[Zawgyi]

ကမၻာ့ေစ်းအႀကီးဆုံး နာရီ (၅) လုံး (ပထမပုိင္း)

နာရီရဲ႕အဓိကလုပ္ငန္းဟာ အခ်ိန္မွန္ ျပေပးဖုိ႔သာ ဆုိၾကေပမယ့္ တခ်ိဳ႕ေတြက နာရီကုိ အဆင္တန္ဆာတစ္ခုလုိ႔ ဝတ္ဆင္ၾကပါတယ္။ စမတ္ဖုန္းတုိင္းမွာ နာရီပါလာေပမယ့္ စီးပြားေရးလုပ္ငန္းရွင္ေတြက နာရီကုိ အဆင့္အတန္းတစ္ခုအေနနဲ႔ ပတ္ေနၾကဆဲပါ။ အခုေဆာင္းပါးမွာေတာ့ ကမၻာ့ေစ်းအႀကီးဆုံးနာရီ (၁ဝ) လုံးကုိ (၂) ပုိင္းခြဲၿပီး ေဖာ္ျပေပးသြားမွာျဖစ္ပါတယ္။

(၅) Breguet Antique 2667

ကမၻာေက်ာ္နာရီကုမၸဏီ ‘Breguet’ က ထုတ္လုပ္လုိက္တဲ့ အိတ္ေဆာင္နာရီဟာ ေဒၚလာ ၄.၅ သန္းေတာင္ ရွိပါတယ္။ ၁၈၁၄ ခုႏွစ္ကတည္းက ထုတ္လုပ္ထားတာျဖစ္လုိ႔ သက္တမ္းအားျဖင့္ (၂ဝ၄) ႏွစ္ေတာင္ ရွိေနပါၿပီ။ နာရီကုိ (၁၈) ကာရက္ရွိတဲ့ ေရႊနဲ႔ အနားကြပ္ထားၿပီး ဒုိင္ကြက္ (ေရာမ + အဂၤလိပ္) ႏွစ္မ်ိဳးျပထားပါတယ္။

Breguet Antique 2667

Breguet Antique 2667

(၄) Louis Moinet ‘Meteoris’

ဆြတ္ဇာလန္ႏုိင္ငံ အေျခစုိက္ ‘Louis Moinet’ ကုမၸဏီက ထုတ္လုပ္လုိက္တဲ့ ‘Meteoris’ နာရီပဲျဖစ္ပါတယ္။ ထူးျခားတာက လက္လုပ္နာရီျဖစ္ေနလုိ႔ပါ။ ၿပီးေတာ့ မားစ္ၿဂိဳလ္ကေန က်လာတဲ့ အစိတ္အပုိင္းတစ္ခုကုိ နာရီထဲမွာ ထည့္သြင္းထားတဲ့အျပင္ ေလးလုံးသာ ထုတ္လုပ္ထားတဲ့အတြက္ ပုိေစ်းႀကီးသြားတာျဖစ္ပါတယ္။

Louis Moinet ‘Meteoris’

Louis Moinet ‘Meteoris’

(၃) Hublot Big Bang

‘Hublot Big Bang’ နာရီရဲ႕တန္ဖုိးက ေဒၚလာ ၅ သန္းရွိပါတယ္။ ၃ ကာရက္အနည္းဆုံးရွိတဲ့ စိန္ပြင့္ေပါင္း (၁,၂၈ဝ) ကုိ နာရီမွာ ထည့္သြင္းထားတဲ့အတြက္ ေစ်းႀကီးသြားဟန္ရွိပါတယ္။ ၿပီးေတာ့ စိန္ပြင့္ေတြအားလုံးကုိ ပုံစံတူျဖစ္ေစဖုိ႔ နယူးေယာက္ၿမိဳ႕မွာရွိတဲ့ ေက်ာက္မ်က္ရတနာသမားက ေသြးထားတာျဖစ္ပါတယ္။

