[Zawgyi]

















Transcend Myanmar

Transcend Myanmar



Redrose (Akhayar)

www.akhayar.com


[Zawgyi]

မိန်းကလေးတွေရဲ့ ရင်ထဲကို နေရာယူလာတဲ့ ALDO Brand

ALDO Brand ဆိုတာ မိန်းကလေးနဲ့ ယောကျာ်းလေး အသုံးအဆောင်ပစ္စည်းတွေကို ထုတ်လုပ်ရောင်းချနေတဲ့ Fashion Brand တစ်ခုပဲဖြစ်ပါတယ်။ သူဟာ အခုလတ်တလောပိုင်းမှာ မိန်းကလေးတွေကြားထဲမှာတော့ ပိုပြီးရေပန်းစားလို့လာခဲ့ပါတယ်။ သူ့ကို လူသိပိုများလာစေတဲ့ Collection လေးကတော့ Valentine Day Collection လေးပဲဖြစ်ပါတယ်။

ALDO က ထုတ်လုပ်တဲ့ဒီဇိုင်းလေးက ရိုးရှင်းတယ်။ ဒါပေမယ့် ချစ်စရာကောင်းနေတယ်။ မိန်းကလေးဆန်တယ်ထင်ရပေမယ့် Smart ကျတဲ့ Style မျိုးကို ဖန်တီးနေတာကို တွေ့ရပါတယ်။ ALDO ရဲ့ အရည်အသွေးတွေကို အဓိက ဘယ်မှာတွေ့ရှိနိုင်လဲဆိုရင် သူတို့ရဲ့ High Heel Collection တိုင်းမှာ တွေ့နိုင်ပါတယ်။

Aldo-Clothing-Brand (Source: https://www.aldoshoes.com)

Aldo Clothing Brand (Source: https://www.aldoshoes.com)

ဒေါက်ဖိနပ်တစ်ရံမှာရှိသင့်တဲ့ Shape ၊ Heel Height နဲ့ Sole တွေအားလုံးကို ပြီးပြည့်စုံနေအောင် ချုပ်လုပ်ထားတာကို တွေ့ရှိရပါတယ်။ ထုတ်လုပ်ထားတဲ့ အရောင်တွေဟာလည်း ခေတ်နဲ့ လိုက်ဖက်မှုရှိပြီး နေရာဒေသနဲ့ ကိုယ်ရဲ့ အဝတ်အစားမရွေးအောင် ဒီဇိုင်းတွေကို ဖန်တီးထားပါသေးတယ်။ ALDO Brand ဟာ မိန်းကလေးတစ်ယောက်အတွက် ဖိနပ်တစ်မျိုးကိုသာ ရောင်းချနေတာလားဆိုရင် မဟုတ်ပါဘူးနော်။ မိန်းကလေးအသုံးအဆောင်ပစ္စည်းတွေဖြစ်တဲ့ Accessories လေးတွေ နဲ့ Hand Bags လေးတွေကိုလည်း ထုတ်လုပ်ရောင်းချလို့နေပါတယ်။

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon အကြောင်း အသေးစိတ်စုံစမ်းရန်

Aldo-Clothing-Brand-2 ( Source : https://www.aldoshoes.com)

Aldo Clothing Brand ( Source : https://www.aldoshoes.com)

Accessories တွေဆိုရင်လည်း Elegant Style ပုံစံလေးတွေကို ဖန်တီးရောင်းချပါတယ်။ အထူးသဖြင့် လက်စွပ်လေးတွေနဲ့ နားကပ်လေးတွေဆိုရင် ယဉ်ယဉ်လေးနဲ့ သမင်လည်ပြန်ကြည့်စေနိုင်လောက်တဲ့အထိ ငေးကြည့်အောင် ဆွဲဆောင်နိုင်ပါတယ်။

မိန်းကလေးသုံးပစ္စည်းလေးတွေကိုပဲ အမွှမ်းတင်နေလို့ ယောကျာ်းလေးတွေအတွက် ထုတ်ထားတဲ့ Collection လေးတွေက Quality မမှီဘူးလို့ မထင်လိုက်ပါနဲ့နော်။ ယောကျာ်းလေးတွေအတွက်လည်း အရည်အသွေးတွေအားလုံးက ထပ်တူပါပဲ။

Aldo Clothing Brand (Source : https://www.aldoshoes.com)

Aldo Clothing Brand (Source : https://www.aldoshoes.com)

ယောကျာ်းလေးအသုံးအဆောင်ပစ္စည်းတွေလည်း ထိုနည်းတူ Shoe ၊ Bags နဲ့ Accessories သာ ရောင်းချတာဖြစ်ပါတယ်။ Men Collection တွေထဲမှာ Formal Wear တွေကို ပိုပြီးသဘောကျကြိုက်နှစ်သက်မိပါတယ်။ Leather Oxford Shoe ဆိုရင် ALDO Brand ထဲမှာ ဈေးနှုန်းအများဆုံးနဲ့ ရောင်းရအများဆုံး Collection တစ်ခုဖြစ်ခဲ့ပါတယ်။ ကိုယ်ကိုယ်တိုင်က Fashionista Boy တစ်ယောက်ဖြစ်နေခဲ့တယ်ဆိုရင် ALDO က ထုတ်လုပ်ရောင်းချနေတဲ့ Men Jewelry က အသင့်တော်ဆုံးဖြစ်ပါလိမ့်မယ်။

Transcend Myanmar

Transcend Myanmar

Transcend Myanmar အကြောင်း အသေးစိတ်စုံစမ်းရန်

ALDO Brand က မိန်းကလေးတွေအတွက် အပြင် ယောကျာ်းလေးတွေအတွက်ပါ Smart ကျစေဖို့အတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့ Fashion Brand တစ်ခုဖြစ်တဲ့အတွက် နှုတ်ဖျားမှာ စွဲနေတာက မဆန်းပါဘူး။ သူ ထုတ်လုပ်ထားတဲ့ Items လေးတွေကို ဝယ်ယူချင်ရင်တော့ US Website နဲ့ UK Website ဆိုပြီး နှစ်ခုကွဲပြားနေတဲ့အတွက် Online Shopping Page တွေမှာ Order မှာယူတဲ့အခါ ဂရုစိုက်ပြီး မှာကြဖို့သတိပေးလိုက်ပါတယ်။

Redrose (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။