[Zawgyi]

အေကာင္းဆုံး ေဘာလီးဝုဒ္ဇာတ္ကား (၅) ကား

အခုႏွစ္ပုိင္းမွာ ရုပ္ရွင္ခ်စ္သူေတြဆုိရင္ ေဘာလီးဝုဒ္ကားေတြကုိ ေဟာလီးဝုဒ္ဇာတ္ကားေတြလုိပဲ လူႀကိဳက္မ်ားလာၾကပါတယ္။ ေဘာလီးဝုဒ္ရုပ္ရွင္သမားေတြကလည္း ဇာတ္လမ္း၊ ဇာတ္ညႊန္းနဲ႔ ရုိက္ခ်က္ေတြကုိ အေသအခ်ာလုပ္လာၾကေတာ့ ရုပ္ရွင္ခ်စ္သူေတြအတြက္ ေဖ်ာ္ေျဖေရးလည္း ဆန္၊ ပညာလည္း ရၾကပါတယ္။ တျခားရုပ္ရွင္နယ္ပယ္ေတြနဲ႔ မတူတဲ့အခ်က္ကေတာ့ ေဘာလီးဝုဒ္ကားေတြက ဇာတ္အိမ္ခုိင္ၾကတာပါ။ ဆယ္မိနစ္ေလာက္သာ ၾကည့္လုိက္ရင္ မထခ်င္ေလာက္ေအာင္ ပရိသတ္ေတြကုိ စြဲေဆာင္ႏုိင္ပါတယ္။ ထြက္ရွိခဲ့တဲ့ ေဘာလီးဝုဒ္ကားေတြအထဲကမွ အေကာင္းဆုံးလုိ႔ သတ္မွတ္ရတဲ့ ရုပ္ရွင္ဇာတ္ကား (၅) ကားကုိ စုစည္းေဖာ္ျပလုိက္ပါတယ္။

၅။ Munna Bhai M.B.B.S. (2003)

မင္းသားႀကီး Sanjay Dutt ရဲ႕အမာခံပရိသတ္ေတြကေတာ့ ဒီကားကုိ သိၾကမယ္ထင္ပါတယ္။ Munna Bhai ဆုိတဲ့ ဂုိဏ္းေခါင္းေဆာင္တစ္ေယာက္ဟာ ဒုစရုိက္လုပ္ငန္းေတြ လုပ္ေနရေပမယ့္ သူ႕မိဘေတြကုိေတာ့ ဆရာဝန္ျဖစ္ေနပါၿပီလုိ႔ လိမ္ထားလုိက္ပါတယ္။ မသိနားမလည္တဲ့ မိဘႏွစ္ပါးကေတာ့ သားဆရာဝန္အတြက္ ပီတိျဖစ္လုိ႔ေပါ့။ သူ႕ဖခင္ႀကီးဟာ အသိဆရာဝန္တစ္ေယာက္နဲ႔ ျပန္ေတြ႕ၿပီး သူ႕သားကုိ ဆရာဝန္မေလးနဲ႕ လက္ထပ္ေပးဖုိ႔ ၾကံစည္ခဲ့ပါတယ္။ သြားေတြ႕တဲ့အခါမွ Munna Bhai ဟာ ဆရာဝန္မဟုတ္ဘဲ ဂုိဏ္းေခါင္းေဆာင္ျဖစ္ေၾကာင္းကုိ ဆရာဝန္ႀကီးက သူ႕ဖခင္ကုိ ေျပာလုိက္ေတာ့ အရွက္ရၿပီး အိမ္ျပန္ခဲ့ရပါတယ္။

Munna Bhai M.B.B.S

Munna Bhai M.B.B.S

ဒီအခ်ိန္မွာ Munna Bhai ဟာ ေဆးေက်ာင္းတက္ခြင့္ရဖုိ႔ မသမာနည္းလမ္းေတြနဲ႔ ႀကိဳးစားပါေတာ့တယ္။ ေဆးေက်ာင္းေရာက္တဲ့အခါမွာေတာ့ ဆရာဝန္ျဖစ္လာမလားဆုိတာ ဖန္သားျပင္ေပၚမွာပဲ ေစာင့္ၾကည့္ၾကပါစုိ႔။ ဒီဇာတ္ကားထဲမွာ ေမတၱာတရားကပဲ အဓိကအက်ဆုံးဆုိတာ ေဖာ္က်ဴးသြားပါတယ္။ Munna Bhai အျဖစ္ မင္းသားႀကီး Sanjay Dutt က ပါဝင္ထားၿပီး ေဒါက္တာ Suman Asthana အျဖစ္ မင္းသမီးေခ်ာ Gracy Singh က အစြမ္းျပထားပါတယ္။

၄။ Dilwale Dulhania Le Jayenge (1995)

