Google ဟာ နှစ်စဉ်လုပ်နေကျမြဲဖြစ်တဲ့ I/O 2017 ပွဲကို မနေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီပွဲမှာ CEO ဖြစ်သူ ဆွန်ဒါပီချိုင်းရဲ့ ကုမ္ပဏီအတွက် နောက်လာမယ့် Android, Google Assistant, Google Home, Virtual Reality နဲ့ တခြားအရာတွေကို မိတ်ဆက်သွားခဲ့ပါတယ်။

အဲ့ဒီအပြင် Skydiving Google Glass တွေကိုလည်း Google က Major Hardware အနေနဲ့ ထုတ်ဖော်ခဲ့ပါတယ်။ ဒါကြောင့် Google I/O မှာ ထုတ်လုပ်သွားတဲ့ ပစ္စည်းတွေနဲ့ ဖော်ထုတ်သွားတဲ့ သတင်းအချက်အလက်တွေကို ဖော်ပြပေးသွားမှာပါ။

 

Android ရဲ့ Monthly Active Devices ဟာ ၂ဘီလီယံကျော်ရှိတယ်

Android ရဲ့ Mobile ဖုန်းတွေကို လွှမ်းမိုးမှုစွမ်းရည်က တိုးတက်မှု မလျော့ကျသေးပါဘူး။ CEO ဖြစ်သူ ပီချိုင်းရဲ့ ထုတ်ဖော်ချက် အရ Android ပစ္စည်းတွေရဲ့ လစဉ်အသက်ဝင်မှု (Monthly active Android Devices) ဟာ ၂ဘီလီယံ အရေအတွက်ကိုကျော်လွန်သွားပါပြီ။ ဒီအထဲမှာ စမတ်ဖုန်းတွေ၊ တက်ဘလက်တွေ၊ Android Wear ပစ္စည်းတွေ၊ Android TV နဲ့ Android OS အပေါ် အခြေခံ အလုပ်လုပ်နေတဲ့ Gadgets တွေအားလုံး ပါဝင်ပါတယ်။

Google Assistant ကို တစ်ကမ္ဘာလုံး နားလည်လက်ခံတယ်

Google Assistant ဟာ ယခုအခါမှာ တစ်ကမ္ဘာလုံး အနှံ့အပြားမှာ ရှိနေပြီ ဖြစ်ပါတယ်။ အဲ့ဒီအပြင် စမတ်ဖုန်းကင်မရာနဲ့ ချိတ်ဆက်ပြီး Assistant က အလုပ်လုပ်မယ့် Google Lens ဆိုတဲ့ နည်းပညာကိုလည်း ထည့်သွင်းလိုက်ပါတယ်။ ဒီနည်းပညာအရ Assistant ဟာ သင့်ရဲ့ ပတ်ပတ်လည်ကို ခွဲခြမ်းစိတ်ဖြာပြီး သင့်ရဲ့ မျက်နှာပြင်ကို ပြန်လည်ဆက်သွယ် ဖော်ပြပေးမှာပါ။ ဆိုလိုတာကတော့ သင့်ရဲ့ စမတ်ဖုန်းကင်မရာကနေတစ်ဆင့် Search လုပ်နိုင်မှာပါ။

ဒါကြောင့် အတွင်းပိုင်း Digital Search အနေနဲ့ သာမက အပြင်ဘက် Reality Search အထိ တိုးချဲ့ဖို့ အတွက် Google က ခြေလှမ်းကျယ်ကျယ်လှမ်းလာခဲ့ပြီလို့ တောင်ဆိုနိုင်ပါတယ်။ ဒါက အကြမ်းဖျဉ်းပြောထားတာဖြစ်ပြီး တကယ် ထွက်လာခဲ့တဲ့ အခါကျရင် ဒီထက်တိုးမြှင့်လာဖို့ ရှိနေပါတယ်။

 

iPhone တွေထံ ရောက်လာတဲ့ Google Assistant

Google ရဲ့ မနှစ်က စတင်ခဲ့တဲ့ Google Assistant ဟာ Android OS တွေအတွက်သာမက iOS ပစ္စည်းတွေအထိတောင် ကျယ်ပြန့်လာခဲ့ပါပြီ။ Google Assistant ကို iPhone နဲ့ iPad တွေမှာ တွေ့မြင်ရတော့မှာပါ။ Google ရဲ့ OS စနစ်မှာ မြင်တွေ့ရတဲ့ Function အတော်စုံစုံလင်လင်နဲ့ ထွက်ပေါ်လာမှာပါ။ ဒါကို သင်စောင့်နေစရာမလိုတော့ပါဘူး။ ဘာလို့လဲဆိုတော့ Google Assistant ကို ဒီနေ့ကစတင်ပြီး ရနိုင်ပြီမို့လို့ပါ။

