[Zawgyi]







ကြည်သာ (Akhayar)

www.akhayar.com


[Unicode]

ရွာပြန်ရောက်ခိုက် အကြော်ကြော်နေတဲ့ သားငယ်

Myanmar Idol Season 2 ရဲ့ Winner ဖြစ်သူ သားငယ် ဟာ ရွာပြန်ရောက်ခိုက် အေးအေးသာသာလေးရှိလှတယ် ဆိုပြီးတော့ အကြော်ကြော်နေတဲ့ ပုံတွေကို တင်ထားတာဖြစ်ပါတယ်။အဆိုတော် သားငယ် ဟာ Myanmar Idol ကို ဝင်မပြိုင်ခင်ကလည်း သူရဲ့ မိသားစု လုပ်ငန်းဖြစ်တဲ့ အကြော်တွေ ရောင်းခြင်းကို လုပ်ကိုင်ခဲတာ ဖြစ်ပြီး လက်ရှိအချိန်မှာလည်း သူဟာ ဘဝမေ့တတ်သူတစ်ဦးမဟုတ်ဘူး ဆိုတာကိုလည်း “ဘဝမေ့ရအောင် ခေါင်းကို ဘာနဲ့မှမထိခိုက်မိပါဘူးဗျာ မေ့ချင်တာတောင် မေ့လို့မရတဲ့ ဘဝရယ်ပါ” ဆိုပြီးတော့ သူရဲ့ အမျိုးသမီးနဲ့အတူ အကြော်ကြော်နေတဲ့ ပုံတွေကို တင်ခဲ့တာပါ။

ရွာရောက်ခိုက်အကြော်ကြော်နေတဲ့ သားငယ်

ရွာရောက်ခိုက်အကြော်ကြော်နေတဲ့ သားငယ်

အဆိုတော်သားငယ်ဟာ လမ်းကလေး ဆိုတဲ့ သီချင်းခွေတစ်ခွေ ကို ထုတ်ထားပြီး သီချင်းခွေထဲမှ တစ်ဦးတည်းသောဣတ္ထိယဆိုတဲ့ သီချင်းကို လည်း 7Sense Film Production က ဇာတ်လမ်းအနေနဲ့ရိုက်ကူးဖို့အတွက် ရှိတယ်လို့သိရပါတယ်။ မင်းသားကတော့ ရွှေထူး နဲ့ မင်းသမီးဝတ်မှုန်ရွှေရည် တို့ဖြစ်ပြီး ဇာတ်လမ်း လမင်းမိုမို နဲ့ ဇာတ်ညွှန်း မိုးနီလွင် ဖြစ်တယ် လို့သိရပါတယ်။

Photo Credit- Thar Nge Facebook

ကြည်သာ (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။