[Zawgyi]

သေႏၶတားေဆးက ဘာေတြေကာင္းၿပီး ဘာေတြဆိုးတာလဲ

ကိုယ္၀န္မေဆာင္ခ်င္ေသးတဲ့ အိမ္ေထာင္သည္အမ်ိဳးသမီးေလးေတြဟာ သေႏၶတားနည္းလမ္းေပါင္းစံုကို အသံုးျပဳေလ့ရွိၾကပါတယ္။ အဲဒီ့အထဲကမွ ေတာ္ေတာ္မ်ားမ်ား အသံုးျပဳေလ့ရွိတဲ့နည္းလမ္းကေတာ့ သေႏၶတားေဆးျပားေတြ ေသာက္သံုးၾကတာပါပဲ။ ေဆးပံုစံႏွစ္မ်ိဳးရွိပါတယ္။ ေဘးထြက္အက်ိဳးအာနိသင္ေတြကေတာ့ ရွိၾကတာခ်ည္းပါပဲ။ ဒီေတာ့ သေႏၶတားေဆးေတြေသာက္မယ္ဆိုရင္ ဘယ္လိုေကာင္းက်ိဳးနဲ႔ ဘယ္လိုဆိုးက်ိဳးေတြရွိမလဲဆိုတာကို တစ္ခ်က္ေလာက္ေလ့လာၾကည့္လိုက္ၾကရေအာင္။

သေႏၶတားေဆးေတြက ၀က္ၿခံေတြကို ေပ်ာက္ကင္းႏုိင္စြမ္းရွိပါတယ္

သေႏၶတားေဆးေတြကို မိန္းမပ်ိဳေလးေတြမွာ ျဖစ္တတ္တဲ့ ၀က္ၿခံေရာဂါကုထံုးေတြထဲမွာ ထည့္သြင္းအသံုးျပဳၾကပါတယ္။ သေႏၶတားေဆးေသာက္ေနတဲ့ မိန္းကေလးေတြအတြက္ ေကာင္းက်ိဳးတစ္ခုကို ေျပာျပပါဆိုရင္ အရင္ကေလာက္ ၀က္ၿခံမထြက္ေတာ့ဘူး။ ထြက္ၿပီးသား ၀က္ၿခံေတြလည္း ေပ်ာက္ကင္းသက္သာသြားမွာပဲ ျဖစ္ပါတယ္။ ေဟာ္မုန္းအေနအထားကို ညီညြတ္မွ်တေအာင္ ထိန္းညွိေပးတဲ့အတြက္ေၾကာင့္ ျဖစ္ပါတယ္။

သေႏၶတားေဆးေတြက သားအိမ္ကင္ဆာေရာဂါကို ကာကြယ္ႏိုင္စြမ္းရွိပါတယ္

ေလ့လာေတြ႕ရွိခ်က္ေတြအရေတာ့ သေႏၶတားေဆးေတြဟာ သားဥေၾကြျခင္းေတြကို ပံုမွန္ထက္ နည္းပါးလာေစပါတယ္။ သားဥေၾကြတာနည္းတဲ့အမ်ိဳးသမီးေတြဟာ မ်ားတဲ့အမ်ိဳးသမီးေတြထက္ သားအိမ္ကင္ဆာေရာဂါ ျဖစ္ႏုိင္ေျခေလ်ာ့နည္းတဲ့ အတြက္ေၾကာင့္ သေႏၶတားေဆးကို ေသာက္သံုးေနတဲ့ မိန္းကေလးေတြဟာလည္း ဒီအတိုင္းပါပဲ။ သူဟာ သားအိမ္ကင္ဆာေရာဂါကို ကာကြယ္ေပးႏုိင္ပါတယ္။

