လက်ရှိ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ပွဲစဉ်(၁)မှာတော့ ပရိသတ်တွေ အနေနဲ့ ရင်ခုန်စရာအနေအထားတွေကို ခံစားခဲ့ရပါတယ်။ ထွက်ပေါ်ခဲ့တဲ့ ရလဒ်တွေကိုကြည့်ရင်လည်း ပုံမှန်ရလဒ်တွေသာ ဖြစ်ပေမယ့် ဒီအထဲမှာမထင်မှတ်တဲ့ ရလဒ်တစ်ခုပါဝင်ခဲ့ပြီး မန်ယူ ( ၄ – ၀ )ချယ်လ်ဆီး ရလဒ်ပဲဖြစ်ပါတယ်။ ဒီပွဲစဉ်မှာတော့ မန်ယူအသင်းနိုင်မယ်လို့ ခန့်မှန်းမှုတွေရှိခဲ့ပေမယ့် အခုလောက် ဂိုးပြတ်သွားမယ်လို့တော့ မထင်ခဲ့ကြတာ အမှန်ပါပဲ။ ဒီ အနေအထားနဲ့ ဆက်စပ်ပြီး အခု ဒီ Article မှာတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အဖွင့်ပွဲမှာ ထွက်ပေါ်ခဲ့တဲ့ မထင်မှတ်တဲ့ ရလဒ်တွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

ASTON VILLA 3-1 MANCHESTER UNITED (1995/96)

ပရီးမီးယားလိဂ်ပြိုင်ပွဲကို မန်ယူအသင်းက ကြီးစိုးထားတဲ့ ခေတ်ဦးကာလမှာ မန်ယူအသင်းဟာ ၁၉၉၅ – ၁၉၉၆ ဘောလုံးရာသီအဖွင့်ပွဲမှာ မထင်မှတ်ပဲ ရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ မန်ယူအသင်း ရှုံးနိမ့်ခဲ့တဲ့အသင်းကတော့ ဗီလာအသင်းဖြစ်ပြီး ( ၃ – ၁ )နဲ့ ရှုံးနိမ့်ခဲ့တာပါ။ အဲဒီပွဲစဉ်မှာတော့ ဗီလာအသင်းရဲ့တိုက်စစ်ကစားဟန်က အကောင်းဆုံးမှာရှိခဲ့ပြီး နောက်ပိုင်းမှာ မန်ယူတိုက်စစ်မှူးဖြစ်လာမယ့် ဗီလာတိုက်စစ်မှူး ဒွိုက်ယော့ခ် Dwight Yorke က မန်ယူခံစစ်ပိုင်းကို တစ်ချိန်လုံးဒုက္ခပေးခဲ့ပါတယ်။ ဗီလာအသင်းရရှိခဲ့တဲ့ (၃)ဂိုးလုံးမှာလည်း ဒွိုက်ယော့ခ် ဟာ ပါဝင်ပတ်သက်ခဲ့ပြီး ကိုယ်တိုင်တစ်ဂိုးသွင်းယူခဲ့ပါတယ်။ မန်ယူအသင်းရရှိခဲ့တဲ့ ချေပဂိုးကိုတော့ ဒေးဗစ်ဘက်ခမ်း Beckham က ကွင်းလယ်ကနေ လှလှပပသွင်းယူခဲ့တာဖြစ်ပပါတယ်။

ASTON VILLA 3-1 MANCHESTER UNITED ပွဲကြည့်ရန်လင်ခ့်

WIGAN 0-1 CHELSEA (2005/06)

 

ပရီးမီးယားလိဂ်ရဲ့ လက်ရှိချန်ပီယံအသင်းနဲ့ လိဂ်ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ကို အခုမှတန်းတက်လာတဲ့ အသင်းနှစ်သင်းရဲ့ တွေ့ဆုံမှုဖြစ်ပါတယ်။ ဒီအနေအထားကြောင့် ချယ်လ်ဆီးအသင်းလွယ်လွယ်ကူကူနဲ့ နိုင်ပွဲရမယ်လို့ အားလုံးကထင်ခဲ့ပေမယ့် တကယ့်လက်တွေ့မှာတော့ ၀ီဂန်အသင်းရဲ့ တုံပြန်အားကြောင့် ခက်ခက်ခဲခဲနဲ့ကိုကစားခဲ့ရပါတယ်။ ဂိုးမရှိသရေနဲ့ ပွဲပြီးတော့မယ်လို့ ထင်မှတ်နေချိန်မှာပဲ ချယ်လ်ဆီးအသင်းအတွက် တိုက်စစ်မှူး ခရက်စပို Crespo က အနိုင်ဂိုးသွင်းယူပေးခဲ့တာကြောင့် ၀ီဂန်အသင်း အဖိုးတန်သရေတစ်မှတ် ဆုံးရှုံးခဲ့ရပါတယ်။

