[Zawgyi]
Calvert-Lewin
Calvert-Lewin
Lukaku
Lukaku
၎ ၀ီလီယံ Willian (ချယ်လ်ဆီး – 34.892 kmh)
Aaron-Lennon
Aaron-Lennon
Aubameyang
Aubameyang
( ၁ ကီလိုမီတာ = ၀.၆၂၁ မိုင်)
REF:Dreamfc
Photo:Dreamfc
Naing Linn(Akhayar)
www.akhayar.com
[Unicode]
ပရီးမီးယားလိဂ်ပွဲစဉ် (၇)အပြီး ပြေးအား အကောင်းဆုံး ကစားသမားများ
ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဘယ်သူက အမြန်ဆုံးကစားသမားလဲဆိုတာဟာ ပရိသတ်တွေကြားမှာ အမြဲတမ်း ငြင်းခုန်နေရတဲ့ မေးခွန်းတစ်ခုပါပဲ။ အခု ဘောလုံးအချက်အလက် စစ်တမ်းကောက်ခံတဲ့အဖွဲ့ Opta က ပရီးမီးယားလိဂ် ပွဲစဉ်(၇)အပြီးမှာ ပြေးအားအကောင်းဆုံး ကစားသမား(၁၀)ဦးကို ထုတ်ပြန်လိုက်ပြီး သူတု့ိက ဘယ်သူများလဲဆိုတော့ . .
၁. ကယ်လ်ဗတ်လူဝင် Calvert Lewin (အဲဗာတန်- 34.935 kmh)
Calvert-Lewin
Calvert-Lewin
အဲဗာတန်အသင်းရဲ့ အင်္ဂလန်လူငယ်ကစားသမား ကယ်လ်ဗတ်လူဝင်ရဲ့ ပြေးအားက ကြောက်စရာပါပဲ။ (၁)နာရီကို (၃၄.၉၃၅)ကီလိုမီတာအထိ ပြေးလွှားခဲ့ပြီး မိုင်နဲ့ပြန်တွက်ရင်တော့ (၂၁)မိုင်ကျော်အထိ ရှိပါတယ်။
၂.ဆက်ဆီနွန် Sessegnon (ဖူလ်ဟမ် – 34.913 kmh)
ဒီစာရင်း ဒုတိယနေရာမှာ ရပ်တည်နေတာက ဖူလ်ဟမ်အသင်းရဲ့ အင်္ဂလန်ယူ-၂၁ ကစားသမား ရိုင်ယန်ဆက်ဆီနွန် ဖြစ်ပါတယ်။ အသင်းကြီးတွေ ပစ်မှတ်ထားခံနေရတဲ့ ဆက်ဆီနွန်ဟာ အင်္ဂလန်ဘောလုံးလောကမှာ ထွန်းတောက်လာမယ့် ကြယ်ပွင့်အဖြစ် သတ်မှတ်ခံထားရသူပါ။
၃. လူကာကူ Romelu Lukaku (မန်ယူ-34.894 kmh)
Lukaku
Lukaku
တတိယနေရာမှာတော့ မန်ယူအသင်းရဲ့ ဘယ်လ်ဂျီယံနာမည်ကျော် တိုက်စစ်မှူး လူကာကူ ရှိနေပါတယ်။ တိုက်စစ်မှူးဖြစ်ပေမယ့် ပွဲချိန်အတွင်း သူ့ရဲ့ပြေးအားက တောင်ပံကစားသမား တစ်ယောက်လိုပါပဲ။
၄ ဝီလီယံ Willian (ချယ်လ်ဆီး – 34.892 kmh)
ချယ်လ်ဆီးအသင်းမှာ ဟာဇက် Hazard ကို ကျော်ပြီး ဝီလီယံက ပြေးအားအကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရတယ်။ ဝီလီယံရဲ့ပြေးအားက အပေါ်က ကစားသမားတွေနဲ့ သိပ်မကွာပါဘူး။
၅.ဟဲလ်ဒါကော်စတာ Helder Costa (ဝုလ်ဗ် – 34.858 kmh)
