[Zawgyi]

Microsoft မိတ္ဆက္ထားလိုက္တဲ့ စိတ္ဝင္စားစရာ Product ၄ မ်ိဳး

မေန႔တုန္းက New York ၿမိဳ႕မွာ က်င္းပသြားတဲ့ Microsoft Event ေလးက စိတ္ဝင္စားစရာ ျဖစ္လာခဲ့ပါၿပီ။ အရင္ပြဲေတြမွာ ထုတ္ကုန္အသစ္ေတြပဲ မိတ္ဆက္သြားတယ္ဆိုမယ့္ ဒီတစ္ခါ ထူးထူးျခားျခား ပါဝင္လာတာက ေမာ္ဒယ္ေဟာင္းေတြ ရလာႏိုင္မယ့္ Update ကိုပါ ေၾကညာသြားတာပါ။ ေနာက္ၿပီး အမွတ္တမဲ့ကေန အမွတ္တရ ျဖစ္သြားေစတာက Surface Line ထုတ္ကုန္သစ္မွာ Windows Dark Mode နဲ႔ လိုက္ဖက္တဲ့ အေရာင္ Matte Black Colour ပါဝင္လာတာပါ၊ ဒါထက္ Cortana Assistant ပါၿပီးသား Surface Headphone ကိုပါ Microsoft ခ်ျပသြားတာေၾကာင့္ Product လည္းမ်ား အခက္အလက္ အစုံဆုံး Event လို႔ ေျပာရင္ မမွားပါဘူး။

The all new surface family

Surface Pro 6

Microsoft မိတ္ဆက္သြားတဲ့ Surface Pro 6 ထူးျခားခ်က္ေတြက အတြင္းပိုင္း ဒီဇိုင္းလုံးဝ ေျပာင္းလဲသြားတယ္၊ အထူးသျဖင့္ ဘက္ထရီပိုင္း ပိုေကာင္းလာဖို႔အတြက္ ကိုယ္ထည္ကအစ ေျပာင္းလိုက္တာဆိုေတာ့ ၁၃ နာရီခြဲေလာက္အထိ အသုံးခံလာတယ္၊ အေရာင္ကိုလည္း Matte Black Option ေ႐ြးခ်ယ္လို႔ ရလာတယ္၊ ဒါေတြထက္ Performance ပိုင္း ပိုေကာင္းသြားတာက 8th Gen Intel Core Processor ေၾကာင့္ျဖစ္ၿပီး ေဒၚလာ ၈၉၉ နဲ႔ ေအာက္တိုဘာလ ၁၆ ရက္ေန႔မွာ စတင္ဝယ္ယူႏိုင္မွာပါ။

Surface Pro 6

အခုလို ထင္သာျမင္သာျဖစ္လာတဲ့ အခ်က္ေတြထက္ အားမရစရာက USB C Port ပါမလာေသးတာပါ။ Surface Pro 6 အေသးစိတ္ အခ်က္လက္ေတြက

Processor: Intel Core i5 ( up to Core i7 Processor)
RAM: 8GB ( up to 16GB)
Display : PixelSense 12.3″ Screen
Resolution: 2736 x 1824 (267 PPI) 3:2 Aspect (Touch Support)
Storage: 128 GB SSD ( up to 1TB)
Graphics: Intel UHD Graphics
Security: TPM 2.0 for Enterprise Security
Windows Hello (Front-facing)
Cameras: 8MP Rear Camera with 5MP front-facing camera
OS: Windows 10 Home (Office 365 Trial 30 Days)