အခ်စ္ဇာတ္ကားေကာင္းကုိမွ ႀကိဳက္ၾကတဲ့ ရုပ္ရွင္ခ်စ္သူေတြအတြက္ ‘Dilwale Dulhania Le Jayenge (1995)’ ကုိေတာ့ လက္မလႊတ္လုိက္ပါနဲ႔။ အခ်စ္စစ္ဟာ ဘယ္ေတာ့မွ မေျဖာင့္ျဖဴးဘူးဆုိတဲ့ စကားလုံးဟာ ဒီဇာတ္ကားနဲ႔ ထပ္တူက်ပါတယ္။ လန္ဒန္မွာပဲ ႀကီးျပင္းခဲ့တဲ့ လူငယ္ႏွစ္ေယာက္။ ဥေရာပတစ္ခြင္ကုိ ခရီးထြက္ရင္းကေန သံေယာဇဥ္တြယ္ခဲ့ၾကတယ္။ ဒါေပမယ့္ Simran Singh ရဲ႕ဖခင္က ေရွးရုိးစြဲအဖုိးႀကီး။ ငယ္စဥ္ကတည္းက သူ႕သမီးကုိ သူငယ္ခ်င္းရဲ႕သားနဲ႔ လက္ထပ္ေပးမယ္လုိ႔ ကတိျပဳထားခဲ့တယ္။ သူ႕သမီးမွာ တျခားလူနဲ႔ သံေယာဇဥ္ျဖစ္ေနတာကုိ ရိပ္မိေလေတာ့ အိႏၵိယႏုိင္ငံကုိ ျပန္ၿပီး သူ႕သူငယ္ခ်င္းရဲ႕သားနဲ႔ လက္ထပ္ေပးဖုိ႔ ႀကိဳးစားခဲ့တယ္။

Dilwale Dulhania Le Jayenge

Dilwale Dulhania Le Jayenge

ခ်စ္သူကုိ မခြဲႏုိင္ခဲ့တဲ့ Raj Malhotra ကလည္း အိႏၵိယႏုိင္ငံကုိ လုိက္လာခဲ့တယ္။ ဖခင္နဲ႔ ခ်စ္သူအၾကားမွာ လြန္ဆြဲေနတဲ့ Simran Singh ။ အခ်စ္ကုိပဲ ဦးစားေပးမလား၊ ဖခင္စကားကုိပဲ နားေထာင္မလားဆုိတာ ေစာင့္ၾကည့္လုိက္ပါဦး။ ဒီဇာတ္ကားႀကီးဟာ ၁၉၉၅ခုႏွစ္ရဲ႕အေအာင္ျမင္ဆုံးရုပ္ရွင္ကားျဖစ္ခဲ့ၿပီး အကယ္ဒမီဆု (Filmfare Awards) ကလည္း (၁ဝ) ဆုခ်ိတ္ခဲ့ပါတယ္။ Raj Malhotra အျဖစ္ Shah Rukh Khan က အားျဖည့္ထားၿပီး Simran Singh အျဖစ္ မင္းသမီးေခ်ာ Kajol က အစြမ္းျပထားပါတယ္။ ဒီဇာတ္ကားမွာ Shah Rukh Khan နဲ႔ Kajol တုိ႔ရဲ႕ႏုပ်ိဳတဲ့ရုပ္သြင္ကုိ ခံစားရမွာပါ။

၃။ Sholay (1975)

မင္းသားႀကီး Dharmendra နဲ႔ Amitabh Bachchan နဲ႔ ပူးတဲြသရုပ္ေဆာင္ထားတဲ့ ‘Sholay (1975)’ ဇာတ္ကားႀကီးဟာ အိႏၵိယရုပ္ရွင္သမုိင္းမွာ အေျပာင္ေျမာက္ဆုံးရုပ္ရွင္လုိ႔ေတာင္ ဆုိႏုိင္ပါတယ္။ ၁၉၇၅ခုႏွစ္မွာ ရုိက္ကူးထားတယ္ဆုိေပမယ့္ ရုိက္ခ်က္၊ ေနာက္ခံေတးဂီတနဲ႔ ဆက္တင္အျပင္အဆင္ေတြဟာ ဒီေန႔ေခတ္ရုပ္ရွင္ေလာကသားေတြ အတုယူစရာပါ။ ႏွစ္ကာလၾကာျမင့္ၿပီဆုိေပမယ့္ ဘယ္အခ်ိန္ၾကည့္ၾကည့္ မရုိးႏုိင္တဲ့ရုပ္ရွင္စာရင္းထဲမွာ ‘Sholay (1975)’ က ထိပ္ဆုံးကပါ။ ဇာတ္လမ္းအက်ဥ္းကုိ ေျပာရမယ္ဆုိရင္ေတာ့ အၿငိမ္းစားရဲအရာရွိႀကီး Baldev Singh ဟာ သူခုိးႏွစ္ေယာက္ကုိ ရွာေပးဖုိ႔ သူ႕သူငယ္ခ်င္းေထာင္ပုိင္ႀကီးဆီကုိ အကူညီေတာင္းခဲ့ပါတယ္။ သူရွာခုိင္းတဲ့ သူခုိးႏွစ္ေယာက္က Veeru နဲ႔ Jai ပါ။ ေထာင္ထဲကုိ ဝင္လုိက္ထြက္လုိက္လုပ္ေနတဲ့ ဘာမထီဇာနည္ဘြား။

