[Zawgyi]

ဒါရုိက္တာ Steven Spielberg ရိုက္ကူးထားသမွ် အေကာင္းဆံုးဇာတ္ကား (၉) ကား

ရုပ္ရွင္ေလးမ်ား ၾကည့္လို႔ ရုပ္ရွင္ပါးဝလာျပီဆိုရင္ မင္းသား မင္းသမီးေရြးရံုတင္မဟုတ္ဘဲ ဒါရိုက္တာကိုပါ ေရြးခ်ယ္လာၾကပါျပီ။ ဒါရို္က္တာ Steven Spielberg ဆိုရင္ေတာ့ ဒီဇာတ္ကားဟာ ရုပ္ရွင္ဇာတ္ကားၾကီးတစ္ကား၊ ၾကည့္ရမယ့္ ဇာတ္ကားလို႔ စိတ္ထဲ ခ်က္ခ်င္းၾကည့္ခ်င္သြားတာမ်ိဳး ျဖစ္ပါတယ္။ Steven Spielberg ရဲ႕ အရည္အခ်င္းဟာ ရုပ္ရွွင္ဇာတ္ကားတစ္ကားကို စိတ္ခံစားခ်က္ေရာ၊ ၾကီးက်ယ္ခမ္းနားမႈေရာ ခံစားရေအာင္ ရုိက္တတ္သူျဖစ္ပါတယ္။ ဒါေၾကာင့္ သူရုိက္သမွ် ဇာတ္ကားေတြထဲက အေကာင္းဆံုး ဇာတ္ကား(၁၀) ကားကို ညႊန္းဆိုေဝမွ်လိုက္ပါတယ္။

၉) Minority Report (2002)

Minority Report

Minority Report

နာမည္ေက်ာ္မင္းသား Tom Cruise ပါဝင္ထားတဲ့ ဒီ Sci-fi ဇာတ္ကားဟာ အေကာင္းဆံုးသရုပ္ေဆာင္ခ်က္ေတြနဲ႔ ၂၀၀၂ ခုႏွစ္ရဲ႕အေကာင္းဆံုးဇာတ္ကားေတြထဲက တစ္ခုလို႔ ေျပာနုိင္ပါတယ္။

၈) A.I Artificial Intelligence (2001)

AI

AI

ဒီဇာတ္ကားကေတာ့ Spielberg ရဲ႕ ရုပ္ရွင္သက္တမ္းတေလွ်ာက္ စိန္ေခၚမႈအရွိဆံုးဇာတ္ကားေတြထဲက တစ္ကားျဖစ္ပါတယ္။ သူဟာ သူ႔သူငယ္ခ်င္း ဒါရို္က္တာ Stanley Kubrick ဆီက ဒီဇာတ္ကားကို လက္လႊဲေျပာင္းယူရုိက္ကူးခဲ့တဲ့အခါမွာလည္း ဝင္ေငြ ေဒၚလာ ၂၃၅.၉ သန္းနဲ႔ ဝင္ေငြေကာင္းသလို အကယ္ဒမီဆု ၂ဆုအတြက္ ဆန္ကာတင္စာရင္းဝင္တဲ့အထိလည္း ေအာင္ျမင္ခဲ့ပါတယ္။

၇) Lincoln (2012)

Lincoln

Lincoln

ဒီဇာတ္ကားေတာ့ သမိုင္းဆိုင္ရာအခ်က္အလက္ေတြႏြယ္ျပီး ရုိက္ကူးထားတဲ့ ဒရာမာဇာတ္ကား အမ်ိဳးအစားျဖစ္ျပီး Daniel Day-Lewis က သမၼတၾကီး လင္ကြန္းေနရာက သရုပ္ေဆာင္ထားပါတယ္။ သမၼတၾကီးလင္ကြန္းမေသဆံုးခင္ ေနာက္ဆံုး ၂လမွာ လင္ကြန္းၾကံဳရတဲ့ အခက္အခဲနဲ႔ ရင္ဆုိင္ေျဖရွင္းရပံုေတြကို ရုိက္ကူးတင္ဆက္ထားပါတယ္။ ဒီဇာတ္ကားဟာ အကယ္ဒမီ ၁၂ ဆုအတြက္ ဆန္ကာတင္စာရင္းဝင္ခဲ့ျပီး Best Production Design နဲ႔ Day-Lewis ကလည္း အေကာင္းဆံုးသရုပ္ေဆာင္ဆုရပါတယ္။

၆) Empire of the Sun (1987)