Matte Black Surface Pro 6

Surface Laptop 2

ဒုတိယ မ်ိဳးဆက္ျဖစ္လာတဲ့ Surface Laptop 2 စြမ္းေဆာင္ရည္ကို ၈၅ ရာခိုင္ႏႈန္းေလာက္ ပိုျမန္လာမယ္လို႔ Microsoft ေႂကြးေၾကာ္ထားပါတယ္။ ဒါကလည္း 8th Gen Intel Processor အားသာခ်က္ေၾကာင့္ Performance ပိုေကာင္းလာတယ္လို႔ ေျပာႏိုင္သလို Surface Pro 6 ထက္စာရင္ Connectivity Port ပိုစုံတယ္၊ ဘက္ထရီလည္း ၁ နာရီ ပိုခံတယ္၊ ဒါေပမယ့္ အားမရစရာက USB-C Port ေမာ္ဒယ္ ႏွစ္မ်ိဳးလုံး ပါမလာေသးတာပါ။

Surface Laptop 2

Surface Laptop 2 ကို လာမယ့္ ေအာက္တိုဘာ ၁၆ ရက္ေန႔က် ေဒၚလာ ၉၉၉ နဲ႔ ေရာင္းခ်ေပးသြားမွာျဖစ္ၿပီး ေျပာင္းလဲသြားတဲ့ အေသးစိတ္ အခ်က္လက္ေတြက

Processor: Intel Core i5 ( up to Core i7 Processor)
RAM: 8GB ( up to 16GB)
Display : PixelSense 13.5″ Screen (Corning Gorilla Glass 3)
Resolution: 2256 x 1504 (201 PPI) 3:2 Aspect (Touch Support)
Storage: 128 GB SSD ( up to 1TB)
Graphics: Intel UHD Graphics
Security: TPM 2.0 for Enterprise Security
Windows Hello (Front-facing)
Cameras: 720p HD Camera
OS: Windows 10 Home (Office 365 Trial 30 Days)
Dolby Premium Audio

Surface Laptop 2 with detachable Keyboard

Surface Studio 2

Microsoft မိတ္ဆက္လိုက္တဲ့ ၂၈ လက္မ အ႐ြယ္ Surface Studio က ဖန္တီးမႈ အသားေပး၊ အႏုပညာ သမားေတြအတြက္ ရည္႐ြယ္ထားတာပါ။ ဓာတ္ပုံ၊ ဗီဒီယို တည္းျဖတ္ဖို႔ Display နဲ႔ အေရာင္ထြက္က ေရလည္လန္းေနတယ္၊ ပါဝင္လာတဲ့ စြမ္းေဆာင္ရည္ေတြက သာမန္ လုပ္ငန္းသုံးကေန Editing နဲ႔ Gaming အတြက္ Ready ျဖစ္ေနတယ္၊ ဒီလို iMac ေတြအစား အထင္ႀကီးစရာ ျဖစ္လာခဲ့တဲ့ Surface Studio မွာ High-end Feature ေတြအျပင္ စြဲမက္စရာ Display ၊ လွပတဲ့ ဒီဇိုင္းနဲ႔ ပြဲထြက္လာခဲ့တယ္။

Surface Studio 2

ဒီလို သိသာတဲ့ အဆင့္ျမႇင့္တင္မႈေတြၿပီးသြားရင္ ေရာင္းခ်မယ့္ ေစ်းႏႈန္းကို ေဒၚလာ ၃၄၉၉ သတ္မွတ္ထားတာေၾကာင့္ နည္းနည္းေစ်းႀကီးေနတယ္လို႔ ခံစားရေစပါတယ္၊ အထူးသျဖင့္ Hardware ၾကည့္ၿပီး ေျပာရမယ္ ဆိုရင္ေပါ့။ ဒါမယ့္လည္း နည္းပညာပိုင္း အားသာခ်က္ေတြ ပါဝင္ေသးတာမလို႔ သင့္တင့္တယ္လို႔ သတ္မွတ္ရၿပီး ေအာက္တိုဘာ ၁၆ ရက္က်ရင္ Surface Laptop နဲ႔အတူတူ ေရာင္းခ်သြားမွာပါ။