သေႏၶတားေဆးေတြက ရာသီခ်ိန္ကို မွန္ကန္ေစပါတယ္

၀က္ၿခံကုထံုးလိုမ်ိဳးပါပဲ။ တခ်ိဳ႕ အပ်ိဳမိန္းကေလးေတြ ရာသီခ်ိန္မမွန္တာတို႔၊ ရက္ေရႊ႕ခ်င္တာတို႔စတဲ့ အခက္အခဲေတြကို ဆရာ၀န္ေတြက သေႏၶတားေဆးကို အသံုးျပဳၿပီး ျပဳျပင္ကုသေပးေလ့ရွိပါတယ္။ သေႏၶတားေဆးကို ေသာက္သံုးျခင္းကေန ေခတၱရပ္တန္႔လိုက္တဲ့ တစ္ပတ္၀န္းက်င္မွာပဲ ရာသီခ်ိန္ဟာ ပံုမွန္ေရာက္ရွိလာႏိုင္ၿပီး လတိုင္းလည္း ထိုနည္းတူပါပဲ။ ဒါေၾကာင့္ အမ်ိဳးသမီးေတြဟာ သေႏၶတားေဆးေသာက္ေနရင္ ကိုယ့္ရဲ႕ ရာသီစက္၀ိုင္းကို ပံုမွန္တြက္ခ်က္ႏုိင္ပါတယ္။

သေႏၶတားေဆးေတြက လိင္မွတစ္ဆင့္ကူးစက္တဲ့ေရာဂါေတြကို မကာကြယ္ေပးႏုိင္ပါဘူး

ဒါကေတာ့ ဂရုစိုက္ရပါလိမ့္မယ္။ ကြန္ဒံုးသံုးသလိုေတာ့ သေႏၶတားေဆးဟာ လိင္မွတစ္ဆင့္ ကူးစက္လာႏုိင္တဲ့ေရာဂါမ်ိဳးေတြကို မကာကြယ္ေပးႏုိင္ပါဘူး။ သူ႔ကို ေသာက္သံုးျခင္းဟာ ကိုယ္၀န္မရႏိုင္ေအာင္ခ်ည္းသက္သက္ပဲ တားဆီးေပးႏုိင္ပါတယ္။

သေႏၶတားေဆးေတြက ရုပ္ပိုင္းဆိုင္ရာနဲ႔ စိတ္ပိုင္းဆိုင္ရာက်န္းမာေရးတခ်ိဳ႕ကို ထိခိုက္ေစပါတယ္

သေႏၶတားေဆးေတြ ေသာက္သံုးတဲ့ မိန္းကေလးအမ်ားစုဟာ ေခါင္းတာရွည္ကိုက္တာမ်ိဳးေတြ၊ စိတ္အတက္အက်ျမန္တာမ်ိဳးေတြနဲ႔ ရင္သားတင္းမာနာက်င္လာတာမ်ိဳးေတြ ျဖစ္တတ္ပါတယ္။ ဒါဟာ သူ႔ရဲ႕ ေဘးထြက္ဆိုးက်ိဳးထဲမွာ အခံစားရဆံုး ေဘးထြက္ဆိုးက်ိဳးတစ္ခုလို႔လည္း ေျပာလို႔ရပါတယ္။ ႏွစ္မ်ားစြာ စြဲေသာက္ရင္ေတာ့ ေသြးတိုး၊ ႏွလံုးနဲ႔ ေသြးေၾကာက်ဥ္းေရာဂါေတြပါ စြဲကပ္လာႏုိင္ပါေသးတယ္။

ဒါေတြကေတာ့ သေႏၶတားေဆးေသာက္သံုးေနတဲ့ မိန္းကေလးေတြ မသိမျဖစ္ သိကိုသိရမယ့္ ေကာင္းက်ိဳးနဲ႔ ဆိုးက်ိဳးေတြပဲ ျဖစ္ပါတယ္။ အေကာင္းဆံုးကေတာ့ သေႏၶတားတဲ့နည္းလမ္းေတြ တစ္ခုခုကို အသံုးျပဳေတာ့မယ္ဆိုရင္ ဆရာ၀န္နဲ႔ ေသခ်ာတိုင္ပင္ေဆြးေႏြးၿပီးမွ ေသာက္သံုးသင့္ပါတယ္။ လက္လြတ္စပယ္လုပ္ဖို႔ေတာ့ မသင့္ပါဘူးေနာ္။ မ်ိဳးဆက္ျပန္႔ပြားေရးနဲ႔ မိန္းကေလးေတြရဲ႕ က်န္းမာေရးဟာ အေရးအႀကီးဆံုးက႑တစ္ခုျဖစ္လို႔ပါ။

