[Zawgyi]

ကမာၻေက်ာ္အႏုပညာရွင္ေတြရဲ႕ ဆြဲေဆာင္မႈအရွိဆုံး သက္ေတာ္ေစာင့္(၄)ဦး

ကမာၻအရပ္ရပ္က နာမည္ႀကီးအႏုပညာရွင္ေတြ ၊ ႏုိင္ငံေတာ္အႀကီးအကဲေတြ ၊ ခ်မ္းသာၾကြယ္၀သူေတြ ၊ ရာထူးႀကီးႀကီး တာ၀န္ယူထားသူတုိင္းမွာ မရွိမၿဖစ္အေနနဲ႕ လုိအပ္ၾကတာကေတာ့ ကုိယ္ရံေတာ္ (သုိ႕မဟုတ္) သက္ေတာ္ေစာင့္ေတြပါပဲ။ကမာၻေက်ာ္ အႏုပညာရွင္အမ်ားစုကလည္း သတင္းေထာက္ေတြ ၊ ပါပါရာဇီေတြ ရန္က ကာကြယ္ဖုိ႕ သူတုိ႕ရဲ႕ေဘးမွာ ကုိယ္ရံေတာ္ေတြကုိ အသီးသီး ခန္႕အပ္လာၾကတာကိုေတြ႕ရပါတယ္။ ကမာၻေက်ာ္အႏုပညာရွင္တခ်ိဳ႕ရဲ႕ ကုိယ္ရံေတာ္ေတြထဲမွာ ရုပ္ရည္ေခ်ာေမာရုံသာမက ေဘာ္ဒီလည္း ေျဖာင့္လြန္းလုိ႕ ပ်ိဳတုိင္းႀကဳိက္တဲ့ႏွင္းဆီခုိင္ေတြလုိ႕ဆုိရေလာက္ေအာင္ လူမႈကြန္ရက္မွာ ပရိသတ္မ်က္စိက်ျခင္းခံရသူေတြလည္းရွိေနပါတယ္။ သူတုိ႕ေတြဟာ ဘယ္သူေတြရဲ႕ သက္ေတာ္ေစာင့္ေတြ ျဖစ္ေနမလဲ ဆုိတာ ပရိသတ္ေတြ သိခ်င္ေနၿပီလုိ႕ ထင္ပါတယ္။

ပထမဆုံးေဖာ္ျပေပးမယ့္ ကုိယ္ေတာ္ေခ်ာကေတာ့ ကမာၻေက်ာ္စူပါေမာ္ဒယ္လ္ တစ္ဦးျဖစ္တဲ့ Kylie Jenner ရဲ႕ သက္ေတာ္ေစာင့္ကုိကုိ Tim Chug ၿဖစ္ပါတယ္။ Tim Chug ကုိ ေဟာလိ၀ုဒ္ရဲ႕ မ်က္ႏွာဖုံးၿဖစ္တဲ့ Kardashian မ်ိုးႏြယ္၀င္တဲ့ ကုိင္လီရဲ႕ ေဘးနားမွာ အၿပင္ေတြထြက္တုိင္း အၿမဲေတြ႕ရတတ္ပါတယ္။ သူ႕ရဲ႕ ရူပါနဲ႕ ေဘာ္ဒီက ဆြဲေဆာင္မႈရွိလြန္းတာမုိ႕ ကုိင္လီ သမီးေလးေမြးဖြားၿပီးခ်ိန္မွာ ပတ္သက္မႈရွိေနမလားဆုိတာ တေလာက လူမႈကြန္ရက္မွာ အထင္မွားခံရပါေသးတယ္။ စတားတစ္ဦးၿဖစ္တဲ့ ကုိင္လီရဲ႕ သက္ေတာ္ေစာင့္ၿဖစ္တာမုိ႕လည္း ပါပါရာဇီေတြရဲ႕ ဓာတ္ပုံေတြတုိင္းမွာ သူ အၿမဲပါ၀င္ေနတတ္တာကုိ ေတြ႕ရပါတယ္။ သူကေတာ့ နာမည္ႀကီး ေမာ္ေတာ္ကား တစ္ခုအတြက္ေတာင္ ေႀကာ္ၿငာရုိက္ေပးဖူးတယ္လုိ႕ သိရၿပီး Fashion Magazine ရဲ႕ မ်က္ႏွာဖုံးမွာပါ ပါလာႏုိင္ေခ်ရွိတယ္လုိ႕ယူဆခံထားရပါတယ္။

