[Zawgyi]

အၾကည္ေတာ္ေျပာတဲ့စာေရးဆရာေတြအေၾကာင္း

အခုေနာက္ပိုင္း နည္းပညာေတြ တဟုန္ထိုး တိုးတက္လာတာနဲ႔အမွ် လူငယ္ေတြေတာ္ေတာ္မ်ားမ်ားဟာ ေခတ္မီနည္းပညာသံုးပစၥည္းေတြနဲ႔ပဲ အခ်ိန္ကုန္ေနၾကၿပီး အရင္တုန္းကလို စာဖတ္တဲ့အေလ့အထေတြက ေတာ္ေတာ္ေလ်ာ့နည္းသြားတာကို ေတြ႕ရပါတယ္။ ကၽြန္မတို႔ငယ္ငယ္တုန္းကေတာ့ စာေမးပြဲၿပီးတာနဲ႔ စာအုပ္အငွားဆိုင္ကို ေျပးဖို႔ စိုင္းျပင္းေနသလိုပဲ အခုေခတ္ကေလးေတြကေတာ့ စာေမးပြဲၿပီးတာနဲ႔ Laptop နဲ႔ ဖုန္းေတြကို အသံုးျပဳဖို႔ ပိုၿပီးစိုင္းျပင္းေနၾကပါၿပီ။ ဘယ္ေလာက္ပဲ တိုးတက္ဖြံ႕ ၿဖိဳးလာတယ္ပဲေျပာေျပာ စာအုပ္ေတြဆီကေန ရသေတြ၊ သုတေတြ စုေဆာင္းရဦးမွာပါပဲ။ အဲဒီ့အတြက္လည္း စာအုပ္စာေပနဲ႔ ပတ္သက္ၿပီး စာေရးဆရာအၾကည္ေတာ္က အခရာစာဖတ္ပရိသတ္ေတြအတြက္ မွ်ေ၀ေပးထားတာေလးေတြရွိပါတယ္။

“စာဖတ္တယ္ဆိုတာ ဦးေႏွာက္ကို အလုပ္ေပးတာေလ။ ရုပ္ရွင္ၾကည့္တာကေတာ့ မ်က္လံုးကို အလုပ္ေပးတာ။ ရုပ္ရွင္ကေတာ့ မ်က္လံုးနဲ႔ ျမင္ၿပီးမွ ဦးေႏွာက္နဲ႔ ဆံုးျဖတ္တာေပါ့။ စာဖတ္ၿပီဆိုရင္ေတာ့ ဦးေႏွာက္ကို အလုပ္ေပးလို႔ အေတြးထဲမွာ ျမင္လာတာေလ။ ဦးေႏွာက္ကို အလုပ္ေပးေနတဲ့သူတစ္ေယာက္က ဘာမွမသံုးထားတဲ့ဦးေႏွာက္ထက္ အမ်ားႀကီးပိုအသံုးက်တယ္။” _ အၾကည္ေတာ္

AKyiTaw (Writer)

AKyiTaw (Writer)

စာအုပ္ဆိုတာ ဖတ္ေလေလစြဲေလေလပါပဲ။ အစလုပ္ၿပီး မဖတ္ဘူးဆိုရင္ေတာ့ စာဖတ္တဲ့အေလ့အက်င့္ရဖို႔ မလြယ္ကူပါဘူး။ ဒါေၾကာင့္ လူငယ္ေတြ စာမ်ားမ်ားဖတ္ႏိုင္ဖို႔အတြက္လည္း အၾကည္ေတာ္က အႀကံေပးထားပါေသးတယ္။

အားတဲ့အခ်ိန္တိုင္းကို အခ်ိန္ေပးၿပီး စာဖတ္သင့္တယ္တဲ့။ အထူးသျဖင့္ အခ်ိန္ေလးရတုန္း ဖုန္းေလးပြတ္ေနတာထက္စာရင္ အခ်ိန္ေလးရတုန္း စာမ်ားမ်ားဖတ္ၾကပါေနာ္။ ဒါ့အျပင္ လူငယ္ေတြအေနနဲ႔ ဖတ္ဖူးရမယ့္ စာေရးဆရာေတြလည္း ရွိေနပါတယ္။

စာေရးဆရာသင့္လူ

စာေရးဆရာသင့္လူရဲ႕ စာအုပ္ေတြကိုေတာ့ ဘာသာျပန္စာအုပ္ေကာင္းေတြ ဖတ္ခ်င္တဲ့အခါမ်ိဳးမွာ သင့္ေတာ္တယ္လို႔ အႀကံေပးထားပါတယ္။ သူ႔ရဲ႕ လူႀကိဳက္မ်ားစာေပေတြကေတာ့ အိုဘယ့္အစိမ္းတို႔ေျမ၊ အတၱလန္တစ္ရွာပံုေတာ္၊ ေလလြင့္ေၾကာင္နဲ႔ က်ားျဖဴတို႔ပဲ ျဖစ္ပါတယ္ေနာ္။

