[Zawgyi]

စိတ္ပ်က္စရာလုပ္ငန္းခြင္က ရုန္းထြက္ႏိုင္ဖို႔ ဘာေတြလိုအပ္ေနတာလဲ

တစ္ခါတေလ ဘယ္လိုမွသည္းမခံႏိုင္တဲ့အလုပ္တစ္ခုကို က်ိတ္မွိတ္လုပ္ေနရတာမ်ိဳး ျဖစ္ဖူးပါသလား။ ၀န္ထမ္းလုပ္လာတဲ့ ဘ၀တစ္ေလွ်ာက္မွာ တစ္ခါေတာ့ ႀကံဳဖူးၾကမွာပါ။ ကိုယ့္ရဲ႕ အေနာက္မွာ မွီတြယ္ေနတဲ့ မိသားစုေတြကို ငဲ့ရလို႔၊ လက္ဆုပ္လက္ကိုင္ေငြအပိုမရွိလို႔၊ ေနာက္အလုပ္သစ္တစ္ခုက အရံသင့္ရွိမေနလို႔ အလုပ္ထြက္ခ်င္ေနေပမယ့္လည္း ထြက္မရဘဲ စိတ္ဆင္းရဲေနတဲ့လုပ္ငန္းခြင္ႀကီးတစ္ခုထဲမွာ တ၀ဲလည္လည္လုပ္ခဲ့ဖူးပါတယ္။ ဒါေတြဟာ ဘာေၾကာင့္လဲလို႔ ဆိုလိုက္ရင္ ႀကိဳတင္ျပင္ဆင္မႈမရွိလို႔ဘဲ ျဖစ္ပါတယ္။ ကိုယ္ထြက္ခ်င္တဲ့အခ်ိန္ အလုပ္ထြက္ႏိုင္ေအာင္၊ စိတ္မပါေတာ့တဲ့အလုပ္ႀကီးတစ္ခုကို တြယ္ကပ္မေနရေအာင္ ကၽြန္မတို႔ ႀကိဳတင္ျပင္ဆင္ဖို႔လိုအပ္ပါတယ္ေနာ္။

လုပ္ငန္းခြဲတစ္ခုရွိဖို႔ႀကိဳးစားပါ

ကိုယ္က အခုကုမၸဏီမွာ ၀န္ထမ္းလုပ္ေနေပမယ့္ တျခားအလုပ္ေတြလည္း တစ္ၿပိဳင္နက္လုပ္လို႔ရပါေသးတယ္။ ရံုးကိုသြားၿပီး အလုပ္လုပ္ရတာက တစ္ေန႔မွာ ၈နာရီတည္းပါ။ ဥပမာ ကိုယ္က စာရင္းကိုင္ဆိုရင္ တျခားကုမၸဏီေတြရဲ႕ စာရင္းေတြကိုလည္း Freelance လုပ္ကိုင္ေပးတာမ်ိဳးလုပ္လို႔ရပါတယ္။ ဒါေတြက ကိုယ့္ရဲ႕ ၿပိဳင္ဖက္ကုမၸဏီေတြကို အလုပ္လုပ္ေပးမိတာမ်ိဳးျဖစ္မွာဆိုးတယ္ဆိုလည္း ရပါတယ္။ လက္ရွိလုပ္ေနတဲ့အလုပ္အကိုင္မဟုတ္ဘဲ ကိုယ္ကၽြမ္းက်င္ၿပီး ၀ါသနာပါတဲ့တျခားအရာေလးေတြထပ္လုပ္လို႔ရပါေသးတယ္။ ဒါ့အျပင္ ကိုယ္ပိုင္လုပ္ငန္းေလး ဒါမွမဟုတ္ ဆိုင္ေလးတစ္ခုခုဖြင့္ေရာင္းၿပီး အပို၀င္ေငြရွာပါ။ ဒီလိုလုပ္မယ္ဆိုရင္ေတာ့ လက္ရွိအလုပ္က ထြက္လိုက္ေတာင္ ေန႔စဥ္၀င္ေငြအတြက္ စိတ္ပူေနစရာမ်ားမ်ားစားစားမလိုအပ္ေတာ့ပါဘူး။

Build your start up beside your full time job.

Build your start up beside your full time job.

