[Zawgyi]

စမတ္ဖုန္းတစ္လံုးမဝယ္ခင္ ႀကိဳသိထားသင့္တ့ဲ အခ်က္ ၆ခ်က္

စမတ္ဖုန္းတစ္လံုးဝယ္ယူတဲ့အခါမွာ ကိုယ္နဲ႔အကိုက္ညီဆံုးနဲ႔ အဆင္ေျပဆံုးျဖစ္ဖို႔အတြက္ နည္းလမ္းအမ်ိဳးမ်ိဳးနဲ႕ဝယ္ယူၾကပါတယ္။ နားလည္တတ္ကြ်မ္းတဲ့ User ေတြကိုအကူအညီေတာင္းၿပီးေတာ့ပဲျဖစ္ျဖစ္ Online က Review ေတြဖတ္ၿပီးေတာ့ပဲျဖစ္ျဖစ္ Specification ေတြကိုေလ့လာၿပီးေတာ့ပဲျဖစ္ျဖစ္ေပါ့။ ဘယ္လိုပဲျပည့္စံုေအာင္ႀကိဳတင္ျပင္ဆင္ထား ျပင္ဆင္ထား ေရြးစရာေတြမ်ားလာတ့ဲအခါမွာေတာ့ ဇေဝဇဝါေတြျဖစ္ၿပီး ကိုယ့္အတြက္ အေကာင္းဆံုးျဖစ္လာမယ့္ ဖုန္းနဲ႔ လြဲခဲ႔ၾကပါေတာ့တယ္။ (ဝယ္ၿပီးမွ ငါ ဘယ္ဖုန္းေလးဝယ္လိုက္ရင္ေကာင္းသားဆိုၿပီး ေနာင္တေတြရရင္းေပါ့)

အခုေဖာ္ျပမယ့္အခ်က္ေတြကေတာ့ ကမၻာတစ္ဝွမ္းမွာရွိတဲ့ စမတ္ဖုန္းအသံုးျပဳသူေတြကို စစ္တမ္းေကာက္ယူထားတာျဖစ္ၿပီး မၾကာခဏဆိုသလို ဦးတည္ခ်က္ကေနလြဲမွားသြားတတ္တဲ့ သတိထားရမယ့္အခ်က္ေတြကိုအေၾကာင္းကို စုစည္းေဖာ္ျပထားတာျဖစ္ပါတယ္။

ဒီလိုေနာင္တ မရေစဖို႔

(၁) TV ေၾကာ္ျငာေတြကိုမယံုပါနဲ႔

TV ေၾကာ္ျငာလို႔ေခါင္းစဥ္တပ္ထားေပမယ့္ လက္ရွိမွာ Online Media ေတြမွာပါအမ်ားဆံုးပါဝင္ေနပါတယ္။ TV နဲ႔ Media ေတြမွာ ႀကိဳၾကားႀကိဳႀကားနဲ႔ ေပၚေပၚလာတဲ့ စမတ္ဖုန္းေၾကာ္ျငာေတြကို မယံုပါနဲ႔။ ဘယ္အပိုင္းကို ဘယ္လိုအဆင့္ျမွင့္ထားတာ ကင္မရာဘယ္လိုႀကီးေတာင္ေကာင္းတာ၊ iPhone နဲ႔ ဘယ္လိုေတာင္တူတာ ၊ ပံုမွန္ေစ်းႏႈန္းဆို ေစ်းအရမ္းမ်ားတယ္ ဘယ္လိုမွ မဝယ္ႏိုင္ဘူး Blah Blah Blah… အဲ့တာေတြကိုယံုၿပီးဝယ္မိရင္ ကိုယ့္ဘာကိုယ္ ဂ်င္းျပန္ထည့္တယ္လို႔သာ မွတ္ရပါမယ္။ (ေၾကာ္ျငာထဲမွာေတာ့ လွပသစ္လြင္တဲ့ ဖုန္းေလးဟာ ေလထဲကေနလြင့္လာၿပီး အေရာင္စံုေတာက္ပေနတဲ့မီးေရာင္ေအာက္မွာ ကေနတဲ့ ေကာင္မေလးရဲ႕လက္ထဲကိုေရာက္သြားၿပီး Selfie ေတြ လွိမ့္ရိုက္ျပေနပါလိမ့္မယ္.. ဘယ္ေလာက္ၾကည္ႏူးစရာေကာင္းလိုက္တဲ့ ျမင္ကြင္းေလးလဲ ?) စမတ္ဖုန္းေၾကာ္ျငာသူေတြရဲ႕ Video ေၾကာ္ျငာထဲမွာ အမ်ားဆံုးေတြ႕ရမွာက ၄င္းတို႔ရဲ႕ ကင္မရာေတြဘယ္ေလာက္ေကာင္းေၾကာင္းကို ေျပာေနပါလိမ့္မယ္။