ေနာက္ထပ္ တစ္ဦးကေတာ့ ဟယ္ရီေပၚတာ မင္းသားေလး Daniel Radcliffe ရဲ႕ သက္ေတာ္ေစာင့္ပါ။ သူကလည္း ေခသူမဟုတ္ဘူးဆုိတာက သူ႕ရဲ႕ ေဘာ္ဒီအမုိက္စားနဲ႕ ရူပါကုိ ၾကည့္လုိက္တာနဲ႕ သိႏုိင္ပါတယ္။ဒီသက္ေတာ္ေစာင့္ကုိကုိကေတာ့ နာမည္ေက်ာ္ ဟယ္ရီေပၚတာ မင္းသား Daniel တစ္ေယာက္ အျပင္ထြက္တုိင္းေဘးနားမွာ အၿမဲယွဥ္တြဲပါလာေလ့ရွိတာမုိ႕ သူ႕ရဲ႕ ၾကည့္ေကာင္းတဲ့ ရူပါနဲ႕ ၿမင့္မားတဲ့ အရပ္အေမာင္းက လူပုံအလယ္မွာ ထင္ထင္ရွားရွားျဖစ္ေနေစတာပါပဲ။ Daniel ရဲ႕ Fan ေတြကေတာ့ သူ႕ရဲ႕ ကုိယ္ေရးအခ်က္အလက္ေတြကုိ စိတ္၀င္စားေနၾကတာမုိ႕ သူကလည္း မင္းသားထက္ေတာင္ လူၾကည့္ခံရတဲ့ သက္ေတာ္ေစာင့္တစ္ေယာက္ပါပဲ။

အဆုိေတာ္ ဘီယြန္းေစး (Beyoncé ) ကလည္း ဆြဲေဆာင္မႈရွိလွတဲ့ သက္ေတာ္ေစာင့္တစ္ေယာက္ကုိ ပုိင္ဆုိင္ထားတာပါ။ သူ႕ရဲ႕ နာမည္ကေတာ့ Julius De Boer ျဖစ္ျပီး သူ႕ရဲ႕ စတုိင္နဲ႕ သူ တစ္မ်ိဳးတစ္ဖုံ ဆြဲေဆာင္မႈရွိေနတာျဖစ္ပါတယ္။ ပါပါရာဇီေတြရုိက္ကူးထားတဲ့ ဘီယြန္းေစး (Beyoncé )ရဲ႕ လႈပ္ရွားမႈဓာတ္ပုံတုိင္းလုိလုိမွာ သူ႕ကုိ ေတြ႕ရတတ္တာမုိ႕ ပရိသတ္ေတြမ်က္မွန္းတန္းမိျပီးသားသူတစ္ေယာက္ျဖစ္ပါတယ္။ ဖုထစ္ေနတဲ့ ၾကြက္သားစုိင္ၾကီးေတြနဲ႕ ဖြံ႕ထြားလွတဲ့ Six Pack ေတြရွိတာမုိ႕ သူကလည္း သက္ေတာ္ေစာင့္ေတြထဲမွာ ေခသူေတာ့ မဟုတ္ပါဘူး။ အဲ့ဒီထက္ အံ့အားသင့္စရာေကာင္းတာက ဂ်ဴးလီးယက္စ္ ဟာ ဘာသာစကား (၅) မ်ဳိဳးေတာင္ ကၽြမ္းကၽြမ္းက်င္က်င္ ေျပာတတ္ျပီး New York ၊ Abu-Dhabi ၊ London စတဲ့ေနရာေတြမွာ သက္ေတာ္ေစာင့္၀န္ေဆာင္မႈေပးတဲ့ ကုမၸဏီေထာင္ထားတာလည္း ျဖစ္ပါတယ္။

ကမာၻေက်ာ္အဆုိေတာ္ အဒဲလ္ (Adele) ရဲ႕ သက္ေတာ္ေစာင့္ကေတာ့ လူမႈကြန္ရက္မွာ မိန္းကေလးပရိသတ္ေတြႀကား စိတ္၀င္စားမႈအမ်ားဆုံးနဲ႕ ၀န္းရံခံခဲ့ရသူထဲက တစ္ေယာက္ျဖစ္ပါတယ္။ အဒဲလ္ (Adele) ရဲ႕ သက္ေတာ္ေစာင့္ကုိကုိၿဖစ္တဲ့ Peter Van der Veen ကေတာ့ (၂၀၀၅)ခုႏွစ္မွာက်င္းပတဲ့ ကုိယ္ကာယအလွၿပိဴင္ပြဲမွာ ‘Mister Europe’ ဆုကုိ ဆြတ္ခူးထားဖူးတဲ့ Dutch ရဲတပ္ဖြဲ႕၀င္ေဟာင္း တစ္ေယာက္ျဖစ္ပါတယ္။ ရဲအရာရွိဘ၀ကေန ႏႈတ္ထြက္လုိက္ၿပီး (၂)ႏွစ္အႀကာမွာ အႏုပညာရွင္ေတြရဲ႕ သက္ေတာ္ေစာင့္အၿဖစ္ စၿပီး လုပ္ကုိင္ခဲ့တယ္လုိ႕ သိရပါတယ္။ မ်က္လုံးအျပာေရာင္ေလးပုိင္ဆုိင္ထားတဲ့ သူဟာ အဒဲလ္ (Adele) ဆီမွာ တာ၀န္ထမ္းေဆာင္ေနခ်ိန္အတြင္းမွာပဲ သူဟာ Lady Gaga ကုိကာကြယ္ေစာင့္ေရွာက္ေပးဖို႕ ဖိတ္ႀကားခံခဲ့ရပါေသးတယ္။