Moethaesay (Akhayar)

www.akhayar.com

[Unicode]

သန္ဓေတားဆေးက ဘာတွေကောင်းပြီး ဘာတွေဆိုးတာလဲ

ကိုယ်ဝန်မဆောင်ချင်သေးတဲ့ အိမ်ထောင်သည်အမျိုးသမီးလေးတွေဟာ သန္ဓေတားနည်းလမ်းပေါင်းစုံကို အသုံးပြုလေ့ရှိကြပါတယ်။ အဲဒီ့အထဲကမှ တော်တော်များများ အသုံးပြုလေ့ရှိတဲ့နည်းလမ်းကတော့ သန္ဓေတားဆေးပြားတွေ သောက်သုံးကြတာပါပဲ။ ဆေးပုံစံနှစ်မျိုးရှိပါတယ်။ ဘေးထွက်အကျိုးအာနိသင်တွေကတော့ ရှိကြတာချည်းပါပဲ။ ဒီတော့ သန္ဓေတားဆေးတွေသောက်မယ်ဆိုရင် ဘယ်လိုကောင်းကျိုးနဲ့ ဘယ်လိုဆိုးကျိုးတွေရှိမလဲဆိုတာကို တစ်ချက်လောက်လေ့လာကြည့်လိုက်ကြရအောင်။

သန္ဓေတားဆေးတွေက ဝက်ခြံတွေကို ပျောက်ကင်းနိုင်စွမ်းရှိပါတယ်

သန္ဓေတားဆေးတွေကို မိန်းမပျိုလေးတွေမှာ ဖြစ်တတ်တဲ့ ဝက်ခြံရောဂါကုထုံးတွေထဲမှာ ထည့်သွင်းအသုံးပြုကြပါတယ်။ သန္ဓေတားဆေးသောက်နေတဲ့ မိန်းကလေးတွေအတွက် ကောင်းကျိုးတစ်ခုကို ပြောပြပါဆိုရင် အရင်ကလောက် ဝက်ခြံမထွက်တော့ဘူး။ ထွက်ပြီးသား ဝက်ခြံတွေလည်း ပျောက်ကင်းသက်သာသွားမှာပဲ ဖြစ်ပါတယ်။ ဟော်မုန်းအနေအထားကို ညီညွတ်မျှတအောင် ထိန်းညှိပေးတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

သန္ဓေတားဆေးတွေက သားအိမ်ကင်ဆာရောဂါကို ကာကွယ်နိုင်စွမ်းရှိပါတယ်

လေ့လာတွေ့ရှိချက်တွေအရတော့ သန္ဓေတားဆေးတွေဟာ သားဥကြွေခြင်းတွေကို ပုံမှန်ထက် နည်းပါးလာစေပါတယ်။ သားဥကြွေတာနည်းတဲ့အမျိုးသမီးတွေဟာ များတဲ့အမျိုးသမီးတွေထက် သားအိမ်ကင်ဆာရောဂါ ဖြစ်နိုင်ခြေလျော့နည်းတဲ့ အတွက်ကြောင့် သန္ဓေတားဆေးကို သောက်သုံးနေတဲ့ မိန်းကလေးတွေဟာလည်း ဒီအတိုင်းပါပဲ။ သူဟာ သားအိမ်ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။