(၂) ဆိုင္ကေျပာတာ တဝက္ပဲယံုပါ
သင္ဟာ ဖုန္းဆိုင္ထဲေရာက္သြားၿပီဆိုရင္ျဖင့္ အေရာင္အေသြးစံုတဲ့ အေရာင္းသမေလးေတြဟာ ပ်ားရည္ေပၚသကာေလာင္းတဲ့ အသံေလးေတြနဲ႔ သူတို႔ရဲ႕ Brand ကဘယ္လိုေအာင္ျမင္တာ၊ လူႀကိဳက္ဘယ္ေလာက္မ်ားၿပီး ဒီဖုန္းေလးကေတာ့ ဘယ္လို ဖန္ရွင္ေတြစံုလင္တာ ဆိုတာ၊ Service ကဘယ္လိုေကာင္းတာ၊ ဖုန္းကဘယ္လိုသြက္ၿပီး Core ဘယ္ႏွလံုးပါတာ… အစရွိသျဖင့္ မရပ္မနားရွင္းျပပါလိမ့္မယ္။(သူတို႔ဖုန္းေရာင္းရတဲ့အခါ ေကာ္မရွင္ေတြ ေဘာနက္(စ)ေတြရရွိမွာျဖစ္ပါတယ္) အားနာတတ္ရင္ေတာ့ ျမန္ျမန္ျပန္လွည့္ထြက္ၿပီး စိတ္ဝင္စားလို႔ၾကည့္မယ္ဆိုရင္ေတာ့ ေျပာသမွ် တဝက္ပဲယံုၿပီး ကိုယ့္အတြက္လိုအပ္တာနဲ႔ တစ္ကယ္ေရာလိုက္ေလ်ာညီေထြရွိရဲ႕လားဆိုတာ ဘယ္သူမွမေမးပဲ ၅မိနစ္ေလာက္ျပန္စဥ္းစားၾကည့္ပါ။

(၃) ပထမဦးဆံုးေတြ႔တဲ့ေနရာကေနမဝယ္ပါနဲ႔
ဖုန္းဝယ္ဖို႔ ဖုန္းဆိုင္ကိုေရြးခ်ယ္တဲ့အခါမွာ ဘယ္လိုေရြးပါသလဲ၊ နီးစပ္ရာဆိုင္ကိုဝင္ၿပီး ကိုယ္နဲ႔စကားေျပာလို႔အဆင္ေျပတဲ့ဆိုင္ကိုေရြးတာ 80% ေလာက္ရွိပါလိမ့္မယ္။
Facebook Page ေတြမႈိလိုေပါက္ၿပီး Review ေတြဒီေလာက္ေပါေနတဲ့ေခတ္ႀကီးထဲမွာ Online ေပၚတက္ Mobile Phone User Group ေတြထဲဝင္ၿပီး ဘယ္ဖုန္းဆိုင္မွာဝယ္ရတာ အဆင္ေျပလဲ စံုစမ္းၾကည့္သင့္ပါတယ္။ အခ်ိန္မကုန္ ေငြမကုန္ပဲ အေကာင္းဆံုးဆိုင္ကို မၾကာခင္ေတြ႕ျမင္ရပါလိမ့္မယ္။ ကိုယ္ဝယ္မယ့္ဖုန္းဆိုင္ကိုေတြ႕ၿပီဆိုရင္ေတာ့ Service ဝန္ေဆာင္မႈအေနအထား နဲ႔ ေစ်းႏႈန္း မွန္ကန္မႈရွိမရွိကိုေလ့လာၿပီး ခ်ီတက္ႏိုင္ပါတယ္။( မွတ္ခ်က္ ဘာဖုန္းဝယ္သင့္သလဲလို႕မေမးဖို႔အထူးဂရုျပဳပါ)

