[Zawgyi]

၁၆ ႏွစ္ျပည့္သြားျပီျဖစ္တဲ့ အင္ဒိုသမုိင္းမွာ အဆိုးဝါးဆံုး ဘာလီကၽြန္းဗံုးေပါက္ကြဲမႈ

အၾကမ္းဖက္မႈဆိုရင္ ဘယ္အၾကမ္းဖက္မႈမွ မေကာငး္ပါဘူး။ လူမ်ိဳးတစ္ခုကိုျဖစ္ျဖစ္၊ ကိုးကြယ္ရာ ဘာသာတစ္ခုကို ျဖစ္ျဖစ္၊ အသားအေရာင္ခြဲျခားျပီးေတာ့ ျဖစ္ျဖစ္ အၾကမ္းဖက္မႈ ျပဳလုပ္ရင္ ပိုေတာင္ အက်ည္းတန္ပါေသးတယ္။ အၾကမ္းဖက္မႈပါဝင္လို႔ ေသဆံုးရသူေတြဟာ မျဖစ္ခင္ မိနစ္ပုိင္း၊ နာရီပိုင္း၊ စကၠန္႔႔ပိုင္းေလးကမွ အျဖစ္ဆိုးၾကီးေတြ ျဖစ္လာမွာ မသိဘဲ ေပ်ာ္ေနတုနး္ဆုိရင္ ဘယ္ေလာက္ေတာင္ ဝမ္းနည္းစရာေကာင္းလုိက္သလဲ။

ဘယ္လိုပဲ အၾကမး္ဖက္မႈကို ဆန္႔က်င္ေနပါေစ၊ အၾကမ္းဖက္မႈကို ျပဳလုပ္ေနတဲ့သူေတြကလည္း ရွိျမဲအတုိင္းရွိဆဲပါပဲ။ လူတစ္ေယာက္ရဲ႕အသတ္ကို ၾကက္ကေလး၊ငွက္ကေလးသတ္သလို တန္ဖိုးမထားသူေတြေၾကာင့္ လြန္ခဲ့တဲ့ ၁၆ ႏွစ္အၾကာတုန္းက အျပစ္မဲ့လူေပါင္း ၂၀၀ ေက်ာ္ေသဆံုးခဲ့ရတဲ့ ဘာလီကၽြန္းဗံုးေဖာက္ခြဲမႈၾကီး ျဖစ္ပြားခဲ့ပါတယ္။

၂၀၀၂ ခုႏွစ္ ေအာက္တုိဘာလ ၁၂ ရက္ေန႔မွာ အင္ဒိုနီးရွားႏုိင္ငံမွာ ကမာၻလွည့္ခရီးသည္ေတြ အမ်ားဆံုးသြားလာရာျဖစ္တဲ့ Kuta ကမး္ေျခမွာ ဗံုးႏွစ္လံုးဆက္တုိက္ေပါက္ကြဲခဲ့ျပီး လူေပါင္း ၂၀၂ ေယာက္ေသဆံုးခဲ့ရပါတယ္။

ေသဆံုးသူေတြဟာ အဲဒီအခ်ိန္တုန္းက Kuta မွာ ရွိတဲ့ Paddy’s Irish Bar နဲ႔ အနီးနားတဝုိက္မွာရွိတဲ့ Sari Club မွာ အပန္းေျဖေနတဲ့သူေတြ ျဖစ္ျပီး ႏုိင္ငံေပါင္း ၂၁ ႏုိင္ငံက အသီးသီးေသဆံုးခဲ့ၾကပါတယ္။ ၾသစေၾတးလ်ႏုိင္ငံသားကေတာ့ အမ်ားဆံုးျဖစ္ျပီး ၈၈ ေယာက္၊ အင္ဒိုနီးရွား ၃၈ ေယာက္နဲ႔ ျဗိတိန္လူမ်ိဳး ၂၈ ေယာက္ ေသဆံုးခဲ့ရပါတယ္။