Empire of the sun

Empire of the sun

ဒီဇာတ္ကားကေတာ့ Steven Spielberg ရိုက္ကူးသမွ်ဇာတ္ကားထဲမွာ Box Office ဝင္ေငြနည္းတဲ့ ဇာတ္ကားထဲမွာ ပါပါတယ္။ ဒုတိယကမာၻစစ္အတြင္းက အက်ဥ္းက်ခံရတဲ့ ကေလးတစ္ေယာက္ရဲ႕ အေတြ႔အၾကံဳကို ရိုက္ကူးထားတဲ့ ဇာတ္ကားဟာ တကယ့္ကို အင္အားေကာင္းျပီး ညိႈ႕ယူဖမ္းစားႏုိင္တဲ့ ဇာတ္ကားျဖစ္ပါတယ္။

၅) Munich (2005)

Munich

Munich

ဒီဇာတ္ကားဟာ Steven Spielberg ရိုက္ကူးထားသမွ် ဇာတ္ကားေတြထဲမွာ ေအးတိေအးစက္ႏုိင္ေပမယ့္ အေကာင္းဆံုးဇာတ္ကားေတြထဲက တစ္ကားလည္း ျဖစ္ပါတယ္။ ၁၉၇၂ ခုႏွစ္ အိုလံပစ္ျပိဳင္ပြဲမွာ အစၥေရးအားကစားအသင္း လုပ္ၾကံသတ္ျဖတ္ခံရျပီးေနာက္ပို္င္းမွာ ျပန္လည္လက္စားေခ်တဲ့ ဇာတ္လမ္းျဖစ္လို႔ အရမ္းကို ၾကည့္ေကာင္းပါတယ္။

၄) Jaws (1975)

Jaws

Jaws

ဒီဇာတ္ကားကေတာ့ ငါးမန္းေတြ တုိက္ခုိက္မႈကို ရုိက္ကူးထားတဲ့ ဇာတ္ကားကို ၾကိဳက္သူေတြက တကယ့္ဂႏၱဝင္ဇာတ္ကားလို႔ သတ္မွတ္ထားတာပါ။ စက္နဲ႔ လုပ္ထားတဲ့ ငါးမန္းေတြက စိတ္ကူးထားတဲ့အတုိင္း ပံုမေပၚလာတာေတာင္မွ အေကာင္းဆံုးျဖစ္ေအာင္ ရိုက္ကူးႏုိင္ခဲ့လို႔ ဂႏၱဝင္တြင္ခဲ့ပါတယ္။

၃) Saving Private Ryan (1998)

Saving Private Ryan

Saving Private Ryan

မင္းသားၾကီး Tom Hanks ပါဝင္သရုပ္ေဆာင္ထားတဲ့ ဒီဇာတ္ကားဟာ အဖြင့္ဇာတ္ဝင္ခန္းကစလို႔ ေနာက္ဆံုးခန္းအထိ ဆြဲေဆာင္နုိင္လြန္းတဲ့ ဇာတ္ကားပါ။ ဒီဇာတ္ကားနဲ႔ Steven Spielberg ဟာ အေကာင္းဆံုးဒါရိုက္တာဆုကို ဒုတိယအၾကိမ္ေျမာက္ရယူႏုိင္ခဲ့တာလည္း ျဖစ္ပါတယ္။

၂) E.T. (1982)

E.T

E.T

ဒီဇာတ္ကားကေတာ့ တျခားကမာၻက လာလည္တဲ့ ျဂိဳဟ္သားေလး ET နဲ႔ ကမာၻေျမေပၚက ကေလးမေလးနဲ႔ သူငယ္ခ်င္းေတြ ျဖစ္ျပီး ၾကည္ႏူးဖြယ္ေၾကကြဲဖြယ္ ဇာတ္လမ္းေလးမွန္းၾကည့္္ဖူးသူတိုင္း သိမွာပါ။ ဒီဇာတ္ကားဟာလည္း Steven Spielberg ရဲ႕ ဂႏၱဝင္လက္ရာေကာင္းေတြထဲက တစ္ခုျဖစ္ပါတယ္။

၁) Schindler’s List (1993)

Schindlers List

Schindlers List

ဒီဇာတ္ကားဟာ သူ႔ကိုယ္သူ အေကာင္းဆံုးျပန္မြမ္းမံတင္ဆက္ထားတဲ့ ဇာတ္ကားျဖစ္ျပီး ရုပ္ရွင္ဇာတ္ကားတစ္ကားကို ခ်ဥ္းကပ္ပံုက အရင္နဲ႔ ကြာပါတယ္။ Schindler ေနရာက သရုပ္ေဆာင္တဲ့ Liam Neeson ရဲ့ သရုပ္ေဆာင္ကြက္ေတြနဲ႔ အေကာင္းဆံုးဇာတ္ကားဆု၊ အေကာင္းဆံုးဒါရို္က္တာဆုအပါအဝင္ အကယ္ဒမီ ၇ ဆုဆြတ္ခူးေအာင္ လုပ္ေဆာင္နိင္ခဲ့တဲ့ Steven Spielberg ရဲ႕ အေကာင္းဆံုးလက္ရာတစ္ခုပါပဲ။

