[Zawgyi]

ပင်လယ်ပြင်ဘေးအန္တရာယ်တွေအကြောင်း ရိုက်ကူးထားတဲ့ အကောင်းဆုံးဇာတ်ကား (၁၀) ကား

မိုးရာသီရောက်ပြီဆိုတော့ အပြင်သွားရလာရတာ စိုစိစိုစိနဲ့ တတ်နိုင်သမျှ အိမ်ထဲမှာပဲ ကွေးနေချင်တော့တာပဲ။ ဒီလို အချိန်မျိုးမှာ အပြောင်းအလဲအနေနဲ့ သဘာဝဘေးအန္တရာယ်ဇာတ်ကားလေးတွေ ကြည့်ရလည်း မိုက်တာပဲနော်။ အထူးသဖြင့် ပင်လယ်ပြင်ထဲမှာ ကြုံတွေ့ရတတ်တဲ့ မုန်တိုင်း၊ ငါးမန်းနဲ့ ရာသီဥတုအခြေအနေနဲ့ ပက်သက်တဲ့ ဇာတ်ကားကောင်းကောင်းလေးတွေကို အခုလို စုစည်းပေးလိုက်ပါတယ်။

၁) The Perfect Storm (2000)

The Perfect Storm

Geroge Clooney နဲ့ Mark Wahlberg တို့လို ဒိတ်ဒိတ်ကြဲတွေပါဝင်ထားတဲ့ ၂၀၀၀ ခုနှစ်က ဂန္တဝင်ဇာတ်ကားဖြစ်ပါတယ်။ ၁၉၉၁ ခုနှစ်မှာ ပင်လယ်ပြင်ထဲ ပျောက်ဆုံးသွားခဲ့တဲ့ ငါးဖမ်းစက်လှေ Andrea Gail ရဲ့ ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာ Special Effects တွေ ပီပြင်တယ်လို့ ချီးကျူးခံခဲ့ရသလို မင်းသားကြီးနှစ်ယောက်ရဲ့ အပြိုင်သရုပ်ဆောင်မှုကိုလည်း ကောင်းကောင်းကြည့်ရှုခံစားရမှာပါ။

၂) The Poseidon Adventure (1972)

The Poseidon Adventure (1972)

The Poseidon Adventure ဟာ Jaws လို နာမည်ကြီးဇာတ်ကားမျိုးနဲ့ တတန်းတည်း တူတူထားကြပါတယ်။ ဒီဇာတ်ကားမှာ ဇိမ်ခံသဘောင်္ကြီး Poseidon ဟာ နောက်ဆုံးခရီးအနေနဲ့ အမေရိကန်နိုင်ငံ နယူးယောက်မြို့ကနေ ဂရိနိုင်ငံ အေသင်မြို့ကို New Year’s Eve အချိန်ခရီးထွက်လာတုန်း ဆူနာမီလှိုင်းလုံးကြီးတွေနဲ့ရင်ဆိုင်ရပုံကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ Best Visual Effects နဲ့ Best Original Song ဆိုပြီး အကယ်ဒမီ ၂ ဆုတောင် ရရှိခဲ့သလို ၁၉၇၀ ခုနှစ်တဝိုက်ထွက်ရှိသမျှ သဘာဝဘေးအန္တရာယ်ဇာတ်ကားတွေကြားမှာ အကောင်းဆုံးဇာတ်ကားလို့လည်း ပြောလို့ရပါတယ်။ ၁၉၇၂ ခုနှစ်က ဇာတ်ကားဆိုတော့ Online ကနေပဲ ရှာကြည့်တာ ပိုလွယ်ကူမယ်ထင်ပါတယ်။

၃) Titanic (1997)

Titanic

ဒီလို ဇာတ်ကားကောင်းတွေ ဖော်ပြမှတော့ Titanic ကို ချန်ထားလို့ ဖြစ်မလားဗျာ။ Jack နဲ့ Rose ရဲ့ အချစ်ရေး၊ ရေခဲကျောက်ဆောင်ကြီးကို တိုက်မိတဲ့ သဘောင်္ကြီးရဲ့ ကံကြမ္မာ…အားလပ်ရက်မှာ ပြန်ကြည့်စရာ ဇာတ်ကားကောင်းတစ်ကားထဲ သူပါဝင်နေပါသေးတယ်။

၎) Adrift (2018)

Adrift

Me Before You ထဲက Sam Claflin ကို မှတ်မိသေးတယ်မလား။ ဒီတစ်ခါလည်း Sam Claflin ဟာ ချစ်သူနဲ့ ပစိဖိတ်သမုဒ္ဒရာထဲ လှေတစ်စင်းနဲ့ ရွှက်လွှင့်တဲ့အခါ ဟာရီကိန်းမုန်တိုင်းကြီးနဲ့ တည့်တည့်တိုးမိတဲ့ အခါ ဘယ်လိုတွေ ရင်ဆိုင်ဖြတ်သန်းကြမလဲဆိုတာ ချစ်ခြင်းမေတ္တာလေးရောစွက်ပြီး ရိုက်ကူးထားတာပါ။ ရှေးကားတွေ မကြည့်ချင်ဘူး အသစ်စက်စက်မှ ဆိုရင်တော့ Adrift ကို ကြည့်ရမှာပါပဲ။

၅) Open Water (2003)