Processor: Intel Core i7-7820HQ ( no CPU Upgrade Option)
RAM: 16GB DDR4 ( up to 32GB)
Display: PixelSense 28″ Screen ( sRGB, DCI-P3 and Vivid Colour Support)
Resolution: 4K 4500×3000 (192 PPI) 3:2 Aspect (10 Point Multi-touch)
Storage: 1TB SSD ( up to 2TB)
Graphics: Nvidia Geforce GTX 1060 6GB VRAM ( up to GTX 1070 with 8GB VRAM)
Security: TPM 2.0 for Enterprise Security
OS: Windows 10 Pro (Office 365 Trail 30 Days)
Dolby Premium Audio

Surface Studio 2

Surface Headphones

ဒီလို Surface Laptop နဲ႔ Pro အသစ္အျပင္ ထူးထူးျခားျခား Microsoft မိတ္ဆက္လိုက္တာက Surface Headphones ပါ။ သူ႔မွာ Built-in Cortana Assistant ပါလာတယ္၊ Volume နဲ႔ Noise-cancellation Feature ပါလာတယ္၊ ဒါေတြထက္ ထူးျခားသြားတာ Wireless Connection သုံးမထားဘဲ Bluetooth ခ်ိတ္ဆက္မႈနဲ႔ နားဆင္ဖို႔ Surface Headphones ကို ဒီဇီုင္းဆြဲထားတယ္။ Microsoft အဆိုရ အားတစ္ခါသြင္းထားရင္ ဘက္ထရီ ၁၅ နာရီဆက္တိုက္သုံးႏိုင္ၿပီး Light Gray Colour နဲ႔ USB-C အားသြင္းေပါက္ ပါဝင္မယ္လို႔ သိရပါတယ္။ ဒီ Surface Headphones ကိုလည္း လာမယ့္ ေအာက္တိုဘာ ၁၆ ရက္ေန႔က် ဝယ္ယူႏိုင္မွာ ျဖစ္ၿပီး ေဒၚလာ ၃၄၉ နဲ႔ Pre-order မွာယူႏိုင္ၿပီလို႔ သိရပါတယ္။

Surface Headphones

Surface All Access

ဒီ Surface All Access ဆိုတာက Microsoft ထုတ္ကုန္ေတြျဖစ္တဲ့ Surface Accessories ေတြနဲ႔ Office 365 ကို လစဥ္ ၂၄.၉၉ ေဒၚလာႏႈန္းနဲ႔ ၂၄ လ အရစ္က် ဝယ္ယူႏိုင္မယ္လို႔ ေျပာခ်င္တာပါ။ ဒီ Installment အစီစဥ္က ဝယ္ယူလိုက္တဲ့ Surface ေမာ္ဒယ္အလိုက္ ကြဲျပားမႈရွိႏိုင္ေပမယ့္ Windows Users ေတြ ကိုယ့္သုံးခ်င္တဲ့ Device နဲ႔ Software စတာေတြကို စိတ္ႀကိဳက္ေ႐ြးခ်ယ္ႏိုင္မယ္လို႔ Microsoft ေျပာၾကားထားပါတယ္။

App Mirroring

App Mirroring

App Mirroring ဆိုတာက Platform ခ်င္းမတူတဲ့ Android နဲ႔ Windows OS ႏွစ္ခုကို တံတားခင္း ဆက္သြယ္ေပးလိုက္တဲ့ သေဘာပါပဲ။ ဒီ Feature နဲ႔ Your Phone App ဆိုတဲ့ Microsoft App မွာ ႏွစ္သက္ရာ App တစ္ခုခုကို Windows Desktop ေပၚမွာ သုံးႏိုင္မယ္။ ဒီထက္ပိုစိတ္ဝင္စားစရာ ေကာင္းလာတာက App Mirroring Feature ကို ေအာက္တိုဘာမွာ ထုတ္ေပးေတာ့မယ့္ Windows 10 Update မွာ ထည့္သြင္းေပးသြားမယ္ဆိုတာပါ။ ဒါေၾကာင့္မလို႔ Dark Theme လည္း ပါဝင္လာဦးမွာျဖစ္တဲ့ October Update က Download ဆြဲ စမ္းသုံးၾကည့္သင့္တဲ့ Windows 10 Update လို႔ ေျပာရင္ ပိုျပည့္စုံမယ္ထင္ပါတယ္။

