တိုက်စစ်မှူးတစ်ယောက်ရဲ့ အဓိက တာဝန်က ဂိုးတွေတဒိုင်းဒိုင်း သွင်းဖို့ပဲမဟုတ်လား။ အသင်းတစ်သင်းမှာ ဂိုးသွင်းစွမ်းရည်ကောင်းတဲ့ ကစားသမားတစ်ဦး ပိုင်ဆိုင်ထားရင် အောင်မြင်မှုတွေ ရယူဖို့ မျှော်လင့်ချက်ရှိနေပြီး တကယ်လို့ သူနဲ့ အကောင်းဆုံးတွဲဖက်ကစားမယ့်သူ နောက်ထပ်တစ်ဦးသာ ရှိနေရင်တော့ အတိုင်းထက်အလွန်၊ တံခွန်နဲ့ကုက္ကားလို့ပဲ ပြောရမယ်။ တိုက်စစ်မှာ နားလည်မှုရှိရှိ တွဲဖက်ကစားနိုင်ဖို့ဆိုတာကလည်း သိပ်တော့ မလွယ်ဘူး။ တစ်ယောက်ရဲ့ အထာကို တစ်ယောက်က ကောင်းကောင်းနားလည်မှ ဖြစ်နိုင်မှာပါ။ ဘောလုံးသမိုင်းတစ်လျှောက်မှာ တိုက်စစ်အတွဲတွေ အများကြီးရှိပေမယ့် အတွဲအဖက်မိမိ ကစားနိုင်သလို အောင်မြင်မှု ရယူနိုင်ခဲ့တဲ့ တိုက်စစ်အတွဲတွေက သိပ်အများကြီး မရှိပါဘူး။ ဒါကြောင့် အတွဲအဖက်အညီဆုံး တိုက်စစ်အတွဲများအကြောင်းကို ပရိသတ်တွေ သိရှိနိုင်အောင် အပိုင်း(၁)အနေနဲ့ ဖော်ပြအပြီး အခု အပိုင်း(၂)ကို ဆက်လက်တင်ဆက်လိုက်ပါတယ် . .

၎ .အွန်နရီ Thierry Henry နဲ့ ဘားကမ့် Dennis Bergkamp (အာဆင်နယ်)

Henry-and-Dennis-Bergkamp

Henry-and-Dennis-Bergkamp

အာဆင်နယ် ပရိသတ်တွေအတွက် အမြဲတမ်းအမှတ်ရနေမယ့် တိုက်စစ်အတွဲဖြစ်ပါလိမ့်မယ်။ အွန်နရီရဲ့ ပဉ္စလက်ဆန်တဲ့ ဘောလုံးပညာ၊ ဘားကမ့်ရဲ့ ဘောလုံးစွမ်းရည်ပြည့်ဝပြီး ညက်ညောတဲ့ ကစားဟန်တို့နဲ့အတူ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ဘောလုံးလောကကို လွှမ်းမိုးခဲ့ဖူးတယ်။ သူတို့နှစ်ဦးဟာ ၁၉၉၉ ကနေ ၂၀၀၆ ခုနှစ်အထိ တွဲဖက်ကစားခဲ့ပြီး (၂၆၆)ဂိုးအထိ သွင်းယူခဲ့တယ်။ ၂၀၀၃-၀၄ ရာသီမှာ အာဆင်နယ်အသင်း ရှုံးပွဲမရှိမှတ်တမ်းနဲ့ ပရီးမီးယားလိဂ်ဖလား ရရှိခဲ့တာဟာ အွန်နရီ နဲ့ ဘားကမ့်တို့ရဲ့ ခြေစွမ်းက အဓိက ကျခဲ့ပါတယ်။

၃.ရွန်နီ Rooney နဲ့ စီရော်နယ်လ်ဒို Cristiano Ronaldo (မန်ယူ)

Rooney-and-C-Ronaldo

Rooney-and-C-Ronaldo

ဒွိုက်ယော့ခ်-အန်ဒီကိုးလ်လိုပဲ အတွဲအဖက် ညီညီကစားနိုင်တဲ့ တိုက်စစ်အတွဲဖြစ်ပါတယ်။ ၂၀၀၆ ကမ္ဘာ့ဖလားမှာ ဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေကြောင့် ရွန်နီနဲ့ စီရော်နယ်လ်ဒိုတို့ကြားမှာ ပဋိပက္ခတွေရှိခဲ့တယ်လို့ သတင်းထွက်ခဲ့ပေမယ့် သူတို့နှစ်ဦးဟာ ကွင်းတွင်းမှာတော့ အကောင်းဆုံးတွဲဖက် ကစားနိုင်ခဲ့ပြီး အသင်းအတွက် တတိယမြောက် ချန်ပီယံလိဂ်ဖလား ရယူခဲ့သလို၊ ပရီးမီးယားလိဂ်နဲ့ တခြားဆုဖလားတွေလည်း ရယူနိုင်ခဲ့ကြတယ်။

