[Zawgyi]

Economic Class မွာ ကမၻာ့အေကာင္းဆုံးေလေၾကာင္းလုိင္း (၁ဝ) ခု

ေလေၾကာင္းလုိင္းေတြမွာ First Class ၊ Business Class နဲ႔ Economy Class ဆုိၿပီး သုံးမ်ိဳးခဲြထားေပမယ့္ တခ်ိဳ႕လုိင္းေတြမွာ First Class ၊ Business Class ၊ Premium Economy နဲ႔ Economy Class ဆုိၿပီး ေလးမ်ိဳးခြဲထားပါေသးတယ္။ Class အလုိက္ ဝန္ေဆာင္မႈနဲ႔ ေစ်းႏႈန္းလည္း ကြာျခားပါေသးတယ္။ ျမင္လြယ္ေအာင္ေျပာရရင္ ၂ဝ၁၇ခုႏွစ္တုန္းက လန္ဒန္ၿမိဳ႕ကေန ဝါရွင္တန္ၿမိဳ႕ကုိသြားတဲ့ British Airways 777 မွာဆုိရင္ Economy Class မွာ ေဒၚလာ ၈၇၆၊ Premium Economy မွာ ၂၆၃၃ ေဒၚလာ၊ Business Class မွာ ၆၇၂၃ ေဒၚလာနဲ႔ First Class မွာဆုိရင္ ၈၇၁၅ ေဒၚလာအထိ က်သင့္တာပါ။

ေလေၾကာင္းလုိင္းေတြရဲ႕ ဝန္ေဆာင္မႈေတြကုိ စစ္တမ္းေကာက္ယူေဖာ္ျပေပးေနတဲ့ Skytrax ကုမၸဏီဟာ ခရီးသည္ေတြဆီက တုံ႔ျပန္မႈေတြကုိ သုေတသနျပဳလုပ္ၿပီး အေကာင္းဆုံးေလေၾကာင္းလုိင္းစာရင္းကုိ ႏွစ္စဥ္ထုတ္ျပန္ေလ့ရွိပါတယ္။ ၁၉၉၉ ခုႏွစ္ကတည္းက စစ္တမ္းေကာက္ယူထားတဲ့ အဆုိပါကုမၸဏီဟာ ၂ဝ၁၈ခုႏွစ္အတြက္လည္း Economy Class မွာ စီးနင္းခဲ့တဲ့ ခရီးသည္ သန္းႏွစ္ဆယ္ေက်ာ္ကုိ စစ္တမ္းျပဳလုပ္ၿပီး Economic Class မွာ ကမၻာ့အေကာင္းဆုံးေလေၾကာင္းလုိင္း (၁ဝ) ခုကုိ ထုတ္ျပန္ခဲ့ပါတယ္။

(၁) Thai Airways

(၂) Singapore Airlines

(၃) Qatar Airways

(၄) Emirates

(၅) ANA All Nippon Airways

(၆) Cathay Pacific Airways

(၇) Garuda Indonesia

(၈) EVA Air

(၉) Lufthansa

(၁ဝ) Japan Airlines

၂ဝ၁၈ခုႏွစ္အတြင္း ေလေၾကာင္းလုိင္း (၃၃၅) ခုမွာ စီးနင္းခဲ့တဲ့ ခရီးသည္ သန္းႏွစ္ဆယ္ေက်ာ္ရဲ႕ စစ္တမ္းကုိ ထုတ္ေဖာ္လုိက္တဲ့အခါမွာ အာရွတုိက္မွာ အေျချပဳတဲ့ ေလေၾကာင္းလုိင္းေတြက ထိပ္ဆုံးမွာရွိေနတာပါ။ Economic Class မွာ ကမၻာ့အေကာင္းဆုံးေလေၾကာင္းလုိင္းစာရင္းမွာ အေမရိကန္အေျခစုိက္ေလေၾကာင္းလုိင္းေတြ ပါဝင္ျခင္းမရွိတာ အံ့ၾသစရာပါပဲ။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

