[Zawgyi]

စက္သုံးဆီေစ်းတက္လာရင္ ဘာေတြအက်ိဳးသက္ေရာက္မႈရွိမလဲ

အခုဆုိရင္ စက္သုံးဆီေစ်းက ဒီေရလုိပဲ တရိပ္ရိပ္တက္ေနတယ္။ တက္တုန္းက အမ်ားႀကီးတက္ေပမယ့္ ေစ်းက်သြားရင္ နည္းနည္းပဲ ျပန္က်ေလ့ရွိတယ္။ ဒီေန႔ေပါက္ေစ်းအတုိင္းေျပာရမယ္ဆုိရင္ ရန္ကုန္ၿမိဳ႕ မွာ ဒီဇယ္ (ပရီမီယံ) တစ္လီတာကုိ ၁ဝ၇၅ က်ပ္ရွိတယ္၊ ေအာက္တိန္း (92) ဆုိရင္ ၁ဝ၃၅ က်ပ္နဲ႔ ေအာက္တိန္း (95) ဆုိရင္ ၁ဝ၈၅က်ပ္အထိကုိ ျမင့္တက္ေနတယ္။ တကၠဆီသမားေတြဆုိရင္ ဆီေစ်းတက္လုိ႔ ညည္းေနၾကတယ္။ ဟုတ္ၿပီ။ ဆီေစ်းတက္လာရင္ ဘယ္လုိအက်ိဳးသက္ေရာက္မႈရွိမလဲဆုိတာ ေျပာျပခ်င္တယ္။

(၁) ကားခတက္လာမယ္။

ဒီအခ်က္ကေတာ့ ရွင္းပါတယ္။ ေမာ္ေတာ္ကားဆုိတာ ေရထည့္လုိ႔ ေမာင္းမရဘူးေလ။ စက္သုံးဆီေစ်းတက္လာနဲ႔ ‘ေရျမင့္ ၾကာျမင့္’ ဆုိသလုိ သူလည္း တက္လာမွာပဲ။ အရင္တုန္းက လွည္းတန္းနဲ႔ စမ္းေခ်ာင္းကုိ တကၠဆီငွားရင္ တစ္ေထာင့္ငါးရာပဲ က်တာ။ အခုဆုိရင္ ႏွစ္ေထာင္ ျဖစ္လာၿပီေလ။ ကုိယ့္ဘက္က ေစာဒကတက္လာရင္လည္း “ဆီေစ်းေတြ တက္ေနလုိ႔ပါ မကုိက္လုိ႔ပါ အကုိရယ္” လုိ႔ ကားဆရာက ေျပာျပန္ေတာ့ အဟုတ္သားလုိ႔ ေတြးမိတယ္။ ဆီေစ်းတက္တာက တစ္မ်ိဳး ကားပိတ္တာက တစ္ဖုံဆုိေတာ့ သူတုိ႔လည္း မေထာင္းသာလွ။ အျမန္ယာဥ္ေတြလည္း ဒီအတုိင္းဆိုရင္ ေစ်းတက္လာေတာ့မယ္။ ပုံမွန္ဝန္ထမ္းေတြလည္း ခရီးစရိတ္ပုိတက္လာမယ့္ သေဘာပါ။ တျခားသယ္ယူပုိ႔ေဆာင္ေရးယာဥ္ေတြလည္း အလားတူေစ်းတက္လာမယ့္သေဘာပါ။

(၂) ပုိက္ဆံပုိကုန္လာမယ္။

လုိင္းကား ဒါမွမဟုတ္ တကၠဆီနဲ႔ သြားမယ့္ ခရီးသည္ေတြလည္း အပုိေငြကုန္သလုိ ကုိယ္ပုိင္ကားနဲ႔ သြားမယ့္ ဝန္ထမ္းေတြလည္း ပုိေထာင္းမွာပါပဲ။ အရင္တုန္းက ငါးေထာင္ဖုိး ဆီထည့္လုိ္က္ရင္ ဖင္ပူေအာင္ စီးလုိ႔ရတယ္။ အခုဆုိရင္ ဘယ္ေလာက္မွ ရတာ မဟုတ္ေတာ့ဘူး။ ပုိက္ဆံတစ္ေထာင္နဲ႔ဆုိ စက္သုံးဆီတစ္လီတာေတာင္ ဝယ္လုိ႔မရေတာ့ဘူးေလ။