ဝုလ်ဗ်အသင်းရဲ့ ညာတောင်ပံမှာ ခြေစွမ်းပြနေတဲ့ ကစားသမားဖြစ်ပါတယ်။ အသက်(၂၄)နှစ်သာ ရှိသေးတဲ့ ဟဲလ်ဒါကော်စတာဟာ အခုဆိုရင် ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် ပထမဆုံးအကြိမ် ရွေးချယ်ခံခဲ့ရပါပြီ။
၆. ကွန်ဂိုလို Kongolo (ဟတ်ဒါဖီးလ် – 34.853 kmh)
မိုနာကိုအသင်းနဲ့အတူ ထင်ရှားခဲ့တဲ့ ကွန်ဂိုလိုဟာ ခံစစ်အတွင်းလူနေရာမှာသာမက ဘယ်နောက်ခံလူအဖြစ်ပါ ကစားနိုင်သူဖြစ်ပါတယ်။ ဒီရာသီမှာ ဟတ်ဒါဖီးလ်အသင်းနဲ့ အပြီးသတ် စာချုပ်ချုပ်ဆိုခဲ့တဲ့ ကွန်ဂိုလိုဟာ သူ့ရဲ့ လက်ရှိခြေစွမ်းကို ဆက်ထိန်းနိုင်မလား စောင့်ကြည့်ရမယ်။
၇. ဝေါလ်ကာ Kyle Walker (မန်စီးတီး – 34.845 kmh)
ဝေါလ်ကာရဲ့ ပြေးအားကိုတော့ အထူးပြောစရာမလိုပါဘူး။ ဒီခြေစွမ်းကြောင့်လည်း မန်စီးတီးအသင်းမှာရော အင်္ဂလန်အသင်းမှာပါ ညာနောက်ခံကစားသမားအဖြစ် ပုံမှန်ပါဝင်ခွင့်ရနေတာပါပဲ။
၈ . လန်နွန် Aaron Lennon (ဘန်လေ – 34.826 kmh)
Aaron-Lennon
Aaron-Lennon
ပရီးမီးယားလိဂ်ရဲ့ ဝါရင့်တောင်ပံကစားသမား လန်နွန်က အသက်အရွယ်ရလာပေမယ့်လည်း ပြေးအားက လူငယ်တစ်ဦးအတိုင်းပဲ။ ဒီရာသီမှာ ဘန်လေအသင်းအတွက် ပုံမှန်ကစားခွင့်နေရတဲ့ လန်နွန်ရဲ့ တစ်ကျော့ပြန် ခြေစွမ်းကို ပရိသတ်တွေ မြင်တွေ့ပြီးသားဖြစ်မှာပါ။
၉. ရိုင်ယန်ဖရီဒရစ် Ryan Fredericks (ဝက်စ်ဟမ်း – 34.767 kmh)
နောက်ခံလူတစ်ဦးဖြစ်ပေမယ့် ဖရီဒရစ်ကလည်း ပြေးအားအကောင်းဆုံး ကစားသမားစာရင်းမှာ ပါဝင်နေတယ်။ ဖရီဒရစ်အနေနဲ့ ဝက်စ်ဟမ်းအသင်းမှာ ပုံမှန်ကစားခွင့်တစ်နေရာရဖို့ ဒီထက်ပို ကြိုးစားဖို့တော့ လိုအပ်နေပါပြီ။
၁၀ . အူဘာမီယန်း Aubameyang (အာဆင်နယ် – 34.753 kmh)
Aubameyang
Aubameyang
ဒေါ့မွန်မှာ ကစားတုန်းက ယူစိန်ဘော့ Usain Bolt ရဲ့ တာတိုစံချိန်ကို ချိုးဖြတ်ပြခဲ့သူ အူဘာမီယန်း ဒီစာရင်းမှာ ပါဝင်တာက သိပ်မဆန်းပါဘူး။ သူ့ရဲ့ ပြေးအားတိုးအားတွေက ပြိုင်ဘက်ခံစစ်အတွက် ထိန်းချုပ်ရ ခက်ခဲစေပါတယ်။
( ၁ ကီလိုမီတာ = ဝ.၆၂၁ မိုင်)
REF:Dreamfc
Photo:Dreamfc
Naing Linn(Akhayar)
www.akhayar.com