[Zawgyi]

ဂူထဲက ျပန္ထြက္ဖို႔ လနဲ႔ခ်ီ ေစာင့္ရႏုိင္တဲ့ ထိုင္းကေလး (၁၃) ေယာက္ကို ကယ္ဆယ္မႈ

ႏုိင္ငံတကာကေရာ၊ ျမန္မာႏုိင္ငံကပါ စိတ္ဝင္တစား အိပ္ေရးပ်က္ခံေစာင့္ၾကည့္ေနၾကတဲ့ ကေလး (၁၃) ေယာက္ကိုေတာ့ ဂူထဲမွာ ရွာေဖြေတြ႔ရွိသြားၾကပါျပီ။ ကေလး (၁၂) ေယာက္နဲ႔ သူတို႔ရဲ႕ ေဘာလံုးနည္းျပဆရာတစ္ေယာက္ပါတဲ့ အုပ္စုဟာ ေပ်ာက္ေနတာ ၉ရက္ေက်ာ္ၾကာျပီးတဲ့ အခုိက္ တနလၤာေန႔မွ ျပန္ေတြ႔ရွိခဲ့ရတာ ျဖစ္ပါတယ္။

နည္းျပဆရာနဲ႔ ေပ်ာက္ဆံုးေနတဲ့ ကေလးအခ်ိဳ႕ပါတဲ့ ဓာတ္ပံု

နည္းျပဆရာနဲ႔ ေပ်ာက္ဆံုးေနတဲ့ ကေလးအခ်ိဳ႕ပါတဲ့ ဓာတ္ပံု

လက္ရွိမွာေတာ့ သူတို႔ကို ဂူထဲက ကယ္မထုတ္ႏုိင္ေသးေပမယ့္ ေရ၊ စားစရာနဲ႔ တျခားလိုအပ္မယ့္ပစၥည္းေတြ ေထာက္ပံ့ႏုိင္ဖို႔ ကယ္ဆယ္ေရးသမားေတြက ေရတက္လာႏုိင္တဲ့ အေျခအေနေတြၾကားကေန ၾကိဳးစားေနၾကပါတယ္။

ဂူထဲက ကေလးေတြနဲ႔ အျပင္က မိဘေတြ အဆက္အသြယ္ရေအာင္လို႔လည္း လွ်ပ္စစ္ဓာတ္အားလိုင္းနဲ႔  တယ္လီဖုန္းလိုင္းေတြ ခ်ိတ္ဆက္လို႔ ရေအာင္ ၾကိဳးစားေနၾကတယ္လို႔ ခ်င္းရုိင္ အုပ္ခ်ဳပ္ေရးမႈး Narongsak Osotthanakon က ေျပာၾကားခဲ့ပါတယ္။

သူတို႔ကို ဘယ္လို ရွာေတြ႔ခဲ့လဲ

ကေလးေတြကို ရွာေတြ႔ဖို႔ ၾကိဳးစားေနတဲ့ ကယ္ဆယ္ေရးသမားေတြ အမ်ားၾကီးထဲကမွ ျဗိတိန္လူမ်ိဳး ေရငုပ္သမားႏွစ္ေယာက္က သူတို႔ကို တနၤလာေန႔ညက ေတြ႔ရွိခဲ့တာပါ။ ေတြ႔ရွိခဲ့တဲ့ အေၾကာင္းကိုလည္း Thai Navy SEAL တပ္ဖြဲ႕ရဲ႕ Facebook မွာ တင္ထားတာကို ေတြ႔ရွိျပီးၾကျပီး ျဖစ္ပါလိမ့္မယ္။

ပံုထဲမွာေတာ့ ကေလးေတြဟာ ေရလြတ္တဲ့ေနရာမွာ ထိုင္ေနတာေတြ႔ရျပီး အရမ္းဗိုက္ဆာေနၾကတယ္လို႔လည္း ဆိုပါတယ္။ သူတို႔ဒီထဲေရာက္ေနတာ ဘယ္ေလာက္ၾကာျပီလဲဆိုတာနဲ႔ ဘယ္ေတာ့ ထြက္လို႔ရမလဲဆိုတာလည္း ေမးၾကပါတယ္။