The 6 biggest mistakes you can make when buying a smartphone

(၄) ေစ်းအႀကီးဆံုး (သို႔) ေစ်းအေပါဆံုး ဖုန္းကိုဝယ္ဖို႔တကယ္လိုလား

iPhone X ကေစ်းအရမ္းႀကီးတယ္၊ ဒါဆို အဲ့ဖုန္းက အေကာင္းဆံုးလား…?
ဒါမွမဟုတ္ ေစ်းအရမ္းသက္သာတဲ့ဖုန္းကေရာ အျမဲတမ္း ဝယ္ခါစကလို အဆင္ေျပေနပါ့မလား ? ဒီႏွစ္ခ်က္လံုးက သင့္ရဲ႕ေငြေတြကို မလိုအပ္ပဲကုန္ဆံုးေစပါတယ္။ ဒါေၾကာင့္ဘယ္ဖုန္းေတြဘယ္ေလာက္ေကာင္းတယ္ေျပာေျပာ ကိုယ့္အတြက္ အဓိကလိုအပ္မယ့္ စြမ္းေဆာင္ခ်က္ပါတဲ့ဖုန္းကိုပဲေရြးပါ။ ခပ္ေပါေပါ ဖုန္းတစ္လံုးကို ဝယ္လိုက္ျပန္ရင္လည္း အေရးအေၾကာင္းဆို စိတ္သြားတိုင္းကိုယ္မပါႏိုင္ပဲ စြမ္းေဆာင္ရည္ေတြ က်ဆင္းေစျပန္ပါတယ္။

The 6 biggest mistakes you can make when buying a smartphone

(၅) ႏွစ္ေဆြးဖုန္းေတြမဝယ္မိပါေစနဲ႔၊ Brand မစြဲပါနဲ႔
Samsung Galaxy S7 Edge ဟာ အရမ္းေကာင္းပါတယ္။ လြန္ခဲ့တဲ့ ၂ႏွစ္ေလာက္ကေပါ့။ ခုခ်ိန္မွာ S7 ယူမလားေမးရင္ ယူပါဦးမလား? ဖုန္းရဲ႕စြမ္းေဆာင္ရည္၊ လက္ရွိ Operation System ေတြ၊ Software Requirement ေတြ၊Battery သက္တမ္းေတြ.. ဒါေတြကိုလိုက္လို႔မွီမွာမဟုတ္ေတာ့ပါဘူး။ ဒါေၾကာင့္ ဝယ္ႏိုင္မယ္ဆိုရင္ ခုခ်ိန္မွာ အေကာင္းဆံုးဖုန္းကိုဝယ္ပါ။ iPhone မွ Samsung မွ မဟုတ္ပဲ စြမ္းေဆာင္ရည္ေကာင္းမြန္ၿပီး ေစ်းႏႈန္းအရလည္း ထက္ဝက္ေလာက္သက္သာတဲ့ လူသိနည္းတဲ့ စမတ္ဖုန္း Brand ေတြလည္းရွိပါေသးတယ္။ ေစ်းအမ်ားႀကီးမသံုးခ်င္ဘူးဆိုရင္ေတာင္ လက္ရွိ OS Version ကို တစ္ဆင့္ထက္ ပိုမနိမ့္တဲ့ စမတ္ဖုန္းမ်ိဳးပဲေရြးပါ။ ဥပမာ လက္ရွိ Android Verson 8.1 ဆိုရင္ အနိမ့္ဆံုး Version ဟာ 7.1.2 ဒါမွမဟုတ္ 8.0 ေလာက္ေတာ့ရွိေနသင့္ပါတယ္။