Yoe Lu (Akhayar)

www.akhayar.com

Ref : cinemaholic.com
[Unicode]

ဒါရိုက်တာ Steven Spielberg ရိုက်ကူးထားသမျှ အကောင်းဆုံးဇာတ်ကား (၉) ကား

ရုပ်ရှင်လေးများ ကြည့်လို့ ရုပ်ရှင်ပါးဝလာပြီဆိုရင် မင်းသား မင်းသမီးရွေးရုံတင်မဟုတ်ဘဲ ဒါရိုက်တာကိုပါ ရွေးချယ်လာကြပါပြီ။ ဒါရိုက်တာ Steven Spielberg ဆိုရင်တော့ ဒီဇာတ်ကားဟာ ရုပ်ရှင်ဇာတ်ကားကြီးတစ်ကား၊ ကြည့်ရမယ့် ဇာတ်ကားလို့ စိတ်ထဲ ချက်ချင်းကြည့်ချင်သွားတာမျိုး ဖြစ်ပါတယ်။ Steven Spielberg ရဲ့ အရည်အချင်းဟာ ရုပ်ရှင်ဇာတ်ကားတစ်ကားကို စိတ်ခံစားချက်ရော၊ ကြီးကျယ်ခမ်းနားမှုရော ခံစားရအောင် ရိုက်တတ်သူဖြစ်ပါတယ်။ ဒါကြောင့် သူရိုက်သမျှ ဇာတ်ကားတွေထဲက အကောင်းဆုံး ဇာတ်ကား(၁၀) ကားကို ညွှန်းဆိုဝေမျှလိုက်ပါတယ်။

၉) Minority Report (2002)

Minority Report

Minority Report

နာမည်ကျော်မင်းသား Tom Cruise ပါဝင်ထားတဲ့ ဒီ Sci-fi ဇာတ်ကားဟာ အကောင်းဆုံးသရုပ်ဆောင်ချက်တွေနဲ့ ၂၀၀၂ ခုနှစ်ရဲ့အကောင်းဆုံးဇာတ်ကားတွေထဲက တစ်ခုလို့ ပြောနိုင်ပါတယ်။

၈) A.I Artificial Intelligence (2001)

AI

AI

ဒီဇာတ်ကားကတော့ Spielberg ရဲ့ ရုပ်ရှင်သက်တမ်းတလျှောက် စိန်ခေါ်မှုအရှိဆုံးဇာတ်ကားတွေထဲက တစ်ကားဖြစ်ပါတယ်။ သူဟာ သူ့သူငယ်ချင်း ဒါရိုက်တာ Stanley Kubrick ဆီက ဒီဇာတ်ကားကို လက်လွှဲပြောင်းယူရိုက်ကူးခဲ့တဲ့အခါမှာလည်း ဝင်ငွေ ဒေါ်လာ ၂၃၅.၉ သန်းနဲ့ ဝင်ငွေကောင်းသလို အကယ်ဒမီဆု ၂ဆုအတွက် ဆန်ကာတင်စာရင်းဝင်တဲ့အထိလည်း အောင်မြင်ခဲ့ပါတယ်။

၇) Lincoln (2012)

Lincoln

Lincoln

ဒီဇာတ်ကားတော့ သမိုင်းဆိုင်ရာအချက်အလက်တွေနွယ်ပြီး ရိုက်ကူးထားတဲ့ ဒရာမာဇာတ်ကား အမျိုးအစားဖြစ်ပြီး Daniel Day-Lewis က သမ္မတကြီး လင်ကွန်းနေရာက သရုပ်ဆောင်ထားပါတယ်။ သမ္မတကြီးလင်ကွန်းမသေဆုံးခင် နောက်ဆုံး ၂လမှာ လင်ကွန်းကြုံရတဲ့ အခက်အခဲနဲ့ ရင်ဆိုင်ဖြေရှင်းရပုံတွေကို ရိုက်ကူးတင်ဆက်ထားပါတယ်။ ဒီဇာတ်ကားဟာ အကယ်ဒမီ ၁၂ ဆုအတွက် ဆန်ကာတင်စာရင်းဝင်ခဲ့ပြီး Best Production Design နဲ့ Day-Lewis ကလည်း အကောင်းဆုံးသရုပ်ဆောင်ဆုရပါတယ်။

၆) Empire of the Sun (1987)

