[Zawgyi]

ထုိင္းကေလးေတြကို ကယ္ဆယ္ေနတဲ့ ေရငုပ္သမားတစ္ဦး ေသဆံုး

ထုိင္းႏုိင္ငံ ခ်င္းရိုင္အရပ္မွာ ရွိတဲ့ Tham Luang ဂူထဲက ကေလးေတြကို ကယ္ဆယ္ေနတဲ့ အျဖစ္မွာ အသက္ ၃၈ ႏွစ္ရွိျပီျဖစ္တဲ့ ေရငုပ္သမားတစ္ေယာက္ ေသဆံုးခဲ့ရပါတယ္။ ေရငုပ္သမားရဲ႕နာမည္က Saman Kunan ျဖစ္ျပီး ေထာက္ပံံေရးပစၥည္းေတြကို ဂူထဲ သြားပို႔ျပီး အျပန္မွာ ေအာက္စီဂ်င္မလံုေလာက္ပဲ ေသဆံုးသြားခဲ့ရတာ ျဖစ္ပါတယ္။

သူ႔ရဲ႕လုပ္ေဖာ္ကိုင္ဘက္ေတြက ျပဳစုေပမယ့္လည္း သတိျပန္လည္မလာေတာ့ဘူးလို႔ ဆုိပါတယ္။ ဒီေရငုပ္သမားဟာ Navy ကေန ထြက္သြားခဲ့ျပီး ျဖစ္ေပမယ့္ အခုလို အေရးၾကံဳတဲ့အခါ ကယ္ဆယ္ေရးလုပ္ငန္းေတြ လုပ္ေဆာင္ဖို႔ ျပန္လည္ပါဝင္ကူညီေပးတာလည္း ျဖစ္ပါတယ္။

ခ်င္းရုိင္ အုပ္ခ်ဳပ္ေရးမႈးျဖစ္တဲ့ Passakorn Boonyaluck ကေတာ့ “ Navy SEAL တပ္သားေဟာင္းတစ္ေယာက္ဟာ ကေလးေတြကို ကယ္ဆယ္ေရးလုပ္ေဆာင္ရင္း ဒီေန႔ မနက္ ၂နာရီေလာက္က ေသဆုံုးသြားခဲ့ပါတယ္” လုိ႔ သတင္းေထာက္ေတြကို သတင္းထုတ္ျပန္ခဲ့ပါတယ္။ “သူ႔ရဲ႕ တာဝန္ဟာ ေအာက္စီဂ်င္ေတြ သယ္ပို႔ေပးဖို႔ ျဖစ္ျပီး အျပန္လမ္းမွာေတာ့ သူ႔အတြက္သူ ေအာက္စီဂ်င္မေလာက္ဘဲ ေသဆံုးခဲ့ရတာ ျဖစ္ပါတယ္” လို႔ ေသဆံုးရျခင္းအေၾကာင္းကို ရွင္းျပခဲ့ပါတယ္။

ဂူထဲေရာက္ေနတဲ့ ကေလးေတြကို ကယ္ေဆာင္ဖို႔ လုပ္ေဆာင္ရင္း ကယ္ဆယ္ေရးသမားတစ္ေယာက္ကေတာ့ စိတ္မေကာင္းစရာ ေၾကြလြင့္ခဲ့ရပါျပီ။

Yoe Lu (Akhayar)

www.akhayar.com

Ref : BBCNEWS.COM

Photo : ဓာတ္ပံုကေတာ့ ထုိင္းေရငုပ္သမားေတြရဲ႕ ပံုျဖစ္ျပီး ေသဆံုးသြားတဲ့ ေရငုပ္သမားရဲ႕ ဓာတ္ပံုမဟုတ္ပါ။

[Unicode]

ထိုင်းကလေးတွေကို ကယ်ဆယ်နေတဲ့ ရေငုပ်သမားတစ်ဦး သေဆုံး

ထိုင်းနိုင်ငံ ချင်းရိုင်အရပ်မှာ ရှိတဲ့ Tham Luang ဂူထဲက ကလေးတွေကို ကယ်ဆယ်နေတဲ့ အဖြစ်မှာ အသက် ၃၈ နှစ်ရှိပြီဖြစ်တဲ့ ရေငုပ်သမားတစ်ယောက် သေဆုံးခဲ့ရပါတယ်။ ရေငုပ်သမားရဲ့နာမည်က Saman Kunan ဖြစ်ပြီး ထောက်ပံံရေးပစ္စည်းတွေကို ဂူထဲ သွားပို့ပြီး အပြန်မှာ အောက်စီဂျင်မလုံလောက်ပဲ သေဆုံးသွားခဲ့ရတာ ဖြစ်ပါတယ်။

သူ့ရဲ့လုပ်ဖော်ကိုင်ဘက်တွေက ပြုစုပေမယ့်လည်း သတိပြန်လည်မလာတော့ဘူးလို့ ဆိုပါတယ်။ ဒီရေငုပ်သမားဟာ Navy ကနေ ထွက်သွားခဲ့ပြီး ဖြစ်ပေမယ့် အခုလို အရေးကြုံတဲ့အခါ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ ပြန်လည်ပါဝင်ကူညီပေးတာလည်း ဖြစ်ပါတယ်။

ချင်းရိုင် အုပ်ချုပ်ရေးမှုးဖြစ်တဲ့ Passakorn Boonyaluck ကတော့ “ Navy SEAL တပ်သားဟောင်းတစ်ယောက်ဟာ ကလေးတွေကို ကယ်ဆယ်ရေးလုပ်ဆောင်ရင်း ဒီနေ့ မနက် ၂နာရီလောက်က သေဆုံးသွားခဲ့ပါတယ်” လို့ သတင်းထောက်တွေကို သတင်းထုတ်ပြန်ခဲ့ပါတယ်။ “သူ့ရဲ့ တာဝန်ဟာ အောက်စီဂျင်တွေ သယ်ပို့ပေးဖို့ ဖြစ်ပြီး အပြန်လမ်းမှာတော့ သူ့အတွက်သူ အောက်စီဂျင်မလောက်ဘဲ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်” လို့ သေဆုံးရခြင်းအကြောင်းကို ရှင်းပြခဲ့ပါတယ်။

ဂူထဲရောက်နေတဲ့ ကလေးတွေကို ကယ်ဆောင်ဖို့ လုပ်ဆောင်ရင်း ကယ်ဆယ်ရေးသမားတစ်ယောက်ကတော့ စိတ်မကောင်းစရာ ကြွေလွင့်ခဲ့ရပါပြီ။

Yoe Lu (Akhayar)

www.akhayar.com

Ref : BBCNEWS.COM