(၆)ကိုယ့္အတြက္ အဓိကလိုအပ္တဲ့အခ်က္ကို မေမ့ပါန႔ဲ

ဖုန္းဝယ္တဲ့အခါမွာ ဦးစားေပးရမယ့္ အခ်က္ကို ၃ ခ်က္ခြဲပါ။

-စက္ရဲ႕ စြမ္းေဆာင္ရည္ (Performance)
-ၾကာရွည္ခံမယ့္ Battery(Battery Life)
– စိတ္ေက်နပ္ေစမယ့္ Camera ရုပ္ထြက္ ( Selfie or Photography)
အထက္ေဖာ္ျပပါ အခ်က္ ၃ခ်က္ထဲက ကိုယ့္အတြက္ ပထမဦးစားေပးကို တစ္ခုေရြးပါ။ ကိုယ္ဦးစားေပးေရြးတဲ့ ပထမအခ်က္ေပၚမူတည္ၿပီးေစ်းႏႈန္းကေတာ့ ကြာျခားပါလိမ့္မယ္။ ဒါေပမယ့္ ကိုယ္လိုခ်င္တဲ့အခ်က္ကိုရဖို႔အတြက္ ထိုက္သင့္တဲ့တန္ဖိုးေတာ့ ေပးလိုက္ပါ။

အခုေဖာ္ျပထားတဲ့ အခ်က္အလက္ေတြအတိုင္း စဥ္းစားၿပီးဝယ္ရင္ေတာ့ Akhayar-Tech ရဲ႕ Fans ေတြအတြက္ အေကာင္းဆံုးမဟုတ္ရင္ေတာင္ အဆင္အေျပဆံုးသံုးလို႔ရမယ့္ စမတ္ဖုန္း တစ္လံုးဝယ္ယူႏိုင္မယ္ဆိုတာ ယံုၾကည္ပါတယ္။ ကဲ AT ရဲ႕ Fans ေတြေရာ ဖုန္းဝယ္ရင္ ဘယ္လိုအခ်က္ေတြက ဦးစားေပးရတ့ဲအခ်က္ေတြျဖစ္မယ္လို႔ထင္သလဲ။ ေဆြးေႏႊးခဲ့ပါဦး

Ref;AndroidPit
Phone Hay Ko (Akhayar)
www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

စမတ်ဖုန်းတစ်လုံးမဝယ်ခင် ကြိုသိထားသင့်တဲ့ အချက် ၆ချက်

စမတ်ဖုန်းတစ်လုံးဝယ်ယူတဲ့အခါမှာ ကိုယ်နဲ့အကိုက်ညီဆုံးနဲ့ အဆင်ပြေဆုံးဖြစ်ဖို့အတွက် နည်းလမ်းအမျိုးမျိုးနဲ့ဝယ်ယူကြပါတယ်။ နားလည်တတ်ကျွမ်းတဲ့ User တွေကိုအကူအညီတောင်းပြီးတော့ပဲဖြစ်ဖြစ် Online က Review တွေဖတ်ပြီးတော့ပဲဖြစ်ဖြစ် Specification တွေကိုလေ့လာပြီးတော့ပဲဖြစ်ဖြစ် စတဲ့နည်းလမ်းတွေပါဝင်ပါတယ်။ ဘယ်လိုပဲပြည့်စုံအောင်ကြိုတင်ပြင်ဆင်ထား ပြင်ဆင်ထား ရွေးစရာတွေများလာတဲ့အခါမှာတော့ ဇဝေဇဝါတွေဖြစ်ပြီး ကိုယ့်အတွက် အကောင်းဆုံးဖြစ်လာမယ့် ဖုန်းနဲ့ လွဲခဲ့ကြပါတော့တယ်။ (ဝယ်ပြီးမှ ငါ ဘယ်ဖုန်းလေးဝယ်လိုက်ရင်ကောင်းသားဆိုပြီး နောင်တတွေရရင်းပေါ့)
အခုဖော်ပြမယ့်အချက်တွေကတော့ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ စမတ်ဖုန်းအသုံးပြုသူတွေကို စစ်တမ်းကောက်ယူထားတာဖြစ်ပြီး မကြာခဏဆိုသလို ဦးတည်ချက်ကနေလွဲမှားသွားတတ်တဲ့ သတိထားရမယ့်အချက်တွေကိုအကြောင်းကို စုစည်းဖော်ပြထားတာဖြစ်ပါတယ်။

