[Zawgyi]

ေရစိုခံမိတ္ကပ္ျပင္ဆင္ရာမွာ ဆရာက်တဲ႔သူျဖစ္ဖို႔

သၾကၤန္မွာ အိမ္တြင္းေအာင္းမယ္စဥ္းစားထားလား၊ မ႑ပ္ထိုင္မယ္လို႔စဥ္းစားထားလား၊ ဒါမွမဟုတ္ ၂ ရက္အိမ္တြင္းေအာင္းျပီး ၂ ရက္အျပင္ထြက္မွာလား။ ကိုယ္ကအိမ္တြင္းေအာင္းမယ္ အျပင္မထြက္ေတာ႔ဘူးစဥ္းစားရင္ေတာင္ သူငယ္ခ်င္းေတြနည္းနည္းေလး လာဆြရင္ပါသြားျပန္တာမ်ိဳးေနာ္။ ဘာပဲျဖစ္ျဖစ္ သၾကၤန္မွာတစ္ရက္ႏွစ္ရက္ေတာ႔ အျပင္ထြက္ျဖစ္ၾကမွာပဲမုိ႔ ဒီရက္ေတြအတြက္ ေရစိုခံမိတ္ကပ္ျပင္ဆင္ဖုိ႔ Cosmetics ေလးေတြေတာ႔နည္းနည္းျပင္ဆင္ထားဖုိ႔လုိပါမယ္။ ေရစိုေလပိုလွေလျဖစ္ေစဖုိ႔ ျပီးေတာ႔ ေရေတြေနေရာင္ေတြနဲ႔ ထိေတြ႔ခ်ိန္မွာ အသားအေရမပ်က္စီးေစဖုိ႔ ဘယ္လုိ Product မ်ိဳးကိုေရြးမလဲ မိတ္ကပ္တာရွည္ခံေစဖုိ႔ ဘယ္လုိျပင္ဆင္မလဲဆိုတာ သိထားသင္႔တဲ႔နည္းေလးေတြရွိတယ္။

မ်က္ႏွာေသေသခ်ာခ်ာသစ္ပါ

မိတ္ကပ္သား စြဲျမဲျပီး မိတ္ကပ္ဆြဲလို႔ေကာင္းဖုိ႔အတြက္မ်က္ႏွာကိုေသေသခ်ာခ်ာ သန္႔စင္ဖုိ႔လုိပါတယ္။ မ်က္ႏွာမွာအဆီေတြ အညစ္အေၾကးေတြရွိေနရင္မိတ္ကပ္လိမ္းတဲ႔အခါ အဆင္မေျပပါဘူး။ ဒါေၾကာင္႔ ညဘက္မွာ Coffee Bubble Mask ေလးကပ္ျပီး Deep Cleansing လုပ္ထားရင္ပိုအဆင္ေျပပါတယ္ေန္ာ။ ခုကပူတဲ႔ရာသီမို႔ မိတ္ကပ္လိမ္းခ်ိန္မွာေအးေအးေလးလည္းျဖစ္ေအာင္ ေခၽြးေပါက္လည္းက်ဥ္းေအာင္ ေရခဲတံုးေလးနဲ႔မ်က္ႏွာေပၚ တစ္မိနစ္ ႏွစ္မိနစ္ေလာက္လွိမ္႔ေပးႏိုင္ပါတယ္။

ေပ်ာ္ရႊင္ႏႊဲေပ်ာ္ သႀကၤန္ပြဲေတာ္

ေပ်ာ္ရႊင္ႏႊဲေပ်ာ္ သႀကၤန္ပြဲေတာ္

Hydrating Cream သံုးမယ္(SPF ပါပါေစ)

မိတ္ကပ္မလိမ္းခင္ Cream တစ္ခုခုသံုးမယ္ဆုိရင္ အသားထဲကိုစိမ္႔ဝင္ျပီးျဖဴျဖဴဝင္းဝင္းေလးျဖစ္ေနေစမယ္႔ Cream မ်ိဳးကိုေရြးသံုးပါ။ ေရဓာတ္ျဖည္႔ေပးတဲ႔ Hydrating Cream ေလးေတြလည္း သံုးေပးႏိုင္ပါတယ္။ မျဖစ္မေနေရြးခ်ယ္သင္႔တာကေတာ႔ SPF ပါဝင္တဲ႔ Products ေတြပါ။ အခုအခ်ိန္က ခရမ္းလြန္ေရာင္ျခည္အညႊန္းကိန္းကလည္းအျမင္႔မားဆံုးျဖစ္ေနသလို ေနကလည္းပူျပင္းလြန္းတာမုိ႔ UV ကာကြယ္ဖုိ႔ကိုေတာ႔ မျဖစ္မေနလုပ္ေဆာင္ရမွာျဖစ္ပါတယ္။