ဒီအၾကမ္းဖက္မႈၾကီးဟာ ရည္ရြယ္ခ်က္ရွိရွိလုပ္ခဲ့တာျဖစ္ျပီး မျဖစ္ပြားခင္ ၁၀ လေလာက္အလိုမွာ ထုိင္းႏုိင္ငံေတာင္ပိုင္းက ဟုိတယ္ခန္းတစ္ခုမွာ စျပီး ေဆြးေႏြးခဲ့ၾကပါတယ္။ ဒီလွ်ိဳ႕ဝွက္ေဆြးေႏြးမႈမွာ အေရွ႕ေတာင္အာရွ စစ္ေသြးၾကြကြန္ရက္တစ္ခုျဖစ္တဲ့ Jemaah Islamiah (JI) နဲ႔ အေရွ႕ေတာင္အာရွရဲ႕ အုိစမာဘင္လာဒင္လို႔ ေခၚတဲ့ Hambali ေခၚ Riduan Isamuddin တို႔ဟာ ႏုိင္ငံျခားသံရံုးေတြလို ထင္ရွားေက်ာ္ၾကားတဲ့ ပစ္မွတ္ေတြအစား Nightclubs နဲ႔ ဘားေတြလို လံုျခံဳေရးမထူထပ္တဲ့ ေနရာေတြကို တုိက္ခုိက္ဖို႔ ဗ်ဴဟာအသစ္ခ်ခဲ့ၾကပါတယ္။

Riduan Isamuddin

Riduan Isamuddin

ဒါေပမယ့္ ဘယ္ေနရာကို တုိက္ခုိက္မယ္ဆိုတာေတာ့ ၾသဂုတ္လ ၂၀၀၂ ခုႏွစ္အထိ ေရြးခ်ယ္ထားျခင္းမရွိခဲ့ပါဘူး။ ၂၀၀၃ ခုႏွစ္မွာ အက်ဥ္းခ်ခံခဲ့ရတဲ့ ဗံုးခြဲသူထဲမွာ တစ္ေယာက္အပါအဝင္ျဖစ္တဲ့ Ali Imron ရဲ႕ ထြက္ဆိုမႈအရေတာ့ ေနာက္ပိုင္းမွ ဘာလီကၽြန္းကို ပစ္မွတ္အျဖစ္ေရြးခ်ယ္ခဲ့တာ ျဖစျ္ပီး ဘာလီဟာ အေမရိကန္ႏုိင္ငံသားေတြနဲ႔ သူတို႔ရဲ႕ အေပါင္းအပါေတြ အမ်ားဆံုး လာေရာက္လည္ပတ္ရာေနရာမို႔လို႔ ျဖစ္ပါတယ္။ သူတို႔က ဒီဟာကို Jihad ဒါမွမဟုတ္ ျမင့္ျမတ္တဲ့ စစ္ပြဲရဲ႕ အစိတ္အပိုင္းတစ္ခုလို႔ သတ္မွတ္လိုက္ၾကပါတယ္။ အာဖဂန္လူမ်ိဳးေတြအတြက္ အေမရိကန္က ျပန္ေပးဆပ္ရမယ္ေပါ့။

Ali Imron

Ali Imron

လက္ေတြ႔မွာေတာ့ အေမရိကန္ႏုိင္ငံသားေတြထက္ ၾသစေၾတးလ်ားႏုိင္ငံသားေတြနဲ႔ အင္ဒိုနီးရွားႏုိင္ငံသားေတြသာ အမ်ားဆံုးေသေၾကပ်က္စီးခဲ့ျပီး သူတို႔ တြက္ကိန္းမွားခဲ့ပါတယ္။