 

Stella(Akhayar)

www.akhayar.com

[Unicode]

ကမ္ဘာကျော်အနုပညာရှင်တွေရဲ့ ဆွဲဆောင်မှုအရှိဆုံး  သက်တော်စောင့်(၄)ဦး

ကမ္ဘာအရပ်ရပ်က နာမည်ကြီးအနုပညာရှင်တွေ ၊ နိုင်ငံတော်အကြီးအကဲတွေ ၊ ချမ်းသာကြွယ်ဝသူတွေ ၊ ရာထူးကြီးကြီး တာဝန်ယူထားသူတိုင်းမှာ မရှိမဖြစ်အနေနဲ့ လိုအပ်ကြတာကတော့ ကိုယ်ရံတော် (သို့မဟုတ်) သက်တော်စောင့်တွေပါပဲ။ကမ္ဘာကျော် အနုပညာရှင်အများစုကလည်း သတင်းထောက်တွေ ၊ ပါပါရာဇီတွေ ရန်က ကာကွယ်ဖို့ သူတို့ရဲ့ဘေးမှာ ကိုယ်ရံတော်တွေကို အသီးသီး ခန့်အပ်လာကြတာကိုတွေ့ရပါတယ်။ ကမ္ဘာကျော်အနုပညာရှင်တချို့ရဲ့ ကိုယ်ရံတော်တွေထဲမှာ ရုပ်ရည်ချောမောရုံသာမက ဘော်ဒီလည်း ဖြောင့်လွန်းလို့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်တွေလို့ဆိုရလောက်အောင် လူမှုကွန်ရက်မှာ ပရိသတ်မျက်စိကျခြင်းခံရသူတွေဆိုလည်းမမှားပါဘူး။
သူတို့တွေဟာ ဘယ်သူတွေရဲ့ သက်တော်စောင့်တွေ ဖြစ်နေမလဲ ဆိုတာ ပရိသတ်တွေ သိချင်နေပြီလို့ ထင်ပါတယ်။
ပထမဆုံးဖော်ပြပေးမယ့် ကိုယ်တော်ချောကတော့ ကမ္ဘာကျော်စူပါမော်ဒယ်လ် တစ်ဦးဖြစ်တဲ့ Kylie Jenner ရဲ့ သက်တော်စောင့်ကိုကို Tim Chug ဖြစ်ပါတယ်။ Tim Chug ကို ဟောလိဝုဒ်ရဲ့ မျက်နှာဖုံးဖြစ်တဲ့ Kardashian မျိုးနွယ်ဝင်တဲ့ ကိုင်လီရဲ့ ဘေးနားမှာ အပြင်တွေထွက်တိုင်း အမြဲတွေ့ရတတ်ပါတယ်။ သူ့ရဲ့ ရူပါနဲ့ ဘော်ဒီက ဆွဲဆောင်မှုရှိလွန်းတာမို့ ကိုင်လီ သမီးလေးမွေးဖွားပြီးချိန်မှာ ပတ်သက်မှုရှိနေမလားဆိုတာ တလောက လူမှုကွန်ရက်မှာ အထင်မှားခံရပါသေးတယ်။ စတားတစ်ဦးဖြစ်တဲ့ ကိုင်လီရဲ့ သက်တော်စောင့်ဖြစ်တာမို့လည်း ပါပါရာဇီတွေရဲ့ ဓာတ်ပုံတွေတိုင်းမှာ သူ အမြဲပါဝင်နေတတ်တာကို တွေ့ရပါတယ်။ သူကတော့ နာမည်ကြီး မော်တော်ကား တစ်ခုအတွက်တောင် ကြော်ငြာရိုက်ပေးဖူးတယ်လို့ သိရပြီး Fashion Magazine ရဲ့ မျက်နှာဖုံးမှာပါ ပါလာနိုင်ချေရှိတယ်လို့ယူဆခံထားရပါတယ်။