 Primer သံုးပါ

မိတ္ကပ္တစ္ေနကုန္လတ္ဆတ္ေနဖို႔ တာရွည္ခံဖို႔ဆုိရင္ Primer မျဖစ္မေနသံုးဖို႔လုိပါတယ္။ Primer ကမ်က္ႏွာအဆီျပန္ျပီးေျပာင္ေနတဲ႔အခ်က္ကို ထိန္းေပးျပီးမိတ္ကပ္စြဲေစပါတယ္။ ေတာ္တန္ရံု အျပစ္အနာအဆာေတြကိုဖံုးေပးျပီး ေခၽြးေပါက္က်ဥ္းေစတဲ႔အစြမ္းလည္းရွိပါေသးတယ္ေနာ္။

ေပ်ာ္ရႊင္ႏႊဲေပ်ာ္ သႀကၤန္ပြဲေတာ္

ေပ်ာ္ရႊင္ႏႊဲေပ်ာ္ သႀကၤန္ပြဲေတာ္

မျဖစ္မေနေရြးခ်ယ္ရမယ္႔ Waterproof

ေရစို ေခၽြးထြက္အေနအထားမွာမိတ္ကပ္ျပင္ဆင္မႈတာရွည္ခံေစဖုိ႔အတြက္ဆိုရင္ေတာ႔ Waterproof Foundation နဲ႔ Cosmetic ေတြကိုသံုးပါ။ Foundation ေရြးခ်ယ္ရာမွာလည္းအနည္းဆံုး SPF 30 ပါတဲ႔ အမ်ိဳးအစားေတြကိုေရြးခ်ယ္ေစခ်င္ပါတယ္။ သနပ္ခါးေဖာင္ေဒးရွင္းေလးေတြကလည္းျမန္မာ႔အသားအေရနဲ႔သင္႔ေတာ္ပါတယ္။ Shadow ၊ Blusher ေတြေရြးခ်ယ္ရင္ေတာ႔ Powder Type ထက္ Cream Type ကိုေရြးသံုးေပးပါ။ အေရာင္ထင္းထင္းနဲ႔ ကာလာလင္းလင္းေလးေတြကိုေရြးသင္႔ပါတယ္။ ေရစိုခံမိတ္ကပ္ျပင္ဆင္မႈအတြက္ ႏႈတ္ခမ္းနီကတကယ္႔ Essential ပါပဲ။ Long lasting အမ်ိဳးအစား၊ Waterproof အမ်ိဳးအစားေတြကိုေရြးရမွာျဖစ္သလို Matte Type ေတြကလည္းပိုမိုအဆင္ေျပႏိုင္ပါတယ္ေနာ္။ မိတ္ကပ္ေလ်ာ႔သြားရင္ေတာင္ ႏႈတ္ခမ္းနီေလးနဲ႔ထိန္းေပးရမွာမို႔ နႈတ္ခမ္းနီကိုေတာ႔ ေသေသခ်ာခ်ာ ျပင္ဆင္ထားေစခ်င္ပါတယ္။
Eye Liner ကိုေတာ႔ Gel Liner သံုးေပးျပီး ႏွစ္ထပ္ေလာက္ဆိုးေပးဖုိ႔လုိပါတယ္။ Mascara ေတြထဲမွာ Waterproof အမ်ိဳးအစားေတြအမ်ားၾကီးရႏိုင္ပါတယ္။ Waterproof Mascara ကိုေတာ႔မျဖစ္မေနသံုးရမွာပါ။

