[Zawgyi]

“Introvert” ေတြေျပာျပတဲ့ သူတို႔ရဲ႕ TGIF အေၾကာင္း

“Introvert” လို႔ ေခၚတြင္တဲ့ တစ္ကိုယ္ရည္တစ္ကာယ ၿငိမ္ၿငိမ္ေလးေနတတ္တဲ့သူေတြအတြက္ကေတာ့ TGIF ဆိုတာ ပ်င္းစရာႀကီးလို တျခားလူေတြ ေတြးထင္ေကာင္းေတြးေနပါလိမ့္မယ္။ လူေအးႀကီးေတြလို႔ အမ်ားေခၚၾကတဲ့ ကၽြန္မတို႔ “Introvert” ေတြဟာ မ်ားေသာအားျဖင့္ အေပ်ာ္အပါးနဲ႔ လူထုလူေ၀းကို မခံုမင္တဲ့အတြက္ TGIF ဆိုတဲ့ ေသာၾကာေန႔ႀကီးကို ဘယ္လိုမ်ားေက်ာ္ျဖတ္ၾကပါလိမ့္လို႔လည္း စဥ္းစားေကာင္း စဥ္းစားမိတာမ်ိဳးရွိပါလိမ့္မယ္။ ဒါေပမယ့္ ကၽြန္မကိုယ္တိုင္ကလည္း “Introvert” တစ္ဦးျဖစ္တဲ့အတြက္ေၾကာင့္မို႔လို႔ သူမ်ားေတြနဲ႔မတူဘဲ ေပ်ာ္စရာတစ္မ်ိဳးေကာင္းတဲ့ “Introvert” ေတြရဲ႕ TGIF ေလးအေၾကာင္းေျပာျပခ်င္ပါတယ္။

စာအုပ္ေတြ စိတ္ႀကိဳက္ဖတ္မယ္

စာအုပ္ႀကိဳက္တဲ့ “Introvert” ေတြအတြက္ကေတာ့ ေသာၾကာေန႔ဆိုတာဟာ ေစာင့္ရတာ ၾကာလြန္းတဲ့ေန႔တစ္ေန႔ပဲ ျဖစ္ပါတယ္။ ရံုးတက္ရက္ေတြမွာ အိပ္ရာေစာေစာထရမွာမို႔လို႔ ညဘက္ေစာေစာအိပ္ရာ၀င္ၾကရလို႔ မၿပီးပ်က္လိုက္တဲ့ စာအုပ္ေတြကို အျမစ္ဖ်က္တိုက္ပြဲ၀င္ၿပီး ဖတ္ရမယ့္ေန႔ေလးမို႔လို႔ပါပဲ။ အိမ္ကို ခပ္ေစာေစာေရာက္ေအာင္ျပန္ၿပီး ေကာ္ဖီေလးတစ္ခြက္ ဇိမ္ခံေသာက္ရင္း စာအုပ္ဖတ္ရတဲ့ ခံစားခ်က္ကလည္း ဘုရားသခင္ကို ေက်းဇူးတင္ရျခင္းတစ္မ်ိဳးပါပဲ။

ရုပ္ရွင္ေတြ တမုန္းၾကည့္မယ္

စာအုပ္ေတြဖတ္လာတာ ရက္မ်ားေနၿပီဆိုရင္လည္း တစ္ပတ္လံုး ေစာင့္ၾကည့္ၿပီး ေဒါင္းထားသမွ် ေကာင္းေပ့ညႊန္းေပ့ဆိုတဲ့ ရုပ္ရွင္ေတြကို ခ်စ္ရတဲ့သူနဲ႔ အတူတူအိမ္မွာၾကည့္ရတာနဲ႔တင္ “Introvert” ျဖစ္ရက်ိဳးနပ္ေနပါၿပီ။ တစ္ခါတေလ Night Out ထြက္တဲ့လူေတြလိုမ်ိဳးပဲ မနက္ (၃) နာရီ၊ (၄) နာရီထိုးတဲ့အထိ အခန္းအေမွာင္ထဲမွာ တစ္ကားၿပီးတစ္ကားၾကည့္ၿပီး မနက္ေ၀လီေ၀လင္းမွ အိပ္တတ္တဲ့သူမ်ိဳးေတြပါပဲ။ မနက္မႏိုးတာခ်င္းလည္း တျခားလူေတြနဲ႔ အတူတူပါပဲ။ ဘာမွမထူးဆန္းပါဘူးေနာ္။

ေအးေဆးေသာက္ၿပီး အနားယူမယ္

တစ္ခါတေလ စိတ္ပင္ပန္းလာတဲ့ ေသာၾကာေန႔မ်ိဳးၾကျပန္ေတာ့လည္း ေအးေအးေဆးေဆးနဲ႔ လြတ္လြတ္လပ္လပ္ရွိတဲ့ စားေသာက္ဆိုင္တစ္ခုခုမွာ အရက္ေလးေသာက္ရင္း၊ အစားေလးစားရင္း ခ်စ္ရခင္ရတဲ့သူေတြနဲ႔ အာလူးဖုတ္ေနတတ္ျပန္ေရာ။ “Introvert” ဆိုလို႔ အိမ္ထဲမွာပဲ ကုတ္ေနတယ္လို႔ မထင္ပါနဲ႔။ ၀ုန္းဒိုင္းႀကဲအစီအစဥ္ေတြမွာ မပါ၀င္ေပမယ့္ ေအးေအးလူလူေသာက္ရင္း အနားယူစကားေျပာရင္း TGIF ေလးကို ျဖတ္သန္းတတ္ပါေသးတယ္။