Sholay

Sholay

ရဲအရာရွိႀကီးက လူဆုိးေခါင္းေဆာင္ Gabbar Singh ကုိ ဖမ္းေပးဖုိ႔ Veeru နဲ႔ Jai ကုိ အကူညီေတာင္းခဲ့တယ္။ ရူပီး ၅ေသာင္း ဆုေၾကးထုတ္ထားတဲ့ Gabbar Singh ကုိ အရွင္ဖမ္းေပးႏုိင္ရင္ ထပ္ေဆာင္းဆုေၾကး ရူပီး ၂ေသာင္းေပးမယ္ဆုိၿပီး ကမ္းလွမ္းခဲ့တာပါ။ ‘ငရဲဆုိတာ ခ်ိဳနဲ႔လား’ လုိ႔ သတ္မွတ္ထားတဲ့ သူခုိးႏွစ္ေယာက္ကလည္း ရာဇဝင္လူဆုိးႀကီးကုိ ဖမ္းဆီးဖုိ႔ ႀကိဳးစားပါေတာ့တယ္။ အၿငိမ္းစားရဲအရာရွိႀကီးနဲ႔ ရာဇဝင္လူဆုိးႀကီးတုိ႔က ဘယ္လုိရန္ညိဳးေတြ ရွိခဲ့လဲ။ ရဲအရာရွိႀကီးက ဘာျဖစ္လုိ႔ သူခုိးႏွစ္ေယာက္ကုိ ခုိင္းခဲ့တာလဲ။ သူခုိးေတြကေရာ ဘယ္လုိအစြမ္းအစရွိေနလုိ႔လဲ ဒီဇာတ္လမ္းထဲမွာ ဆက္လက္ရႈစားရမွာပါ။ ‘Sholay (1975)’ ၾကည့္လုိက္တာနဲ႔ အခ်ိန္ဆုိတာ ကုန္လုိ႔ကုန္မွန္းကုိ သိလုိက္မွာ မဟုတ္ပါဘူး။ Veeru အျဖစ္ Dharmendra နဲ႔ Jai အျဖစ္ေတာ့ မင္းသားႀကီး Amitabh Bachchan တုိ႔က ပါဝင္ထားပါတယ္။

၂။ 3 Idiots (2009)

မိဘႏွစ္ပါးဟာ သားသမီးေတြကုိ ဆရာဝန္ႀကီး ျဖစ္ေစခ်င္ၾကတယ္၊ အင္ဂ်င္နီယာႀကီး ျဖစ္ေစခ်င္ၾကတယ္ စသျဖင့္ေပါ့။ ဆရာဝန္နဲ႔ အင္ဂ်င္နီယာမွ မျဖစ္ရင္ေတာ့ လူျဖစ္ပဲ ရႈံးသလုိလုိ ဘဝမွာပဲ မေအာင္ျမင္ေတာ့သလုိလုိ ျမင္ေနတာပါ။ ဒီေန႔ေခတ္ လူမႈအသုိင္းအဝုိင္းမွာလည္း “ငါ့သားက ေဆးေက်ာင္းတက္ေနတာေလ၊ ကြ်န္မသမီးေလးက အင္ဂ်င္နီယာေလာင္းေလး” စသျဖင့္ ၾကြားလုံးထုတ္ခ်င္ၾကတယ္။ သူတုိ႔ျဖစ္ေစခ်င္တဲ့ ဆႏၵတစ္ခုတည္းနဲ႔ သားသမီးေတြရဲ႕ဘဝကုိ ပုံသြင္းလာၾကပါတယ္။

3 Idiots

3 Idiots

ကုိယ့္သား၊ ကုိယ့္သမီးျဖစ္ခ်င္တဲ့ ရည္မွန္းခ်က္ကုိ အေကာင္အထည္ေဖာ္ေပးရမယ့္အစား သူတုိ႔ျဖစ္ေစခ်င္တဲ့ ပုံစံခြက္ထဲကုိပဲ ပစ္သြင္းၾကတာပါ။ “ငါ့သား၊ ငါ့သမီး အသက္ႀကီးလာရင္ ဘာျဖစ္ခ်င္တာလဲ” လုိ႔ ေမးတတ္တဲ့မိဘဆုိတာ လက္ခ်ိဳးေရလုိ႔ ရပါတယ္။ ဒီအခ်က္ကုိ အဓိကထားၿပီး ဒါရုိက္တာႀကီး Rajkumar Hirani က ‘3 Idiots (2009)’ ကုိ ပုံေဖာ္ခဲ့တာပါ။ မိဘျဖစ္ေစခ်င္တဲ့ ဘဝကုိ ပုံေဖာ္မလား၊ ကုိယ့္ျဖစ္ခ်င္တဲ့ ဝါသနာေနာက္ကုိပဲ လုိက္မလားဆုိတာ ဒီဇာတ္ကားရဲ႕ အဓိကေသာ့ခ်က္ပါ။ ေက်ာင္းစာသင္ခန္း အေငြ႕အသက္နဲ႔ သူငယ္ခ်င္းသံေယာဇဥ္ကုိ ခ်ိတ္ဆက္ထားတဲ့အတြက္ ေက်ာင္းသားဘဝကုိ ျပန္ေရာက္သြားသလုိ ခံစားရပါတယ္။ ဒီရုပ္ရွင္ကားႀကီးကုိေတာ့ Aamir Khan ၊  R. Madhavan ၊ Sharman Joshi နဲ႔ Kareena Kapoor တုိ႔က အားျဖည့္ထားပါတယ္။