Economic Class မှာ ကမ္ဘာ့အကောင်းဆုံးလေကြောင်းလိုင်း (၁ဝ) ခု

လေကြောင်းလိုင်းတွေမှာ First Class ၊ Business Class နဲ့ Economy Class ဆိုပြီး သုံးမျိုးခွဲထားပေမယ့် တချို့လိုင်းတွေမှာ First Class ၊ Business Class ၊ Premium Economy နဲ့ Economy Class ဆိုပြီး လေးမျိုးခွဲထားပါသေးတယ်။ Class အလိုက် ဝန်ဆောင်မှုနဲ့ ဈေးနှုန်းလည်း ကွာခြားပါသေးတယ်။ မြင်လွယ်အောင်ပြောရရင် ၂ဝ၁၇ခုနှစ်တုန်းက လန်ဒန်မြို့ကနေ ဝါရှင်တန်မြို့ကိုသွားတဲ့ British Airways 777 မှာဆိုရင် Economy Class မှာ ဒေါ်လာ ၈၇၆၊ Premium Economy မှာ ၂၆၃၃ ဒေါ်လာ၊ Business Class မှာ ၆၇၂၃ ဒေါ်လာနဲ့ First Class မှာဆိုရင် ၈၇၁၅ ဒေါ်လာအထိ ကျသင့်တာပါ။

လေကြောင်းလိုင်းတွေရဲ့ ဝန်ဆောင်မှုတွေကို စစ်တမ်းကောက်ယူဖော်ပြပေးနေတဲ့ Skytrax ကုမ္ပဏီဟာ ခရီးသည်တွေဆီက တုံ့ပြန်မှုတွေကို သုတေသနပြုလုပ်ပြီး အကောင်းဆုံးလေကြောင်းလိုင်းစာရင်းကို နှစ်စဉ်ထုတ်ပြန်လေ့ရှိပါတယ်။ ၁၉၉၉ ခုနှစ်ကတည်းက စစ်တမ်းကောက်ယူထားတဲ့ အဆိုပါကုမ္ပဏီဟာ ၂ဝ၁၈ခုနှစ်အတွက်လည်း Economy Class မှာ စီးနင်းခဲ့တဲ့ ခရီးသည် သန်းနှစ်ဆယ်ကျော်ကို စစ်တမ်းပြုလုပ်ပြီး Economic Class မှာ ကမ္ဘာ့အကောင်းဆုံးလေကြောင်းလိုင်း (၁ဝ) ခုကို ထုတ်ပြန်ခဲ့ပါတယ်။

(၁) Thai Airways

(၂) Singapore Airlines

(၃) Qatar Airways

(၄) Emirates

(၅) ANA All Nippon Airways

(၆) Cathay Pacific Airways

(၇) Garuda Indonesia

(၈) EVA Air

(၉) Lufthansa

(၁ဝ) Japan Airlines

၂ဝ၁၈ခုနှစ်အတွင်း လေကြောင်းလိုင်း (၃၃၅) ခုမှာ စီးနင်းခဲ့တဲ့ ခရီးသည် သန်းနှစ်ဆယ်ကျော်ရဲ့ စစ်တမ်းကို ထုတ်ဖော်လိုက်တဲ့အခါမှာ အာရှတိုက်မှာ အခြေပြုတဲ့ လေကြောင်းလိုင်းတွေက ထိပ်ဆုံးမှာရှိနေတာပါ။ Economic Class မှာ ကမ္ဘာ့အကောင်းဆုံးလေကြောင်းလိုင်းစာရင်းမှာ အမေရိကန်အခြေစိုက်လေကြောင်းလိုင်းတွေ ပါဝင်ခြင်းမရှိတာ အံ့သြစရာပါပဲ။

ကျော်စိုးအောင် (အခရာ)

www.akhayar.com