[Zawgyi]

အခ်စ္ေရးကံေကာင္းသူတို႔ရဲ႕ အားသာခ်က္မ်ား

လူ႔ဘဝခရီးလမ္းမွာ အခ်စ္ေရးကလည္း တစ္စိတ္တစ္ပိုင္း ပါဝင္ေနပါတယ္။ အရာရာျပည့္စံုေနၿပီး အခ်စ္ေရး စိတ္ခံစားခ်က္မဲ့ေနရင္ေတာ့ ၿပီးျပည့္စံုတဲ့ဘဝကို ပိုင္ဆိုင္ထားသူလို႔ မဆိုႏုိင္ပါဘူး။ ဒါေပမယ့္ ဒီအခ်စ္ေရးက ကိုယ့္ကိုေပ်ာ္ရႊင္ေအာင္လည္း လုပ္ေပးႏိုင္သလုိ၊ ပူေလာင္မႈေတြလည္း ေပးတတ္တဲ့အရာမို႔လို႔ အခ်စ္ေရးတစ္ခုတည္းကိုပဲ ဦးစားေပးေနလို႔လည္း မရပါဘူး။ ဒါေပမယ့္ အခ်စ္ေရးကံေကာင္းသူေတြက တျခားသူေတြထက္ ဘယ္လိုအားသာခ်က္ေတြ ရွိေနလဲဆိုတာ သိရင္ေတာ့ ေပ်ာ္ရႊင္ဖြယ္အခ်စ္ေရးကို ဖန္တီးခ်င္စိတ္ ရွိလာလိမ့္မယ္လို႔ ထင္ပါတယ္။

(၁) လူကိုေျပာင္းလဲသြားေစတယ္

အခ်စ္က လူတစ္ေယာက္ကို ေျပာင္းလဲသြားေစႏုိင္ပါတယ္တဲ့။ အခ်စ္နဲ႔ထိေတြ႔လိုက္တာနဲ႔ စိတ္ပ်ိဳကိုယ္ႏုျဖစ္ၿပီး စဥ္းစားေတြးေခၚပံုေတြကအစ ေျပာင္းလဲလာတတ္ပါတယ္။

(၂) အလုပ္မွာပိုအဆင္ေျပတယ္

အခ်စ္ေရးကံေကာင္းေနသူတစ္ေယာက္ဟာ စိတ္ညစ္ခ်ိန္၊ စိတ္ဓာတ္က်ခ်ိန္မွာ အားေပးတတ္တဲ့ အေဖာ္မြန္ေကာင္း တစ္ေယာက္ရွိေနတဲ့အတြက္ လုပ္ငန္းပိုင္းဆုိင္ရာ ျပႆနာမ်ားကို စိတ္ဓာတ္မက်ဘဲ လြယ္လြယ္ကူကူ ေျဖရွင္းႏုိင္ၾကတယ္လို႔ ဆိုထားပါတယ္။

(၃) ရည္မွန္းခ်က္ေတြထားရွိတတ္လာတယ္

ကိုယ့္ရဲ႕လက္တြဲေဖာ္နဲ႔ ပတ္သတ္ၿပီး ဘဝရည္မွန္းခ်က္ေတြ ထားရွိတတ္လာပါတယ္။ အခ်စ္ေရးကံေကာင္းတဲ့သူေတြကေတာ့ ကိုယ္ရဲ႕လက္တြဲေဖာ္နဲ႔အတူ ေရွ႕ဆက္ရမယ့္ဘဝ လွပဖို႔အတြက္ ရည္မွန္းခ်က္ေတြ ထားရွိလာၾကတာပါ။

(၄) အေကာင္းျမင္တတ္လာတယ္

အေကာင္းျမင္တတ္တဲ့သူ အမ်ားစုက အခ်စ္ေရးမွာ ကံေကာင္းၾကတယ္လို႔ စိတ္ပညာရွင္မ်ားက ဆိုထားပါတယ္။ ေပ်ာ္ရႊင္ဖြယ္ေကာင္းတဲ့ အခ်စ္ေရးေၾကာင့္ အရာရာကို အေကာင္းျမင္ေနတတ္သလုိ၊ အေကာင္းျမင္စိတ္ေၾကာင့္လည္း အခ်စ္ခရီးလမ္းေၾကာင္း သာယာေျဖာင့္ျဖဴးေစပါတယ္။

(၅) ေန႔ရက္တုိင္း ေပ်ာ္ရႊင္တက္ၾကြေစတယ္

ကိုယ့္ရဲ႕ႏုိးထလာတဲ့ မနက္ခင္းတိုင္းကို ခ်စ္ရသူနဲ႔ အခ်စ္ေတြဖလွယ္ၿပီး ႏုိးထရတာဟာ တကယ့္ကို ၾကည္ႏူးစရာေကာင္းလွပါတယ္။ တစ္ေန႔တာအစျပဳတဲ့ မနက္ခင္းမွာ စိတ္ၾကည္လင္လန္းဆန္းၿပီး ခ်စ္ျခင္းေမတၱာေတြ ျပည့္ႏွက္ေနမွ ေန႔ရက္တုိင္း ေပ်ာ္ရႊင္တက္ၾကြေနမွာပါ။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