(၃) စားေသာက္ကုန္ ေစ်းတက္လာမယ္။

ရန္ကုန္ကေန မႏၱေလးကုိ တင္ပုိ႔တဲ့ စားေသာက္ကုန္ေတြ အရင္ကထက္ ေစ်းပုိႀကီးလာမယ္။ ဘာျဖစ္လုိ႔လဲဆုိေတာ့ ဆီေစ်းႀကီးေတာ့ ကားခေစ်းတက္လာလုိ႔ပါ။ ကားခတက္လာေတာ့ ဆုိင္ရွင္ေတြကလည္း စားေသာက္ကုန္ေတြကုိ အရင္ေစ်းနဲ႔ မေရာင္းႏုိင္ေတာ့ဘူး။ စက္သုံးဆီ ေစ်းတက္လာတာက ေမာ္ေတာ္ယာဥ္ရွိသူေတြ စက္သူေဌးေတြကုိပဲ ထိခုိက္မယ္လုိ႔ ထင္ရေပမယ့္ တစ္တုိင္းျပည္လုံးက ဒုကၡေရာက္တာပါ။  စားေသာက္ကုန္ေတြ ေစ်းတက္လာရင္ စားေသာက္ဆုိင္ေတြလည္း ေစ်းတက္လာမွာပဲ။ အကုန္လုံးက ဆက္စပ္ေနတဲ့သေဘာပါ။ ငယ္ငယ္တုန္းက ဆုိခဲ့တဲ့ ကဗ်ာေလးကုိ သတိရမိတယ္။
“ေပါက္ပင္ ဘာေၾကာင္႔ ကိုင္းရတယ္ . . ဗ်ဳိင္းနားလို႔ ကိုင္းရတယ္
ဗ်ဳိင္း ဘာလို႔ နားရတယ္ . . ငါးေပၚလို႔နားရတယ္
ငါး ဘာလို႔ ေပၚရတယ္ . . ကၽြဲလူးလို႔ေပၚရတယ္
ကၽြဲ ဘာလို႔ လူးရတယ္ . .  ျဖဳတ္ကိုက္လို႔လူးရတယ္
ျဖဳတ္ ဘာလို႔ ကိုက္ရတယ္ . . မိုးရြာလို႔ ကို္က္ရတယ္
မိုး ဘာလို႔ ရြာရတယ္. . ဖားေအာ္လို႔ရြာရတယ္
ဖား ဘာလို႔ ေအာ္ရတယ္ . . ေျမြကိုက္လို႔ေအာ္ရတယ္
ေျမြ ဘာလို႔ ကိုက္ရတယ္ . . ငါ႔ဝမ္းပူဆာမေနသာလို႔ ကိုက္ရတယ္”

(၄) အခန္းငွားခေတြ တက္လာမယ္။

ဆီေစ်းႏႈန္းတက္တာက အခန္းငွားခနဲ႔ ဘာနဲ႔မဆုိင္ဘူးလုိ႔ ထင္ရေပမယ့္ အိမ္ရွင္ေတြကလည္း အခန္းခတုိးေတာင္းလာၾကတယ္။ အိမ္ငွားေတြအေနနဲ႔ ေျခာက္လတစ္ခါ ေပးရတဲ့ အိမ္ငွားခကလည္း မေထာင္းသာပါဘူး။ စက္သုံးဆီတက္တာနဲ႔ အိမ္ငွားခလည္း တက္လာတယ္လုိ႔ ေလ့လာမႈေတြအရ သိရျပန္ေတာ့ ရင္ေမာမိပါတယ္။

(၅) အေသးစားလုပ္ငန္းေတြ ထိခုိက္လာမယ္။

စက္သုံးဆီေစ်းႏႈန္းတက္လာတာက လုပ္ငန္းရွင္ႀကီးေတြအတြက္ ေတာင့္ခံႏုိင္ေပမယ့္ အေသးစားလုပ္ငန္းေတြက် ထိခုိက္ပါတယ္။ အခန္႔မသင့္ရင္ အရင္းပါ ျပဳတ္သြားႏုိင္တယ္။ ထုတ္လုပ္မႈ ကုန္က်စရိတ္က အဆမတန္ျမင့္လာတာကုိ အရင္းအႏွီးနည္းတဲ့ လုပ္ငန္းေတြမွာ မလြယ္ေတာ့တဲ့သေဘာပါ။ အေသးစားလုပ္ငန္းေတြ ရပ္ဆုိင္းသြားရင္ အလုပ္လက္မဲ့ႏႈန္း ထိခုိ္က္လာၿပီး ႏုိင္ငံေတာ္ရဲ႕ စီးပြားေရးလည္း ထုိးက်လာမယ္လုိ႔ သုံးသပ္ရပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