၁။ My Name Is Khan (2010)

အၾကမ္းဖက္မႈေတြကေတာ့ ႏုိင္ငံတုိင္းမွာ ျဖစ္ပ်က္ေနၾကတာပါပဲ။ အေသခံဗုံးခြဲမႈေတြ၊ မီးရႈိ႕မႈေတြနဲ႔ သတ္ျဖတ္မႈေတြကုိ လုပ္ကိုင္ေနတဲ့ ‘Al-Shabaab’ ၊ ‘Al-Qaeda’ ၊ ‘Taliban’ ၊ ‘ISIS’ နဲ႔ ‘Boko Haram’ တုိ႔လုိ အစၥလာမ္စစ္ေသြးၾကြ အဖြဲ႕အစည္းေတြလည္း ရွိပါေသးတယ္။ ‘My Name Is Khan (2010)’ ဇာတ္ကားမွာေတာ့ “ကြ်န္ေတာ့္နာမည္ Khan ပါ။ ကြ်န္ေတာ္ အၾကမ္းဖက္သမား မဟုတ္ပါဘူး” လုိ႔ဆုိလာတဲ့ Rizwan Khan ။ တကယ္ဆုိ Rizwan Khan က Asperger ေဝဒနာသည္။ (သူတုိ႔ေတြဟာ ပတ္ဝန္းက်င္နဲ႔ လုိက္ေလ်ာညီေထြေအာင္ မဆက္ဆံႏုိင္ပါဘူး၊ ေျခတုန္လက္တုန္နဲ႔ အေၾကာင္းအရာတစ္ခုခုကုိ ထပ္ခါတလဲလဲ ေျပာေနတဲ့သူေတြပါ။) “ေလာကမွာ မေကာင္းတဲ့ဘာသာဆုိတာ မရွိဘူး၊ လူေကာင္းနဲ႔ လူဆုိးပဲရွိတယ္ သား” ဒါက သူငယ္ငယ္တုန္းက မိခင္ဆုံးမေနက်စကား။ သူ႕မိခင္ကြယ္လြန္တာနဲ႔ Rizwan Khan ဟာ Mumbai ၿမိဳ႕ကေန San Francisco ၿမိဳ႕မွာရွိတဲ့ သူ႕ညီရဲ႕အိမ္ကုိ ေျပာင္းေနခဲ့တယ္။

My Name Is Khan

My Name Is Khan

ဟိႏၵဴဘာသာဝင္ျဖစ္တဲ့ ကေလးတစ္ေယာက္အေမ Mandira နဲ႔ ခ်စ္ႀကိဳးသြယ္ေတာ့ သူ႕ညီက သေဘာမတူခဲ့ဘူး။ ဒါေပမယ့္ Rizwan Khan ကေတာ့ လက္ထပ္လုိက္တာပါပဲ။ သူတုိ႔ရဲ႕အိမ္ေထာင္ေရးက သာယာခဲ့တယ္။ 9/11 အၾကမ္းဖက္မႈ မျဖစ္ခင္အထိေပါ့။ (၂ဝဝ၁ခုႏွစ္ စက္တင္လာလ ၉ရက္မွာ အေမရိကန္ႏုိင္ငံရဲ႕ ကမၻာ့ကုန္သြယ္ေရးစင္တာ (World Trade Center) ကုိ တုိက္ခုိက္ခဲ့တဲ့ ‘Al-Qaeda’ အဖြဲ႕ေခါင္းေဆာင္ အုိစမာဘင္လာဒင္ (Osama bin Laden) ရဲ႕ 9/11 လုပ္ရပ္ပဲျဖစ္ပါတယ္။ အျပစ္မဲ့ျပည္သူေပါင္း ၂၉၉၇ဦး ေသဆုံးခဲ့ၿပီး လူ ၆ဝဝဝေက်ာ္ ဒဏ္ရာရရွိခဲ့ပါတယ္။ 9/11 တုိက္ခုိက္မႈဟာ အေမရိကန္ႏုိင္ငံအတြက္ အထိနာခဲ့ၿပီး အေမရိကန္ေဒၚလာ ၁ဝဘီလီယံ (သန္း၁ေသာင္း) ေက်ာ္ ပ်က္စီးဆုံးရႈံးခဲ့ပါတယ္။)

အေမရိကန္ႏုိင္ငံမွာ မူဆလင္အသုိင္းအဝုိင္းဟာ တျခားဘာသာဝင္ေတြနဲ႕ မသင့္မျမတ္ျဖစ္ေတာ့တာပဲ။ အက်ိဳးဆက္အေနနဲ႔ သူတုိ႔ရဲ႕သားေလးဟာ အသက္ဆုံးရႈံးသြားခဲ့တယ္။ လင္မယားခ်င္း ကေတာက္ကဆျဖစ္ၿပီး Rizwan Khan ဟာ အိမ္ေပၚက ဆင္းသြင္းခဲ့တယ္။ အေမရိကန္သမၼတႀကီး George W. Bush ဆီကုိ သြားၿပီး “ကြ်န္ေတာ့္နာမည္ Khan ပါ။ ကြ်န္ေတာ္ အၾကမ္းဖက္သမား မဟုတ္ပါဘူး” လုိ႔ ေျပာဖုိ႔ပါပဲ။ ဒီဇာတ္လမ္းႀကီးမွာ ဘယ္လုိေတြဆက္ျဖစ္ၾကမလဲဆုိတာ ဆက္လက္ၾကည့္လုိက္ပါေတာ့။