2B (Akhayar)
www.akhayar.com

[Unicode]

Microsoft မိတ်ဆက်ထားလိုက်တဲ့ စိတ်ဝင်စားစရာ Product ၄ မျိုး

မနေ့တုန်းက New York မြို့မှာ ကျင်းပသွားတဲ့ Microsoft Event လေးက စိတ်ဝင်စားစရာ ဖြစ်လာခဲ့ပါပြီ။ အရင်ပွဲတွေမှာ ထုတ်ကုန်အသစ်တွေပဲ မိတ်ဆက်သွားတယ်ဆိုမယ့် ဒီတစ်ခါ ထူးထူးခြားခြား ပါဝင်လာတာက မော်ဒယ်ဟောင်းတွေ ရလာနိုင်မယ့် Update ကိုပါ ကြေညာသွားတာပါ။ နောက်ပြီး အမှတ်တမဲ့ကနေ အမှတ်တရ ဖြစ်သွားစေတာက Surface Line ထုတ်ကုန်သစ်မှာ Windows Dark Mode နဲ့ လိုက်ဖက်တဲ့ အရောင် Matte Black Colour ပါဝင်လာတာပါ၊ ဒါထက် Cortana Assistant ပါပြီးသား Surface Headphone ကိုပါ Microsoft ချပြသွားတာကြောင့် Product လည်းများ အခက်အလက် အစုံဆုံး Event လို့ ပြောရင် မမှားပါဘူး။

The all new surface family

Surface Pro 6

Microsoft မိတ်ဆက်သွားတဲ့ Surface Pro 6 ထူးခြားချက်တွေက အတွင်းပိုင်း ဒီဇိုင်းလုံးဝ ပြောင်းလဲသွားတယ်၊ အထူးသဖြင့် ဘက်ထရီပိုင်း ပိုကောင်းလာဖို့အတွက် ကိုယ်ထည်ကအစ ပြောင်းလိုက်တာဆိုတော့ ၁၃ နာရီခွဲလောက်အထိ အသုံးခံလာတယ်၊ အရောင်ကိုလည်း Matte Black Option ရွေးချယ်လို့ ရလာတယ်၊ ဒါတွေထက် Performance ပိုင်း ပိုကောင်းသွားတာက 8th Gen Intel Core Processor ကြောင့်ဖြစ်ပြီး ဒေါ်လာ ၈၉၉ နဲ့ အောက်တိုဘာလ ၁၆ ရက်နေ့မှာ စတင်ဝယ်ယူနိုင်မှာပါ။

Surface Pro 6

အခုလို ထင်သာမြင်သာဖြစ်လာတဲ့ အချက်တွေထက် အားမရစရာက USB C Port ပါမလာသေးတာပါ။ Surface Pro 6 အသေးစိတ် အချက်လက်တွေက

Processor: Intel Core i5 ( up to Core i7 Processor)
RAM: 8GB ( up to 16GB)
Display : PixelSense 12.3″ Screen
Resolution: 2736 x 1824 (267 PPI) 3:2 Aspect (Touch Support)
Storage: 128 GB SSD ( up to 1TB)
Graphics: Intel UHD Graphics
Security: TPM 2.0 for Enterprise Security
Windows Hello (Front-facing)
Cameras: 8MP Rear Camera with 5MP front-facing camera
OS: Windows 10 Home (Office 365 Trial 30 Days)