စုေဆာင္းသိမ္းဆည္းပါ

“မိုုးရြာတုန္းေရခံ” ဆိုတဲ့စကားပံုေလးအတိုင္းေပါ့။ လက္ရွိမွာ ၀င္ေငြအေတာ္အသင့္လည္းရွိတယ္။ ျပင္ပအလုပ္ေလးေတြကလည္း ပံုမွန္ေန႔စဥ္၀င္ေငြတစ္ခုကို ရွာႏိုင္ေနတယ္။ ဒါဆိုရင္ ဘာၾကည့္ေနတာလဲ။ ေငြစုေတာ့ေလ။ ေကာင္းေကာင္းစားတာ၊ ေကာင္းေကာင္းသံုးတာ ေပ်ာ္စရာေကာင္းပါတယ္။ ဒါေပမယ့္ ဘာမွစုထားေဆာင္းထားတာမရွိဘူးဆိုရင္ေတာ့ သင့္ရဲ႕ ေန႔စဥ္လည္ပတ္ေနတဲ့ ေငြထုတ္စက္ႀကီးကို ဘယ္လိုရပ္တန္႔လို႔ရမွာလဲ။ အဲဒီ့ေငြထုတ္စက္ႀကီးက သင္ကိုယ္တိုင္ပါ။ သင္အနားယူခ်င္တယ္ဆိုရင္ေတာ့ နားလို႔ရေလာက္တဲ့အထိ အပိုေငြစုေဆာင္းထားပါ။

You should save money.

You should save money.

ေနတတ္စားတတ္ေအာင္ေလ့က်င့္ပါ

ေနတတ္စားတတ္ေအာင္လည္း ေလ့က်င့္ရပါဦးမယ္။ အရင္တုန္းက တစ္ေန႔၀င္ေငြ ငါးေသာင္းရွိတယ္ပဲထား။ အခု မေပ်ာ္ႏိုင္ေတာ့တဲ့အလုပ္က ထြက္လိုက္ေတာ့မယ္ဆိုရင္ တစ္ေန႔၀င္ေငြက ၂ေသာင္းပဲ ျဖစ္ရင္ျဖစ္သြားႏုိင္ပါတယ္။ ၀င္ေငြက်သြားေပမယ့္ သံုးေငြကိုပါ လိုက္ၿပီးမေလွ်ာ့ခ်ႏုိင္ဘူးဆိုရင္ေတာ့ မၾကာခင္ ၀င္ေငြထြက္ေငြမမွ်တတဲ့ဒဏ္ကို အလူးအလဲခံရပါလိမ့္မယ္။ ဒီဒဏ္ကို မခံခ်င္ရင္ မေပ်ာ္တဲ့အလုပ္မွာဆက္လုပ္မလား ဒါမွမဟုတ္ အသံုးစရိတ္ေခၽြတာၿပီး ေနတတ္စားတတ္ေအာင္ ေလ့က်င့္မလား။ အဲဒီ့ ႏွစ္ခုထဲက တစ္ခုကိုေရြးခ်ယ္ရပါလိမ့္မယ္။

You must reduce your daily expense.

You must reduce your daily expense.

လုပ္ငန္းေနရာသစ္ကိုရွာေဖြပါ

မေပ်ာ္ေတာ့ပါဘူး။ စိတ္ညစ္လာပါၿပီ။ ဒီလုပ္ငန္းခြင္မွာ ဆက္မလုပ္ခ်င္ေတာ့ပါဘူးခ်ည္းပဲ ထိုင္ေအာ္ေနရံုနဲ႔ ေျပလည္သြားမွာမဟုတ္ပါဘူးေနာ္။ ကိုယ္ကလည္း နည္းနည္းအားစိုက္ၿပီး လုပ္ငန္းေနရာသစ္ကို ရွာေဖြဖို႔လိုအပ္ပါတယ္။ မ်က္စိဖြင့္နားစြင့္ၿပီး ကိုယ္နဲ႔သင့္ေတာ္မယ့္ေနရာေလးမ်ားရွိမလား။ ကိုယ့္ရဲ႕ အရည္အခ်င္းနဲ႔ ကိုက္ညီမယ့္ ေနာက္ထပ္ ေကာင္းမြန္တဲ့လုပ္ငန္းခြင္အသစ္တစ္ခုမ်ားရွိေနမလား ရွာေဖြလိုက္ပါ။ စိတ္ညစ္စရာလုပ္ငန္းခြင္မွာထိုင္ေနၿပီး မလုပ္ခ်င္ဘူးေအာ္ေနရံုနဲ႔ေတာ့ ဘာမွျဖစ္လာမွာမဟုတ္ပါဘူး။

Search for new opportunity.

Search for new opportunity.