အေရးအၾကီးဆံုးက ျပန္သန္႔စင္ဖို႔

Waterproof မိတ္ကပ္ျပင္ဆင္ျပီးခ်ိန္မွာ အေရးအၾကီးဆံုးအခ်က္က မ်က္ႏွာကိုေသေသခ်ာခ်ာျပန္လည္သန္႔စင္ဖုိ႔ပါပဲ။ MakeUp Remover နဲ႔မိတ္ကပ္ကိုေသေသခ်ာခ်ာဖ်က္ပါ။ Mascara နဲ႔ Eye Liner ေတြဖ်က္ဖုိ႔အတြက္ဂြမ္းစမွာ Remover ကိုမ်ားမ်ားစြတ္ျပီး မ်က္စိကိုမွိတ္ကာ မ်က္ခြံေပၚ၂ မိနစ္ခန္႔အုပ္ထားပါ။ ေပ်ာ္က်လာေတာ႔မွ အသာဆြဲယူဖ်က္လိုက္ရံုပါပဲ။ Makeup Remover အစား Milk Lotion နဲ႔ Baby Oil ၊ သံလြင္ဆီေလးေတြလည္း သံုးႏိုင္ပါတယ္။ ေနေလာင္သြားခဲ႔ရင္ေတာ႔ ႏြားႏို႔ ပဲႏို႔သန္႔သန္႔ကိုေရခဲေသတၱာထဲ အေအးခံျပီး ပဝါေလးနဲ႔ႏွစ္ကာ မ်က္ႏွာေပၚကပ္ထားေပးႏိုင္သလို ရွားေစာင္းလက္ပပ္အတြင္းသားေလးေတြလည္းကပ္ေပးႏိုင္ပါတယ္။ ေရမ်ားမ်ားေသာက္ေပးပါ။ ရႊ ံ႔ေစး Mask ေတြသံုးတာ၊ Deep Cleansing လုပ္တာမ်ိဳးကိုေတာ႔ ေရွာင္ရပါဦးမယ္။ နည္းနည္းသက္သာလာျပီဆုိရင္ေတာ႔ Whitening Cream ေလးေတြကို ပံုမွန္ျပန္လိမ္းေပးႏိုင္ပါတယ္ေနာ္။

 

သၾကၤန္အတြက္ Cosmetic နဲ႔ Skincare ေတြၾကိဳဝယ္မယ္႔ေခးေလးေတြအတြက္ေတာ႔ အခ်ိန္အခါကြက္တိ ပရိုမိုးရွင္းေတြလည္းေတြ႔ထားေသးတယ္။ မတ္လ ၃၀ ကစျပီး ဧျပီလ ၂၆ အထိ Ocean Supercenter ေတြတိုင္းမွာ Beauty Fair ၾကီးရွိတယ္ေလ။ Discount ေတြက အမ်ားဆံုး ၃၀% ထိေတာင္ခ်ေပးတာဆုိေတာ႔ ကိုယ္ေတြအတြက္ေတာ႔ အခြင္႔အေရးေကာင္းပါပဲ။ Revlon ၊ Loreal ၊ Maybelline ၊ Kanebo ၊ Garnier ၊ Ponds ၊ Bella ၊ Nivea စတဲ႔ အမိုက္စား Brand ေတြကို ရွယ္ Discount ေတြနဲ႔တစ္ေနရာတည္းမွာ ဝယ္ယူႏိုင္တာမို႔အရမ္းမိုက္တယ္။ ဧျပီ ၂၆ အထိဆုိေတာ႔ ခုခ်ိန္သြားဝယ္ရင္ ေအးေဆးမီပါေသးတယ္။ သၾကၤန္အတြက္ ၾကိဳဝယ္ခ်င္ပါတယ္ဆုိရင္ေတာ႔ ခုပဲအေျပးသြားဝယ္ႏိုင္ပါျပီလုိ႔။

အခရာ

www.akhayar.com

[Unicode]

ရေစိုခံမိတ်ကပ်ပြင်ဆင်ရာမှာ ဆရာကျတဲ့သူဖြစ်ဖို့

သင်္ကြန်မှာ အိမ်တွင်းအောင်းမယ်စဉ်းစားထားလား၊ မဏ္ဍပ်ထိုင်မယ်လို့စဉ်းစားထားလား၊ ဒါမှမဟုတ် ၂ ရက်အိမ်တွင်းအောင်းပြီး ၂ ရက်အပြင်ထွက်မှာလား။ ကိုယ်ကအိမ်တွင်းအောင်းမယ် အပြင်မထွက်တော့ဘူးစဉ်းစားရင်တောင် သူငယ်ချင်းတွေနည်းနည်းလေး လာဆွရင်ပါသွားပြန်တာမျိုးနော်။ ဘာပဲဖြစ်ဖြစ် သင်္ကြန်မှာတစ်ရက်နှစ်ရက်တော့ အပြင်ထွက်ဖြစ်ကြမှာပဲမို့ ဒီရက်တွေအတွက် ရေစိုခံမိတ်ကပ်ပြင်ဆင်ဖို့ Cosmetics လေးတွေတော့နည်းနည်းပြင်ဆင်ထားဖို့လိုပါမယ်။ ရေစိုလေပိုလှလေဖြစ်စေဖို့ ပြီးတော့ ရေတွေနေရောင်တွေနဲ့ ထိတွေ့ချိန်မှာ အသားအရေမပျက်စီးစေဖို့ ဘယ်လို Product မျိုးကိုရွေးမလဲ မိတ်ကပ်တာရှည်ခံစေဖို့ ဘယ်လိုပြင်ဆင်မလဲဆိုတာ သိထားသင့်တဲ့နည်းလေးတွေရှိတယ်။