အႏုပညာပြဲေတြမွာ၀င္ပါမယ္

စိတ္၀င္စားဖို႔ေကာင္းတဲ့အႏုပညာပြဲေလးေတြရွိေနတဲ့ ေသာၾကာေန႔ဆိုရင္လည္း Artistic ဆန္တဲ့ အႏုပညာညေလးတစ္ညကို သြားၿပီးျဖတ္သန္းတတ္ပါေသးတယ္။ ၀ိုင္ေလးေသာက္ရင္း ပန္းခ်ီေလးဆြဲမလား။ ရုပ္ရွင္ဇာတ္ကားတိုျပပြဲသြားၾကည့္မလား။ Orchestra Night မွာ သြား Join မလား။ ဒီလို ေအးခ်မ္းတဲ့ အႏုပညာေတြကိုခံစားရင္းလည္း ေနတတ္ၾကပါေသးတယ္။

ဖုန္းေလးတစ္လံုးနဲ႔ ၿငိမ့္မယ္

ပ်င္းလြန္းလို႔ ဘာမွလုပ္စရာမရွိတဲ့ ေသာၾကာေန႔ေတြဆိုရင္လည္း “Introvert” ေတြအဖို႔ ျဖတ္သန္းဖို႔ မခက္ခဲပါဘူး။ ဖုန္းေလးတစ္လံုးနဲ႔ Facebook ေလးပြတ္လိုက္၊ Instagram ေလးၾကည့္လိုက္နဲ႔ ဟို၀င္ၾကည့္၊ ဒီ၀င္ၾကည့္ရင္း တစ္ညတာကို ကုန္ဆံုးေစတတ္ပါေသးတယ္။

ဒါေတြကို ပ်င္းစရာေကာင္းတယ္လို႔ အမ်ားက သတ္မွတ္ရင္ေတာ့လည္း ခံရမွာပဲေပါ့ေနာ္။ “Introvert” ေတြကိုယ္တိုင္က သူမ်ားေတြနဲ႔မွ မတူတာေလ။ ဘယ္သူေတြဘာပဲေျပာေျပာ ေသာၾကာေန႔ေရာက္တိုင္း “Introvert” ေတြဟာ ကိုယ္ႀကိဳက္တာေလးေတြကိုယ္လုပ္ရင္း တၿပံဳးၿပံဳးျဖစ္ေနတာပါေနာ္။

Moethaesay (Akhayar)

www.akhayar.com

[Unicode]

“Introvert” တွေပြောပြတဲ့ သူတို့ရဲ့ TGIF အကြောင်း

“Introvert” လို့ ခေါ်တွင်တဲ့ တစ်ကိုယ်ရည်တစ်ကာယ ငြိမ်ငြိမ်လေးနေတတ်တဲ့သူတွေအတွက်ကတော့ TGIF ဆိုတာ ပျင်းစရာကြီးလို တခြားလူတွေ တွေးထင်ကောင်းတွေးနေပါလိမ့်မယ်။ လူအေးကြီးတွေလို့ အများခေါ်ကြတဲ့ ကျွန်မတို့ “Introvert” တွေဟာ များသောအားဖြင့် အပျော်အပါးနဲ့ လူထုလူဝေးကို မခုံမင်တဲ့အတွက် TGIF ဆိုတဲ့ သောကြာနေ့ကြီးကို ဘယ်လိုများကျော်ဖြတ်ကြပါလိမ့်လို့လည်း စဉ်းစားကောင်း စဉ်းစားမိတာမျိုးရှိပါလိမ့်မယ်။ ဒါပေမယ့် ကျွန်မကိုယ်တိုင်ကလည်း “Introvert” တစ်ဦးဖြစ်တဲ့အတွက်ကြောင့်မို့လို့ သူများတွေနဲ့မတူဘဲ ပျော်စရာတစ်မျိုးကောင်းတဲ့ “Introvert” တွေရဲ့ TGIF လေးအကြောင်းပြောပြချင်ပါတယ်။

စာအုပ်တွေ စိတ်ကြိုက်ဖတ်မယ်

စာအုပ်ကြိုက်တဲ့ “Introvert” တွေအတွက်ကတော့ သောကြာနေ့ဆိုတာဟာ စောင့်ရတာ ကြာလွန်းတဲ့နေ့တစ်နေ့ပဲ ဖြစ်ပါတယ်။ ရုံးတက်ရက်တွေမှာ အိပ်ရာစောစောထရမှာမို့လို့ ညဘက်စောစောအိပ်ရာဝင်ကြရလို့ မပြီးပျက်လိုက်တဲ့ စာအုပ်တွေကို အမြစ်ဖျက်တိုက်ပွဲဝင်ပြီး ဖတ်ရမယ့်နေ့လေးမို့လို့ပါပဲ။ အိမ်ကို ခပ်စောစောရောက်အောင်ပြန်ပြီး ကော်ဖီလေးတစ်ခွက် ဇိမ်ခံသောက်ရင်း စာအုပ်ဖတ်ရတဲ့ ခံစားချက်ကလည်း ဘုရားသခင်ကို ကျေးဇူးတင်ရခြင်းတစ်မျိုးပါပဲ။