Empire of the sun

Empire of the sun

ဒီဇာတ်ကားကတော့ Steven Spielberg ရိုက်ကူးသမျှဇာတ်ကားထဲမှာ Box Office ဝင်ငွေနည်းတဲ့ ဇာတ်ကားထဲမှာ ပါပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက အကျဉ်းကျခံရတဲ့ ကလေးတစ်ယောက်ရဲ့ အတွေ့အကြုံကို ရိုက်ကူးထားတဲ့ ဇာတ်ကားဟာ တကယ့်ကို အင်အားကောင်းပြီး ညှို့ယူဖမ်းစားနိုင်တဲ့ ဇာတ်ကားဖြစ်ပါတယ်။

၅) Munich (2005)

Munich

Munich

ဒီဇာတ်ကားဟာ Steven Spielberg ရိုက်ကူးထားသမျှ ဇာတ်ကားတွေထဲမှာ အေးတိအေးစက်နိုင်ပေမယ့် အကောင်းဆုံးဇာတ်ကားတွေထဲက တစ်ကားလည်း ဖြစ်ပါတယ်။ ၁၉၇၂ ခုနှစ် အိုလံပစ်ပြိုင်ပွဲမှာ အစ္စရေးအားကစားအသင်း လုပ်ကြံသတ်ဖြတ်ခံရပြီးနောက်ပိုင်းမှာ ပြန်လည်လက်စားချေတဲ့ ဇာတ်လမ်းဖြစ်လို့ အရမ်းကို ကြည့်ကောင်းပါတယ်။

၄) Jaws (1975)

Jaws

Jaws

ဒီဇာတ်ကားကတော့ ငါးမန်းတွေ တိုက်ခိုက်မှုကို ရိုက်ကူးထားတဲ့ ဇာတ်ကားကို ကြိုက်သူတွေက တကယ့်ဂန္တဝင်ဇာတ်ကားလို့ သတ်မှတ်ထားတာပါ။ စက်နဲ့ လုပ်ထားတဲ့ ငါးမန်းတွေက စိတ်ကူးထားတဲ့အတိုင်း ပုံမပေါ်လာတာတောင်မှ အကောင်းဆုံးဖြစ်အောင် ရိုက်ကူးနိုင်ခဲ့လို့ ဂန္တဝင်တွင်ခဲ့ပါတယ်။

၃) Saving Private Ryan (1998)

Saving Private Ryan

Saving Private Ryan

မင်းသားကြီး Tom Hanks ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီဇာတ်ကားဟာ အဖွင့်ဇာတ်ဝင်ခန်းကစလို့ နောက်ဆုံးခန်းအထိ ဆွဲဆောင်နိုင်လွန်းတဲ့ ဇာတ်ကားပါ။ ဒီဇာတ်ကားနဲ့ Steven Spielberg ဟာ အကောင်းဆုံးဒါရိုက်တာဆုကို ဒုတိယအကြိမ်မြောက်ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

၂) E.T. (1982)

E.T

E.T

ဒီဇာတ်ကားကတော့ တခြားကမ္ဘာက လာလည်တဲ့ ဂြိုဟ်သားလေး ET နဲ့ ကမ္ဘာမြေပေါ်က ကလေးမလေးနဲ့ သူငယ်ချင်းတွေ ဖြစ်ပြီး ကြည်နူးဖွယ်ကြေကွဲဖွယ် ဇာတ်လမ်းလေးမှန်းကြည့်ဖူးသူတိုင်း သိမှာပါ။ ဒီဇာတ်ကားဟာလည်း Steven Spielberg ရဲ့ ဂန္တဝင်လက်ရာကောင်းတွေထဲက တစ်ခုဖြစ်ပါတယ်။

၁) Schindler’s List (1993)

Schindlers List

Schindlers List

ဒီဇာတ်ကားဟာ သူ့ကိုယ်သူ အကောင်းဆုံးပြန်မွမ်းမံတင်ဆက်ထားတဲ့ ဇာတ်ကားဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားတစ်ကားကို ချဉ်းကပ်ပုံက အရင်နဲ့ ကွာပါတယ်။ Schindler နေရာက သရုပ်ဆောင်တဲ့ Liam Neeson ရဲ့ သရုပ်ဆောင်ကွက်တွေနဲ့ အကောင်းဆုံးဇာတ်ကားဆု၊ အကောင်းဆုံးဒါရိုက်တာဆုအပါအဝင် အကယ်ဒမီ ၇ ဆုဆွတ်ခူးအောင် လုပ်ဆောင်နိင်ခဲ့တဲ့ Steven Spielberg ရဲ့ အကောင်းဆုံးလက်ရာတစ်ခုပါပဲ။

Yoe Lu (Akhayar)

www.akhayar.com

Ref : cinemaholic.com