Hublot Big Bang

Hublot Big Bang

(၂) Patek Philippe 1518

‘Patek Philippe 1518’ နာရီကုိ ၁၉၄၁ခုႏွစ္မွာ ထုတ္လုပ္ထားတာျဖစ္ပါတယ္။ အေရအတြက္ အကန္႔အသတ္နဲ႔သာ ထုတ္လုပ္ထားၿပီး သူ႔ရဲ႕ဒုိင္ခြက္ပုံစံေၾကာင့္ ပုိေစ်းႀကီးသြားတာျဖစ္ပါတယ္။ တျခားနာရီေတြက ေရႊေရာင္ ဒါမွမဟုတ္ အဝါေရာင္ျဖစ္ေပမယ့္ သူကေတာ့ သတၳဳေရာင္ပဲျဖစ္ပါတယ္။ ေအာင္မေလး ေစ်းႏႈန္းက ေဒၚလာ ၁၁ သန္း။

Patek Philippe 1518

Patek Philippe 1518

(၁) Jacob & Co. Billionaire Watch

ဒီနာရီရဲ႕ နာမည္ကုိက ႀကီးက်ယ္တာဗ်။ ဘာတဲ့ ‘Billionaire Watch’ တဲ့။ ဟုတ္ပါတယ္။ ‘Jacob & Co’ ကုမၸဏီက ထုတ္လုပ္ထားတဲ့ ဒီနာရီက ေဒၚလာ ၁၈ သန္းတန္ေၾကးရွိတာဆုိေတာ့ ဘီလ်ံနာေတြပဲ ဝယ္ႏုိင္မွာပါ။ (သာမန္သန္းၾကြယ္သူေဌးေလာက္နဲ႔ အနားေတာင္ မကပ္ႏုိင္ပါဘူး။) ျမပုံစံ ေသြးထားတဲ့ စိန္ကာရက္ (၂၆ဝ) ထည့္သြင္းထားတဲ့အတြက္ ေစ်းႏႈန္းႀကီးတာပါ။ နာရီဒုိက္ခြက္က စက္အစိတ္အပုိင္းေတြကုိ ထုိးေဖာက္ျမင္ေနရပါတယ္။

Jacob & Co. Billionaire Watch

Jacob & Co. Billionaire Watch

ကမၻာ့ေစ်းအႀကီးဆုံး နာရီ (၅) လုံးက အပုိင္း (၁) အေနနဲ႔ စုစည္းေဖာ္ျပတာျဖစ္ပါတယ္။ အပုိင္း (၂) အေနနဲ႔ ဆက္လက္ေဖာ္ျပမွာမုိ႔ ေစာင့္ေမ်ွာ္အားေပးၾကပါဦး ပရိသတ္ႀကီး။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com

[Unicode]

ကမ္ဘာ့ဈေးအကြီးဆုံး နာရီ (၅) လုံး (ပထမပိုင်း)

နာရီရဲ့အဓိကလုပ်ငန်းဟာ အချိန်မှန် ပြပေးဖို့သာ ဆိုကြပေမယ့် တချို့တွေက နာရီကို အဆင်တန်ဆာတစ်ခုလို့ ဝတ်ဆင်ကြပါတယ်။ စမတ်ဖုန်းတိုင်းမှာ နာရီပါလာပေမယ့် စီးပွားရေးလုပ်ငန်းရှင်တွေက နာရီကို အဆင့်အတန်းတစ်ခုအနေနဲ့ ပတ်နေကြဆဲပါ။ အခုဆောင်းပါးမှာတော့ ကမ္ဘာ့ဈေးအကြီးဆုံးနာရီ (၁ဝ) လုံးကို (၂) ပိုင်းခွဲပြီး ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

(၅) Breguet Antique 2667

ကမ္ဘာကျော်နာရီကုမ္ပဏီ ‘Breguet’ က ထုတ်လုပ်လိုက်တဲ့ အိတ်ဆောင်နာရီဟာ ဒေါ်လာ ၄.၅ သန်းတောင် ရှိပါတယ်။ ၁၈၁၄ ခုနှစ်ကတည်းက ထုတ်လုပ်ထားတာဖြစ်လို့ သက်တမ်းအားဖြင့် (၂ဝ၄) နှစ်တောင် ရှိနေပါပြီ။ နာရီကို (၁၈) ကာရက်ရှိတဲ့ ရွှေနဲ့ အနားကွပ်ထားပြီး ဒိုင်ကွက် (ရောမ + အင်္ဂလိပ်) နှစ်မျိုးပြထားပါတယ်။

Breguet Antique 2667

Breguet Antique 2667

(၄) Louis Moinet ‘Meteoris’