ကေလးေတြကို ေတြ႔ရပံု

ကေလးေတြကို ေတြ႔ရပံု

ကေလးေတြ အဲဒီေနရာကို ဘယ္လို ေရာက္သြားၾကတာလဲ

ကေလးေတြဟာ အသက္ ၁၁ ႏွစ္ကေန အသက္ ၁၆ ႏွစ္ၾကားရွိျပီး သူတို႔ရဲ႕ နည္းျပဆရာကေတာ့ အသက္ ၂၅ ႏွစ္ရွိျပီျဖစ္ပါတယ္။ သူတို႔ဟာ ဇြန္လ ၂၃ ရက္ေန႔မွာ ေပ်ာက္ဆံုးသြားၾကတာျဖစ္ျပီး သူတို႔ ဂူထဲ ဝင္ျပီးသြားတဲ့အခ်ိန္မွာ မိုးရြာျပီး ေရေတြအရမ္းတက္လာလို႔ ထြက္ေပါက္ပိတ္သြားၾကတာလည္း ျဖစ္ပါတယ္။

ကေလးေတြကို ဂူအဝကေန ၄ ကီလိုမီတာ(၂မုိင္ခြဲ) အကြာမွာရွိတဲ့ ေက်ာက္ေဆာင္တစ္ခုေပၚမွာ ေတြ႔ၾကတာပါ။ ၾကည့္ရတာေတာ့ ကေလးေတြဟာ ေရေျခာက္တဲ့ ေနရာကို တိုးရင္းတုိးရင္း အဲဒီေနရာကို ေရာက္သြားပံုေပၚပါတယ္။

ကေလးေတြ ေတြ႔ရွိတဲ့ေနရာျပပံု

ကေလးေတြ ေတြ႔ရွိတဲ့ေနရာျပပံု

ကေလးေတြကို လိုက္ရွာေနတဲ့ ကယ္ဆယ္ေရးသမားေတြကလည္း မလြယ္ၾကပါဘူး။ ကေလးေတြ ေျပာေနတဲ့ ပတၱရား ကမ္းေျခလို႔ ေခၚတဲ့ ဂူထဲက ေတာင္ပူစာပံုေနရာအျမင့္ေလးကို သြားဖို႔ေတာင္ မလြယ္ၾကပါဘူး။ ကေလးေတြကို အဲ့ဒီေနရာမွာ ခုိေနလိမ့္မယ္လို႔ ထင္ခဲ့ေပမယ့္ ပတၱရားကမ္းေျခပါ ေရဖံုးလႊမ္းသြားတဲ့အခါ အဲဒီေနရာကေန မီတာ ၄၀၀ (၀.၂၄ မုိင္) ေလာက္ရွိတဲ့ေနရာမွာ ေတြ႔ခဲ့ၾကတာ ျဖစ္ပါတယ္။ အထဲက အေျခအေနကေတာ့ ေရေတြက လံုးဝေနာက္က်ိေနျပီး သြားရာလမ္းေၾကာင္းမွာ ရွိတဲ့ ေက်ာက္စြန္းေတြက ခၽြန္ထက္ေနပါတယ္။

သူတို႔ဘယ္လို အျပင္ထြက္လာႏုိင္မလဲ

ကေလးေတြကို ေတြ႔ေပမယ့္ ေနာက္ထပ္မစ္ရွင္တစ္ခုရွိေနပါေသးတယ္။ ပိတ္မိေနတဲ့ ကေလးေတြကို အႏၱရာယ္ကင္းကင္းနဲ႔ အျပင္ဘယ္လို ထုတ္မလဲ ဆိုတာပါ။ ထုိင္းႏုိင္ငံေျမာက္ပိုင္ ခ်င္းရိုင္က Tham Luang ဂူဟာ စက္တင္ဘာလကေန ေအာက္တုိဘာလ မိုးရာသီအတြင္း ေရလွ်ံတယ္ဆိုတာ ပံုမွန္ပါပဲ။ ဒီေတာ့ ဒီအေျခအေနကေန ဘယ္လို ေက်ာ္ျဖတ္မွာပါလဲ။

ကေလးေတြကို အျပင္ထုတ္ဖို႔ဆိုရင္ သူတို႔ကို အေျခခံေရငုပ္သင္ခန္းစာေတြ သင္ေပးဖို႔ လိုပါတယ္။ ဒါေပမယ့္ ကၽြမ္းက်င္ပညာရွင္ေတြ ခန္႔မွန္းတာကေတာ့ ဒီလို အေတြ႔အၾကံဳမရွိတဲ့ကေလးေတြကို ရႊံ႕ေရေတြ ေနာက္က်ိေနျပီး ဘာမွ မျမင္ရတဲ့ အေျခအေနမွာ ေရငုပ္ျပီး  ေခၚလာဖို႔ဆိုတာ အရမ္း အႏၱရာယ္ၾကီးတယ္လို႔ ဆိုထားပါတယ္။