နားလည္ေပးႏုိင္ေအာင္ေျပာဆိုပါ

အေရးအႀကီးဆံုးတစ္ခုက အဆင္မေျပတဲ့လုပ္ငန္းခြင္ကို ႏႈတ္ဆက္မယ္ႀကံလုိက္တိုင္းမွာ မိသားစုေတြက  ဘာလို႔ ဒီလိုလုပ္မွာလဲဆိုၿပီး နားလည္မႈမေပးဘဲ တားျမစ္ၾကတာပဲျဖစ္ပါတယ္။ သူတို႔နားလည္ဖို႔ လိုအပ္ပါတယ္။ ကိုယ္လုပ္ခ်င္ရာကို စိတ္အေႏွာင့္အယွက္ကင္းကင္လုပ္လို႔ရဖို႔အတြက္ မိသားစု၀င္ေတြအားလံုးကို ကိုယ္ခံစားေနရတဲ့ခံစားခ်က္ေတြနဲ႔ အဆင္မေျပမႈေတြကို အျပဳသေဘာေဆြးေႏြးေျပာဆိုထားပါ။ ဒါမွသာ အေျပာင္းအလဲတစ္ခုခုလုပ္ေတာ့မယ္ဆိုရင္ ကိုယ္ဘာေၾကာင့္ ဒါမ်ိဳးလုပ္လိုက္တာလဲဆိုတာကို သူတို႔ ၾကည္ၾကည္ျဖဴျဖဴနားလည္ေပးၾကမွာပါ။

You must say your condition to family.

You must say your condition to family.

အဆင္မေျပေတာ့တဲ့လုပ္ငန္းခြင္တစ္ခုမွာ တစ္နာရီေတာင္ မရပ္တည္ေနခ်င္တာကို ကိုယ္ခ်င္းစာပါတယ္။ ဒါေပမယ့္ အမ်ားစုက ဘာေၾကာင့္ “ဆုတ္လည္းစူး၊ စားလည္းရူး” ျဖစ္ေနရတာလည္းဆိုရင္ေတာ့ အေပၚကေျပာခဲ့သလိုအခ်က္ေတြကို ႀကိဳတင္ျပင္ဆင္ထားမႈမရွိလို႔ပါပဲ။ အေပၚကအခ်က္ေတြနဲ႔ ျပည့္စံုေနတဲ့၀န္ထမ္းတစ္ေယာက္အဖို႔ စိတ္ကုန္စရာေကာင္းတဲ့အသိုင္းအ၀ိုင္းတစ္ခုမွာ အခ်ိန္အၾကာႀကီး ဒုကၡခံေနစရာလိုအပ္မွာ မဟုတ္ေတာ့ပါဘူးေနာ္။

Moethaesay (Akhayar)

[Unicode]

စိတ်ပျက်စရာလုပ်ငန်းခွင်က ရုန်းထွက်နိုင်ဖို့ ဘာတွေလိုအပ်နေတာလဲ

တစ်ခါတလေ ဘယ်လိုမှသည်းမခံနိုင်တဲ့အလုပ်တစ်ခုကို ကျိတ်မှိတ်လုပ်နေရတာမျိုး ဖြစ်ဖူးပါသလား။ ဝန်ထမ်းလုပ်လာတဲ့ ဘဝတစ်လျှောက်မှာ တစ်ခါတော့ ကြုံဖူးကြမှာပါ။ ကိုယ့်ရဲ့ အနောက်မှာ မှီတွယ်နေတဲ့ မိသားစုတွေကို ငဲ့ရလို့၊ လက်ဆုပ်လက်ကိုင်ငွေအပိုမရှိလို့၊ နောက်အလုပ်သစ်တစ်ခုက အရံသင့္ရှိမနေလို့ အလုပ်ထွက်ချင်နေပေမယ့်လည်း ထွက်မရဘဲ စိတ်ဆင်းရဲနေတဲ့လုပ်ငန်းခွင်ကြီးတစ်ခုထဲမှာ တဝဲလည်လည်လုပ်ခဲ့ဖူးပါတယ်။ ဒါတွေဟာ ဘာကြောင့်လဲလို့ ဆိုလိုက်ရင် ကြိုတင်ပြင်ဆင်မှုမရှိလို့ဘဲ ဖြစ်ပါတယ်။ ကိုယ်ထွက်ချင်တဲ့အချိန် အလုပ်ထွက်နိုင်အောင်၊ စိတ်မပါတော့တဲ့အလုပ်ကြီးတစ်ခုကို တွယ်ကပ်မနေရအောင် ကျွန်မတို့ ကြိုတင်ပြင်ဆင်ဖို့လိုအပ်ပါတယ်နော်။

