[Zawgyi]

ေဆးရံုဆင္းခ်ိန္မွာ အားလံုးကို ေက်းဇူးတင္စကားဆုိလိုက္တဲ့ ခ်မ္းေျမ့ေမာင္ခ်ိဳ

Myanmar Idol Season 3 ပဲြၾကီးကေတာ့ ၾသဂုတ္လ ၁၁ ရက္၊ စေနေန႔မွာ Grand Final ပြဲၾကီးက်င္းပျပီးေတာ့ ေအာင္ေအာင္ျမင္ျမင္ျပီးစီးသြားခဲ့ပါျပီ။ ပြဲကသာ ျပီးသြားေပမယ့္ လူမႈကြန္ရက္မွာေတာ့ Finalist ႏွစ္ေယာက္ရဲ႕ ပရိသတ္ေတြ တုိက္ပြဲကေတာ့ ဆက္လက္ျပင္းထန္ခဲ့ပါတယ္။

ခ်မ္းေျမ့ေမာင္ခ်ိဳ

ခ်မ္းေျမ့ေမာင္ခ်ိဳ

ျဖိဳးျမတ္ေအာင္

ျဖိဳးျမတ္ေအာင္

ဘယ္လိုပဲ ျဖစ္ျဖစ္ Winner ဆုၾကီးကို ထိုက္ထိုက္တန္တန္ဆြတ္ခူးသြားတဲ့ ျဖိဳးျမတ္ေအာင္လည္း ေမြးရပ္ေျမ ဟသၤာတျမိဳ႕ကို ျပန္သြားျပီျဖစ္သလို ခ်မ္းေျမ႕ေမာင္ခ်ိဳတစ္ေယာက္လည္း ၾသဂုတ္လ ၁၅ ရက္ မေန႔ကပဲ ေဆးရံုဆင္းရျပီျဖစ္ပါတယ္။

ခ်မ္းေျမ့ေမာင္ခ်ိဳ

ခ်မ္းေျမ့ေမာင္ခ်ိဳ

ဒီလို Myanmar Idol Season 3 ၾကီး ျပီးဆံုးသြားတဲ့ အတြက္ အလံုးၾကီးက်သြားျပီျဖစ္ေၾကာင္း၊ Winner ျဖစ္တဲ့ ျဖိဳးျမတ္ေအာင္အတြက္ ဂုဏ္ယူဝမ္းသာေၾကာင္း၊ ပရိသတ္ၾကီးကို ေက်းဇူးတင္ေၾကာငး္နဲ႔ အခုခ်ိန္မွာ အသံအုိးထိထားလို႔ ၁ လေလာက္နားျပီး ျပန္လာခဲ့ပါမယ္ဆုိတဲ့အေၾကာင္းကို ခုလို ေရးထားခဲ့ပါတယ္။