ဆွတ်ဇာလန်နိုင်ငံ အခြေစိုက် ‘Louis Moinet’ ကုမ္ပဏီက ထုတ်လုပ်လိုက်တဲ့ ‘Meteoris’ နာရီပဲဖြစ်ပါတယ်။ ထူးခြားတာက လက်လုပ်နာရီဖြစ်နေလို့ပါ။ ပြီးတော့ မားစ်ဂြိုလ်ကနေ ကျလာတဲ့ အစိတ်အပိုင်းတစ်ခုကို နာရီထဲမှာ ထည့်သွင်းထားတဲ့အပြင် လေးလုံးသာ ထုတ်လုပ်ထားတဲ့အတွက် ပိုဈေးကြီးသွားတာဖြစ်ပါတယ်။

Louis Moinet ‘Meteoris’

Louis Moinet ‘Meteoris’

(၃) Hublot Big Bang

‘Hublot Big Bang’ နာရီရဲ့တန်ဖိုးက ဒေါ်လာ ၅ သန်းရှိပါတယ်။ ၃ ကာရက်အနည်းဆုံးရှိတဲ့ စိန်ပွင့်ပေါင်း (၁,၂၈ဝ) ကို နာရီမှာ ထည့်သွင်းထားတဲ့အတွက် ဈေးကြီးသွားဟန်ရှိပါတယ်။ ပြီးတော့ စိန်ပွင့်တွေအားလုံးကို ပုံစံတူဖြစ်စေဖို့ နယူးယောက်မြို့မှာရှိတဲ့ ကျောက်မျက်ရတနာသမားက သွေးထားတာဖြစ်ပါတယ်။

Hublot Big Bang

Hublot Big Bang

(၂) Patek Philippe 1518

‘Patek Philippe 1518’ နာရီကို ၁၉၄၁ခုနှစ်မှာ ထုတ်လုပ်ထားတာဖြစ်ပါတယ်။ အရေအတွက် အကန့်အသတ်နဲ့သာ ထုတ်လုပ်ထားပြီး သူ့ရဲ့ဒိုင်ခွက်ပုံစံကြောင့် ပိုဈေးကြီးသွားတာဖြစ်ပါတယ်။ တခြားနာရီတွေက ရွှေရောင် ဒါမှမဟုတ် အဝါရောင်ဖြစ်ပေမယ့် သူကတော့ သတ္ထုရောင်ပဲဖြစ်ပါတယ်။ အောင်မလေး ဈေးနှုန်းက ဒေါ်လာ ၁၁ သန်း။

Patek Philippe 1518

Patek Philippe 1518

(၁) Jacob & Co. Billionaire Watch

ဒီနာရီရဲ့ နာမည်ကိုက ကြီးကျယ်တာဗျ။ ဘာတဲ့ ‘Billionaire Watch’ တဲ့။ ဟုတ်ပါတယ်။ ‘Jacob & Co’ ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ ဒီနာရီက ဒေါ်လာ ၁၈ သန်းတန်ကြေးရှိတာဆိုတော့ ဘီလျံနာတွေပဲ ဝယ်နိုင်မှာပါ။ (သာမန်သန်းကြွယ်သူဌေးလောက်နဲ့ အနားတောင် မကပ်နိုင်ပါဘူး။) မြပုံစံ သွေးထားတဲ့ စိန်ကာရက် (၂၆ဝ) ထည့်သွင်းထားတဲ့အတွက် ဈေးနှုန်းကြီးတာပါ။ နာရီဒိုက်ခွက်က စက်အစိတ်အပိုင်းတွေကို ထိုးဖောက်မြင်နေရပါတယ်။

Jacob & Co. Billionaire Watch

Jacob & Co. Billionaire Watch

ကမ္ဘာ့ဈေးအကြီးဆုံး နာရီ (၅) လုံးက အပိုင်း (၁) အနေနဲ့ စုစည်းဖော်ပြတာဖြစ်ပါတယ်။ အပိုင်း (၂) အနေနဲ့ ဆက်လက်ဖော်ပြမှာမို့ စောင့်မျှော်အားပေးကြပါဦး ပရိသတ်ကြီး။

ကျော်စိုးအောင် (အခရာ)

www.akhayar.com