Matte Black Surface Pro 6

Surface Laptop 2

ဒုတိယ မျိုးဆက်ဖြစ်လာတဲ့ Surface Laptop 2 စွမ်းဆောင်ရည်ကို ၈၅ ရာခိုင်နှုန်းလောက် ပိုမြန်လာမယ်လို့ Microsoft ကြွေးကြော်ထားပါတယ်။ ဒါကလည်း 8th Gen Intel Processor အားသာချက်ကြောင့် Performance ပိုကောင်းလာတယ်လို့ ပြောနိုင်သလို Surface Pro 6 ထက်စာရင် Connectivity Port ပိုစုံတယ်၊ ဘက်ထရီလည်း ၁ နာရီ ပိုခံတယ်၊ ဒါပေမယ့် အားမရစရာက USB-C Port မော်ဒယ် နှစ်မျိုးလုံး ပါမလာသေးတာပါ။

Surface Laptop 2

Surface Laptop 2 ကို လာမယ့် အောက်တိုဘာ ၁၆ ရက်နေ့ကျ ဒေါ်လာ ၉၉၉ နဲ့ ရောင်းချပေးသွားမှာဖြစ်ပြီး ပြောင်းလဲသွားတဲ့ အသေးစိတ် အချက်လက်တွေက

Processor: Intel Core i5 ( up to Core i7 Processor)
RAM: 8GB ( up to 16GB)
Display : PixelSense 13.5″ Screen (Corning Gorilla Glass 3)
Resolution: 2256 x 1504 (201 PPI) 3:2 Aspect (Touch Support)
Storage: 128 GB SSD ( up to 1TB)
Graphics: Intel UHD Graphics
Security: TPM 2.0 for Enterprise Security
Windows Hello (Front-facing)
Cameras: 720p HD Camera
OS: Windows 10 Home (Office 365 Trial 30 Days)
Dolby Premium Audio

Surface Laptop 2 with detachable Keyboard

Surface Studio 2

Microsoft မိတ်ဆက်လိုက်တဲ့ ၂၈ လက်မ အရွယ် Surface Studio က ဖန်တီးမှု အသားပေး၊ အနုပညာ သမားတွေအတွက် ရည်ရွယ်ထားတာပါ။ ဓာတ်ပုံ၊ ဗီဒီယို တည်းဖြတ်ဖို့ Display နဲ့ အရောင်ထွက်က ရေလည်လန်းနေတယ်၊ ပါဝင်လာတဲ့ စွမ်းဆောင်ရည်တွေက သာမန် လုပ်ငန်းသုံးကနေ Editing နဲ့ Gaming အတွက် Ready ဖြစ်နေတယ်၊ ဒီလို iMac တွေအစား အထင်ကြီးစရာ ဖြစ်လာခဲ့တဲ့ Surface Studio မှာ High-end Feature တွေအပြင် စွဲမက်စရာ Display ၊ လှပတဲ့ ဒီဇိုင်းနဲ့ ပွဲထွက်လာခဲ့တယ်။

Surface Studio 2

ဒီလို သိသာတဲ့ အဆင့်မြှင့်တင်မှုတွေပြီးသွားရင် ရောင်းချမယ့် စျေးနှုန်းကို ဒေါ်လာ ၃၄၉၉ သတ်မှတ်ထားတာကြောင့် နည်းနည်းစျေးကြီးနေတယ်လို့ ခံစားရစေပါတယ်၊ အထူးသဖြင့် Hardware ကြည့်ပြီး ပြောရမယ် ဆိုရင်ပေါ့။ ဒါမယ့်လည်း နည်းပညာပိုင်း အားသာချက်တွေ ပါဝင်သေးတာမလို့ သင့်တင့်တယ်လို့ သတ်မှတ်ရပြီး အောက်တိုဘာ ၁၆ ရက်ကျရင် Surface Laptop နဲ့အတူတူ ရောင်းချသွားမှာပါ။