 

Google Home ကို ဖုန်းတစ်လုံးအဖြစ် အသွင်ပြောင်းခြင်း

Amazon လိုပဲ Google ဟာ သူတို့ရဲ့ စမတ်စပီကာကို ဖုန်းတစ်လုံးအသွင် ပြောင်းလို့ရအောင် လုပ်လိုက်ပါတယ်။ Google Home ရဲ့ ကိုယ်ပိုင်ဖုန်းနံပါတ်တစ်ခုနဲ့ ဖုန်းခေါ်တာတွေ၊ လုပ်လို့ရပါပြီ။ လတ်တလောမှာ အထွက်ကောတွေသာ ခေါ်လို့ ရနိုင်ဦးမှာ ဖြစ်ပြီး နောက်ပိုင်းမှာလည်း ဒီလုပ်ဆောင်ချက်က ကျယ်ပြန့်လာဖို့ Google က မျှော်လင့်နေပါတယ်။

 

VR စင်စစ် ပစ္စည်းတစ်ခု ထွက်လာမယ်

Google ရဲ့ VR တီထွင်မှုဟာ လက်ရှိ Daydream ထက်ပိုမိုက်လာတော့မှာပါ။ ဒီအထဲမှာ VR Feel ရရှိဖို့ စမတ်ဖုန်း ထည့်သွင်းဖို့ မလိုတော့တာလည်း ပါဝင်ပါတယ်။ ကုမ္ပဏီရဲ့ ထုတ်ဖော်ခဲ့မှုအရ နောက်ထွက်လာမယ့် Headset ဟာ HTC နဲ့ Lenovo တို့နဲ့ ပူးပေါင်းပြီး စမတ်ဖုန်းတွေ၊ PC ပါဝါတွေ မလိုတော့တဲ့ VR အတွေ့အကြုံအစစ်ကို ခံစားရအောင်ပြုလုပ်ပေးမှာပါ။ ဒီ VR ကို Google က မကြာခင် ထုတ်လုပ်ဖို့ မျှော်မှန်းထားပါတယ်။

 

ပထမဆုံး Android O ရဲ့ Beta ဗားရှင်းကို ဒီနေ့ရနိုင်ပြီ

Google ဟာ Android O အတွက် Preview Program ကို ထုတ်ဖော်ခဲ့ပြီး ဒီနေ့မှာ ပထမဆုံး Android O Beta ဗားရှင်းကို ထုတ်လုပ်မှာဖြစ်ကြောင်း သိရပါတယ်။ Android O ရဲ့ အဆင့်မြှင့်တင်မှုတွေကိုတော့ မသိရသေးပဲ ဒီဗားရှင်းကို လူတိုင်း Install လုပ်နိုင်ကြောင်းလည်း သိရပါတယ်။

Oreo, Ontbijtkoek, Oliebol, Ozark Pudding, Oatmeal, Orelletes စတဲ့ နာမည်တွေထဲက တစ်ခုကို ခေါ်တွင်မယ်ဆိုပြီး သတင်းတွေထွက်နေတဲ့ Android O ကို လုပ်ဆောင်ချက်အသစ်တွေအနေနဲ့ Notification တွေကို အဆင့်မြှင့်တာ၊ picture-in-picture နဲ့ တခြား Pixel ဒါမှမဟုတ် Nexus ပစ္စည်းတွေမှာ စတင်ထည့်သွင်းသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

 

Google ရဲ့ AI chip ကို Cloud အဖြစ် နောက် Android မှာ ပြောင်းလဲနိုင်

ပီချိုင်းက ကုမ္ပဏီရဲ့ အနာဂါတ်မှာ Artificial Intelligence တွေလဲ ပါဝင်ပြီး Machine Learning နည်းပညာက Algorithm ကို ကိုယ်တိုင် အဆင့်မြှင့်ဖို့ ပြုလုပ်စေမှာ ဖြစ်တယ်လို့ သိရပါတယ်။ နည်းပညာကို Assistant နဲ့ Google Photos ၊ AlphaGo System တို့မှာ ထည့်သွင်းမှာ ဖြစ်ပါတယ်။

နောက်ပိုင်းအသုံးပြုမယ့် TPU ဟာ Google ရဲ့ AI ပလက်ဖောင်းကို တခြား ပြိုင်ဘက်တွေနဲ့ ယှဉ်ကြည့်လိုက်ရင် မယုံကြည်နိုင်စရာကောင်းအောင် မြန်ဆန်စေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

 

Joker (Akhayar)

Ref: The Verge