Home’ ကေတာ့ ဇူလိုင္ ၅ ရက္ ၂၀၁၉ ခုႏွစ္မွာ ျပသဖို႔ လ်ာထားပါတယ္။

Yoe Lu (Akhayar)

www.akhayar.com

Ref : www.gamespot.com
[Unicode]

ဇာတ်ကားနာမည်ပေါက်ကြားလာခဲ့တဲ့ Avengers 4

Marvel ဟာ သူရိုက်မယ့် ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွေ၊ ဇာတ်ကားနာမည်တွေအတွက် အထူူးလျှို့ဝှက်လေ့ရှိပါတယ်။ ဒါကြောင့် ထွက်ရှိလာမယ့် လေးကားမြောက် Avengers ရုပ်ရှင်အတွက်လည်း ဇာတ်ကားနာမည်ကို တရားဝင်ကြေညာဖို့အတွက် လူတွေက စောင့်မျှော်နေကြပါတယ်။

Avengers 4

Avengers 4

အခုတော့ ရုပ်ရှင်ရဲ့ ရိုက်ကူးရေးပညာရှင်တစ်ယောက်ဆီက ဇာတ်ကားနာမည်သတင်းတစွန်းတစ ထွက်ပေါ်လာပါပြီ။ Marvel ဇာတ်ကားတွေ ဖြစ်တဲ့ ‘Captain America : Civil War’ နဲ့ ‘Avengers : Infinity War’ တို့လို ဇာတ်ကားတွေမှာ Director of Photography အနေနဲ့ ရိုက်ကူးခဲ့တဲ့ Trent Opaloch ရဲ့ Website မှာ Avengers 4 ကို ‘Avengers: End Game’ လို ညွှန်းဆိုထားပါတယ်။

Trent Opaloch

Trent Opaloch

‘Infinity War’ ထဲမှာလည်း Doctor Strange က Iron Man ကို ပြောတဲ့ စကားထဲမှာ “we’re in the end game now.” ဆိုပြီး ပါပါတယ်။ ဒါပေမယ့် ဇာတ်ကားရဲ့ တွဲဘက်ဒါရိုက်တာ Joe Russo ကတော့ ‘Infinity War’ ရဲ့ Dialogue Line တစ်ခုကို Avengers 4 ရဲ့ ဇာတ်ကားနာမည်ပေးမှာ မဟုတ်ဘူးလို့ အရင်က ငြင်းဆိုထားဖူးပါတယ်။

Russo Brothers

Russo Brothers

ဒီလို ဇာတ်ကားနာမည်ကို တစ်ယောက်ယောက်ဆီက ပေါက်ကြားဖူးတာဟာ ပထမဆုံးအကြိမ်မဟုတ်ဘဲ အရင်ကလည်း ဒီလို အဖြစ်မျိုးတွေ ရှိခဲ့ဖူးပါတယ်။ ဒါတင်မဟုတ်ဘဲ ဒါရိုက်တာဖြစ်တဲ့ Russo ညီအစ်ကိုတွေကလည်း ရုပ်ရှင်ပရိသတ်တွေကို Trailer တွေကြည့်ပြီး ဇာတ်ကားနာမည်မှန်းခိုင်းတာမျိုးလည်း ရှိပါတယ်။

ဆက်စပ်သတင်းတွေအရ ‘Spider-Man Homecoming’ ရဲ့ နောက်ဆက်တွဲဇာတ်ကားနာမည်ကိုလည်း မင်းသား Tom Holland က မတော်တဆ ထုတ်ပြောဖြစ်တာက ‘Spider-Man : Far From Home’ ပါတဲ့။ ‘Spider-Man: Far From Home’ ကတော့ ဇူလိုင် ၅ ရက် ၂၀၁၉ ခုနှစ်မှာ ပြသဖို့ လျာထားပါတယ်။

Yoe Lu (Akhayar)

www.akhayar.com

Ref : www.gamespot.com