“သမီးတို႔ myanmar idol season 3 ႀကီး ေအာင္ေအာင္ျမင္ျမင္ နဲ႔ ပီးဆံုးသြားပါပီ အရမ္းလဲေပ်ာ္ပါတယ္ အလံုးႀကီးေတြလဲက်သြားပါပီအကုန္လံုး
ဒါေပမဲ့ ၃ လေလာက္ ဒီထဲမွာပဲသီခ်င္းတိုက္ ထမင္းစား
ေပ်ာ္ပါးခဲ့ေတာ့ အခုက်ေတာ့ ရင္ထဲမွာ ဟာတာတာႀကီးျဖစ္ရပါတယ္
ကို Phyo Myat Aung congratulations ဗ်ာ winner ႀကီး သမီးအရမ္းႀကိဳက္တဲ့သီခ်င္းကို လက္ေဆာင္အျဖစ္ေပးလို႔အရမ္းေပ်ာ္တယ္
သမီးတို႔ၿပိဳင္ပြဲဝင္ေတြအားလံုးကိုေအာင္ျမင္ေအာင္ 
ျပဳစုပ်ိဳးေထာင္ေပးတဲ့ myanmar idol ကိုစီစဥ္ေပးတဲ့
အမ မမီးကိုလဲေက်းဇူးတင္ပါတယ္
သမီးကိုလဲတကယ့္သမီးေလးလိုသေဘာထားပီးဒီလိုေတြဆိုတတ္ေအာင္သင္ၾကားေပးတဲ့ အရမ္းခ်စ္ရတဲ့ တီခ်ယ္ Tracy Yinmin Tin ရယ္ ဆရာ Okka Oo Tha ရယ္ေရာ ေက်းဇူးမ်ားႀကီးတင္ပါတယ္ အရမ္းလဲခ်စ္ပါတယ္
ပီးေတာ့ ဒီ top 11 ကိုဆြဲေခၚလာေပးၾကပီးေတာ့ တပတ္နဲ႔တပတ္သမီးရဲ႕အားနည္းခ်က္ေလးေတြ အားသာခ်က္ေလးေတြကို ျဖည္းဆီးေျပာဆိုေပးတဲ့ ဒိုင္ေလးဦးကိုလဲေက်းဇူးမေမ့ပါဘူး
အစစအရာရာ ေဖးမကူညီေပးတဲ့ ကိုAndy , ကိုဆိုင္း , ကို pink , ေမေမႏွင္း ( Sky Hnin Hnin , ကိုသန္႔ ( U U Thomas Thomas . သမီးကိုလဲအေျပာအဆိုအေနအထိုင္သင္ေပးခဲ့ၾကတဲ့ ကို ေဇ ( Zeyar Minthiha ) ကို Sai , မ Chu Chu May Kyaw , မ ေက , မ လဲ့ , မသက္စု , ကို ဘုန္းျမတ္ေက်ာ္ အစရွိတဲ့ PD တြအကုန္လံုးကိုလဲေက်းဇူးတင္ပါတယ္ သမီးကိုလွေအာင္ မိတ္ကပ္ေတြျပင္ေပးတဲ့ ဦးေမာင္တို႔အဖြဲ႕ေရာ သမီးစိတ္တိုင္းက်ျဖစ္ေအာင္အဝတ္ေလးေတြဆင္ေပးတဲ့ judson ေရာ ကိုေဝ ကိုေရာ ေက်းဇူးမ်ားႀကီးတင္ပါတယ္
သမီးေနမေကာင္းတဲ့အခ်ိန္မွာ အျမန္ဆံုးသက္သာေအာင္ကုသေပးတဲ့ သူခကမာၻေဆးရံုကဝန္ထမ္းအားလံုးနဲ႔ ဆရာမႀကီး Doc Thandar Cho နဲ႔ ေဆးရံုအုပ္ႀကီးကိုလဲေကိ်းဇူးတင္ပါတယ္
ေနာက္ဆံုးအေနနဲ႔ သမီးကို ေနရာတေနရာေရာက္ေအာင္ ပို႔ေပးခဲ့တဲ့ ပရိသတ္ႀကီး ( ေမာင္တို႔ ့) ကိုေက်းဇူးမ်ားႀကီးတင္ပါတယ္
အမ်ားႀကီးလဲခ်စ္ပါတယ္ သမီးကေတာ့အခုခ်ိန္မွာ အသံအိုးထိထားလို႔ ဆရာဝန္ကေတာ့ ၁လ ေလာက္နားရမယ္ေျပာပါတယ္ ၁ လေလာက္နားပီးတာနဲ႔ သမီး fan meeting ေလးလဲတက္ႏိုင္သေလာက္လုပ္ပါ့မယ္
သည္းခံပီးေစာင့္ေပးၾကမယ္လို႔ေမွ်ာ္လင့္ပါတယ္
သမီးသီခ်င္းေတြအမ်ားႀကီးဆက္လုပ္သြားမွာပါ အားလံုးကိုေက်းဇူးဆပ္တဲ့အေနနဲ႔ သီခ်င္းေတြမ်ားႀကီးနဲ႔ျပန္လာခဲ့ပါ့မယ္
i love u all
ဒါနဲ႔ ဒီေန႔ပဲေဆးရံုဆင္းပါပီ ေနေကာင္းသြားပါပီ
စိတ္ပူေပးတဲ့အတြက္အားလံုးေက်းဇူးတင္ပါတယ္
( ကိုေနခန္႔ဂီတာေလးမကြဲခင္ကေပါ့
ko Zaw Gyi ပါ )
say u won’t let go ” ဆိုတဲ့ စာသားေလးနဲ႔ အတူ ‘Say You Won’t Let Go’ ဆိုတဲ့ သီခ်င္းအပိုင္းအစေလးကို ကိုယ္တုိင္တီးဆိုျပီး Video ေလးတင္ထားခဲ့ပါတယ္။ ဒီဗီဒီယုိေလးကို ဒီလင့္မွာ ၾကည့္လို႔ ရပါတယ္