(၁) TV ကြော်ငြာတွေကိုမယုံပါနဲ့

TV ကြော်ငြာလို့ခေါင်းစဉ်တပ်ထားပေမယ့် လက်ရှိမှာ Online Media တွေမှာပါအများဆုံးပါဝင်နေပါတယ်။ TV နဲ့ Media တွေမှာ ကြိုကြားကြိုကြားနဲ့ ပေါ်ပေါ်လာတဲ့ စမတ်ဖုန်းကြော်ငြာတွေကို မယုံပါနဲ့။ ဘယ်အပိုင်းကို ဘယ်လိုအဆင့်မြှင့်ထားတာ ကင်မရာဘယ်လိုကြီးတောင်ကောင်းတာ၊ iPhone နဲ့ ဘယ်လိုတောင်တူတာ ၊ ပုံမှန်ဈေးနှုန်းဆို ဈေးအရမ်းများတယ် ဘယ်လိုမှ မဝယ်နိုင်ဘူး Blah Blah Blah… အဲ့တာတွေကိုယုံပြီးဝယ်မိရင် ကိုယ့်ဘာကိုယ် ဂျင်းပြန်ထည့်တယ်လို့သာ မှတ်ရပါမယ်။ (ကြော်ငြာထဲမှာတော့ လှပသစ်လွင်တဲ့ ဖုန်းလေးဟာ လေထဲကနေလွင့်လာပြီး အရောင်စုံတောက်ပနေတဲ့မီးရောင်အောက်မှာ ကနေတဲ့ ကောင်မလေးရဲ့လက်ထဲကိုရောက်သွားပြီး Selfie တွေ လှိမ့်ရိုက်ပြနေပါလိမ့်မယ်.. ဘယ်လောက်ကြည်နူးစရာကောင်းလိုက်တဲ့ မြင်ကွင်းလေးလဲ ?) စမတ်ဖုန်းကြော်ငြာသူတွေရဲ့ Video ကြော်ငြာထဲမှာ အများဆုံးတွေ့ရမှာက ၎င်းတို့ရဲ့ ကင်မရာတွေဘယ်လောက်ကောင်းကြောင်းကို ပြောနေပါလိမ့်မယ်။ ဒါပေမယ့် အဆိုပါကြော်ငြာအတွက်ရိုက်ထားတဲ့ Video ကိုတော့ ကောင်းလှပါတယ်ဆိုတဲ့ သူတို့ရဲ့ ဖုန်းကင်မရာနဲ့ရိုက်ထားတာ စက္ကန့်ပိုင်းတောင်ပါဝင်မှာမဟုတ်ပါဘူး။

(၂) ဆိုင်ကပြောတာ တဝက်ပဲယုံပါ
သင်ဟာ ဖုန်းဆိုင်ထဲရောက်သွားပြီဆိုရင်ဖြင့် အရောင်အသွေးစုံတဲ့ အရောင်းသမလေးတွေဟာ ပျားရည်ပေါ်သကာလောင်းတဲ့ အသံလေးတွေနဲ့ သူတို့ရဲ့ Brand ကဘယ်လိုအောင်မြင်တာ၊ လူကြိုက်ဘယ်လောက်များပြီး ဒီဖုန်းလေးကတော့ ဘယ်လို ဖန်ရှင်တွေစုံလင်တာ ဆိုတာ၊ Service ကဘယ်လိုကောင်းတာ၊ ဖုန်းကဘယ်လိုသွက်ပြီး Core ဘယ်နှလုံးပါတာ… အစရှိသဖြင့် မရပ်မနားရှင်းပြပါလိမ့်မယ်။(သူတို့ဖုန်းရောင်းရတဲ့အခါ ကော်မရှင်တွေ ဘောနက်(စ)တွေရရှိမှာဖြစ်ပါတယ်) အားနာတတ်ရင်တော့ မြန်မြန်ပြန်လှည့်ထွက်ပြီး စိတ်ဝင်စားလို့ကြည့်မယ်ဆိုရင်တော့ ပြောသမျှ တဝက်ပဲယုံပြီး ကိုယ့်အတွက်လိုအပ်တာနဲ့ တစ်ကယ်ရောလိုက်လျောညီထွေရှိရဲ့လားဆိုတာ ဘယ်သူမှမမေးပဲ ၅မိနစ်လောက်ပြန်စဉ်းစားကြည့်ပါ။