ဘယ္သူေတြ ပါဝင္ခဲ့သလဲ

Hambali ဟာ ေခါင္းေဆာင္ၾကီးတစ္ေယာက္ျဖစ္ေပမယ့္ သူ႔အစား Mukhlas ေခၚ Ali Ghufron လို႔ ေခၚတဲ့ ဘာသာေရးေခါင္းေဆာင္တစ္ေယာက္ကိုပဲ ဒီ တုိက္ခုိက္မႈေတြရဲ႕ ၾကားခံအျဖစ္လုပ္ေဆာင္ေစခဲ့ျပီး Mukhlas ဟာ ဗံုးသြားခြဲမယ့္သူေတြကို ဘာသာေရးအရ လမ္းညႊန္မႈေပးခဲ့ရတယ္လို႔ ထြက္ဆိုခဲ့ပါတယ္။

 Ali Ghufron

Ali Ghufron

သူဟာ သူ႔ရဲ႕ ညီေလးႏွစ္ေယာက္ျဖစ္တဲ့ Amrozi နဲ႔ Ali Imron ကို ဒီတုိက္ခုိက္မႈကို အဓိကလုပ္ေဆာင္မယ့္သူေတြ အျဖစ္ေရြးခ်ယ္ခဲ့ျပီး သူတို႔ႏွစ္ေယာက္ဟာ ေသဖို႔ အသင့္ျဖစ္ေနခဲ့ၾကပါတယ္။

Amrozi

ဘယ္ေလာက္မ်ားဆိုးဝါးလိုက္ပါသလဲဆိုရင္ ဘာလီကၽြန္းဗံုးေဖာက္ခြဲမႈကို အစက စက္တင္ဘာလ ၁၁ရက္ ၂၀၀၂ ခုႏွစ္မွာ 9/11 တစ္ႏွစ္ျပည့္အေနနဲ႔ လုပ္ဖို႔ ျဖစ္ျပီး ဗံုးေတြ အဆင္သင့္မျဖစ္ေသးတဲ့အတြက္ ရက္ေရႊ႕လိုက္တာလည္း ျဖစ္ပါတယ္။

ဘယ္လို စီစဥ္ခဲ့သလဲ

ဗံုးခြဲခဲ့တဲ့သူေတြ အားလံုးဟာ တစ္ေယာက္ကို တာဝန္ကိုယ္စီ ထမ္းေဆာင္ရပါတယ္။ တျခားဗံုးခြဲမႈတစ္ခုေၾကာင့္ အက်ဥ္းက်သြားတဲ့သူတစ္ေယာက္ျဖစ္တဲ့ Idris ကေတာ့ လိုအပ္တဲ့ ရံပံုေငြေတြ စုေပးရသလို ဗံုးခြဲမယ့္သူေတြေနဖို႔ အိမ္နဲ႔ သြားလာေရးကို စီစဥ္ေပးရပါတယ္။

Amrozi ကေတာ့ ဗံုးမွာပါတဲ့ Chemicals ေတြနဲ႔ Minivan တစ္စီးကို ဝယ္ယူခဲ့ျပီး Dulmatin ဆိုတဲ့ ဘဲက ဗံုးတပ္ဆင္တဲ့ အလုပ္ကို လုပ္ခဲ့ပါတယ္။ ေနာက္တစ္ေယာက္ Abdul Ghoni ကေတာ့ ေပါက္ကြဲေစတတ္တဲ့ ပစၥည္းေတြကို ေရာေႏွာခဲ့ျပီး Umar Patek ဆိုတဲ့ သူကေတာ့ သူ႔ကို အကူအညီေပးခဲ့ပါတယ္။

Ali Imron ရဲ႕ ထြက္ဆိုခ်က္အရ Sari Club မွာ ခြဲတဲ့ အဓိက ဗံုးကို သူလုပ္ခဲ့တာ ျဖစျ္ပီး Jimi လို႔ ေခၚတဲ့ ကားနဲ႔ ဗံုးေတြ တင္ကာ Sari ဆီကို ေမာင္းဝင္သြားခဲ့တာပါ။ Jimi ကေတာ့ ေပါက္ကြဲမႈမွာ ေသသြားခဲ့ပါတယ္။ Iqbal လုိ႔ ေခၚတဲ့ တစ္ေယာက္ကေတာ့ ဗံုးေတြပါတဲ့ ဝတ္စံုကို ဝတ္ဆင္ျပီး Paddy’s Bar ထဲမွာ ေဖာက္ခြဲခဲ့တာ ျဖစ္ပါတယ္။