Open Water

ငါးမန်းဇာတ်ကားတွေ အများကြီးရှိတဲ့အထဲကနေမှ Open Water ကို ရွေးချယ်ပေးချင်ပါတယ်။ ကာရစ်ဘီယန်ပင်လယ်ထဲမှာ Scuba Diving လုပ်တဲ့အခါမှာ လူသားစားငါးမန်းတွေနဲ့ တွေ့ကြုံရင်ဆိုင်ရပုံကို ရိုက်ကူးထားပါတယ်။ ဒီဇာတ်ကားဟာ Tom Lonergan နဲ့ Eileen Lonergan တို့ရဲ့ ၁၉၉၈ ခုနှစ်က ဖြစ်ရပ်မှန်ဖြစ်ပြီး Great Barrier Reef မှာ သူတို့ ရေငုပ်တုန်းက ရေငုပ်ဝန်ဆောင်မှုကုမ္ပဏီက သူတို့ကို မေ့ပြီး ချန်ထားမိတဲ့အခါ ကြုံရတဲ့ အခြေအနေအဖြစ်အပျက်တွေကို ရိုက်ကူးထားတာပါ။ ဒီဇာတ်ကားရဲ့ထူးခြားချက်ကတော့ ဘတ်ဂျတ် ဒေါ်လာ ၁၂၀,၀၀၀ တည်းနဲ့ ရိုက်ကူးထားပြီး ဝင်ငွေ ဒေါ်လာ ၅၄.၇ သန်း ရရှိခဲ့ပါတယ်။

၆) The Abyss (1989)

The Abyss

ဒီဇာတ်ကားကတော့ ဒါရိုက်တာ James Cameron ရဲ့ လက်ရာဖြစ်ပြီး အမေရိကန်ရေငုပ်သဘောင်္တစ်စင်းနစ်မြုပ်သွားတဲ့အတွက် တာဝန်ရှိတဲ့ အဖွဲ့တွေ ဆင်းရှာကြပါတယ်။ သူတို့ မမျှော်လင့်ထားတဲ့ အရာတွေ တွေ့ကြရတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ။ ဒီဇာတ်ကားဟာ Visual Effect အတွက် အကယ်ဒမီဆုရရှိခဲ့ပြီး ဝင်ငွေလည်းကောင်းခဲ့ပါတယ်။

၇) All is lost (2013)

All is lost

ဒီဇာတ်ကားကတော့ Survival Drama ဇာတ်ကားအမျိုးအစားဖြစ်ပြီး Adrift နဲ့ ဆင်တူပါတယ်။ မတူတာက ဒီထဲမှာ ဇာတ်ကောင်က တစ်ယောက်တည်းဖြစ်ပြီး ဇာတ်ကားတစ်ကားလုံးမှာ စကားပြောနည်းနည်းလေးပဲ ပါဝင်ပါတယ်။ ဒီဇာတ်ကားကို ဝေဖန်ရေးဆရာတွေအကြိုက်တွေ့ကြတဲ့အတွက် ဘယ်လို ဇာတ်ကားကောင်းမျိုးလဲ ဆိုတာ တစ်ချက်ကြည့်လိုက်ရအောင်။

၈) Life of Pi (2012)

Life of Pi

ဒီဇာတ်ကားဟာလည်း အထူးညွှန်းစရာမလိုပါဘူး။။ အရောင်းရဆုံး ဝတ္ထုကို အခြေခံရိုက်ကူးထားပြီး ဒါရိုက်တာ အန်းလီရိုက်ကူးထားတဲ့ ဒီဇာတ်ကားမှာ သဘောင်္ပျက်ပြီးတဲ့နောက် Pi Patel ဆိုတဲ့ လူငယ်လေးတစ်ယောက် ကျားတစ်ကောင်နဲ့ ပစိဖိတ်သမုဒ္ဒရာထဲမှာ ဘယ်လို ရင်ဆိုင်ကျော်ဖြတ်မယ်ဆိုတာကို ရိုက်ကူးပြသထားပါတယ်။ ဒီဇာတ်ကားဟာ အကယ်ဒမီ ၁၁ဆု ဆန်ကာတင်ဝင်ပြီး အကောင်းဆုံး ဒါရိုက်တာဆုအပါအဝင် အကယ်ဒမီ ၄ ဆု ဆွတ်ခူးခဲ့ပါတယ်။

၉) In the Heart of the Sea (2015)

In the heart of the Sea

ဒီဇာတ်ကားကတော့ ဒါရိုက်တာ Ron Howard ရိုက်ကူးထားပြီး ၁၈၂၀ က Essex ဆိုတဲ့ သဘောင်္နစ်မြုပ်မှုကို အခြေခံထားပါတယ်။ ဒီဇာတ်ကားရဲ့ ထူးခြားချက်ကတော့ Chris Hemsworth နဲ့ Tom Holland တို့လို ခပ်ချောချော မင်းသားတွေ ပါဝင်ထားတာပဲ ဖြစ်ပါတယ်။

၁၀) Captain Phillips (2013)

Captain Phillip

Tom Hanks ကြီးရဲ့ Captian Phillips ဖြစ်ပါတယ်ဗျာ၊ သဘာဝဘေးအန္တရာယ်ကြုံရတဲ့ ဇာတ်ကားမဟုတ်ပေမယ့်လည်း ကုန်တင်သဘောင်္ကြီးရဲ့ Captain အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Tom Hanks ရဲ့ သရုပ်ဆောင်ပီပြင်မှု၊ ၂၀၀၉ ခုနှစ်တုန်းက အိန္ဒိယသမုဒ္ဒရာထဲမှာ ဆိုမာလီပင်လယ်ဓားပြတွေနဲ့ ရင်ဆိုင်ရမှု အဖြစ်မှန်တွေကို ရိုက်ကူးထားတဲ့ အတွက် အရမ်းကို စိတ်ဝင်စားဖို့ ကောင်းတဲ့ ဇာတ်ကားဖြစ်ပါတယ်။

Yoe Lu (Akhayar)

www.akhayar.com

Ref : cosmopolitan.com