အေကာင္းဆုံးရုပ္ရွင္ဇာတ္ကား (၅) ကားစာရင္းဟာ စာေရးသူရဲ႕အျမင္နဲ႔သာ ေဖာ္ျပလုိက္တာမုိ႔ အႀကိဳက္ခ်င္းတူရင္မွ တူမွာပါ။ ဒီစာရင္းမွာ မပါေပမယ့္ ‘Lagaan (2001)’ ၊ ‘Swades (2004)’ ၊ ‘Every Child Is Special (2007)’ ၊ ‘PK (2014)’ နဲ႔ ‘Dangal (2016)’ တုိ႔လုိ ဇာတ္ကားေတြကုိလည္း ေမ့ထားလုိ႔မရပါဘူး။ စာဖတ္သူေတြရဲ႕ အႀကိဳက္ဆုံးဇာတ္ကားက ဘာျဖစ္မလဲ။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

အကောင်းဆုံး ဘောလီးဝုဒ်ဇာတ်ကား (၅) ကား

အခုနှစ်ပိုင်းမှာ ရုပ်ရှင်ချစ်သူတွေဆိုရင် ဘောလီးဝုဒ်ကားတွေကို ဟောလီးဝုဒ်ဇာတ်ကားတွေလိုပဲ လူကြိုက်များလာကြပါတယ်။ ဘောလီးဝုဒ်ရုပ်ရှင်သမားတွေကလည်း ဇာတ်လမ်း၊ ဇာတ်ညွှန်းနဲ့ ရိုက်ချက်တွေကို အသေအချာလုပ်လာကြတော့ ရုပ်ရှင်ချစ်သူတွေအတွက် ဖျော်ဖြေရေးလည်း ဆန်၊ ပညာလည်း ရကြပါတယ်။ တခြားရုပ်ရှင်နယ်ပယ်တွေနဲ့ မတူတဲ့အချက်ကတော့ ဘောလီးဝုဒ်ကားတွေက ဇာတ်အိမ်ခိုင်ကြတာပါ။ ဆယ်မိနစ်လောက်သာ ကြည့်လိုက်ရင် မထချင်လောက်အောင် ပရိသတ်တွေကို စွဲဆောင်နိုင်ပါတယ်။ ထွက်ရှိခဲ့တဲ့ ဘောလီးဝုဒ်ကားတွေအထဲကမှ အကောင်းဆုံးလို့ သတ်မှတ်ရတဲ့ ရုပ်ရှင်ဇာတ်ကား (၅) ကားကို စုစည်းဖော်ပြလိုက်ပါတယ်။

၅။ Munna Bhai M.B.B.S. (2003)

မင်းသားကြီး Sanjay Dutt ရဲ့အမာခံပရိသတ်တွေကတော့ ဒီကားကို သိကြမယ်ထင်ပါတယ်။ Munna Bhai ဆိုတဲ့ ဂိုဏ်းခေါင်းဆောင်တစ်ယောက်ဟာ ဒုစရိုက်လုပ်ငန်းတွေ လုပ်နေရပေမယ့် သူ့မိဘတွေကိုတော့ ဆရာဝန်ဖြစ်နေပါပြီလို့ လိမ်ထားလိုက်ပါတယ်။ မသိနားမလည်တဲ့ မိဘနှစ်ပါးကတော့ သားဆရာဝန်အတွက် ပီတိဖြစ်လို့ပေါ့။ သူ့ဖခင်ကြီးဟာ အသိဆရာဝန်တစ်ယောက်နဲ့ ပြန်တွေ့ပြီး သူ့သားကို ဆရာဝန်မလေးနဲ့ လက်ထပ်ပေးဖို့ ကြံစည်ခဲ့ပါတယ်။ သွားတွေ့တဲ့အခါမှ Munna Bhai ဟာ ဆရာဝန်မဟုတ်ဘဲ ဂိုဏ်းခေါင်းဆောင်ဖြစ်ကြောင်းကို ဆရာဝန်ကြီးက သူ့ဖခင်ကို ပြောလိုက်တော့ အရှက်ရပြီး အိမ်ပြန်ခဲ့ရပါတယ်။

Munna Bhai M.B.B.S

Munna Bhai M.B.B.S

ဒီအချိန်မှာ Munna Bhai ဟာ ဆေးကျောင်းတက်ခွင့်ရဖို့ မသမာနည်းလမ်းတွေနဲ့ ကြိုးစားပါတော့တယ်။ ဆေးကျောင်းရောက်တဲ့အခါမှာတော့ ဆရာဝန်ဖြစ်လာမလားဆိုတာ ဖန်သားပြင်ပေါ်မှာပဲ စောင့်ကြည့်ကြပါစို့။ ဒီဇာတ်ကားထဲမှာ မေတ္တာတရားကပဲ အဓိကအကျဆုံးဆိုတာ ဖော်ကျူးသွားပါတယ်။ Munna Bhai အဖြစ် မင်းသားကြီး Sanjay Dutt က ပါဝင်ထားပြီး ဒေါက်တာ Suman Asthana အဖြစ် မင်းသမီးချော Gracy Singh က အစွမ်းပြထားပါတယ်။