ဘယ္လိုေတြ အျပစ္ေပးခဲ့ၾကသလဲ

ဗံုးေပါက္ကြဲမႈက လက္သည္တရားခံေတြကို ဖမ္းဆီးအျပစ္ဒဏ္ေပးဖို႔ ၾကိဳးစားခဲ့ၾကျပီး Amrozi ၊ Mukhlas နဲ႔ Imam Samudra ကုိေတာ့ ၂၀၀၈ ခုႏွစ္ႏုိဝင္ဘာလမွာ ကြပ္မ်က္ခဲ့ပါတယ္။ ဘာလီကၽြန္းဗံုးေဖာက္ခြဲမႈက ဗံုးကို ကူညီတပ္ဆင္ေပးခဲ့တဲ့ JI အဖြဲ႔ရဲ႕ ထိပ္တန္းဗံုးျပဳလုပ္သူပညာရွင္ မေလးရွားႏုိင္ငံသား Azahari Husin ကေတာ့ ၂၀၀၅ ခုႏွစ္ ႏုိဝင္ဘာလမွာပဲ အင္ဒိုနီးရွားႏုိင္ငံအေရွ႕ပိုင္းအသတ္ခံခဲ့ရပါတယ္။

Azahari Husin

တျခားဗံုးျပဳလုပ္သူ ႏွစ္ေယာက္ျဖစ္တဲ့ Noordin Mohammad Top နဲ႔ Dulamtin တို႔ကလည္းရဲေတြ စီးနင္းဝင္ေရာက္ပစ္ခတ္ရမွာ ေသဆံုးသြားခဲ့ၾကပါတယ္။ ဘာသာေရးေခါင္းေဆာင္တစ္ေယာက္ျဖစ္တဲ့ Abu Bakar Ba’asyir ကလည္း ဗံုးေဖာက္ကြဲျခင္းကို အစျပဳေပးသူဆိုျပီး ဖမး္ဆီးခံခဲ့ရပါတယ္။

Imam Samudra ကေတာ့ ဗံုးေပါက္ကြဲျပီး ရက္အနညး္ငယ္ၾကာတဲ့အထိ ဘာလီမွာ ေနခဲ့ျပီး ဘယ္ေလာက္ေသေၾကပ်က္စီးတယ္ဆိုတာကို စာရင္းလုပ္ဖို႔နဲ႔ လူေတြ ဘယ္လို တံု႔ျပန္တယ္ဆိုတာ ေစာင့္ၾကည့္ဖို႔ ျဖစ္ပါတယ္။

Imam Samudra

Imam Samudra

ဒီျဖစ္ရပ္ေပၚမွာ လုပ္ခဲ့သူတစ္ေယာက္ခ်င္းစီက မတူညီတဲ့ တံု႔ျပန္ပံုေတြ ရွိခဲ့ျပီး Amrozi က သူ႔ကို ျပစ္ဒဏ္စီရင္ခ်ိန္မွာ ရယ္ေမာဟားတိုက္ေနျပီးလက္မေတာင္ ေထာင္ျပသြားခဲ့ပါေသးတယ္။

