[Zawgyi] 



3D Portrait Mode




Min Than Htike (Akhayar)

www.akhayar.com


[Unicode] 

AI ပါဝင်တဲ့ LEICA Dual Camera နဲ့ Flagship ဖုန်းတစ်လုံး သို့မဟုတ် Huawei P20

Huawei ရဲ့ P Series တွေက အမြဲလူကြိုက်များတဲ့ Flagship Series ပါ။ P Series တွေအားလုံးမှာတွေ့ရလေ့ရှိတဲ့  Design ပိုင်း လှပသေသပ်မှု၊ ကြည်လင်ပြတ်သားတဲ့ Camera နဲ့ Huawei ရဲ့အကောင်းဆုံးဖန်တီးမှုတွေနဲ့အတူ P20 ဟာ 2018 အတွက်ထွက်ရှိခဲ့ပါပြီ။ 

Huawei P20 မှာထူးခြားချက်အနေနဲ့တော့ AI ပါဝင်လာတာပဲဖြစ်ပါတယ်။ 12 MP နဲ့ 20 MP နှစ်လုံးပေါင်းထားတဲ့ LEICA Dual Camera တွေကို Huawei ရဲ့ AI က အားဖြည့်ကူညီပေးထားပါတယ်။ DXO Mark 102 မှတ်အထိရရှိထားတဲ့ အတွက် P20 ရဲ့ Dual Camera တွေနဲ့ရိုက်ထားတဲ့ ဓာတ်ပုံတိုင်းက သင့်ကို အမြဲစိတ်ကျေနပ်စေမှာပဲဖြစ်ပါတယ်။ ဓာတ်ပုံဝါသနာအိုးတွေအားလုံး သဘောကျတဲ့ LEICA နဲ့ Huawei တို့ရဲ့ပူးပေါင်းမှု လက်ရာတွေကို P20 မှာတွေ့ရပါတယ်။ Selfie Camera ကလည်း  24 MP ရှိတာကြောင့် သင့်ရဲ့အမှတ်တရအခိုက်တန့်လေးတွေကို သင်ကိုယ်တိုင်ပဲမှတ်တမ်းတင်ပြီး စိတ်ကျေနပ်စရာ ဓာတ်ပုံအရည်အသွေးကိုခံစားနိုင်ပြီးပဲဖြစ်ပါတယ်။ Huawei ရဲ့ AI နည်းပညာကြောင့် သင်ရိုက်ကူသမျှ ဓာတ်ပုံတွေက အမြဲလှပနေမှာပဲဖြစ်ပါတယ်။ 3D Portrait Mode အသစ်ကလည်း သင့်ရဲ့ Selfie တွေကို Studio ထဲမှာရိုက်ထားသလို အရည်အသွေးကို ရနိုင်မှာပဲဖြစ်ပါတယ်။ 

3D Portrait Mode

Design ပိုင်းမှာဆိုရင် Huawei P20 ကိုတော့ လူအများသဘောကျနှစ်သက်မယ့် အရောင်တွေဖြစ်တဲ့ အပြာ၊ အနက်နဲ့ ပန်းရောင်ဆိုပြီး အရောင် ၃ မျိုးနဲ့ရနိုင်မှာပဲဖြစ်ပါတယ်။  P Series တွေက Fashion ပိုင်းစိတ်ဝင်စားသူတွေ၊ ဒါမှမဟုတ် Fashion ကိုဦးဂရုစိုက်သူတွေအတွက်လည်း ရွေးချယ်သင့်တဲ့ ဖုန်းတစ်လုံးပါပဲ။ နောက်ကျောဖက်မှာတော့ Glass ကိုအသုံးပြုထားပေးတာပါတယ်။ 3400 mAh Battery ပါဝင်တဲ့အပြင် Huawei ရဲ့ SuperCharge နည်းပညာလည်းပါဝင်လာပါတယ်။ SuperCharge နဲ့ဆိုရင် Battery ကို ပုံမှန်ထက်ပိုပြီး မြန်မြန်သွင်းနိုင်မှာဖြစ်တာကြောင့် သင့်အတွက် အချိန်ကုန်သက်သာစေပါတယ်။

Huawei FullView Display

ဖုန်းရဲ့အရှေ့ဖက်ခြမ်းမှာတော့ 5.8 Inch ရှိတဲ့ Full HD RGBW Display ကိုတပ်ဆင်ပေးထားပါတယ်။ FullView Display ဖြစ်တဲ့အပြင် 428 PPI ရှိတဲ့အတွက် ရုပ်ရှင်တွေ ဒါမှမဟုတ် သင့်ရဲ့အမှတ်တရဓာတ်ပုံတွေကို ပြန်ကြည့်တဲ့အခါ တိကျတဲ့အရောင်တွေနဲ့ ကြည်လင်ပြတ်သားမှုကိုခံစားနိုင်မှာ သေခြာပါတယ်။ ရုပ်ရှင်နဲ့ သီချင်းချစ်သူတွေအတွက်လည်း Donby Atmos Sound System ပါဝင်တာကြောင့် ကြည်လင်ပြတ်သားတဲ့ အသံကိုသင်ခံစားနိုင်ပါသေးတယ်။ FullView Display ဖြစ်သွားတဲ့အပြင် Notch လည်းပါလာပါတယ်။ Notch ကသေးငယ်တာကြောင့် ပိုမိုကြီးမားကျယ်ပြန့်တဲ့ FullView Display ရဲ့အရသာကိုအပြည့်အဝခံစားနိုင်ပါတယ်။ လှပတဲ့ Full HD Display ကိုအားဖြည့်ကူညီပေးထားတာကတော့ Android 8.0 ပေါ်မှာအခြေခံထားတဲ့ Huawei ရဲ့ EMUI 8.1 ပဲဖြစ်ပါတယ်။ ဖုန်းရဲ့ ကိုယ်ထည်နဲ့လိုက်ဖက်တဲ့ Software က သင့်ကိုစိတ်ကျေနပ်မှုအပြည့်ပေးနိုင်မယ်ဆိုတာ သေခြာပါတယ်။ Huawei P20 တွေကိုတော့ မကြာခင်မှာ သင်ကိုယ်တိုင်တွေ့ကြုံခံစားနိုင်ဖို့အတွက် ပြည်တွင်းဈေးကွက်မှာရောင်းချပေးတော့မှာပဲဖြစ်ပါတယ်။ 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။