အချစ်ရေးကံကောင်းသူတို့ရဲ့ အားသာချက်များ

လူ့ဘဝခရီးလမ်းမှာ အချစ်ရေးကလည်း တစ်စိတ်တစ်ပိုင်း ပါဝင်နေပါတယ်။ အရာရာပြည့်စုံနေပြီး အချစ်ရေး စိတ်ခံစားချက်မဲ့နေရင်တော့ ပြီးပြည့်စုံတဲ့ဘဝကို ပိုင်ဆိုင်ထားသူလို့ မဆိုနိုင်ပါဘူး။ ဒါပေမယ့် ဒီအချစ်ရေးက ကိုယ့်ကိုပျော်ရွှင်အောင်လည်း လုပ်ပေးနိုင်သလို၊ ပူလောင်မှုတွေလည်း ပေးတတ်တဲ့အရာမို့လို့ အချစ်ရေးတစ်ခုတည်းကိုပဲ ဦးစားပေးနေလို့လည်း မရပါဘူး။ ဒါပေမယ့် အချစ်ရေးကံကောင်းသူတွေက တခြားသူတွေထက် ဘယ်လိုအားသာချက်တွေ ရှိနေလဲဆိုတာ သိရင်တော့ ပျော်ရွှင်ဖွယ်အချစ်ရေးကို ဖန်တီးချင်စိတ် ရှိလာလိမ့်မယ်လို့ ထင်ပါတယ်။

(၁) လူကိုပြောင်းလဲသွားစေတယ်

အချစ်က လူတစ်ယောက်ကို ပြောင်းလဲသွားစေနိုင်ပါတယ်တဲ့။ အချစ်နဲ့ထိတွေ့လိုက်တာနဲ့ စိတ်ပျိုကိုယ်နုဖြစ်ပြီး စဉ်းစားတွေးခေါ်ပုံတွေကအစ ပြောင်းလဲလာတတ်ပါတယ်။

(၂) အလုပ်မှာပိုအဆင်ပြေတယ်

အချစ်ရေးကံကောင်းနေသူတစ်ယောက်ဟာ စိတ်ညစ်ချိန်၊ စိတ်ဓာတ်ကျချိန်မှာ အားပေးတတ်တဲ့ အဖော်မွန်ကောင်း တစ်ယောက်ရှိနေတဲ့အတွက် လုပ်ငန်းပိုင်းဆိုင်ရာ ပြဿနာများကို စိတ်ဓာတ်မကျဘဲ လွယ်လွယ်ကူကူ ဖြေရှင်းနိုင်ကြတယ်လို့ ဆိုထားပါတယ်။

(၃) ရည်မှန်းချက်တွေထားရှိတတ်လာတယ်

ကိုယ့်ရဲ့လက်တွဲဖော်နဲ့ ပတ်သတ်ပြီး ဘဝရည်မှန်းချက်တွေ ထားရှိတတ်လာပါတယ်။ အချစ်ရေးကံကောင်းတဲ့သူတွေကတော့ ကိုယ်ရဲ့လက်တွဲဖော်နဲ့အတူ ရှေ့ဆက်ရမယ့်ဘဝ လှပဖို့အတွက် ရည်မှန်းချက်တွေ ထားရှိလာကြတာပါ။

(၄) အကောင်းမြင်တတ်လာတယ်

အကောင်းမြင်တတ်တဲ့သူ အများစုက အချစ်ရေးမှာ ကံကောင်းကြတယ်လို့ စိတ်ပညာရှင်များက ဆိုထားပါတယ်။ ပျော်ရွှင်ဖွယ်ကောင်းတဲ့ အချစ်ရေးကြောင့် အရာရာကို အကောင်းမြင်နေတတ်သလို၊ အကောင်းမြင်စိတ်ကြောင့်လည်း အချစ်ခရီးလမ်းကြောင်း သာယာဖြောင့်ဖြူးစေပါတယ်။

(၅) နေ့ရက်တိုင်း ပျော်ရွှင်တက်ကြွစေတယ်

ကိုယ့်ရဲ့နိုးထလာတဲ့ မနက်ခင်းတိုင်းကို ချစ်ရသူနဲ့ အချစ်တွေဖလှယ်ပြီး နိုးထရတာဟာ တကယ့်ကို ကြည်နူးစရာကောင်းလှပါတယ်။ တစ်နေ့တာအစပြုတဲ့ မနက်ခင်းမှာ စိတ်ကြည်လင်လန်းဆန်းပြီး ချစ်ခြင်းမေတ္တာတွေ ပြည့်နှက်နေမှ နေ့ရက်တိုင်း ပျော်ရွှင်တက်ကြွနေမှာပါ။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။