WIGAN 0-1 CHELSEA ပွဲကြည့်ရန်လင်ခ့်

SUNDERLAND 1-0 TOTTENHAM (2007/08)

၂၀၀၇ – ၂၀၀၈ ဘောလုံးရာသီလောက်မှာတော့ စပါးအသင်းဟာ ပရီးမီးယားလိဂ်ရဲ့ အသင်းကြီးတစ်သင်းဖြစ်လာဖို့ စတင်အရှိန်ယူနေတဲ့ အချိန်ကာလတစ်ခုဖြစ်ပါတယ်။ အဲဒီနှစ် ဘောလုံးရာသီမတိုင်ခင် အပြောင်းအရွှေ့ဈေးကွက်ထဲမှာလည်း စပါးအသင်းဟာ ငွေသုံးကြမ်းထားတာကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အဖွင့်ပဲမှာ စောင့်ကြည့်ချင်စရာကောင်းတဲ့ အသင်းအဖြစ် ရှိခဲ့ပါတယ်။ ဒါပေမယ့် အဖွင့်ပွဲမှာတော့ တန်းတက် ဆန်းဒါးလန်းအသင်းကို ချော်ပရာ Chopra ရဲ့သွင်းဂိုးနဲ့ ( ၁ – ၀ )ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ အဲဒီအချိန်က ဆန်းဒါးလန်းအသင်းရဲ့ နည်းပြကတော့ ရွိုင်ကိန်း Roy Keane ဖြစ်ပါတယ်။

SUNDERLAND 1-0 TOTTENHAM ပွဲကြည့်ရန်လင်ခ့်

WEST BROM 3-0 LIVERPOOL (2012/13)

၂၀၁၂ – ၂၀၁၃ ဘောလုံးရာသီလောက်မှာတော့ ၀က်စ်ဘရွန်းအသင်းဟာ ပရီးမီးယားလိဂ်ရဲ့ အိမ်ကွင်းမာဂုဏ်မြင့်တဲ့ အသင်းတစ်သင်းအဖြစ် ရပ်တည်ခဲ့ပါတယ်။ ၀က်စ်ဘရွန်းအသင်းရဲ့ အိမ်ကွင်းမာဂုဏ်ကိုတော့ ရာသီစစခြင်းမှာပဲ လီဗာပူးလ်အသင်းက ခံစားခဲ့ရတယ်လို့ ပြောရမှာဖြစ်ပြီး ( ၃ – ၀ )နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ အဲဒီပွဲမှာတော့ ၀က်စ်ဘရွန်းအသင်းရဲ့ မာကျောတဲ့ ကစားဟန်ကို လီဗာပူးလ်အသင်းကမယှဉ်နိုင်ခဲ့တာဖြစ်ပြီး ဂီရာ Gera ၊ အိုဒမ်ဝင်ဂီ Odemwingie နဲ့ လူကာကူ Lukau တို့ရဲ့ဂိုးတွေကို ခွင့်ပြုပေးခဲ့ရပါတယ်။

WEST BROM 3-0 LIVERPOOL ပွဲကြည့်ရန်လင်ခ့်

အခုပရိသတ်တွေအတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အဖွင့်ပွဲမှာ ထွက်ပေါ်ခဲ့တဲ့ မထင်မှတ်တဲ့ ရလဒ်များ အပိုင်း(၁)ကို ဖော်ပြပေးခဲ့တာဖြစ်ပါတယ်။ အပိုင်း(၂)ကို ဆက်လက်ဖော်ပြပေးသွားဦးမှာဖြစ်လို့ စောင့်မျှော်အားပေးကြပါဦး …

Ref:Four Four Two
Photo: Sports Mole , The Liverpool Offside , Manchester Evening News
Ko Kyue(Akhayar)
www.akhayar.com