Amrozi

Amrozi

သူဟာ အာဇာနည္တစ္ေယာက္အျဖစ္ ေသဆံုးရတာကို ေပ်ာ္ရႊင္တယ္လို႔ဆိုခဲ့ျပီး ေနာက္ထပ္တရားခံတစ္ေယာက္ျဖစ္တဲ့ Ali Imron ကေတာ့ တရားခြင္မွာ မ်က္ရည္ေတြေတြက်ျပီး သူလုပ္ခဲ့တာေတြအတြက္ ေနာင္တရတယ္လို႔ ထပ္ခါထပ္ခါေျပာခဲ့တာကို သံေဝဂရဖြယ္ေတြ႔ရွိခဲ့ရပါတယ္။

ali Imron

ali Imron

ဘယ္လိုပဲ ျဖစ္ျဖစ္ ဘာလီကၽြန္းဗံုးေပါက္ကြဲမႈဟာ အျပစ္မဲ႔လူသား ၂၀၂ ဦးေသဆံုးခဲ့ရျပီး ဒီေန႔ဟာ ၁၆ ႏွစ္ေျမာက္ ေအာက္ေမ့ဖြယ္ေန႔ရက္ပဲ ျဖစ္ပါေတာ့တယ္။

Yoe Lu (Akhayar)

www.akhayar.com

Source : bbc.com
[Unicode]

၁၆ နှစ်ပြည့်သွားပြီဖြစ်တဲ့ အင်ဒိုသမိုင်းမှာ အဆိုးဝါးဆုံး ဘာလီကျွန်းဗုံးပေါက်ကွဲမှု

အကြမ်းဖက်မှုဆိုရင် ဘယ်အကြမ်းဖက်မှုမှ မကောင်းပါဘူး။ လူမျိုးတစ်ခုကိုဖြစ်ဖြစ်၊ ကိုးကွယ်ရာ ဘာသာတစ်ခုကို ဖြစ်ဖြစ်၊ အသားအရောင်ခွဲခြားပြီးတော့ ဖြစ်ဖြစ် အကြမ်းဖက်မှု ပြုလုပ်ရင် ပိုတောင် အကျည်းတန်ပါသေးတယ်။ အကြမ်းဖက်မှုပါဝင်လို့ သေဆုံးရသူတွေဟာ မဖြစ်ခင် မိနစ်ပိုင်း၊ နာရီပိုင်း၊ စက္ကန့့်ပိုင်းလေးကမှ အဖြစ်ဆိုးကြီးတွေ ဖြစ်လာမှာ မသိဘဲ ပျော်နေတုန်းဆိုရင် ဘယ်လောက်တောင် ဝမ်းနည်းစရာကောင်းလိုက်သလဲ။

ဘယ်လိုပဲ အကြမ်းဖက်မှုကို ဆန့်ကျင်နေပါစေ၊ အကြမ်းဖက်မှုကို ပြုလုပ်နေတဲ့သူတွေကလည်း ရှိမြဲအတိုင်းရှိဆဲပါပဲ။ လူတစ်ယောက်ရဲ့အသတ်ကို ကြက်ကလေး၊ငှက်ကလေးသတ်သလို တန်ဖိုးမထားသူတွေကြောင့် လွန်ခဲ့တဲ့ ၁၆ နှစ်အကြာတုန်းက အပြစ်မဲ့လူပေါင်း ၂၀၀ ကျော်သေဆုံးခဲ့ရတဲ့ ဘာလီကျွန်းဗုံးဖောက်ခွဲမှုကြီး ဖြစ်ပွားခဲ့ပါတယ်။

၂၀၀၂ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့မှာ အင်ဒိုနီးရှားနိုင်ငံမှာ ကမ္ဘာလှည့်ခရီးသည်တွေ အများဆုံးသွားလာရာဖြစ်တဲ့ Kuta ကမ်းခြေမှာ ဗုံးနှစ်လုံးဆက်တိုက်ပေါက်ကွဲခဲ့ပြီး လူပေါင်း ၂၀၂ ယောက်သေဆုံးခဲ့ရပါတယ်။

သေဆုံးသူတွေဟာ အဲဒီအချိန်တုန်းက Kuta မှာ ရှိတဲ့ Paddy’s Irish Bar နဲ့ အနီးနားတဝိုက်မှာရှိတဲ့ Sari Club မှာ အပန်းဖြေနေတဲ့သူတွေ ဖြစ်ပြီး နိုင်ငံပေါင်း ၂၁ နိုင်ငံက အသီးသီးသေဆုံးခဲ့ကြပါတယ်။ သြစတြေးလျနိုင်ငံသားကတော့ အများဆုံးဖြစ်ပြီး ၈၈ ယောက်၊ အင်ဒိုနီးရှား ၃၈ ယောက်နဲ့ ဗြိတိန်လူမျိုး ၂၈ ယောက် သေဆုံးခဲ့ရပါတယ်။

