[Zawgyi]

၂ဝ၁၇ခုႏွစ္မွာ အက်င့္ပ်က္ျခစားမႈ အကင္းစင္ဆုံးႏုိင္ငံေတြက ဘာေတြလဲ

ကမၻာတစ္လႊားမွ ရာဇဝတ္မႈနဲ႔ အက်င့္ပ်က္ျခစားမႈေတြကုိ ေလ့လာေစာင့္ၾကည့္ေနတဲ့ NGO အဖြဲ႕အစည္းတစ္ခုျဖစ္တဲ့ Transparency International ဟာ ႏုိင္ငံေပါင္း (၁၈ဝ) မွ ျပည္သူ၊ ဂ်ာနယ္လစ္နဲ႔ စီးပြားေရးလုပ္ငန္းရွင္ေတြကုိ ေတြ႕ဆုံၿပီး Corruption Perceptions Index ကုိ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ အက်င့္ပ်က္ျခစားမႈ အကင္းစင္ဆုံးတုိင္းျပည္ကုိ ရမွတ္ (၁ဝဝ) ေပးထားၿပီး ရမွတ္မ်ားမ်ားေလ ပြင့္လင္းျမင္သာမႈရွိေလ ျဖစ္ပါတယ္။

Corruption

Corruption

ႏုိင္ငံ (၁၈ဝ) အနက္ သုံးပုံႏွစ္ပုံက ရမွတ္ (၅ဝ) ေအာက္ေရာက္ခဲ့ၿပီး ပ်မ္းမ်ွရမွတ္ဟာ (၄၃) မွတ္သာ ရွိခဲ့ပါတယ္။ ၿဗိတိန္၊ မုိနာကုိ၊ နယ္သာလန္၊ ျပင္သစ္စတဲ့ ဥေရာပတုိက္အေနာက္ပုိင္းႏုိင္ငံေတြဟာ ရမွတ္ေကာင္းခဲ့ၿပီး ပ်မ္းမ်ွ (၆၆) မွတ္အထိ ရခဲ့ပါတယ္။ ဥေရာပတုိက္အေရွ႕ပုိင္း၊ အာဖရိက – ဆာဟာရပုိင္း (Sub-Saharan Africa) နဲ႔ အာရွတုိက္အလယ္ပုိင္းမွာေတာ့ အက်င့္ပ်က္ျခစားမႈ အျမင့္ဆုံးျဖစ္ခဲ့ပါတယ္။

2017 Corruption Perceptions Index (CPI)

2017 Corruption Perceptions Index (CPI)

အက်င့္ပ်က္ျခစားမႈ အကင္းစင္ဆုံးအျဖစ္ နယူးဇီလန္ႏုိင္ငံက ရမွတ္ (၈၉) နဲ႔ ရပ္တည္ခဲ့ပါတယ္။ နယူးဇီလန္ႏုိင္ငံဟာ လာဘ္ေပးလာဘ္ယူမႈအကင္းစင္ဆုံးႏုိင္ငံအျဖစ္ (၂) ႏွစ္ဆက္တုိက္ရပ္တည္ခဲ့တာျဖစ္ပါတယ္။  ဒုတိယေနရာက ဒိန္းမတ္ႏုိင္ငံက တည္ရွိၿပီး သူ႕ရဲ႕ရမွတ္က (၈၈) မွတ္ျဖစ္ပါတယ္။ တတိယေနရာမွာ ဖင္လန္၊ ေနာ္ေဝးနဲ႔ ဆြတ္ဇာလန္ႏုိင္ငံတုိ႔က (၈၅) မွတ္နဲ႔ ပူးတြဲရပ္တည္ေနပါတယ္။ သူ႕ေနာက္မွာေတာ့ စကၤာပူ၊ ဆြီဒင္၊ ကေနဒါနဲ႔ လူဇင္ဘတ္ႏုိင္ငံေတြက ရပ္တည္ေနၾကပါတယ္။