၄။ Dilwale Dulhania Le Jayenge (1995)

အချစ်ဇာတ်ကားကောင်းကိုမှ ကြိုက်ကြတဲ့ ရုပ်ရှင်ချစ်သူတွေအတွက် ‘Dilwale Dulhania Le Jayenge (1995)’ ကိုတော့ လက်မလွှတ်လိုက်ပါနဲ့။ အချစ်စစ်ဟာ ဘယ်တော့မှ မဖြောင့်ဖြူးဘူးဆိုတဲ့ စကားလုံးဟာ ဒီဇာတ်ကားနဲ့ ထပ်တူကျပါတယ်။ လန်ဒန်မှာပဲ ကြီးပြင်းခဲ့တဲ့ လူငယ်နှစ်ယောက်။ ဥရောပတစ်ခွင်ကို ခရီးထွက်ရင်းကနေ သံယောဇဉ်တွယ်ခဲ့ကြတယ်။ ဒါပေမယ့် Simran Singh ရဲ့ဖခင်က ရှေးရိုးစွဲအဖိုးကြီး။ ငယ်စဉ်ကတည်းက သူ့သမီးကို သူငယ်ချင်းရဲ့သားနဲ့ လက်ထပ်ပေးမယ်လို့ ကတိပြုထားခဲ့တယ်။ သူ့သမီးမှာ တခြားလူနဲ့ သံယောဇဉ်ဖြစ်နေတာကို ရိပ်မိလေတော့ အိန္ဒိယနိုင်ငံကို ပြန်ပြီး သူ့သူငယ်ချင်းရဲ့သားနဲ့ လက်ထပ်ပေးဖို့ ကြိုးစားခဲ့တယ်။

Dilwale Dulhania Le Jayenge

Dilwale Dulhania Le Jayenge

ချစ်သူကို မခွဲနိုင်ခဲ့တဲ့ Raj Malhotra ကလည်း အိန္ဒိယနိုင်ငံကို လိုက်လာခဲ့တယ်။ ဖခင်နဲ့ ချစ်သူအကြားမှာ လွန်ဆွဲနေတဲ့ Simran Singh ။ အချစ်ကိုပဲ ဦးစားပေးမလား၊ ဖခင်စကားကိုပဲ နားထောင်မလားဆိုတာ စောင့်ကြည့်လိုက်ပါဦး။ ဒီဇာတ်ကားကြီးဟာ ၁၉၉၅ခုနှစ်ရဲ့အအောင်မြင်ဆုံးရုပ်ရှင်ကားဖြစ်ခဲ့ပြီး အကယ်ဒမီဆု (Filmfare Awards) ကလည်း (၁ဝ) ဆုချိတ်ခဲ့ပါတယ်။ Raj Malhotra အဖြစ် Shah Rukh Khan က အားဖြည့်ထားပြီး Simran Singh အဖြစ် မင်းသမီးချော Kajol က အစွမ်းပြထားပါတယ်။ ဒီဇာတ်ကားမှာ Shah Rukh Khan နဲ့ Kajol တို့ရဲ့နုပျိုတဲ့ရုပ်သွင်ကို ခံစားရမှာပါ။

၃။ Sholay (1975)

မင်းသားကြီး Dharmendra နဲ့ Amitabh Bachchan နဲ့ ပူးတွဲသရုပ်ဆောင်ထားတဲ့ ‘Sholay (1975)’ ဇာတ်ကားကြီးဟာ အိန္ဒိယရုပ်ရှင်သမိုင်းမှာ အပြောင်မြောက်ဆုံးရုပ်ရှင်လို့တောင် ဆိုနိုင်ပါတယ်။ ၁၉၇၅ခုနှစ်မှာ ရိုက်ကူးထားတယ်ဆိုပေမယ့် ရိုက်ချက်၊ နောက်ခံတေးဂီတနဲ့ ဆက်တင်အပြင်အဆင်တွေဟာ ဒီနေ့ခေတ်ရုပ်ရှင်လောကသားတွေ အတုယူစရာပါ။ နှစ်ကာလကြာမြင့်ပြီဆိုပေမယ့် ဘယ်အချိန်ကြည့်ကြည့် မရိုးနိုင်တဲ့ရုပ်ရှင်စာရင်းထဲမှာ ‘Sholay (1975)’ က ထိပ်ဆုံးကပါ။ ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင်တော့ အငြိမ်းစားရဲအရာရှိကြီး Baldev Singh ဟာ သူခိုးနှစ်ယောက်ကို ရှာပေးဖို့ သူ့သူငယ်ချင်းထောင်ပိုင်ကြီးဆီကို အကူညီတောင်းခဲ့ပါတယ်။ သူရှာခိုင်းတဲ့ သူခိုးနှစ်ယောက်က Veeru နဲ့ Jai ပါ။ ထောင်ထဲကို ဝင်လိုက်ထွက်လိုက်လုပ်နေတဲ့ ဘာမထီဇာနည်ဘွား။