ကယ္ဆယ္ေရးအဖြဲ႔ဝင္ေတြ ၾကိဳးစားေနပံု

ကယ္ဆယ္ေရးအဖြဲ႔ဝင္ေတြ ၾကိဳးစားေနပံု

ေရေတြကို စုပ္ထုတ္ဖို႔ ၾကိဳးစားေနတာကလည္း မိုးျပန္ျပန္ရြာေနတာေၾကာင့္ သိပ္ျပီး မေအာင္ျမင္ေသးပါဘူး။ တကယ္လို႔ ေရေတြ သူ႔အလိုလို ျပန္က်သြားတဲ့အထိေစာင့္မယ္ဆိုရင္ေတာ့ လခ်ီေစာင့္ရဖြယ္ရွိေနျပီး ဒီအေတာအတြင္းမွာ အစားအေသာက္နဲ႔ တျခားလိုတာေတြ ဆက္တိုက္ေထာက္ပံ့ေနဖို႔ လိုပါတယ္။

ကယ္ဆယ္ေရးအဖြဲ႔ဝင္ေတြ ၾကိဳးစားေနပံု

ကယ္ဆယ္ေရးအဖြဲ႔ဝင္ေတြ ၾကိဳးစားေနပံု

ေသခ်ာေလ့က်င့္ထားတဲ့ ဆရာဝန္ေတြကေတာ့ သူတို႔ဆီေရာက္ေအာင္သြားျပီး က်န္းမာေရးစစ္ေဆးမႈေတြနဲ႔ ထိခုိက္မႈေတြကို ကုသေပးဖို႔ သြားေရာက္ပါလိမ့္မယ္။ အဲဒီေနရာကို ေရာက္ရွိေနတဲ့ BBC ရဲ႕ အေရွ႕ေတာင္အာရွပို္္င္းဆုိင္ရာ သတင္းေထာက္ Jonathan Head ကေတာ့ ထုိင္းစစ္တပ္မွာ အဲဒီလို ေရငုပ္စြမ္းရည္ေတြ ရွိတဲ့ ဆရာဝန္ေတြ ရွိတယ္လို႔ ဆိုပါတယ္။

ကယ္ဆယ္ေရးအဖြဲ႔ဝင္ေတြ ၾကိဳးစားေနပံု

ကယ္ဆယ္ေရးအဖြဲ႔ဝင္ေတြ ၾကိဳးစားေနပံု

ဒါေပမယ့္ “ ဆရာဝန္ေတြမွာ အဲဒီလို စြမ္းရည္ရွိရင္ေတာင္ ေရေတြ ျပည့္ႏွက္ေနတဲ့ ဂူလမ္းေၾကာင္းက်ဥ္းက်ဥ္းေတြကို ျဖတ္ေက်ာ္ရမွာဟာ ေၾကာက္စရာေကာင္းတဲ့ စိန္ေခၚမႈျဖစ္ေနဆဲပါပဲ။ မိုးကလည္း ဆက္ရြာေနဦးမွာ ျဖစ္တဲ့အတြက္ ေရတက္လာတာလည္း ရွိဦးမွာပါ” လို႔ သူူက ဆက္ေျပာခဲ့ပါတယ္။

ဒီအခ်ိန္မွာ တျခားကယ္ဆယ္ေရးသမားေတြကလည္း ေတာင္တန္းပတ္ပတ္လည္မွာ ဂူထဲ ဝင္ဖို႔ တျခားအေပါက္ရွိဦးမလားဆုိျပီး ပိုက္စိပ္တုိက္ရွာေနၾကပါတယ္။

ထုိင္းစစ္သားနဲ႔ ရဲအခ်ိဳ႕

ထုိင္းစစ္သားနဲ႔ ရဲအခ်ိဳ႕

ကေလးေတြဟာ ျမိဳ႕ခံေဘာလံုးအသင္းငယ္ေလးက ကေလးေတြ ျဖစ္ျပီး သူတို႔ရဲ႕ နည္းျပကလည္း ကြင္းဆင္းေလ့လာေရးေတြအတြက္ ဒီလို သြားလာတာေတြကို စီစဥ္တတ္သူ ျဖစ္ပါတယ္။ အခုလို ျပန္ေတြ႔တဲ့အတြက္ ကေလးေတြရဲ႕ မိဘေတြေရာ၊ ထုိင္းႏုိင္ငံမွာေရာ၊ ႏုိင္ငံတကာမွာေရာ ေပ်ာ္ေနၾကျပီး ေနာက္ဆံုးအျပ္ီးသတ္ကယ္ထုတ္လာဖို႔ကိုေတာ့ အခ်ိန္ယူရဖို႔ ရွိေနပါတယ္။