Processor: Intel Core i7-7820HQ ( no CPU Upgrade Option)
RAM: 16GB DDR4 ( up to 32GB)
Display: PixelSense 28″ Screen ( sRGB, DCI-P3 and Vivid Colour Support)
Resolution: 4K 4500×3000 (192 PPI) 3:2 Aspect (10 Point Multi-touch)
Storage: 1TB SSD ( up to 2TB)
Graphics: Nvidia Geforce GTX 1060 6GB VRAM ( up to GTX 1070 with 8GB VRAM)
Security: TPM 2.0 for Enterprise Security
OS: Windows 10 Pro (Office 365 Trail 30 Days)
Dolby Premium Audio

Surface Studio 2

Surface Headphones

ဒီလို Surface Laptop နဲ့ Pro အသစ်အပြင် ထူးထူးခြားခြား Microsoft မိတ်ဆက်လိုက်တာက Surface Headphones ပါ။ သူ့မှာ Built-in Cortana Assistant ပါလာတယ်၊ Volume နဲ့ Noise-cancellation Feature ပါလာတယ်၊ ဒါတွေထက် ထူးခြားသွားတာ Wireless Connection သုံးမထားဘဲ Bluetooth ချိတ်ဆက်မှုနဲ့ နားဆင်ဖို့ Surface Headphones ကို ဒီဇီုင်းဆွဲထားတယ်။ Microsoft အဆိုရ အားတစ်ခါသွင်းထားရင် ဘက်ထရီ ၁၅ နာရီဆက်တိုက်သုံးနိုင်ပြီး Light Gray Colour နဲ့ USB-C အားသွင်းပေါက် ပါဝင်မယ်လို့ သိရပါတယ်။ ဒီ Surface Headphones ကိုလည်း လာမယ့် အောက်တိုဘာ ၁၆ ရက်နေ့ကျ ဝယ်ယူနိုင်မှာ ဖြစ်ပြီး ဒေါ်လာ ၃၄၉ နဲ့ Pre-order မှာယူနိုင်ပြီလို့ သိရပါတယ်။

Surface Headphones

Surface All Access

ဒီ Surface All Access ဆိုတာက Microsoft ထုတ်ကုန်တွေဖြစ်တဲ့ Surface Accessories တွေနဲ့ Office 365 ကို လစဉ် ၂၄.၉၉ ဒေါ်လာနှုန်းနဲ့ ၂၄ လ အရစ်ကျ ဝယ်ယူနိုင်မယ်လို့ ပြောချင်တာပါ။ ဒီ Installment အစီစဉ်က ဝယ်ယူလိုက်တဲ့ Surface မော်ဒယ်အလိုက် ကွဲပြားမှုရှိနိုင်ပေမယ့် Windows Users တွေ ကိုယ့်သုံးချင်တဲ့ Device နဲ့ Software စတာတွေကို စိတ်ကြိုက်ရွေးချယ်နိုင်မယ်လို့ Microsoft ပြောကြားထားပါတယ်။

App Mirroring

App Mirroring

App Mirroring ဆိုတာက Platform ချင်းမတူတဲ့ Android နဲ့ Windows OS နှစ်ခုကို တံတားခင်း ဆက်သွယ်ပေးလိုက်တဲ့ သဘောပါပဲ။ ဒီ Feature နဲ့ Your Phone App ဆိုတဲ့ Microsoft App မှာ နှစ်သက်ရာ App တစ်ခုခုကို Windows Desktop ပေါ်မှာ သုံးနိုင်မယ်။ ဒီထက်ပိုစိတ်ဝင်စားစရာ ကောင်းလာတာက App Mirroring Feature ကို အောက်တိုဘာမှာ ထုတ်ပေးတော့မယ့် Windows 10 Update မှာ ထည့်သွင်းပေးသွားမယ်ဆိုတာပါ။ ဒါကြောင့်မလို့ Dark Theme လည်း ပါဝင်လာဦးမှာဖြစ်တဲ့ October Update က Download ဆွဲ စမ်းသုံးကြည့်သင့်တဲ့ Windows 10 Update လို့ ပြောရင် ပိုပြည့်စုံမယ်ထင်ပါတယ်။

2B (Akhayar)
www.akhayar.com