Sholay

Sholay

ရဲအရာရှိကြီးက လူဆိုးခေါင်းဆောင် Gabbar Singh ကို ဖမ်းပေးဖို့ Veeru နဲ့ Jai ကို အကူညီတောင်းခဲ့တယ်။ ရူပီး ၅သောင်း ဆုကြေးထုတ်ထားတဲ့ Gabbar Singh ကို အရှင်ဖမ်းပေးနိုင်ရင် ထပ်ဆောင်းဆုကြေး ရူပီး ၂သောင်းပေးမယ်ဆိုပြီး ကမ်းလှမ်းခဲ့တာပါ။ ‘ငရဲဆိုတာ ချိုနဲ့လား’ လို့ သတ်မှတ်ထားတဲ့ သူခိုးနှစ်ယောက်ကလည်း ရာဇဝင်လူဆိုးကြီးကို ဖမ်းဆီးဖို့ ကြိုးစားပါတော့တယ်။ အငြိမ်းစားရဲအရာရှိကြီးနဲ့ ရာဇဝင်လူဆိုးကြီးတို့က ဘယ်လိုရန်ညိုးတွေ ရှိခဲ့လဲ။ ရဲအရာရှိကြီးက ဘာဖြစ်လို့ သူခိုးနှစ်ယောက်ကို ခိုင်းခဲ့တာလဲ။ သူခိုးတွေကရော ဘယ်လိုအစွမ်းအစရှိနေလို့လဲ ဒီဇာတ်လမ်းထဲမှာ ဆက်လက်ရှုစားရမှာပါ။ ‘Sholay (1975)’ ကြည့်လိုက်တာနဲ့ အချိန်ဆိုတာ ကုန်လို့ကုန်မှန်းကို သိလိုက်မှာ မဟုတ်ပါဘူး။ Veeru အဖြစ် Dharmendra နဲ့ Jai အဖြစ်တော့ မင်းသားကြီး Amitabh Bachchan တို့က ပါဝင်ထားပါတယ်။

၂။ 3 Idiots (2009)

မိဘနှစ်ပါးဟာ သားသမီးတွေကို ဆရာဝန်ကြီး ဖြစ်စေချင်ကြတယ်၊ အင်ဂျင်နီယာကြီး ဖြစ်စေချင်ကြတယ် စသဖြင့်ပေါ့။ ဆရာဝန်နဲ့ အင်ဂျင်နီယာမှ မဖြစ်ရင်တော့ လူဖြစ်ပဲ ရှုံးသလိုလို ဘဝမှာပဲ မအောင်မြင်တော့သလိုလို မြင်နေတာပါ။ ဒီနေ့ခေတ် လူမှုအသိုင်းအဝိုင်းမှာလည်း “ငါ့သားက ဆေးကျောင်းတက်နေတာလေ၊ ကျွန်မသမီးလေးက အင်ဂျင်နီယာလောင်းလေး” စသဖြင့် ကြွားလုံးထုတ်ချင်ကြတယ်။ သူတို့ဖြစ်စေချင်တဲ့ ဆန္ဒတစ်ခုတည်းနဲ့ သားသမီးတွေရဲ့ဘဝကို ပုံသွင်းလာကြပါတယ်။

3 Idiots

3 Idiots

ကိုယ့်သား၊ ကိုယ့်သမီးဖြစ်ချင်တဲ့ ရည်မှန်းချက်ကို အကောင်အထည်ဖော်ပေးရမယ့်အစား သူတို့ဖြစ်စေချင်တဲ့ ပုံစံခွက်ထဲကိုပဲ ပစ်သွင်းကြတာပါ။ “ငါ့သား၊ ငါ့သမီး အသက်ကြီးလာရင် ဘာဖြစ်ချင်တာလဲ” လို့ မေးတတ်တဲ့မိဘဆိုတာ လက်ချိုးရေလို့ ရပါတယ်။ ဒီအချက်ကို အဓိကထားပြီး ဒါရိုက်တာကြီး Rajkumar Hirani က ‘3 Idiots (2009)’ ကို ပုံဖော်ခဲ့တာပါ။ မိဘဖြစ်စေချင်တဲ့ ဘဝကို ပုံဖော်မလား၊ ကိုယ့်ဖြစ်ချင်တဲ့ ဝါသနာနောက်ကိုပဲ လိုက်မလားဆိုတာ ဒီဇာတ်ကားရဲ့ အဓိကသော့ချက်ပါ။ ကျောင်းစာသင်ခန်း အငွေ့အသက်နဲ့ သူငယ်ချင်းသံယောဇဉ်ကို ချိတ်ဆက်ထားတဲ့အတွက် ကျောင်းသားဘဝကို ပြန်ရောက်သွားသလို ခံစားရပါတယ်။ ဒီရုပ်ရှင်ကားကြီးကိုတော့ Aamir Khan ၊  R. Madhavan ၊ Sharman Joshi နဲ့ Kareena Kapoor တို့က အားဖြည့်ထားပါတယ်။

၁။ My Name Is Khan (2010)