Yoe Lu (Akhayar)

www.akhayar.com

Ref : bbc.com
[Unicode]

ဂူထဲက ပြန်ထွက်ဖို့ လနဲ့ချီ စောင့်ရနိုင်တဲ့ ထိုင်းကလေး (၁၃) ယောက်ကို ကယ်ဆယ်မှု

နိုင်ငံတကာကရော၊ မြန်မာနိုင်ငံကပါ စိတ်ဝင်တစား အိပ်ရေးပျက်ခံစောင့်ကြည့်နေကြတဲ့ ကလေး (၁၃) ယောက်ကိုတော့ ဂူထဲမှာ ရှာဖွေတွေ့ရှိသွားကြပါပြီ။ ကလေး (၁၂) ယောက်နဲ့ သူတို့ရဲ့ ဘောလုံးနည်းပြဆရာတစ်ယောက်ပါတဲ့ အုပ်စုဟာ ပျောက်နေတာ ၉ရက်ကျော်ကြာပြီးတဲ့ အခိုက် တနင်္လာနေ့မှ ပြန်တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။

နည်းပြဆရာနဲ့ ပျောက်ဆုံးနေတဲ့ ကလေးအချို့ပါတဲ့ ဓာတ်ပုံ

နည်းပြဆရာနဲ့ ပျောက်ဆုံးနေတဲ့ ကလေးအချို့ပါတဲ့ ဓာတ်ပုံ

လက်ရှိမှာတော့ သူတို့ကို ဂူထဲက ကယ်မထုတ်နိုင်သေးပေမယ့် ရေ၊ စားစရာနဲ့ တခြားလိုအပ်မယ့်ပစ္စည်းတွေ ထောက်ပံ့နိုင်ဖို့ ကယ်ဆယ်ရေးသမားတွေက ရေတက်လာနိုင်တဲ့ အခြေအနေတွေကြားကနေ ကြိုးစားနေကြပါတယ်။

ဂူထဲက ကလေးတွေနဲ့ အပြင်က မိဘတွေ အဆက်အသွယ်ရအောင်လို့လည်း လျှပ်စစ်ဓာတ်အားလိုင်းနဲ့  တယ်လီဖုန်းလိုင်းတွေ ချိတ်ဆက်လို့ ရအောင် ကြိုးစားနေကြတယ်လို့ ချင်းရိုင် အုပ်ချုပ်ရေးမှုး Narongsak Osotthanakon က ပြောကြားခဲ့ပါတယ်။

သူတို့ကို ဘယ်လို ရှာတွေ့ခဲ့လဲ

ကလေးတွေကို ရှာတွေ့ဖို့ ကြိုးစားနေတဲ့ ကယ်ဆယ်ရေးသမားတွေ အများကြီးထဲကမှ ဗြိတိန်လူမျိုး ရေငုပ်သမားနှစ်ယောက်က သူတို့ကို တင်္နလာနေ့ညက တွေ့ရှိခဲ့တာပါ။ တွေ့ရှိခဲ့တဲ့ အကြောင်းကိုလည်း Thai Navy SEAL တပ်ဖွဲ့ရဲ့ Facebook မှာ တင်ထားတာကို တွေ့ရှိပြီးကြပြီး ဖြစ်ပါလိမ့်မယ်။

ပုံထဲမှာတော့ ကလေးတွေဟာ ရေလွတ်တဲ့နေရာမှာ ထိုင်နေတာတွေ့ရပြီး အရမ်းဗိုက်ဆာနေကြတယ်လို့လည်း ဆိုပါတယ်။ သူတို့ဒီထဲရောက်နေတာ ဘယ်လောက်ကြာပြီလဲဆိုတာနဲ့ ဘယ်တော့ ထွက်လို့ရမလဲဆိုတာလည်း မေးကြပါတယ်။