ဒီအကြမ်းဖက်မှုကြီးဟာ ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာဖြစ်ပြီး မဖြစ်ပွားခင် ၁၀ လလောက်အလိုမှာ ထိုင်းနိုင်ငံတောင်ပိုင်းက ဟိုတယ်ခန်းတစ်ခုမှာ စပြီး ဆွေးနွေးခဲ့ကြပါတယ်။ ဒီလျှို့ဝှက်ဆွေးနွေးမှုမှာ အရှေ့တောင်အာရှ စစ်သွေးကြွကွန်ရက်တစ်ခုဖြစ်တဲ့ Jemaah Islamiah (JI) နဲ့ အရှေ့တောင်အာရှရဲ့ အိုစမာဘင်လာဒင်လို့ ခေါ်တဲ့ Hambali ခေါ် Riduan Isamuddin တို့ဟာ နိုင်ငံခြားသံရုံးတွေလို ထင်ရှားကျော်ကြားတဲ့ ပစ်မှတ်တွေအစား Nightclubs နဲ့ ဘားတွေလို လုံခြုံရေးမထူထပ်တဲ့ နေရာတွေကို တိုက်ခိုက်ဖို့ ဗျူဟာအသစ်ချခဲ့ကြပါတယ်။

Riduan Isamuddin

Riduan Isamuddin

ဒါပေမယ့် ဘယ်နေရာကို တိုက်ခိုက်မယ်ဆိုတာတော့ သြဂုတ်လ ၂၀၀၂ ခုနှစ်အထိ ရွေးချယ်ထားခြင်းမရှိခဲ့ပါဘူး။ ၂၀၀၃ ခုနှစ်မှာ အကျဉ်းချခံခဲ့ရတဲ့ ဗုံးခွဲသူထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ Ali Imron ရဲ့ ထွက်ဆိုမှုအရတော့ နောက်ပိုင်းမှ ဘာလီကျွန်းကို ပစ်မှတ်အဖြစ်ရွေးချယ်ခဲ့တာ ဖြြစ်ပီး ဘာလီဟာ အမေရိကန်နိုင်ငံသားတွေနဲ့ သူတို့ရဲ့ အပေါင်းအပါတွေ အများဆုံး လာရောက်လည်ပတ်ရာနေရာမို့လို့ ဖြစ်ပါတယ်။ သူတို့က ဒီဟာကို Jihad ဒါမှမဟုတ် မြင့်မြတ်တဲ့ စစ်ပွဲရဲ့ အစိတ်အပိုင်းတစ်ခုလို့ သတ်မှတ်လိုက်ကြပါတယ်။ အာဖဂန်လူမျိုးတွေအတွက် အမေရိကန်က ပြန်ပေးဆပ်ရမယ်ပေါ့။

Ali Imron

Ali Imron

လက်တွေ့မှာတော့ အမေရိကန်နိုင်ငံသားတွေထက် သြစတြေးလျားနိုင်ငံသားတွေနဲ့ အင်ဒိုနီးရှားနိုင်ငံသားတွေသာ အများဆုံးသေကြေပျက်စီးခဲ့ပြီး သူတို့ တွက်ကိန်းမှားခဲ့ပါတယ်။