လုပ်ငန်းခွဲတစ်ခုရှိဖို့ကြိုးစားပါ

ကိုယ်က အခုကုမ္ပဏီမှာ ဝန်ထမ်းလုပ်နေပေမယ့် တခြားအလုပ်တွေလည်း တစ်ပြိုင်နက်လုပ်လို့ရပါသေးတယ်။ ရုံးကိုသွားပြီး အလုပ်လုပ်ရတာက တစ်နေ့မှာ ၈နာရီတည်းပါ။ ဥပမာ ကိုယ်က စာရင်းကိုင်ဆိုရင် တခြားကုမ္ပဏီတွေရဲ့ စာရင်းတွေကိုလည်း Freelance လုပ်ကိုင်ပေးတာမျိုးလုပ်လို့ရပါတယ်။ ဒါတွေက ကိုယ့်ရဲ့ ပြိုင်ဖက်ကုမ္ပဏီတွေကို အလုပ်လုပ်ပေးမိတာမျိုးဖြစ်မှာဆိုးတယ်ဆိုလည်း ရပါတယ်။ လက်ရှိလုပ်နေတဲ့အလုပ်အကိုင်မဟုတ်ဘဲ ကိုယ်ကျွမ်းကျင်ပြီး ဝါသနာပါတဲ့တခြားအရာလေးတွေထပ်လုပ်လို့ရပါသေးတယ်။ ဒါ့အပြင် ကိုယ်ပိုင်လုပ်ငန်းလေး ဒါမှမဟုတ် ဆိုင်လေးတစ်ခုခုဖွင့်ရောင်းပြီး အပိုဝင်ငွေရှာပါ။ ဒီလိုလုပ်မယ်ဆိုရင်တော့ လက်ရှိအလုပ်က ထွက်လိုက်တောင် နေ့စဉ်ဝင်ငွေအတွက် စိတ်ပူနေစရာများများစားစားမလိုအပ်တော့ပါဘူး။

Build your start up beside your full time job.

Build your start up beside your full time job.

စုဆောင်းသိမ်းဆည်းပါ

“မိုးရွာတုန်းရေခံ” ဆိုတဲ့စကားပုံလေးအတိုင်းပေါ့။ လက်ရှိမှာ ဝင်ငွေအတော်အသင့်လည်းရှိတယ်။ ပြင်ပအလုပ်လေးတွေကလည်း ပုံမှန်နေ့စဉ်ဝင်ငွေတစ်ခုကို ရှာနိုင်နေတယ်။ ဒါဆိုရင် ဘာကြည့်နေတာလဲ။ ငွေစုတော့လေ။ ကောင်းကောင်းစားတာ၊ ကောင်းကောင်းသုံးတာ ပျော်စရာကောင်းပါတယ်။ ဒါပေမယ့် ဘာမှစုထားဆောင်းထားတာမရှိဘူးဆိုရင်တော့ သင့်ရဲ့ နေ့စဉ်လည်ပတ်နေတဲ့ ငွေထုတ်စက်ကြီးကို ဘယ်လိုရပ်တန့်လို့ရမှာလဲ။ အဲဒီ့ငွေထုတ်စက်ကြီးက သင်ကိုယ်တိုင်ပါ။ သင်အနားယူချင်တယ်ဆိုရင်တော့ နားလို့ရလောက်တဲ့အထိ အပိုငွေစုဆောင်းထားပါ။

You should save money.

You should save money.

နေတတ်စားတတ်အောင်လေ့ကျင့်ပါ

နေတတ်စားတတ်အောင်လည်း လေ့ကျင့်ရပါဦးမယ်။ အရင်တုန်းက တစ်နေ့ဝင်ငွေ ငါးသောင်းရှိတယ်ပဲထား။ အခု မပျော်နိုင်တော့တဲ့အလုပ်က ထွက်လိုက်တော့မယ်ဆိုရင် တစ်နေ့ဝင်ငွေက ၂သောင်းပဲ ဖြစ်ရင်ဖြစ်သွားနိုင်ပါတယ်။ ဝင်ငွေကျသွားပေမယ့် သုံးငွေကိုပါ လိုက်ပြီးမလျှော့ချနိုင်ဘူးဆိုရင်တော့ မကြာခင် ဝင်ငွေထွက်ငွေမမျှတတဲ့ဒဏ်ကို အလူးအလဲခံရပါလိမ့်မယ်။ ဒီဒဏ်ကို မခံချင်ရင် မပျော်တဲ့အလုပ်မှာဆက်လုပ်မလား ဒါမှမဟုတ် အသုံးစရိတ်ချွေတာပြီး နေတတ်စားတတ်အောင် လေ့ကျင့်မလား။ အဲဒီ့ နှစ်ခုထဲက တစ်ခုကိုရွေးချယ်ရပါလိမ့်မယ်။

You must reduce your daily expense.