ခ်မ္းေျမ့ေမာင္ခ်ိဳေလးရဲ႕ ပရိသတ္ေတြကေတာ့ သူျပန္လာျပီး သီခ်ငး္သစ္ေတြ ဆက္လုပ္မယ့္အခ်ိန္ကုိ ေစာင့္ေနၾကပါတယ္။ အျမန္ဆံုးေနေကာငး္က်န္းမာပါေစ ေမာင္ခ်ိဳေရ။

www.akhayar.com

Photo & Video Credit : Chanmyae Mg Cho’s Facebook Account & Kyaw Thet Htay
[Unicode]

ဆေးရုံဆင်းချိန်မှာ အားလုံးကို ကျေးဇူးတင်စကားဆိုလိုက်တဲ့ ချမ်းမြေ့မောင်ချို

Myanmar Idol Season 3 ပွဲကြီးကတော့ သြဂုတ်လ ၁၁ ရက်၊ စနေနေ့မှာ Grand Final ပွဲကြီးကျင်းပပြီးတော့ အောင်အောင်မြင်မြင်ပြီးစီးသွားခဲ့ပါပြီ။ ပွဲကသာ ပြီးသွားပေမယ့် လူမှုကွန်ရက်မှာတော့ Finalist နှစ်ယောက်ရဲ့ ပရိသတ်တွေ တိုက်ပွဲကတော့ ဆက်လက်ပြင်းထန်ခဲ့ပါတယ်။

ချမ်းမြေ့မောင်ချို

ချမ်းမြေ့မောင်ချို

ဖြိုးမြတ်အောင်

ဖြိုးမြတ်အောင်

ဘယ်လိုပဲ ဖြစ်ဖြစ် Winner ဆုကြီးကို ထိုက်ထိုက်တန်တန်ဆွတ်ခူးသွားတဲ့ ဖြိုးမြတ်အောင်လည်း မွေးရပ်မြေ ဟင်္သာတမြို့ကို ပြန်သွားပြီဖြစ်သလို ချမ်းမြေ့မောင်ချိုတစ်ယောက်လည်း သြဂုတ်လ ၁၅ ရက် မနေ့ကပဲ ဆေးရုံဆင်းရပြီဖြစ်ပါတယ်။

ချမ်းမြေ့မောင်ချို

ချမ်းမြေ့မောင်ချို

ဒီလို Myanmar Idol Season 3 ကြီး ပြီးဆုံးသွားတဲ့ အတွက် အလုံးကြီးကျသွားပြီဖြစ်ကြောင်း၊ Winner ဖြစ်တဲ့ ဖြိုးမြတ်အောင်အတွက် ဂုဏ်ယူဝမ်းသာကြောင်း၊ ပရိသတ်ကြီးကို ကျေးဇူးတင်ကြောငး်နဲ့ အခုချိန်မှာ အသံအိုးထိထားလို့ ၁ လလောက်နားပြီး ပြန်လာခဲ့ပါမယ်ဆိုတဲ့အကြောင်းကို ခုလို ရေးထားခဲ့ပါတယ်။