နောက်ထပ် တစ်ဦးကတော့ ဟယ်ရီပေါ်တာ မင်းသားလေး Daniel Radcliffe ရဲ့ သက်တော်စောင့်ပါ။ သူကလည်း ခေသူမဟုတ်ဘူးဆိုတာက သူ့ရဲ့ ဘော်ဒီအမိုက်စားနဲ့ ရူပါကို ကြည့်လိုက်တာနဲ့ သိနိုင်ပါတယ်။
ဒီသက်တော်စောင့်ကိုကိုကတော့ နာမည်ကျော် ဟယ်ရီပေါ်တာ မင်းသား Daniel တစ်ယောက် အပြင်ထွက်တိုင်းဘေးနားမှာ အမြဲယှဉ်တွဲပါလာလေ့ရှိတာမို့ သူ့ရဲ့ ကြည့်ကောင်းတဲ့ ရူပါနဲ့ မြင့်မားတဲ့ အရပ်အမောင်းက လူပုံအလယ်မှာ ထင်ထင်ရှားရှားဖြစ်နေစေတာပါပဲ။ Daniel ရဲ့ Fan တွေကတော့ သူ့ရဲ့ ကိုယ်ရေးအချက်အလက်တွေကို စိတ်ဝင်စားနေကြတာမို့ သူကလည်း မင်းသားထက်တောင် လူကြည့်ခံရတဲ့ သက်တော်စောင့်တစ်ယောက်ပါပဲ။

အဆိုတော် Beyoncé ကလည်း ဆွဲဆောင်မှုရှိလှတဲ့ သက်တော်စောင့်တစ်ယောက်ကို ပိုင်ဆိုင်ထားတာပါ။ သူ့ရဲ့ နာမည်ကတော့ Julius De Boer ဖြစ်ပြီး သူ့ရဲ့ စတိုင်နဲ့ သူ တစ်မျိုးတစ်ဖုံ ဆွဲဆောင်မှုရှိနေတာဖြစ်ပါတယ်။ ပါပါရာဇီတွေရိုက်ကူးထားတဲ့ ဘီယွန်းစေး ရဲ့ လှုပ်ရှားမှုဓာတ်ပုံတိုင်းလိုလိုမှာ သူ့ကို တွေ့ရတတ်တာမို့ ပရိသတ်တွေမျက်မှန်းတန်းမိပြီးသားသူတစ်ယောက်ဖြစ်ပါတယ်။ ဖုထစ်နေတဲ့ ကြွက်သားစိုင်ကြီးတွေနဲ့ ဖွံ့ထွားလှတဲ့ Six Pack တွေရှိတာမို့ သူကလည်း သက်တော်စောင့်တွေထဲမှာ ခေသူတော့ မဟုတ်ပါဘူး။ အဲ့ဒီထက် အံ့အားသင့်စရာကောင်းတာက ဂျူးလီးယက်စ် ဟာ ဘာသာစကား (၅) မျိုးတောင် ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်ပြီး New York ၊ Abu-Dhabi ၊ London စတဲ့နေရာတွေမှာ သက်တော်စောင့်ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီထောင်ထားတာလည်း ဖြစ်ပါတယ်။

ကမ္ဘာကျော်အဆိုတော် Adele ရဲ့ သက်တော်စောင့်ကတော့ လူမှုကွန်ရက်မှာ မိန်းကလေးပရိသတ်တွေကြား စိတ်ဝင်စားမှုအများဆုံးနဲ့ ဝန်းရံခံခဲ့ရသူထဲက တစ်ယောက်ဖြစ်ပါတယ်။ အဒဲလ် ရဲ့ သက်တော်စောင့်ကိုကိုဖြစ်တဲ့ Peter Van der Veen ကတော့ (၂၀၀၅)ခုနှစ်မှာကျင်းပတဲ့ ကိုယ်ကာယအလှပြိူင်ပွဲမှာ ‘Mister Europe’ ဆုကို ဆွတ်ခူးထားဖူးတဲ့ Dutch ရဲတပ်ဖွဲ့ဝင်ဟောင်း တစ်ယောက်ဖြစ်ပါတယ်။ ရဲအရာရှိဘဝကနေ နှုတ်ထွက်လိုက်ပြီး (၂)နှစ်အကြာမှာ အနုပညာရှင်တွေရဲ့ သက်တော်စောင့်အဖြစ် စပြီး လုပ်ကိုင်ခဲ့တယ်လို့ သိရပါတယ်။ မျက်လုံးအပြာရောင်လေးပိုင်ဆိုင်ထားတဲ့ သူဟာ အဒဲလ် ဆီမှာ တာဝန်ထမ်းဆောင်နေချိန်အတွင်းမှာပဲ သူဟာ Lady Gaga ကိုကာကွယ်စောင့်ရှောက်ပေးဖို့ ဖိတ်ကြားခံခဲ့ရပါသေးတယ်။

 

Stella(Akhayar)

www.akhayar.com