[Zawgyi]






ကြည်သာ (အခရာ)

www.akhayar.com
[Unicode]

မွေးနေ့မှာ Fan တွေနဲ့အတူ ထူးထူးခြားခြား အစီအစဉ်တစ်ခုလုပ်ခဲ့တဲ့ သန္တာလှိုင်

အသက် ၄၁ နှစ်ပြည့်မွေးနေ့ပွဲကို ချစ်ရတဲ့ Fan တွေနဲ့ အတူတူ သန္တာလှိုင်က ကျင်းပခဲ့တာဖြစ်ပါတယ်။  Indoor Skydiving Yangon မှာ Fan တွေကို ရွေးချယ်ပြီးတော့ သူမအမျိုးသားစီစဉ်ပေးတဲ့ မွေးနေ့ အထူးအစီအစဉ်လေးကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ကျန်းမာရေးကို လိုက်စားသူတစ်ယောက်ဖြစ်တဲ့ အတွက် အသက် ၄၁ နှစ်ပြည့်တယ်လို့တောင်မထင်ရပါဘူး။ သန္တာလှိုင်ဟာ သူကိုယ်တိုင် ကျန်းမာရေးကို လိုက်စားပြီးလေ့ကျင့်ခန်းတွေလုပ်သလိုပဲ အခါအားလျော်စွာသူမ သိထားတဲ့ ဗဟုသုတတွေကိုလည်း မျှဝေတတ်သူတစ်ယောက် ဖြစ်ပါတယ်။

အခုဆိုရင် ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားပြီး သမီးလေးနဲ့သားလေးကိုလည်း သိပ်ကို ချစ်တတ်တဲ့ မိခင်တစ်ယောက်ပါ။ အသက် ၄၁ နှစ်မှနောင်နှစ်ပေါင်းများစွာကို ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝကို ဖြတ်သန်းရင်း ကျန်းမာရေးဗဟုသုတတွေကို လည်း ဒီထက်မကဝေမျှနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ် မေမေသန္တာလှိုင်ရေ။

Photo Credit: Thandar Hlaing Facebook Page

ကြည်သာ (အခရာ)

www.akhayar.com