ကလေးတွေကို တွေ့ရပုံ

ကလေးတွေကို တွေ့ရပုံ

ကလေးတွေ အဲဒီနေရာကို ဘယ်လို ရောက်သွားကြတာလဲ

ကလေးတွေဟာ အသက် ၁၁ နှစ်ကနေ အသက် ၁၆ နှစ်ကြားရှိပြီး သူတို့ရဲ့ နည်းပြဆရာကတော့ အသက် ၂၅ နှစ်ရှိပြီဖြစ်ပါတယ်။ သူတို့ဟာ ဇွန်လ ၂၃ ရက်နေ့မှာ ပျောက်ဆုံးသွားကြတာဖြစ်ပြီး သူတို့ ဂူထဲ ဝင်ပြီးသွားတဲ့အချိန်မှာ မိုးရွာပြီး ရေတွေအရမ်းတက်လာလို့ ထွက်ပေါက်ပိတ်သွားကြတာလည်း ဖြစ်ပါတယ်။

ကလေးတွေကို ဂူအဝကနေ ၄ ကီလိုမီတာ(၂မိုင်ခွဲ) အကွာမှာရှိတဲ့ ကျောက်ဆောင်တစ်ခုပေါ်မှာ တွေ့ကြတာပါ။ ကြည့်ရတာတော့ ကလေးတွေဟာ ရေခြောက်တဲ့ နေရာကို တိုးရင်းတိုးရင်း အဲဒီနေရာကို ရောက်သွားပုံပေါ်ပါတယ်။

ကလေးတွေ တွေ့ရှိတဲ့နေရာပြပုံ

ကလေးတွေ တွေ့ရှိတဲ့နေရာပြပုံ

ကလေးတွေကို လိုက်ရှာနေတဲ့ ကယ်ဆယ်ရေးသမားတွေကလည်း မလွယ်ကြပါဘူး။ ကလေးတွေ ပြောနေတဲ့ ပတ္တရား ကမ်းခြေလို့ ခေါ်တဲ့ ဂူထဲက တောင်ပူစာပုံနေရာအမြင့်လေးကို သွားဖို့တောင် မလွယ်ကြပါဘူး။ ကလေးတွေကို အဲ့ဒီနေရာမှာ ခိုနေလိမ့်မယ်လို့ ထင်ခဲ့ပေမယ့် ပတ္တရားကမ်းခြေပါ ရေဖုံးလွှမ်းသွားတဲ့အခါ အဲဒီနေရာကနေ မီတာ ၄၀၀ (ဝ.၂၄ မိုင်) လောက်ရှိတဲ့နေရာမှာ တွေ့ခဲ့ကြတာ ဖြစ်ပါတယ်။ အထဲက အခြေအနေကတော့ ရေတွေက လုံးဝနောက်ကျိနေပြီး သွားရာလမ်းကြောင်းမှာ ရှိတဲ့ ကျောက်စွန်းတွေက ချွန်ထက်နေပါတယ်။

သူတို့ဘယ်လို အပြင်ထွက်လာနိုင်မလဲ

ကလေးတွေကို တွေ့ပေမယ့် နောက်ထပ်မစ်ရှင်တစ်ခုရှိနေပါသေးတယ်။ ပိတ်မိနေတဲ့ ကလေးတွေကို အန္တရာယ်ကင်းကင်းနဲ့ အပြင်ဘယ်လို ထုတ်မလဲ ဆိုတာပါ။ ထိုင်းနိုင်ငံမြောက်ပိုင် ချင်းရိုင်က Tham Luang ဂူဟာ စက်တင်ဘာလကနေ အောက်တိုဘာလ မိုးရာသီအတွင်း ရေလျှံတယ်ဆိုတာ ပုံမှန်ပါပဲ။ ဒီတော့ ဒီအခြေအနေကနေ ဘယ်လို ကျော်ဖြတ်မှာပါလဲ။

ကလေးတွေကို အပြင်ထုတ်ဖို့ဆိုရင် သူတို့ကို အခြေခံရေငုပ်သင်ခန်းစာတွေ သင်ပေးဖို့ လိုပါတယ်။ ဒါပေမယ့် ကျွမ်းကျင်ပညာရှင်တွေ ခန့်မှန်းတာကတော့ ဒီလို အတွေ့အကြုံမရှိတဲ့ကလေးတွေကို ရွှံ့ရေတွေ နောက်ကျိနေပြီး ဘာမှ မမြင်ရတဲ့ အခြေအနေမှာ ရေငုပ်ပြီး  ခေါ်လာဖို့ဆိုတာ အရမ်း အန္တရာယ်ကြီးတယ်လို့ ဆိုထားပါတယ်။