စာေရးဆရာေသာ္တာေဆြ

အၾကည္ေတာ္က သူကိုယ္တိုင္လည္း သေဘာက်ၿပီး ပရိသတ္ေတြကိုလည္း ဖတ္ေစခ်င္တဲ့စာေရးဆရာေနာက္တစ္ဦးကေတာ့ ေသာ္တာေဆြလို႔ ေျပာပါတယ္။ သူ႔ရဲ႕ လူႀကိဳက္မ်ားစာေပေတြကေတာ့ ပုဂံသူရဲေကာင္းမ်ား၊ လူ႕ဘံုခန္း၀ါ ဘ၀သရုပ္ေဖာ္၀တၱဳတိုမ်ား၊ သတၱ၀ါတို႔၏သံသရာ၊ မွန္ကန္ျခင္းနဲ႔ ရဲရင့္ျခင္းနဲ႔ ဘြေႏၱာၾကက္သခိုးစတဲ့ စာအုပ္ေတြပဲျဖစ္ပါတယ္။

ရန္ကုန္ဘေဆြ

ရန္ကုန္ဘေဆြကေတာ့ စာေရးေကာင္းၿပီး ပြင့္လင္းစြာေရးသားတင္ျပတတ္တဲ့ စာေရးဆရာတစ္ဦးပါ။ သူရဲ႕ ထိမိတဲ့အေရးအသားေၾကာင့္လည္း ကာလတစ္ခုၾကာ ပိတ္ပင္ခံထားခဲ့ဖူးပါေသးတယ္။ ရန္ကုန္ဘေဆြရဲ႕ စာအုပ္ေကာင္းေတြထဲမွာ ျပန္ဖတ္သင့္တဲ့စာအုပ္ေတြကေတာ့ တိုက္ပြဲဟူသည္၊ ျမန္မာျပည္သား၊ ေသေသာ္မွတည့္ေၾသာ္ေကာင္း၏၊ နန္းဟာဗီးနဲ႔ ေဒသႏၱရ၀တၱဳတိုမ်ားပဲ ျဖစ္ပါတယ္ေနာ္။

ဒီစာေရးဆရာေတြကေတာ့ အၾကည္ေတာ္ ညႊန္းေပးတဲ့စာေရးဆရာေတြပဲျဖစ္ပါတယ္။ “စာအုပ္စာေပလူ႔မိတ္ေဆြ” ဆိုတဲ့စကားအတိုင္းပဲ ကၽြန္မတို႔တစ္ေတြအားလံုး Game ေလးေတြ၊ Social Media ေလးေတြ နည္းနည္းေလွ်ာ့ၿပီး စာဖတ္ၾကရေအာင္ေနာ္။

Photo Credit _ AKyiTaw and Book Collection Burma

Moethaesay (Akhayar)

www.akhayar.com

[Unicode]

အကြည်တော်ပြောတဲ့စာရေးဆရာတွေအကြောင်း

အခုနောက်ပိုင်း နည်းပညာတွေ တဟုန်ထိုး တိုးတက်လာတာနဲ့အမျှ လူငယ်တွေတော်တော်များများဟာ ခေတ်မီနည်းပညာသုံးပစ္စည်းတွေနဲ့ပဲ အချိန်ကုန်နေကြပြီး အရင်တုန်းကလို စာဖတ်တဲ့အလေ့အထတွေက တော်တော်လျော့နည်းသွားတာကို တွေ့ရပါတယ်။ ကျွန်မတို့ငယ်ငယ်တုန်းကတော့ စာမေးပွဲပြီးတာနဲ့ စာအုပ်အငှားဆိုင်ကို ပြေးဖို့ စိုင်းပြင်းနေသလိုပဲ အခုခေတ်ကလေးတွေကတော့ စာမေးပွဲပြီးတာနဲ့ Laptop နဲ့ ဖုန်းတွေကို အသုံးပြုဖို့ ပိုပြီးစိုင်းပြင်းနေကြပါပြီ။ ဘယ်လောက်ပဲ တိုးတက်ဖွံ့ ဖြိုးလာတယ်ပဲပြောပြော စာအုပ်တွေဆီကနေ ရသတွေ၊ သုတတွေ စုဆောင်းရဦးမှာပါပဲ။ အဲဒီ့အတွက်လည်း စာအုပ်စာပေနဲ့ ပတ်သက်ပြီး စာရေးဆရာအကြည်တော်က အခရာစာဖတ်ပရိသတ်တွေအတွက် မျှဝေပေးထားတာလေးတွေရှိပါတယ်။