အကြမ်းဖက်မှုတွေကတော့ နိုင်ငံတိုင်းမှာ ဖြစ်ပျက်နေကြတာပါပဲ။ အသေခံဗုံးခွဲမှုတွေ၊ မီးရှို့မှုတွေနဲ့ သတ်ဖြတ်မှုတွေကို လုပ်ကိုင်နေတဲ့ ‘Al-Shabaab’ ၊ ‘Al-Qaeda’ ၊ ‘Taliban’ ၊ ‘ISIS’ နဲ့ ‘Boko Haram’ တို့လို အစ္စလာမ်စစ်သွေးကြွ အဖွဲ့အစည်းတွေလည်း ရှိပါသေးတယ်။ ‘My Name Is Khan (2010)’ ဇာတ်ကားမှာတော့ “ကျွန်တော့်နာမည် Khan ပါ။ ကျွန်တော် အကြမ်းဖက်သမား မဟုတ်ပါဘူး” လို့ဆိုလာတဲ့ Rizwan Khan ။ တကယ်ဆို Rizwan Khan က Asperger ဝေဒနာသည်။ (သူတို့တွေဟာ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေအောင် မဆက်ဆံနိုင်ပါဘူး၊ ခြေတုန်လက်တုန်နဲ့ အကြောင်းအရာတစ်ခုခုကို ထပ်ခါတလဲလဲ ပြောနေတဲ့သူတွေပါ။) “လောကမှာ မကောင်းတဲ့ဘာသာဆိုတာ မရှိဘူး၊ လူကောင်းနဲ့ လူဆိုးပဲရှိတယ် သား” ဒါက သူငယ်ငယ်တုန်းက မိခင်ဆုံးမနေကျစကား။ သူ့မိခင်ကွယ်လွန်တာနဲ့ Rizwan Khan ဟာ Mumbai မြို့ကနေ San Francisco မြို့မှာရှိတဲ့ သူ့ညီရဲ့အိမ်ကို ပြောင်းနေခဲ့တယ်။

My Name Is Khan

My Name Is Khan

ဟိန္ဒူဘာသာဝင်ဖြစ်တဲ့ ကလေးတစ်ယောက်အမေ Mandira နဲ့ ချစ်ကြိုးသွယ်တော့ သူ့ညီက သဘောမတူခဲ့ဘူး။ ဒါပေမယ့် Rizwan Khan ကတော့ လက်ထပ်လိုက်တာပါပဲ။ သူတို့ရဲ့အိမ်ထောင်ရေးက သာယာခဲ့တယ်။ 9/11 အကြမ်းဖက်မှု မဖြစ်ခင်အထိပေါ့။ (၂ဝဝ၁ခုနှစ် စက်တင်လာလ ၉ရက်မှာ အမေရိကန်နိုင်ငံရဲ့ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ (World Trade Center) ကို တိုက်ခိုက်ခဲ့တဲ့ ‘Al-Qaeda’ အဖွဲ့ခေါင်းဆောင် အိုစမာဘင်လာဒင် (Osama bin Laden) ရဲ့ 9/11 လုပ်ရပ်ပဲဖြစ်ပါတယ်။ အပြစ်မဲ့ပြည်သူပေါင်း ၂၉၉၇ဦး သေဆုံးခဲ့ပြီး လူ ၆ဝဝဝကျော် ဒဏ်ရာရရှိခဲ့ပါတယ်။ 9/11 တိုက်ခိုက်မှုဟာ အမေရိကန်နိုင်ငံအတွက် အထိနာခဲ့ပြီး အမေရိကန်ဒေါ်လာ ၁ဝဘီလီယံ (သန်း၁သောင်း) ကျော် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။)

အမေရိကန်နိုင်ငံမှာ မူဆလင်အသိုင်းအဝိုင်းဟာ တခြားဘာသာဝင်တွေနဲ့ မသင့်မမြတ်ဖြစ်တော့တာပဲ။ အကျိုးဆက်အနေနဲ့ သူတို့ရဲ့သားလေးဟာ အသက်ဆုံးရှုံးသွားခဲ့တယ်။ လင်မယားချင်း ကတောက်ကဆဖြစ်ပြီး Rizwan Khan ဟာ အိမ်ပေါ်က ဆင်းသွင်းခဲ့တယ်။ အမေရိကန်သမ္မတကြီး George W. Bush ဆီကို သွားပြီး “ကျွန်တော့်နာမည် Khan ပါ။ ကျွန်တော် အကြမ်းဖက်သမား မဟုတ်ပါဘူး” လို့ ပြောဖို့ပါပဲ။ ဒီဇာတ်လမ်းကြီးမှာ ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာ ဆက်လက်ကြည့်လိုက်ပါတော့။

အကောင်းဆုံးရုပ်ရှင်ဇာတ်ကား (၅) ကားစာရင်းဟာ စာရေးသူရဲ့အမြင်နဲ့သာ ဖော်ပြလိုက်တာမို့ အကြိုက်ချင်းတူရင်မှ တူမှာပါ။ ဒီစာရင်းမှာ မပါပေမယ့် ‘Lagaan (2001)’ ၊ ‘Swades (2004)’ ၊ ‘Every Child Is Special (2007)’ ၊ ‘PK (2014)’ နဲ့ ‘Dangal (2016)’ တို့လို ဇာတ်ကားတွေကိုလည်း မေ့ထားလို့မရပါဘူး။ စာဖတ်သူတွေရဲ့ အကြိုက်ဆုံးဇာတ်ကားက ဘာဖြစ်မလဲ။

ကျော်စိုးအောင် (အခရာ)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။