ရုပ်ရှင်တွေ တမုန်းကြည့်မယ်

စာအုပ်တွေဖတ်လာတာ ရက်များနေပြီဆိုရင်လည်း တစ်ပတ်လုံး စောင့်ကြည့်ပြီး ဒေါင်းထားသမျှ ကောင်းပေ့ညွှန်းပေ့ဆိုတဲ့ ရုပ်ရှင်တွေကို ချစ်ရတဲ့သူနဲ့ အတူတူအိမ်မှာကြည့်ရတာနဲ့တင် “Introvert” ဖြစ်ရကျိုးနပ်နေပါပြီ။ တစ်ခါတလေ Night Out ထွက်တဲ့လူတွေလိုမျိုးပဲ မနက် (၃) နာရီ၊ (၄) နာရီထိုးတဲ့အထိ အခန်းအမှောင်ထဲမှာ တစ်ကားပြီးတစ်ကားကြည့်ပြီး မနက်ဝေလီဝေလင်းမှ အိပ်တတ်တဲ့သူမျိုးတွေပါပဲ။ မနက်မနိုးတာချင်းလည်း တခြားလူတွေနဲ့ အတူတူပါပဲ။ ဘာမှမထူးဆန်းပါဘူးနော်။

အေးဆေးသောက်ပြီး အနားယူမယ်

တစ်ခါတလေ စိတ်ပင်ပန်းလာတဲ့ သောကြာနေ့မျိုးကြပြန်တော့လည်း အေးအေးဆေးဆေးနဲ့ လွတ်လွတ်လပ်လပ်ရှိတဲ့ စားသောက်ဆိုင်တစ်ခုခုမှာ အရက်လေးသောက်ရင်း၊ အစားလေးစားရင်း ချစ်ရခင်ရတဲ့သူတွေနဲ့ အာလူးဖုတ်နေတတ်ပြန်ရော။ “Introvert” ဆိုလို့ အိမ်ထဲမှာပဲ ကုတ်နေတယ်လို့ မထင်ပါနဲ့။ ဝုန်းဒိုင်းကြဲအစီအစဉ်တွေမှာ မပါဝင်ပေမယ့် အေးအေးလူလူသောက်ရင်း အနားယူစကားပြောရင်း TGIF လေးကို ဖြတ်သန်းတတ်ပါသေးတယ်။

အနုပညာပွဲတွေမှာဝင်ပါမယ်

စိတ်ဝင်စားဖို့ကောင်းတဲ့အနုပညာပွဲလေးတွေရှိနေတဲ့ သောကြာနေ့ဆိုရင်လည်း Artistic ဆန်တဲ့ အနုပညာညလေးတစ်ညကို သွားပြီးဖြတ်သန်းတတ်ပါသေးတယ်။ ဝိုင်လေးသောက်ရင်း ပန်းချီလေးဆွဲမလား။ ရုပ်ရှင်ဇာတ်ကားတိုပြပွဲသွားကြည့်မလား။ Orchestra Night မှာ သွား Join မလား။ ဒီလို အေးချမ်းတဲ့ အနုပညာတွေကိုခံစားရင်းလည်း နေတတ်ကြပါသေးတယ်။

ဖုန်းလေးတစ်လုံးနဲ့ ငြိမ့်မယ်

ပျင်းလွန်းလို့ ဘာမှလုပ်စရာမရှိတဲ့ သောကြာနေ့တွေဆိုရင်လည်း “Introvert” တွေအဖို့ ဖြတ်သန်းဖို့ မခက်ခဲပါဘူး။ ဖုန်းလေးတစ်လုံးနဲ့ Facebook လေးပွတ်လိုက်၊ Instagram လေးကြည့်လိုက်နဲ့ ဟိုဝင်ကြည့်၊ ဒီဝင်ကြည့်ရင်း တစ်ညတာကို ကုန်ဆုံးစေတတ်ပါသေးတယ်။

ဒါတွေကို ပျင်းစရာကောင်းတယ်လို့ အများက သတ်မှတ်ရင်တော့လည်း ခံရမှာပဲပေါ့နော်။ “Introvert” တွေကိုယ်တိုင်က သူများတွေနဲ့မှ မတူတာလေ။ ဘယ်သူတွေဘာပဲပြောပြော သောကြာနေ့ရောက်တိုင်း “Introvert” တွေဟာ ကိုယ်ကြိုက်တာလေးတွေကိုယ်လုပ်ရင်း တပြုံးပြုံးဖြစ်နေတာပါနော်။

Moethaesay (Akhayar)

www.akhayar.com