Least Corrupt Countries

Least Corrupt Countries

အက်င့္ပ်က္ျခစားမႈ အမ်ားဆုံးႏုိင္ငံက ဆုိမာလီယာႏုိင္ငံျဖစ္ၿပီး (၉) မွတ္သာ ရရွိထားပါတယ္။ ဒုတိယအဆုိးဝါးဆုံးႏုိင္ငံက ေတာင္ဆူဒန္ႏုိင္ငံ (South Sudan) ျဖစ္ၿပီး (၁၂) မွတ္ပဲ ရွိပါတယ္။ အဲဒီေနာက္မွာ ဆီးရီးယားႏုိင္ငံ (၁၄) မွတ္၊ အာဖဂၢန္နစၥတန္ႏုိင္ငံ (၁၅) မွတ္နဲ႔ ယီမင္ႏုိင္ငံ (၁၆) မွတ္တုိ႔နဲ႔ အသီးသီးရပ္တည္ၾကပါတယ္။

Myanmar in Corruption Index

Myanmar in Corruption Index

ျမန္မာႏုိင္ငံကေတာ့ ႏုိင္ငံေပါင္း (၁၈ဝ) စာရင္းမွာ အဆင့္ (၁၃ဝ) ေနရာမွာရွိေနၿပီး ရမွတ္ (၃ဝ) ရရွိထားပါတယ္။ ၂ဝ၁၄ခုႏွစ္မွာ (၂၁) မွတ္၊ ၂ဝ၁၅ခုႏွစ္မွာ (၂၂) မွတ္နဲ႔ ၂ဝ၁၆ခုႏွစ္မွာ (၂၈) မွတ္သာရွိရာမွ ၂ဝ၁၇ခုႏွစ္မွာ ရမွတ္ (၃ဝ) အထိ ရရွိလာတာျဖစ္ပါတယ္။ လာဘ္ေပးလာဘ္ယူမႈ မ်ားလြန္းတဲ့ႏုိင္ငံစာရင္းမွာ ပါဝင္ေနဆဲျဖစ္ေပမယ့္ အရင္ႏွစ္ေတြနဲ႔ႏႈိင္းယွဥ္ရင္ ပြင့္လင္းျမင္သာမႈ အနည္းငယ္ရွိလာၿပီလုိ႔ ေကာက္ခ်က္ခ်ႏုိင္ပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com

[Unicode]

၂ဝ၁၇ခုနှစ်မှာ အကျင့်ပျက်ခြစားမှု အကင်းစင်ဆုံးနိုင်ငံတွေက ဘာတွေလဲ

ကမ္ဘာတစ်လွှားမှ ရာဇဝတ်မှုနဲ့ အကျင့်ပျက်ခြစားမှုတွေကို လေ့လာစောင့်ကြည့်နေတဲ့ NGO အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Transparency International ဟာ နိုင်ငံပေါင်း (၁၈ဝ) မှ ပြည်သူ၊ ဂျာနယ်လစ်နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို တွေ့ဆုံပြီး Corruption Perceptions Index ကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အကျင့်ပျက်ခြစားမှု အကင်းစင်ဆုံးတိုင်းပြည်ကို ရမှတ် (၁ဝဝ) ပေးထားပြီး ရမှတ်များများလေ ပွင့်လင်းမြင်သာမှုရှိလေ ဖြစ်ပါတယ်။

Corruption

Corruption

နိုင်ငံ (၁၈ဝ) အနက် သုံးပုံနှစ်ပုံက ရမှတ် (၅ဝ) အောက်ရောက်ခဲ့ပြီး ပျမ်းမျှရမှတ်ဟာ (၄၃) မှတ်သာ ရှိခဲ့ပါတယ်။ ဗြိတိန်၊ မိုနာကို၊ နယ်သာလန်၊ ပြင်သစ်စတဲ့ ဥရောပတိုက်အနောက်ပိုင်းနိုင်ငံတွေဟာ ရမှတ်ကောင်းခဲ့ပြီး ပျမ်းမျှ (၆၆) မှတ်အထိ ရခဲ့ပါတယ်။ ဥရောပတိုက်အရှေ့ပိုင်း၊ အာဖရိက – ဆာဟာရပိုင်း (Sub-Saharan Africa) နဲ့ အာရှတိုက်အလယ်ပိုင်းမှာတော့ အကျင့်ပျက်ခြစားမှု အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။