မျက်နှာသေသေချာချာသစ်ပါ

မိတ်ကပ်သား စွဲမြဲပြီး မိတ်ကပ်ဆွဲလို့ကောင်းဖို့အတွက်မျက်နှာကိုသေသေချာချာ သန့်စင်ဖို့လိုပါတယ်။ မျက်နှာမှာအဆီတွေ အညစ်အကြေးတွေရှိနေရင်မိတ်ကပ်လိမ်းတဲ့အခါ အဆင်မပြေပါဘူး။ ဒါကြောင့် ညဘက်မှာ Coffee Bubble Mask လေးကပ်ပြီး Deep Cleansing လုပ်ထားရင်ပိုအဆင်ပြေပါတယ်နေ်ာ။ ခုကပူတဲ့ရာသီမို့ မိတ်ကပ်လိမ်းချိန်မှာအေးအေးလေးလည်းဖြစ်အောင် ချွေးပေါက်လည်းကျဉ်းအောင် ရေခဲတုံးလေးနဲ့မျက်နှာပေါ် တစ်မိနစ် နှစ်မိနစ်လောက်လှိမ့်ပေးနိုင်ပါတယ်။

ပျော်ရွှင်နွှဲပျော် သင်္ကြန်ပွဲတော်

ပျော်ရွှင်နွှဲပျော် သင်္ကြန်ပွဲတော်

Hydrating Cream သုံးမယ်(SPF ပါပါစေ)

မိတ်ကပ်မလိမ်းခင် Cream တစ်ခုခုသုံးမယ်ဆိုရင် အသားထဲကိုစိမ့်ဝင်ပြီးဖြူဖြူဝင်းဝင်းလေးဖြစ်နေစေမယ့် Cream မျိုးကိုရွေးသုံးပါ။ ရေဓာတ်ဖြည့်ပေးတဲ့ Hydrating Cream လေးတွေလည်း သုံးပေးနိုင်ပါတယ်။ မဖြစ်မနေရွေးချယ်သင့်တာကတော့ SPF ပါဝင်တဲ့ Products တွေပါ။ အခုအချိန်က ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းကလည်းအမြင့်မားဆုံးဖြစ်နေသလို နေကလည်းပူပြင်းလွန်းတာမို့ UV ကာကွယ်ဖို့ကိုတော့ မဖြစ်မနေလုပ်ဆောင်ရမှာဖြစ်ပါတယ်။

 Primer သုံးပါ

မိတ်ကပ်တစ်နေကုန်လတ်ဆတ်နေဖို့ တာရှည်ခံဖို့ဆိုရင် Primer မဖြစ်မနေသုံးဖို့လိုပါတယ်။ Primer ကမျက်နှာအဆီပြန်ပြီးပြောင်နေတဲ့အချက်ကို ထိန်းပေးပြီးမိတ်ကပ်စွဲစေပါတယ်။ တော်တန်ရုံ အပြစ်အနာအဆာတွေကိုဖုံးပေးပြီး ချွေးပေါက်ကျဉ်းစေတဲ့အစွမ်းလည်းရှိပါသေးတယ်နော်။