ဘယ်သူတွေ ပါဝင်ခဲ့သလဲ

Hambali ဟာ ခေါင်းဆောင်ကြီးတစ်ယောက်ဖြစ်ပေမယ့် သူ့အစား Mukhlas ခေါ် Ali Ghufron လို့ ခေါ်တဲ့ ဘာသာရေးခေါင်းဆောင်တစ်ယောက်ကိုပဲ ဒီ တိုက်ခိုက်မှုတွေရဲ့ ကြားခံအဖြစ်လုပ်ဆောင်စေခဲ့ပြီး Mukhlas ဟာ ဗုံးသွားခွဲမယ့်သူတွေကို ဘာသာရေးအရ လမ်းညွှန်မှုပေးခဲ့ရတယ်လို့ ထွက်ဆိုခဲ့ပါတယ်။

 Ali Ghufron

Ali Ghufron

သူဟာ သူ့ရဲ့ ညီလေးနှစ်ယောက်ဖြစ်တဲ့ Amrozi နဲ့ Ali Imron ကို ဒီတိုက်ခိုက်မှုကို အဓိကလုပ်ဆောင်မယ့်သူတွေ အဖြစ်ရွေးချယ်ခဲ့ပြီး သူတို့နှစ်ယောက်ဟာ သေဖို့ အသင့်ဖြစ်နေခဲ့ကြပါတယ်။

Amrozi

ဘယ်လောက်များဆိုးဝါးလိုက်ပါသလဲဆိုရင် ဘာလီကျွန်းဗုံးဖောက်ခွဲမှုကို အစက စက်တင်ဘာလ ၁၁ရက် ၂၀၀၂ ခုနှစ်မှာ 9/11 တစ်နှစ်ပြည့်အနေနဲ့ လုပ်ဖို့ ဖြစ်ပြီး ဗုံးတွေ အဆင်သင့်မဖြစ်သေးတဲ့အတွက် ရက်ရွှေ့လိုက်တာလည်း ဖြစ်ပါတယ်။

ဘယ်လို စီစဉ်ခဲ့သလဲ

ဗုံးခွဲခဲ့တဲ့သူတွေ အားလုံးဟာ တစ်ယောက်ကို တာဝန်ကိုယ်စီ ထမ်းဆောင်ရပါတယ်။ တခြားဗုံးခွဲမှုတစ်ခုကြောင့် အကျဉ်းကျသွားတဲ့သူတစ်ယောက်ဖြစ်တဲ့ Idris ကတော့ လိုအပ်တဲ့ ရံပုံငွေတွေ စုပေးရသလို ဗုံးခွဲမယ့်သူတွေနေဖို့ အိမ်နဲ့ သွားလာရေးကို စီစဉ်ပေးရပါတယ်။

Amrozi ကတော့ ဗုံးမှာပါတဲ့ Chemicals တွေနဲ့ Minivan တစ်စီးကို ဝယ်ယူခဲ့ပြီး Dulmatin ဆိုတဲ့ ဘဲက ဗုံးတပ်ဆင်တဲ့ အလုပ်ကို လုပ်ခဲ့ပါတယ်။ နောက်တစ်ယောက် Abdul Ghoni ကတော့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကို ရောနှောခဲ့ပြီး Umar Patek ဆိုတဲ့ သူကတော့ သူ့ကို အကူအညီပေးခဲ့ပါတယ်။

Ali Imron ရဲ့ ထွက်ဆိုချက်အရ Sari Club မှာ ခွဲတဲ့ အဓိက ဗုံးကို သူလုပ်ခဲ့တာ ဖြြစ်ပီး Jimi လို့ ခေါ်တဲ့ ကားနဲ့ ဗုံးတွေ တင်ကာ Sari ဆီကို မောင်းဝင်သွားခဲ့တာပါ။ Jimi ကတော့ ပေါက်ကွဲမှုမှာ သေသွားခဲ့ပါတယ်။ Iqbal လို့ ခေါ်တဲ့ တစ်ယောက်ကတော့ ဗုံးတွေပါတဲ့ ဝတ်စုံကို ဝတ်ဆင်ပြီး Paddy’s Bar ထဲမှာ ဖောက်ခွဲခဲ့တာ ဖြစ်ပါတယ်။