You must reduce your daily expense.

လုပ်ငန်းနေရာသစ်ကိုရှာဖွေပါ

မပျော်တော့ပါဘူး။ စိတ်ညစ်လာပါပြီ။ ဒီလုပ်ငန်းခွင်မှာ ဆက်မလုပ်ချင်တော့ပါဘူးချည်းပဲ ထိုင်အော်နေရုံနဲ့ ပြေလည်သွားမှာမဟုတ်ပါဘူးနော်။ ကိုယ်ကလည်း နည်းနည်းအားစိုက်ပြီး လုပ်ငန်းနေရာသစ်ကို ရှာဖွေဖို့လိုအပ်ပါတယ်။ မျက်စိဖွင့်နားစွင့်ပြီး ကိုယ်နဲ့သင့်တော်မယ့်နေရာလေးများရှိမလား။ ကိုယ့်ရဲ့ အရည်အချင်းနဲ့ ကိုက်ညီမယ့် နောက်ထပ် ကောင်းမွန်တဲ့လုပ်ငန်းခွင်အသစ်တစ်ခုများရှိနေမလား ရှာဖွေလိုက်ပါ။ စိတ်ညစ်စရာလုပ်ငန်းခွင်မှာထိုင်နေပြီး မလုပ်ချင်ဘူးအော်နေရုံနဲ့တော့ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။

Search for new opportunity.

Search for new opportunity.

နားလည်ပေးနိုင်အောင်ပြောဆိုပါ

အရေးအကြီးဆုံးတစ်ခုက အဆင်မပြေတဲ့လုပ်ငန်းခွင်ကို နှုတ်ဆက်မယ်ကြံလိုက်တိုင်းမှာ မိသားစုတွေက ဘာလို့ ဒီလိုလုပ်မှာလဲဆိုပြီး နားလည်မှုမပေးဘဲ တားမြစ်ကြတာပဲဖြစ်ပါတယ်။ သူတို့နားလည်ဖို့ လိုအပ်ပါတယ်။ ကိုယ်လုပ်ချင်ရာကို စိတ်အနှောင့်အယှက်ကင်းကင်လုပ်လို့ရဖို့အတွက် မိသားစုဝင်တွေအားလုံးကို ကိုယ်ခံစားနေရတဲ့ခံစားချက်တွေနဲ့ အဆင်မပြေမှုတွေကို အပြုသဘောဆွေးနွေးပြောဆိုထားပါ။ ဒါမှသာ အပြောင်းအလဲတစ်ခုခုလုပ်တော့မယ်ဆိုရင် ကိုယ်ဘာကြောင့် ဒါမျိုးလုပ်လိုက်တာလဲဆိုတာကို သူတို့ ကြည်ကြည်ဖြူဖြူနားလည်ပေးကြမှာပါ။

You must say your condition to family.

You must say your condition to family.

အဆင်မပြေတော့တဲ့လုပ်ငန်းခွင်တစ်ခုမှာ တစ်နာရီတောင် မရပ်တည်နေချင်တာကို ကိုယ်ချင်းစာပါတယ်။ ဒါပေမယ့် အများစုက ဘာကြောင့် “ဆုတ်လည်းစူး၊ စားလည်းရူး” ဖြစ်နေရတာလည်းဆိုရင်တော့ အပေါ်ကပြောခဲ့သလိုအချက်တွေကို ကြိုတင်ပြင်ဆင်ထားမှုမရှိလို့ပါပဲ။ အပေါ်ကအချက်တွေနဲ့ ပြည့်စုံနေတဲ့ဝန်ထမ်းတစ်ယောက်အဖို့ စိတ်ကုန်စရာကောင်းတဲ့အသိုင်းအဝိုင်းတစ်ခုမှာ အချိန်အကြာကြီး ဒုက္ခခံနေစရာလိုအပ်မှာ မဟုတ်တော့ပါဘူးနော်။

Moethaesay (Akhayar)