ကစားသမား အငှားခေါ်ယူမှုဟာ ဒီဘက်ခေတ်မှာ ပိုမိုတွင်ကျယ်လာတဲ့ အရာတစ်ခုဖြစ်လာခဲ့ပါပြီ။ ကစားသမား အငှားခေါ်ယူမှုပြုလုပ်ခဲ့တဲ့ ကလပ်အသင်းတွေဟာ ရည်ရွယ်ချက်မျိုးစုံနဲ့ အပြောင်းအရွှေ့တွေပြုလုပ်ခဲ့ကြတာဖြစ်ပြီး အဓိက ရည်ရွယ်ချက်ကတော့ အသင်းရဲ့ အင်အားပိုမိုကောင်းမွန်လာဖို့ပါပဲ။ ဒါပေမယ့် အောင်မြင်တဲ့ အငှား ခေါ်ယူမှုရှိသလို ကျရှုံးတဲ့ အငှားခေါ်ယူမှုလည်းရှိပါတယ်။ ဒီလိုမျိုးပဲ မထင်မှတ်တဲ့ အငှားခေါ်ယူမှုတွေလည်းရှိပါတယ်။ ဒါကြောင့် ဒီ Article မှာတော့ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် မထင်မှတ်တဲ့ အငှားခေါ်ယူမှုများ (၂)ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

PATO (CORINTHIANS TO CHELSEA, 2016)

ကစားသမားဘ၀ရဲ့ အကောင်းဆုံးခြေစွမ်းတွေကို ထိန်းသိမ်းနိုင်စွမ်းအားနည်းတဲ့ ကစားသမားတစ်ယောက်ကို ပြပါဆိုရင် ဘရာဇီးလ်တိုက်စစ်မှူး ပါတို Pato ကိုပြရမှာပါ။ ပရိသတ်တွေ မျှော်လင့်သလောက်ဖြစ်မလာတဲ့ ပါတို ဟာ ၂၀၁၆ ခုနှစ်မှာ မထင်မှတ်ဘဲ ချယ်လ်ဆီးအသင်းကို ရောက်ရှိလာခဲ့လို့ ပရိသတ်တွေ ထပ်ပြီး သူ့ကို မျှော်လင့်ခဲ့ကြပါသေးတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာလည်း မျှော်လင့်ချက်တွေဟာေ၀၀ါးခဲ့ပြီး ချယ်လ်ဆီးအသင်းအတွက် (၂)ပွဲကစား (၁)ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။ ပါတို သွင်းယူခဲ့တဲ့ဂိုးကလည်း ပယ်နယ်တီသွင်းဂိုးဖြစ်ပါတယ်။

KELLETT (BOLTON TO MANCHESTER UNITED, 2015)

ကဲလ်လက် Kellett ဆိုတဲ့ ကစားသမား နာမည်ကို မန်ယူပရိသတ်တွေ ကြားဖူးကြပါသလားဆိုပြီး ပထမဆုံးမေးခွန်းထုတ်ရမှာပါ။ သေချာတာကတော့ ကြားဖူးကြမှာမဟုတ်ဘူး ဆိုတာပါပဲ။ ဒါပေမယ့် ၂၀၁၅ ခုနှစ်တုန်းကတော့ မန်ယူအသင်းဟာ ကဲလ်လက် ကို ဘောလ်တန်အသင်းကနေ ရာသီကုန်ထိ အငှားနဲ့ ခေါ်ယူခဲ့ပါတယ်။ ကဲလ်လက် ဟာ မန်ယူလူငယ်အသင်းမှာ (၁၀)ပွဲကစားခွင့်ရရှိခဲ့ပေမယ့် စီနီယာအသင်းမှာတော့ တစ်ပွဲမှမကစားခဲ့ရပါဘူး။

LARSSON ( HELSINGBORG TO MANCHESTER UNITED, 2007)

ဆွီဒင်ဝါရင့် တိုက်စစ်မှူး လာဆင် Larsson ဟာ ၂၀၀၇ ခုနှစ်တုန်းက မန်ယူအသင်းမှာ ကာလတို အငှားနဲ့လာကစားခဲ့ပါတယ်။ ဒီအငှားခေါ်ယူမှုဟာလည်း မထင်မှတ်တဲ့ အပြောင်းအရွှေ့ဖြစ်ခဲ့ပြီး ပရိသတ်တွေအတွက် အံအားသင့်စရာဖြစ်ခဲ့ပါတယ်။ လာဆင် ဟာ မန်ယူအသင်းမှာ ခဏသာ လာကစားခဲ့ပေမယ့် ခြေစွမ်းပြကစားနိုင်ခဲ့ပြီး သွင်းဂိုး(၃)ဂိုးသွင်းယူပေးခဲ့ပါတယ်။

PIZARRO (ROMA TO MANCHESTER CITY, 2012)

ရိုးမားအသင်းအတွက် ခြေစွမ်းပြကစားနိုင်ခဲ့တဲ့ ကွင်းလယ်လူ ပစ်ဇာရို Pizarro ဟာလည်း မထင်မှတ်ဘဲ မန်စီးတီးအသင်းကို ၂၀၁၂ ခုနှစ်က မျက်စိလည်လာပြီး အငှားနဲ့ ရောက်ရှိခဲ့ပါတယ်။ ရိုးမားအသင်းမှာ ခြေစွမ်းပြနိုင်ခဲ့ပေမယ့် မန်စီးတီးအသင်းမှာတော့ ပစ်ဇာရို ဟာ ရုန်းကန်ခဲ့ရပြီး (၇)ပွဲသာကစားခွင့်ရရှိခဲ့ပါတယ်။

ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် မထင်မှတ်တဲ့ အငှားခေါ်ယူမှုများ အပိုင်း(၁)ဖတ်ရန်လင်ခ့်

Ref: Four Four Two
Photo: Four Four Two
Ko Kyue(Akhayar)
www.akhayar.com