2017 Corruption Perceptions Index (CPI)

2017 Corruption Perceptions Index (CPI)

အကျင့်ပျက်ခြစားမှု အကင်းစင်ဆုံးအဖြစ် နယူးဇီလန်နိုင်ငံက ရမှတ် (၈၉) နဲ့ ရပ်တည်ခဲ့ပါတယ်။ နယူးဇီလန်နိုင်ငံဟာ လာဘ်ပေးလာဘ်ယူမှုအကင်းစင်ဆုံးနိုင်ငံအဖြစ် (၂) နှစ်ဆက်တိုက်ရပ်တည်ခဲ့တာဖြစ်ပါတယ်။  ဒုတိယနေရာက ဒိန်းမတ်နိုင်ငံက တည်ရှိပြီး သူ့ရဲ့ရမှတ်က (၈၈) မှတ်ဖြစ်ပါတယ်။ တတိယနေရာမှာ ဖင်လန်၊ နော်ဝေးနဲ့ ဆွတ်ဇာလန်နိုင်ငံတို့က (၈၅) မှတ်နဲ့ ပူးတွဲရပ်တည်နေပါတယ်။ သူ့နောက်မှာတော့ စင်္ကာပူ၊ ဆွီဒင်၊ ကနေဒါနဲ့ လူဇင်ဘတ်နိုင်ငံတွေက ရပ်တည်နေကြပါတယ်။

Least Corrupt Countries

Least Corrupt Countries

အကျင့်ပျက်ခြစားမှု အများဆုံးနိုင်ငံက ဆိုမာလီယာနိုင်ငံဖြစ်ပြီး (၉) မှတ်သာ ရရှိထားပါတယ်။ ဒုတိယအဆိုးဝါးဆုံးနိုင်ငံက တောင်ဆူဒန်နိုင်ငံ (South Sudan) ဖြစ်ပြီး (၁၂) မှတ်ပဲ ရှိပါတယ်။ အဲဒီနောက်မှာ ဆီးရီးယားနိုင်ငံ (၁၄) မှတ်၊ အာဖဂ္ဂန်နစ္စတန်နိုင်ငံ (၁၅) မှတ်နဲ့ ယီမင်နိုင်ငံ (၁၆) မှတ်တို့နဲ့ အသီးသီးရပ်တည်ကြပါတယ်။

Myanmar in Corruption Index

Myanmar in Corruption Index

မြန်မာနိုင်ငံကတော့ နိုင်ငံပေါင်း (၁၈ဝ) စာရင်းမှာ အဆင့် (၁၃ဝ) နေရာမှာရှိနေပြီး ရမှတ် (၃ဝ) ရရှိထားပါတယ်။ ၂ဝ၁၄ခုနှစ်မှာ (၂၁) မှတ်၊ ၂ဝ၁၅ခုနှစ်မှာ (၂၂) မှတ်နဲ့ ၂ဝ၁၆ခုနှစ်မှာ (၂၈) မှတ်သာရှိရာမှ ၂ဝ၁၇ခုနှစ်မှာ ရမှတ် (၃ဝ) အထိ ရရှိလာတာဖြစ်ပါတယ်။ လာဘ်ပေးလာဘ်ယူမှု များလွန်းတဲ့နိုင်ငံစာရင်းမှာ ပါဝင်နေဆဲဖြစ်ပေမယ့် အရင်နှစ်တွေနဲ့နှိုင်းယှဉ်ရင် ပွင့်လင်းမြင်သာမှု အနည်းငယ်ရှိလာပြီလို့ ကောက်ချက်ချနိုင်ပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com