သန္ဓေတားဆေးတွေက ရာသီချိန်ကို မှန်ကန်စေပါတယ်

ဝက်ခြံကုထုံးလိုမျိုးပါပဲ။ တချို့ အပျိုမိန်းကလေးတွေ ရာသီချိန်မမှန်တာတို့၊ ရက်ရွှေ့ချင်တာတို့စတဲ့ အခက်အခဲတွေကို ဆရာဝန်တွေက သန္ဓေတားဆေးကို အသုံးပြုပြီး ပြုပြင်ကုသပေးလေ့ရှိပါတယ်။ သန္ဓေတားဆေးကို သောက်သုံးခြင်းကနေ ခေတ္တရပ်တန့်လိုက်တဲ့ တစ်ပတ်ဝန်းကျင်မှာပဲ ရာသီချိန်ဟာ ပုံမှန်ရောက်ရှိလာနိုင်ပြီး လတိုင်းလည်း ထိုနည်းတူပါပဲ။ ဒါကြောင့် အမျိုးသမီးတွေဟာ သန္ဓေတားဆေးသောက်နေရင် ကိုယ့်ရဲ့ ရာသီစက်ဝိုင်းကို ပုံမှန်တွက်ချက်နိုင်ပါတယ်။

သန္ဓေတားဆေးတွေက လိင်မှတစ်ဆင့်ကူးစက်တဲ့ရောဂါတွေကို မကာကွယ်ပေးနိုင်ပါဘူး

ဒါကတော့ ဂရုစိုက်ရပါလိမ့်မယ်။ ကွန်ဒုံးသုံးသလိုတော့ သန္ဓေတားဆေးဟာ လိင်မှတစ်ဆင့် ကူးစက်လာနိုင်တဲ့ရောဂါမျိုးတွေကို မကာကွယ်ပေးနိုင်ပါဘူး။ သူ့ကို သောက်သုံးခြင်းဟာ ကိုယ်ဝန်မရနိုင်အောင်ချည်းသက်သက်ပဲ တားဆီးပေးနိုင်ပါတယ်။

သန္ဓေတားဆေးတွေက ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးတချို့ကို ထိခိုက်စေပါတယ်

သန္ဓေတားဆေးတွေ သောက်သုံးတဲ့ မိန်းကလေးအများစုဟာ ခေါင်းတာရှည်ကိုက်တာမျိုးတွေ၊ စိတ်အတက်အကျမြန်တာမျိုးတွေနဲ့ ရင်သားတင်းမာနာကျင်လာတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါဟာ သူ့ရဲ့ ဘေးထွက်ဆိုးကျိုးထဲမှာ အခံစားရဆုံး ဘေးထွက်ဆိုးကျိုးတစ်ခုလို့လည်း ပြောလို့ရပါတယ်။ နှစ်များစွာ စွဲသောက်ရင်တော့ သွေးတိုး၊ နှလုံးနဲ့ သွေးကြောကျဉ်းရောဂါတွေပါ စွဲကပ်လာနိုင်ပါသေးတယ်။

ဒါတွေကတော့ သန္ဓေတားဆေးသောက်သုံးနေတဲ့ မိန်းကလေးတွေ မသိမဖြစ် သိကိုသိရမယ့် ကောင်းကျိုးနဲ့ ဆိုးကျိုးတွေပဲ ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ သန္ဓေတားတဲ့နည်းလမ်းတွေ တစ်ခုခုကို အသုံးပြုတော့မယ်ဆိုရင် ဆရာဝန်နဲ့ သေချာတိုင်ပင်ဆွေးနွေးပြီးမှ သောက်သုံးသင့်ပါတယ်။ လက်လွတ်စပယ်လုပ်ဖို့တော့ မသင့်ပါဘူးနော်။ မျိုးဆက်ပြန့်ပွားရေးနဲ့ မိန်းကလေးတွေရဲ့ ကျန်းမာရေးဟာ အရေးအကြီးဆုံးကဏ္ဍတစ်ခုဖြစ်လို့ပါ။

Moethaesay (Akhayar)

www.akhayar.com