ပျော်ရွှင်နွှဲပျော် သင်္ကြန်ပွဲတော်

ပျော်ရွှင်နွှဲပျော် သင်္ကြန်ပွဲတော်

မဖြစ်မနေရွေးချယ်ရမယ့် Waterproof

ရေစို ချွေးထွက်အနေအထားမှာမိတ်ကပ်ပြင်ဆင်မှုတာရှည်ခံစေဖို့အတွက်ဆိုရင်တော့ Waterproof Foundation နဲ့ Cosmetic တွေကိုသုံးပါ။ Foundation ရွေးချယ်ရာမှာလည်းအနည်းဆုံး SPF 30 ပါတဲ့ အမျိုးအစားတွေကိုရွေးချယ်စေချင်ပါတယ်။ သနပ်ခါးဖောင်ဒေးရှင်းလေးတွေကလည်းမြန်မာ့အသားအရေနဲ့သင့်တော်ပါတယ်။ Shadow ၊ Blusher တွေရွေးချယ်ရင်တော့ Powder Type ထက် Cream Type ကိုရွေးသုံးပေးပါ။ အရောင်ထင်းထင်းနဲ့ ကာလာလင်းလင်းလေးတွေကိုရွေးသင့်ပါတယ်။ ရေစိုခံမိတ်ကပ်ပြင်ဆင်မှုအတွက် နှုတ်ခမ်းနီကတကယ့် Essential ပါပဲ။ Long lasting အမျိုးအစား၊ Waterproof အမျိုးအစားတွေကိုရွေးရမှာဖြစ်သလို Matte Type တွေကလည်းပိုမိုအဆင်ပြေနိုင်ပါတယ်နော်။ မိတ်ကပ်လျော့သွားရင်တောင် နှုတ်ခမ်းနီလေးနဲ့ထိန်းပေးရမှာမို့ နှုတ်ခမ်းနီကိုတော့ သေသေချာချာ ပြင်ဆင်ထားစေချင်ပါတယ်။
Eye Liner ကိုတော့ Gel Liner သုံးပေးပြီး နှစ်ထပ်လောက်ဆိုးပေးဖို့လိုပါတယ်။ Mascara တွေထဲမှာ Waterproof အမျိုးအစားတွေအများကြီးရနိုင်ပါတယ်။ Waterproof Mascara ကိုတော့မဖြစ်မနေသုံးရမှာပါ။

အရေးအကြီးဆုံးက ပြန်သန့်စင်ဖို့

Waterproof မိတ်ကပ်ပြင်ဆင်ပြီးချိန်မှာ အရေးအကြီးဆုံးအချက်က မျက်နှာကိုသေသေချာချာပြန်လည်သန့်စင်ဖို့ပါပဲ။ MakeUp Remover နဲ့မိတ်ကပ်ကိုသေသေချာချာဖျက်ပါ။ Mascara နဲ့ Eye Liner တွေဖျက်ဖို့အတွက်ဂွမ်းစမှာ Remover ကိုများများစွတ်ပြီး မျက်စိကိုမှိတ်ကာ မျက်ခွံပေါ်၂ မိနစ်ခန့်အုပ်ထားပါ။ ပျော်ကျလာတော့မှ အသာဆွဲယူဖျက်လိုက်ရုံပါပဲ။ Makeup Remover အစား Milk Lotion နဲ့ Baby Oil ၊ သံလွင်ဆီလေးတွေလည်း သုံးနိုင်ပါတယ်။ နေလောင်သွားခဲ့ရင်တော့ နွားနို့ ပဲနို့သန့်သန့်ကိုရေခဲသေတ္တာထဲ အအေးခံပြီး ပဝါလေးနဲ့နှစ်ကာ မျက်နှာပေါ်ကပ်ထားပေးနိုင်သလို ရှားစောင်းလက်ပပ်အတွင်းသားလေးတွေလည်းကပ်ပေးနိုင်ပါတယ်။ ရေများများသောက်ပေးပါ။ ရွှ ံ့စေး Mask တွေသုံးတာ၊ Deep Cleansing လုပ်တာမျိုးကိုတော့ ရှောင်ရပါဦးမယ်။ နည်းနည်းသက်သာလာပြီဆိုရင်တော့ Whitening Cream လေးတွေကို ပုံမှန်ပြန်လိမ်းပေးနိုင်ပါတယ်နော်။

 

သင်္ကြန်အတွက် Cosmetic နဲ့ Skincare တွေကြိုဝယ်မယ့်ခေးလေးတွေအတွက်တော့ အချိန်အခါကွက်တိ ပရိုမိုးရှင်းတွေလည်းတွေ့ထားသေးတယ်။ မတ်လ ၃၀ ကစပြီး ဧပြီလ ၂၆ အထိ Ocean Supercenter တွေတိုင်းမှာ Beauty Fair ကြီးရှိတယ်လေ။ Discount တွေက အများဆုံး ၃၀% ထိတောင်ချပေးတာဆိုတော့ ကိုယ်တွေအတွက်တော့ အခွင့်အရေးကောင်းပါပဲ။ Revlon ၊ Loreal ၊ Maybelline ၊ Kanebo ၊ Garnier ၊ Ponds ၊ Bella ၊ Nivea စတဲ့ အမိုက်စား Brand တွေကို ရှယ် Discount တွေနဲ့တစ်နေရာတည်းမှာ ဝယ်ယူနိုင်တာမို့အရမ်းမိုက်တယ်။ ဧပြီ ၂၆ အထိဆိုတော့ ခုချိန်သွားဝယ်ရင် အေးဆေးမီပါသေးတယ်။ သင်္ကြန်အတွက် ကြိုဝယ်ချင်ပါတယ်ဆိုရင်တော့ ခုပဲအပြေးသွားဝယ်နိုင်ပါပြီလို့။

အခရာ

www.akhayar.com