စက်သုံးဆီဈေးတက်လာရင် ဘာတွေအကျိုးသက်ရောက်မှုရှိမလဲ

အခုဆိုရင် စက်သုံးဆီဈေးက ဒီရေလိုပဲ တရိပ်ရိပ်တက်နေတယ်။ တက်တုန်းက အများကြီးတက်ပေမယ့် ဈေးကျသွားရင် နည်းနည်းပဲ ပြန်ကျလေ့ရှိတယ်။ ဒီနေ့ပေါက်ဈေးအတိုင်းပြောရမယ်ဆိုရင် ရန်ကုန်မြို့ မှာ ဒီဇယ် (ပရီမီယံ) တစ်လီတာကို ၁ဝ၇၅ ကျပ်ရှိတယ်၊ အောက်တိန်း (92) ဆိုရင် ၁ဝ၃၅ ကျပ်နဲ့ အောက်တိန်း (95) ဆိုရင် ၁ဝ၈၅ကျပ်အထိကို မြင့်တက်နေတယ်။ တက္ကဆီသမားတွေဆိုရင် ဆီဈေးတက်လို့ ညည်းနေကြတယ်။ ဟုတ်ပြီ။ ဆီဈေးတက်လာရင် ဘယ်လိုအကျိုးသက်ရောက်မှုရှိမလဲဆိုတာ ပြောပြချင်တယ်။

(၁) ကားခတက်လာမယ်။

ဒီအချက်ကတော့ ရှင်းပါတယ်။ မော်တော်ကားဆိုတာ ရေထည့်လို့ မောင်းမရဘူးလေ။ စက်သုံးဆီဈေးတက်လာနဲ့ ‘ရေမြင့် ကြာမြင့်’ ဆိုသလို သူလည်း တက်လာမှာပဲ။ အရင်တုန်းက လှည်းတန်းနဲ့ စမ်းချောင်းကို တက္ကဆီငှားရင် တစ်ထောင့်ငါးရာပဲ ကျတာ။ အခုဆိုရင် နှစ်ထောင် ဖြစ်လာပြီလေ။ ကိုယ့်ဘက်က စောဒကတက်လာရင်လည်း “ဆီဈေးတွေ တက်နေလို့ပါ မကိုက်လို့ပါ အကိုရယ်” လို့ ကားဆရာက ပြောပြန်တော့ အဟုတ်သားလို့ တွေးမိတယ်။ ဆီဈေးတက်တာက တစ်မျိုး ကားပိတ်တာက တစ်ဖုံဆိုတော့ သူတို့လည်း မထောင်းသာလှ။ အမြန်ယာဉ်တွေလည်း ဒီအတိုင်းဆိုရင် ဈေးတက်လာတော့မယ်။ ပုံမှန်ဝန်ထမ်းတွေလည်း ခရီးစရိတ်ပိုတက်လာမယ့် သဘောပါ။ တခြားသယ်ယူပို့ဆောင်ရေးယာဉ်တွေလည်း အလားတူဈေးတက်လာမယ့်သဘောပါ။

(၂) ပိုက်ဆံပိုကုန်လာမယ်။

လိုင်းကား ဒါမှမဟုတ် တက္ကဆီနဲ့ သွားမယ့် ခရီးသည်တွေလည်း အပိုငွေကုန်သလို ကိုယ်ပိုင်ကားနဲ့ သွားမယ့် ဝန်ထမ်းတွေလည်း ပိုထောင်းမှာပါပဲ။ အရင်တုန်းက ငါးထောင်ဖိုး ဆီထည့်လိုက်ရင် ဖင်ပူအောင် စီးလို့ရတယ်။ အခုဆိုရင် ဘယ်လောက်မှ ရတာ မဟုတ်တော့ဘူး။ ပိုက်ဆံတစ်ထောင်နဲ့ဆို စက်သုံးဆီတစ်လီတာတောင် ဝယ်လို့မရတော့ဘူးလေ။