ကယ်ဆယ်ရေးအဖွဲ့ဝင်တွေ ကြိုးစားနေပုံ

ကယ်ဆယ်ရေးအဖွဲ့ဝင်တွေ ကြိုးစားနေပုံ

ရေတွေကို စုပ်ထုတ်ဖို့ ကြိုးစားနေတာကလည်း မိုးပြန်ပြန်ရွာနေတာကြောင့် သိပ်ပြီး မအောင်မြင်သေးပါဘူး။ တကယ်လို့ ရေတွေ သူ့အလိုလို ပြန်ကျသွားတဲ့အထိစောင့်မယ်ဆိုရင်တော့ လချီစောင့်ရဖွယ်ရှိနေပြီး ဒီအတောအတွင်းမှာ အစားအသောက်နဲ့ တခြားလိုတာတွေ ဆက်တိုက်ထောက်ပံ့နေဖို့ လိုပါတယ်။

ကယ်ဆယ်ရေးအဖွဲ့ဝင်တွေ ကြိုးစားနေပုံ

ကယ်ဆယ်ရေးအဖွဲ့ဝင်တွေ ကြိုးစားနေပုံ

သေချာလေ့ကျင့်ထားတဲ့ ဆရာဝန်တွေကတော့ သူတို့ဆီရောက်အောင်သွားပြီး ကျန်းမာရေးစစ်ဆေးမှုတွေနဲ့ ထိခိုက်မှုတွေကို ကုသပေးဖို့ သွားရောက်ပါလိမ့်မယ်။ အဲဒီနေရာကို ရောက်ရှိနေတဲ့ BBC ရဲ့ အရှေ့တောင်အာရှပို်င်းဆိုင်ရာ သတင်းထောက် Jonathan Head ကတော့ ထိုင်းစစ်တပ်မှာ အဲဒီလို ရေငုပ်စွမ်းရည်တွေ ရှိတဲ့ ဆရာဝန်တွေ ရှိတယ်လို့ ဆိုပါတယ်။

ကယ်ဆယ်ရေးအဖွဲ့ဝင်တွေ ကြိုးစားနေပုံ

ကယ်ဆယ်ရေးအဖွဲ့ဝင်တွေ ကြိုးစားနေပုံ

ဒါပေမယ့် “ ဆရာဝန်တွေမှာ အဲဒီလို စွမ်းရည်ရှိရင်တောင် ရေတွေ ပြည့်နှက်နေတဲ့ ဂူလမ်းကြောင်းကျဉ်းကျဉ်းတွေကို ဖြတ်ကျော်ရမှာဟာ ကြောက်စရာကောင်းတဲ့ စိန်ခေါ်မှုဖြစ်နေဆဲပါပဲ။ မိုးကလည်း ဆက်ရွာနေဦးမှာ ဖြစ်တဲ့အတွက် ရေတက်လာတာလည်း ရှိဦးမှာပါ” လို့ သူူက ဆက်ပြောခဲ့ပါတယ်။

ဒီအချိန်မှာ တခြားကယ်ဆယ်ရေးသမားတွေကလည်း တောင်တန်းပတ်ပတ်လည်မှာ ဂူထဲ ဝင်ဖို့ တခြားအပေါက်ရှိဦးမလားဆိုပြီး ပိုက်စိပ်တိုက်ရှာနေကြပါတယ်။

ထိုင်းစစ်သားနဲ့ ရဲအချို့

ထိုင်းစစ်သားနဲ့ ရဲအချို့

ကလေးတွေဟာ မြို့ခံဘောလုံးအသင်းငယ်လေးက ကလေးတွေ ဖြစ်ပြီး သူတို့ရဲ့ နည်းပြကလည်း ကွင်းဆင်းလေ့လာရေးတွေအတွက် ဒီလို သွားလာတာတွေကို စီစဉ်တတ်သူ ဖြစ်ပါတယ်။ အခုလို ပြန်တွေ့တဲ့အတွက် ကလေးတွေရဲ့ မိဘတွေရော၊ ထိုင်းနိုင်ငံမှာရော၊ နိုင်ငံတကာမှာရော ပျော်နေကြပြီး နောက်ဆုံးအြပ်ီးသတ်ကယ်ထုတ်လာဖို့ကိုတော့ အချိန်ယူရဖို့ ရှိနေပါတယ်။

Yoe Lu (Akhayar)

www.akhayar.com

Ref : bbc.com