(၃) ပထမဦးဆုံးတွေ့တဲ့နေရာကနေမဝယ်ပါနဲ့
ဖုန်းဝယ်ဖို့ ဖုန်းဆိုင်ကိုရွေးချယ်တဲ့အခါမှာ ဘယ်လိုရွေးပါသလဲ၊ နီးစပ်ရာဆိုင်ကိုဝင်ပြီး ကိုယ်နဲ့စကားပြောလို့အဆင်ပြေတဲ့ဆိုင်ကိုရွေးတာ 80% လောက်ရှိပါလိမ့်မယ်။
Facebook Page တွေမှိုလိုပေါက်ပြီး Review တွေဒီလောက်ပေါနေတဲ့ခေတ်ကြီးထဲမှာ Online ပေါ်တက် Mobile Phone User Group တွေထဲဝင်ပြီး ဘယ်ဖုန်းဆိုင်မှာဝယ်ရတာ အဆင်ပြေလဲ စုံစမ်းကြည့်သင့်ပါတယ်။ အချိန်မကုန် ငွေမကုန်ပဲ အကောင်းဆုံးဆိုင်ကို မကြာခင်တွေ့မြင်ရပါလိမ့်မယ်။ ကိုယ်ဝယ်မယ့်ဖုန်းဆိုင်ကိုတွေ့ပြီဆိုရင်တော့ Service ဝန်ဆောင်မှုအနေအထား နဲ့ ဈေးနှုန်း မှန်ကန်မှုရှိမရှိကိုလေ့လာပြီး ချီတက်နိုင်ပါတယ်။( မှတ်ချက် ဘာဖုန်းဝယ်သင့်သလဲလို့မမေးဖို့အထူးဂရုပြုပါ)

The 6 biggest mistakes you can make when buying a smartphone

(၄) ဈေးအကြီးဆုံး (သို့) ဈေးအပေါဆုံး ဖုန်းကိုဝယ်ဖို့တကယ်လိုလား

iPhone X ကဈေးအရမ်းကြီးတယ်၊ ဒါဆို အဲ့ဖုန်းက အကောင်းဆုံးလား…?
ဒါမှမဟုတ် ဈေးအရမ်းသက်သာတဲ့ဖုန်းကရော အမြဲတမ်း ဝယ်ခါစကလို အဆင်ပြေနေပါ့မလား ? ဒီနှစ်ချက်လုံးက သင့်ရဲ့ငွေတွေကို မလိုအပ်ပဲကုန်ဆုံးစေပါတယ်။ ဒါကြောင့်ဘယ်ဖုန်းတွေဘယ်လောက်ကောင်းတယ်ပြောပြော ကိုယ့်အတွက် အဓိကလိုအပ်မယ့် စွမ်းဆောင်ချက်ပါတဲ့ဖုန်းကိုပဲရွေးပါ။ ခပ်ပေါပေါ ဖုန်းတစ်လုံးကို ဝယ်လိုက်ပြန်ရင်လည်း အရေးအကြောင်းဆို စိတ်သွားတိုင်းကိုယ်မပါနိုင်ပဲ စွမ်းဆောင်ရည်တွေ ကျဆင်းစေပြန်ပါတယ်။