“စာဖတ်တယ်ဆိုတာ ဦးနှောက်ကို အလုပ်ပေးတာလေ။ ရုပ်ရှင်ကြည့်တာကတော့ မျက်လုံးကို အလုပ်ပေးတာ။ ရုပ်ရှင်ကတော့ မျက်လုံးနဲ့ မြင်ပြီးမှ ဦးနှောက်နဲ့ ဆုံးဖြတ်တာပေါ့။ စာဖတ်ပြီဆိုရင်တော့ ဦးနှောက်ကို အလုပ်ပေးလို့ အတွေးထဲမှာ မြင်လာတာလေ။ ဦးနှောက်ကို အလုပ်ပေးနေတဲ့သူတစ်ယောက်က ဘာမှမသုံးထားတဲ့ဦးနှောက်ထက် အများကြီးပိုအသုံးကျတယ်။” _ အကြည်တော်

AKyiTaw (Writer)

AKyiTaw (Writer)

စာအုပ်ဆိုတာ ဖတ်လေလေစွဲလေလေပါပဲ။ အစလုပ်ပြီး မဖတ်ဘူးဆိုရင်တော့ စာဖတ်တဲ့အလေ့အကျင့်ရဖို့ မလွယ်ကူပါဘူး။ ဒါကြောင့် လူငယ်တွေ စာများများဖတ်နိုင်ဖို့အတွက်လည်း အကြည်တော်က အကြံပေးထားပါသေးတယ်။

အားတဲ့အချိန်တိုင်းကို အချိန်ပေးပြီး စာဖတ်သင့်တယ်တဲ့။ အထူးသဖြင့် အချိန်လေးရတုန်း ဖုန်းလေးပွတ်နေတာထက်စာရင် အချိန်လေးရတုန်း စာများများဖတ်ကြပါနော်။ ဒါ့အပြင် လူငယ်တွေအနေနဲ့ ဖတ်ဖူးရမယ့် စာရေးဆရာတွေလည်း ရှိနေပါတယ်။

စာရေးဆရာသင့်လူ

စာရေးဆရာသင့်လူရဲ့ စာအုပ်တွေကိုတော့ ဘာသာပြန်စာအုပ်ကောင်းတွေ ဖတ်ချင်တဲ့အခါမျိုးမှာ သင့်တော်တယ်လို့ အကြံပေးထားပါတယ်။ သူ့ရဲ့ လူကြိုက်များစာပေတွေကတော့ အိုဘယ့်အစိမ်းတို့မြေ၊ အတ္တလန်တစ်ရှာပုံတော်၊ လေလွင့်ကြောင်နဲ့ ကျားဖြူတို့ပဲ ဖြစ်ပါတယ်နော်။

စာရေးဆရာသော်တာဆွေ

အကြည်တော်က သူကိုယ်တိုင်လည်း သဘောကျပြီး ပရိသတ်တွေကိုလည်း ဖတ်စေချင်တဲ့စာရေးဆရာနောက်တစ်ဦးကတော့ သော်တာဆွေလို့ ပြောပါတယ်။ သူ့ရဲ့ လူကြိုက်များစာပေတွေကတော့ ပုဂံသူရဲကောင်းများ၊ လူ့ဘုံခန်းဝါ ဘဝသရုပ်ဖော်ဝတ္တုတိုများ၊ သတ္တဝါတို့၏သံသရာ၊ မှန်ကန်ခြင်းနဲ့ ရဲရင့်ခြင်းနဲ့ ဘွန္တောကြက်သခိုးစတဲ့ စာအုပ်တွေပဲဖြစ်ပါတယ်။

ရန်ကုန်ဘဆွေ

ရန်ကုန်ဘဆွေကတော့ စာရေးကောင်းပြီး ပွင့်လင်းစွာရေးသားတင်ပြတတ်တဲ့ စာရေးဆရာတစ်ဦးပါ။ သူရဲ့ ထိမိတဲ့အရေးအသားကြောင့်လည်း ကာလတစ်ခုကြာ ပိတ်ပင်ခံထားခဲ့ဖူးပါသေးတယ်။ ရန်ကုန်ဘဆွေရဲ့ စာအုပ်ကောင်းတွေထဲမှာ ပြန်ဖတ်သင့်တဲ့စာအုပ်တွေကတော့ တိုက်ပွဲဟူသည်၊ မြန်မာပြည်သား၊ သေသော်မှတည့်သြော်ကောင်း၏၊ နန်းဟာဗီးနဲ့ ဒေသန္တရဝတ္တုတိုများပဲ ဖြစ်ပါတယ်နော်။

ဒီစာရေးဆရာတွေကတော့ အကြည်တော် ညွှန်းပေးတဲ့စာရေးဆရာတွေပဲဖြစ်ပါတယ်။ “စာအုပ်စာပေလူ့မိတ်ဆွေ” ဆိုတဲ့စကားအတိုင်းပဲ ကျွန်မတို့တစ်တွေအားလုံး Game လေးတွေ၊ Social Media လေးတွေ နည်းနည်းလျှော့ပြီး စာဖတ်ကြရအောင်နော်။

Photo Credit _ AKyiTaw and Book Collection Burma

Moethaesay (Akhayar)

www.akhayar.com