၂. အီရန်ရပ်ရှ် Ian Rush နဲ့ ဒဲဂလစ်ရှ် Dalglish (လီဗာပူးလ်)

Ian-Rush-and-Kenny-Dalglish

Ian-Rush-and-Kenny-Dalglish

လီဗာပူးလ်အသင်းရဲ့ အောင်မြင်မှုတွေကို ပြောမယ်ဆိုရင် အီရန်ရပ်ရှ်-ဒဲဂလစ်ရှ်တို့ နှစ်ဦးအကြောင်းကို ချန်လှပ်ခဲ့လို့ မရဘူး။ လီဗာပူးလ်အသင်းမှာ ထင်ရှားတဲ့တိုက်စစ်အတွဲအဖက်တွေ အများကြီးရှိခဲ့ဖူးပြီး တိုရှက်- ကီးဂန်း၊ အီရန်ရပ်ရှ်-ဒဲဂလစ်ရှ်၊ အိုဝင်-ဖောင်လာ၊ ဆွာရက်ဇ်-စတာရစ်ခ်ျ စသူတို့ပါပဲ။ အီရန်ရပ်ရှ်နဲ့ ဒဲဂလစ်ရှ်တို့ဟာ သမိုင်းဝင်အောင်မြင်မှုတွေ ရယူခဲ့ကြပြီး ၁၉၈၃-၈၄ ရာသီက အမှတ်ပေးဖလား၊ လိဂ်ဖလား၊ ဥရောပဖလား (ချန်ပီယံလိဂ်)တို့ ဆွတ်ခူးခဲ့လို့ လီဗာပူးလ်အသင်းဟာ ဖလား(၃)လုံးရရှိခဲ့တဲ့ ပထမဆုံးအင်္ဂလိပ်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့တယ်။

၁.ပွတ်ရှ်ကပ်စ် Ferenc Puskas နဲ့ ဒီစတီဖာနို Alfredo Di Stefano (ရီးယဲလ်)

Ferenc-Puskas-and-Alfredo-Di-Stefano

Ferenc-Puskas-and-Alfredo-Di-Stefano

ဒီနှစ်ဦးကတော့ ပရိသတ်တွေကို အထူးတလည် မိတ်ဆက်ပေးစရာ လိုမယ်မထင်ဘူး။ စီရော်နယ်လ်ဒို Cristiano Ronaldo ၊ ဂါရတ်ဘေးလ် Gareth Bale နဲ့ ဘန်ဇီမာ Benzema တို့ရဲ့ BBC တိုက်စစ်အတွဲက ရီးယဲလ်အသင်းရဲ့ ခေတ်တစ်ခုကို ဦးဆောင်ခဲ့တယ်ဆိုရင် ပွတ်ရှ်ကပ်စ်နဲ့ ဒီစတီဖာနိုတို့ဟာ ရီးယဲလ်အသင်း အောင်မြင်မှုတွေ မြစ်ဖျားခံရာလို့ ပြောရမယ်။ ဒီနှစ်ဦးဟာ ၁၉၅၈ ကနေ ၁၉၆၄ ခုနှစ်အထိ တွဲဖက်ကစားခဲ့ပြီး (၄၃၃)ပွဲကစား၊ (၃၆၀)ဂိုး သွင်းယူခဲ့တယ်။

အခုဖော်ပြခဲ့တဲ့ တိုက်စစ်အတွဲအဖက်တွေဟာ တစ်ခေတ်တစ်ခါတုန်းက ဘောလုံးလောကကို လွှမ်းမိုးနိုင်ခဲ့ကြသူတွေဖြစ်ပါတယ်။ ဒီကစားသမားတွေထဲက တော်တော်များများဟာ ဘောလုံးလောကမှာ မရှိတော့ပေမယ့်လည်း ပရိသတ်တွေကတော့ သူတို့ကို ဘယ်တော့မှ မေ့ဖျောက်လို့ရမှာ မဟုတ်ပါဘူး . .

ဘောလုံးသမိုင်းတစ်လျှေက် အတွဲအဖက်အညီဆုံး တိုက်စစ်အတွဲများ (၁) ဖတ်ရှုရန် လင့်ခ်

REF:sportskeeda
Photo:You tube ,sportskeeda
Naing Linn(Akhayar)
www.akhayar.com