ဘယ်လိုတွေ အပြစ်ပေးခဲ့ကြသလဲ

ဗုံးပေါက်ကွဲမှုက လက်သည်တရားခံတွေကို ဖမ်းဆီးအပြစ်ဒဏ်ပေးဖို့ ကြိုးစားခဲ့ကြပြီး Amrozi ၊ Mukhlas နဲ့ Imam Samudra ကိုတော့ ၂၀၀၈ ခုနှစ်နိုဝင်ဘာလမှာ ကွပ်မျက်ခဲ့ပါတယ်။ ဘာလီကျွန်းဗုံးဖောက်ခွဲမှုက ဗုံးကို ကူညီတပ်ဆင်ပေးခဲ့တဲ့ JI အဖွဲ့ရဲ့ ထိပ်တန်းဗုံးပြုလုပ်သူပညာရှင် မလေးရှားနိုင်ငံသား Azahari Husin ကတော့ ၂၀၀၅ ခုနှစ် နိုဝင်ဘာလမှာပဲ အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်းအသတ်ခံခဲ့ရပါတယ်။

Azahari Husin

တခြားဗုံးပြုလုပ်သူ နှစ်ယောက်ဖြစ်တဲ့ Noordin Mohammad Top နဲ့ Dulamtin တို့ကလည်းရဲတွေ စီးနင်းဝင်ရောက်ပစ်ခတ်ရမှာ သေဆုံးသွားခဲ့ကြပါတယ်။ ဘာသာရေးခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ Abu Bakar Ba’asyir ကလည်း ဗုံးဖောက်ကွဲခြင်းကို အစပြုပေးသူဆိုပြီး ဖမ်းဆီးခံခဲ့ရပါတယ်။

Imam Samudra ကတော့ ဗုံးပေါက်ကွဲပြီး ရက်အနည်းငယ်ကြာတဲ့အထိ ဘာလီမှာ နေခဲ့ပြီး ဘယ်လောက်သေကြေပျက်စီးတယ်ဆိုတာကို စာရင်းလုပ်ဖို့နဲ့ လူတွေ ဘယ်လို တုံ့ပြန်တယ်ဆိုတာ စောင့်ကြည့်ဖို့ ဖြစ်ပါတယ်။

Imam Samudra

Imam Samudra

ဒီဖြစ်ရပ်ပေါ်မှာ လုပ်ခဲ့သူတစ်ယောက်ချင်းစီက မတူညီတဲ့ တုံ့ပြန်ပုံတွေ ရှိခဲ့ပြီး Amrozi က သူ့ကို ပြစ်ဒဏ်စီရင်ချိန်မှာ ရယ်မောဟားတိုက်နေပြီးလက်မတောင် ထောင်ပြသွားခဲ့ပါသေးတယ်။

Amrozi

Amrozi

သူဟာ အာဇာနည်တစ်ယောက်အဖြစ် သေဆုံးရတာကို ပျော်ရွှင်တယ်လို့ဆိုခဲ့ပြီး နောက်ထပ်တရားခံတစ်ယောက်ဖြစ်တဲ့ Ali Imron ကတော့ တရားခွင်မှာ မျက်ရည်တွေတွေကျပြီး သူလုပ်ခဲ့တာတွေအတွက် နောင်တရတယ်လို့ ထပ်ခါထပ်ခါပြောခဲ့တာကို သံဝေဂရဖွယ်တွေ့ရှိခဲ့ရပါတယ်။

ali Imron

ali Imron

ဘယ်လိုပဲ ဖြစ်ဖြစ် ဘာလီကျွန်းဗုံးပေါက်ကွဲမှုဟာ အပြစ်မဲ့လူသား ၂၀၂ ဦးသေဆုံးခဲ့ရပြီး ဒီနေ့ဟာ ၁၆ နှစ်မြောက် အောက်မေ့ဖွယ်နေ့ရက်ပဲ ဖြစ်ပါတော့တယ်။

Yoe Lu (Akhayar)

www.akhayar.com

Source : bbc.com