“သမီးတို့ myanmar idol season 3 ကြီး အောင်အောင်မြင်မြင် နဲ့ ပီးဆုံးသွားပါပီ အရမ်းလဲပျော်ပါတယ် အလုံးကြီးတွေလဲကျသွားပါပီအကုန်လုံး
ဒါပေမဲ့ ၃ လလောက် ဒီထဲမှာပဲသီချင်းတိုက် ထမင်းစား
ပျော်ပါးခဲ့တော့ အခုကျတော့ ရင်ထဲမှာ ဟာတာတာကြီးဖြစ်ရပါတယ်
ကို Phyo Myat Aung congratulations ဗျာ winner ကြီး သမီးအရမ်းကြိုက်တဲ့သီချင်းကို လက်ဆောင်အဖြစ်ပေးလို့အရမ်းပျော်တယ်
သမီးတို့ပြိုင်ပွဲဝင်တွေအားလုံးကိုအောင်မြင်အောင် 
ပြုစုပျိုးထောင်ပေးတဲ့ myanmar idol ကိုစီစဉ်ပေးတဲ့
အမ မမီးကိုလဲကျေးဇူးတင်ပါတယ်
သမီးကိုလဲတကယ့်သမီးလေးလိုသဘောထားပီးဒီလိုတွေဆိုတတ်အောင်သင်ကြားပေးတဲ့ အရမ်းချစ်ရတဲ့ တီချယ် Tracy Yinmin Tin ရယ် ဆရာ Okka Oo Tha ရယ်ရော ကျေးဇူးများကြီးတင်ပါတယ် အရမ်းလဲချစ်ပါတယ်
ပီးတော့ ဒီ top 11 ကိုဆွဲခေါ်လာပေးကြပီးတော့ တပတ်နဲ့တပတ်သမီးရဲ့အားနည်းချက်လေးတွေ အားသာချက်လေးတွေကို ဖြည်းဆီးပြောဆိုပေးတဲ့ ဒိုင်လေးဦးကိုလဲကျေးဇူးမမေ့ပါဘူး
အစစအရာရာ ဖေးမကူညီပေးတဲ့ ကိုAndy , ကိုဆိုင်း , ကို pink , မေမေနှင်း ( Sky Hnin Hnin , ကိုသန့် ( U U Thomas Thomas . သမီးကိုလဲအပြောအဆိုအနေအထိုင်သင်ပေးခဲ့ကြတဲ့ ကို ဇေ ( Zeyar Minthiha ) ကို Sai , မ Chu Chu May Kyaw , မ ကေ , မ လဲ့ , မသက်စု , ကို ဘုန်းမြတ်ကျော် အစရှိတဲ့ PD တွအကုန်လုံးကိုလဲကျေးဇူးတင်ပါတယ် သမီးကိုလှအောင် မိတ်ကပ်တွေပြင်ပေးတဲ့ ဦးမောင်တို့အဖွဲ့ရော သမီးစိတ်တိုင်းကျဖြစ်အောင်အဝတ်လေးတွေဆင်ပေးတဲ့ judson ရော ကိုဝေ ကိုရော ကျေးဇူးများကြီးတင်ပါတယ်
သမီးနေမကောင်းတဲ့အချိန်မှာ အမြန်ဆုံးသက်သာအောင်ကုသပေးတဲ့ သူခကမ္ဘာဆေးရုံကဝန်ထမ်းအားလုံးနဲ့ ဆရာမကြီး Doc Thandar Cho နဲ့ ဆေးရုံအုပ်ကြီးကိုလဲကျေိးဇူးတင်ပါတယ်
နောက်ဆုံးအနေနဲ့ သမီးကို နေရာတနေရာရောက်အောင် ပို့ပေးခဲ့တဲ့ ပရိသတ်ကြီး ( မောင်တို့ ့) ကိုကျေးဇူးများကြီးတင်ပါတယ်
အများကြီးလဲချစ်ပါတယ် သမီးကတော့အခုချိန်မှာ အသံအိုးထိထားလို့ ဆရာဝန်ကတော့ ၁လ လောက်နားရမယ်ပြောပါတယ် ၁ လလောက်နားပီးတာနဲ့ သမီး fan meeting လေးလဲတက်နိုင်သလောက်လုပ်ပါ့မယ်
သည်းခံပီးစောင့်ပေးကြမယ်လို့မျှော်လင့်ပါတယ်
သမီးသီချင်းတွေအများကြီးဆက်လုပ်သွားမှာပါ အားလုံးကိုကျေးဇူးဆပ်တဲ့အနေနဲ့ သီချင်းတွေများကြီးနဲ့ပြန်လာခဲ့ပါ့မယ်
i love u all
ဒါနဲ့ ဒီနေ့ပဲဆေးရုံဆင်းပါပီ နေကောင်းသွားပါပီ
စိတ်ပူပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်
( ကိုနေခန့်ဂီတာလေးမကွဲခင်ကပေါ့
ko Zaw Gyi ပါ )
say u won’t let go ” ဆိုတဲ့ စာသားလေးနဲ့ အတူ ‘Say You Won’t Let Go’ ဆိုတဲ့ သီချင်းအပိုင်းအစလေးကို ကိုယ်တိုင်တီးဆိုပြီး Video လေးတင်ထားခဲ့ပါတယ်။ ဒီဗီဒီယိုလေးကို ဒီလင့်မှာ ကြည့်လို့ ရပါတယ်

ချမ်းမြေ့မောင်ချိုလေးရဲ့ ပရိသတ်တွေကတော့ သူပြန်လာပြီး သီချငး်သစ်တွေ ဆက်လုပ်မယ့်အချိန်ကို စောင့်နေကြပါတယ်။ အမြန်ဆုံးနေကောငး်ကျန်းမာပါစေ မောင်ချိုရေ။

www.akhayar.com

Photo & Video Credit : Chanmyae Mg Cho’s Facebook Account & Kyaw Thet Htay