(၃) စားသောက်ကုန် ဈေးတက်လာမယ်။

ရန်ကုန်ကနေ မန္တလေးကို တင်ပို့တဲ့ စားသောက်ကုန်တွေ အရင်ကထက် ဈေးပိုကြီးလာမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆီဈေးကြီးတော့ ကားခဈေးတက်လာလို့ပါ။ ကားခတက်လာတော့ ဆိုင်ရှင်တွေကလည်း စားသောက်ကုန်တွေကို အရင်ဈေးနဲ့ မရောင်းနိုင်တော့ဘူး။ စက်သုံးဆီ ဈေးတက်လာတာက မော်တော်ယာဉ်ရှိသူတွေ စက်သူဌေးတွေကိုပဲ ထိခိုက်မယ်လို့ ထင်ရပေမယ့် တစ်တိုင်းပြည်လုံးက ဒုက္ခရောက်တာပါ။  စားသောက်ကုန်တွေ ဈေးတက်လာရင် စားသောက်ဆိုင်တွေလည်း ဈေးတက်လာမှာပဲ။ အကုန်လုံးက ဆက်စပ်နေတဲ့သဘောပါ။ ငယ်ငယ်တုန်းက ဆိုခဲ့တဲ့ ကဗျာလေးကို သတိရမိတယ်။
“ပေါက်ပင် ဘာကြောင့် ကိုင်းရတယ် . . ဗျိုင်းနားလို့ ကိုင်းရတယ်
ဗျိုင်း ဘာလို့ နားရတယ် . . ငါးပေါ်လို့နားရတယ်
ငါး ဘာလို့ ပေါ်ရတယ် . . ကျွဲလူးလို့ပေါ်ရတယ်
ကျွဲ ဘာလို့ လူးရတယ် . .  ဖြုတ်ကိုက်လို့လူးရတယ်
ဖြုတ် ဘာလို့ ကိုက်ရတယ် . . မိုးရွာလို့ ကိုက်ရတယ်
မိုး ဘာလို့ ရွာရတယ်. . ဖားအော်လို့ရွာရတယ်
ဖား ဘာလို့ အော်ရတယ် . . မြွေကိုက်လို့အော်ရတယ်
မြွေ ဘာလို့ ကိုက်ရတယ် . . ငါ့ဝမ်းပူဆာမနေသာလို့ ကိုက်ရတယ်”

(၄) အခန်းငှားခတွေ တက်လာမယ်။

ဆီဈေးနှုန်းတက်တာက အခန်းငှားခနဲ့ ဘာနဲ့မဆိုင်ဘူးလို့ ထင်ရပေမယ့် အိမ်ရှင်တွေကလည်း အခန်းခတိုးတောင်းလာကြတယ်။ အိမ်ငှားတွေအနေနဲ့ ခြောက်လတစ်ခါ ပေးရတဲ့ အိမ်ငှားခကလည်း မထောင်းသာပါဘူး။ စက်သုံးဆီတက်တာနဲ့ အိမ်ငှားခလည်း တက်လာတယ်လို့ လေ့လာမှုတွေအရ သိရပြန်တော့ ရင်မောမိပါတယ်။

(၅) အသေးစားလုပ်ငန်းတွေ ထိခိုက်လာမယ်။

စက်သုံးဆီဈေးနှုန်းတက်လာတာက လုပ်ငန်းရှင်ကြီးတွေအတွက် တောင့်ခံနိုင်ပေမယ့် အသေးစားလုပ်ငန်းတွေကျ ထိခိုက်ပါတယ်။ အခန့်မသင့်ရင် အရင်းပါ ပြုတ်သွားနိုင်တယ်။ ထုတ်လုပ်မှု ကုန်ကျစရိတ်က အဆမတန်မြင့်လာတာကို အရင်းအနှီးနည်းတဲ့ လုပ်ငန်းတွေမှာ မလွယ်တော့တဲ့သဘောပါ။ အသေးစားလုပ်ငန်းတွေ ရပ်ဆိုင်းသွားရင် အလုပ်လက်မဲ့နှုန်း ထိခိုက်လာပြီး နိုင်ငံတော်ရဲ့ စီးပွားရေးလည်း ထိုးကျလာမယ်လို့ သုံးသပ်ရပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com