The 6 biggest mistakes you can make when buying a smartphone

(၅) နှစ်ဆွေးဖုန်းတွေမဝယ်မိပါစေနဲ့၊ Brand မစွဲပါနဲ့
Samsung Galaxy S7 Edge ဟာ အရမ်းကောင်းပါတယ်။ လွန်ခဲ့တဲ့ ၂နှစ်လောက်ကပေါ့။ ခုချိန်မှာ S7 ယူမလားမေးရင် ယူပါဦးမလား? ဖုန်းရဲ့စွမ်းဆောင်ရည်၊ လက်ရှိ Operation System တွေ၊ Software Requirement တွေ၊Battery သက်တမ်းတွေ.. ဒါတွေကိုလိုက်လို့မှီမှာမဟုတ်တော့ပါဘူး။ ဒါကြောင့် ဝယ်နိုင်မယ်ဆိုရင် ခုချိန်မှာ အကောင်းဆုံးဖုန်းကိုဝယ်ပါ။ iPhone မှ Samsung မှ မဟုတ်ပဲ စွမ်းဆောင်ရည်ကောင်းမွန်ပြီး ဈေးနှုန်းအရလည်း ထက်ဝက်လောက်သက်သာတဲ့ လူသိနည်းတဲ့ စမတ်ဖုန်း Brand တွေလည်းရှိပါသေးတယ်။ ဈေးအများကြီးမသုံးချင်ဘူးဆိုရင်တောင် လက်ရှိ OS Version ကို တစ်ဆင့်ထက် ပိုမနိမ့်တဲ့ စမတ်ဖုန်းမျိုးပဲရွေးပါ။ ဥပမာ လက်ရှိ Android Verson 8.1 ဆိုရင် အနိမ့်ဆုံး Version ဟာ 7.1.2 ဒါမှမဟုတ် 8.0 လောက်တော့ရှိနေသင့်ပါတယ်။

(၆)ကိုယ့်အတွက် အဓိကလိုအပ်တဲ့အချက်ကို မမေ့ပါနဲ့
ဖုန်းဝယ်တဲ့အခါမှာ ဦးစားပေးရမယ့် အချက်ကို ၃ ချက်ခွဲပါ။

-စက်ရဲ့ စွမ်းဆောင်ရည် (Performance)
-ကြာရှည်ခံမယ့် Battery(Battery Life)
– စိတ်ကျေနပ်စေမယ့် Camera ရုပ်ထွက် ( Selfie or Photography)
အထက်ဖော်ပြပါ အချက် ၃ချက်ထဲက ကိုယ့်အတွက် ပထမဦးစားပေးကို တစ်ခုရွေးပါ။ ကိုယ်ဦးစားပေးရွေးတဲ့ ပထမအချက်ပေါ်မူတည်ပြီးဈေးနှုန်းကတော့ ကွာခြားပါလိမ့်မယ်။ ဒါပေမယ့် ကိုယ်လိုချင်တဲ့အချက်ကိုရဖို့အတွက် ထိုက်သင့်တဲ့တန်ဖိုးတော့ ပေးလိုက်ပါ။

အခုဖော်ပြထားတဲ့ အချက်အလက်တွေအတိုင်း စဉ်းစားပြီးဝယ်ရင်တော့ Akhayar-Tech ရဲ့ Fans တွေအတွက် အကောင်းဆုံးမဟုတ်ရင်တောင် အဆင်အပြေဆုံးသုံးလို့ရမယ့် စမတ်ဖုန်း တစ်လုံးဝယ်ယူနိုင်မယ်ဆိုတာ ယုံကြည်ပါတယ်။ ကဲ AT ရဲ့ Fans တွေရော ဖုန်းဝယ်ရင် ဘယ်လိုအချက်တွေက ဦးစားပေးရတဲ့အချက်တွေဖြစ်မယ်လို့ထင်သလဲ။ ဆွေးနွှေးခဲ့ပါဦး

Ref;AndroidPit
Phone Hay Ko (Akhayar)
www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။