[Zawgyi]

ဟင္းပြဲ ၃၀ ေက်ာ္ နဲ႔ ၆၀၀၀ တန္ Thai Taste Buffet ဂ်င္း၊ မဂ်င္းအေနအထား

Thai Taste ဆိုတာက ရန္ကုန္ၿမိဳ႕ရဲ႕ ထိုင္းစားေသာက္ဆိုင္ေတြထဲမွာ နာမည္တစ္ခုရထားၿပီးသားျဖစ္သလို ခုလည္း သုဝဏၰဆိုင္အျပင္ ျပည္သူ႔ရင္ျပင္ Happy Zone ထဲမွာပါ ဆိုင္ခြဲတစ္ဆိုင္ ထပ္ဖြင့္ထားတယ္ဆိုပဲ။

ဒီအထိက မထူးဆန္းေသးေပမယ့္ ခု ေန႔လည္စာ ဟင္းပြဲ ၃၀ နဲ႔ ၂ နာရီစာဘူေဖးထမင္းဟင္း အ၀စားကို ၆၀၀၀ က်ပ္၊ ညစာဆို ၉၀၀၀ က်ပ္ဆိုၿပီး တန္တန္ႀကီး ခင္းက်င္းေနတယ္ဆိုေတာ့ ထိုင္းစာေရာ၊ ထမင္းဟင္းဝဝစားခ်င္တဲ့သူေတြအတြက္ပါ အေျခအေန အေနအထားဘာညာ တန္၊ မတန္၊ ဂ်င္း၊ မဂ်င္း သိခ်င္ေနတဲ့သူေတြအတြက္ အခရာကေန သြားေရာက္ စားေသာက္ၾကည့္လိုက္တဲ့အခါ….

ေနရာအေနအထား
မွတ္မိၾကမလားမသိဘူး။ ငယ္ငယ္တုန္းက ေက်ာင္းမုန္႔ေစ်းတန္းတို႔ ကန္တင္းတို႔က စားေသာက္ခန္းမႀကီးေတြမွာ ထမင္းစားရသလိုပဲ။ ဆိုင္က အခန္းက်ယ္ႀကီးကို စားပြဲခံုေတြနဲ႔ က်န္တာ ဘာမွမျပင္ဆင္ရေသးတာလား၊ မျပင္ထားတာလားေတာ့ မေသခ်ာပါဘူး။

ခုမွဖြင့္ကာစဆိုေတာ့ ဆိုင္းဘုတ္ေတာင္ ဒီေန႔မွစတပ္ေနၾကတာ ၿမင္ခဲ့ရတယ္။ ေထာင့္စြန္းမွာ ဗန္းႀကီးေတြနဲ႔ ဟင္းပြဲေတြ တန္းစီထားတယ္။ ဒီေလာက္ပါပဲ။ သန္႔ရွင္းမႈကေတာ့ စိတ္ခ်ရပါတယ္။

ဝန္ထမ္းအေနအထား
ဝန္ေဆာင္မႈေကာင္းတယ္။ ဝန္ထမ္းေလးေတြက ေသခ်ာရွင္းျပတယ္။ ေဘးက လိုတာလိုက္သယ္ေပးတယ္။ သေဘာက်စရာပါပဲ။

အစားအေသာက္အေနအထား
ၾကက္သား ခ်ိဳခ်ဥ္၊ ခ်ဥ္စပ္၊ မွ်စ္ခ်ဥ္ အပါအဝင္ ၾကက္ ၄,၅ မ်ိဳး၊ ငါး ခ်ိဳခ်ဥ္၊ ခ်ဥ္စပ္အပါအဝင္ ၃,၄ မ်ိဳး၊ ကင္းမြန္အုန္းႏို႔၊ ကင္းမြန္ေၾကာ္၊ ပုစြန္ထုပ္ခ်က္ ေတြက တစ္ပိုင္း။

တုန္ယမ္းဟင္းခ်ိဳ၊ ဝက္ခ်ဥ္စပ္၊ ၾကာဆံေၾကာ္၊ ေခါက္ဆြဲေၾကာ္၊ ဖက္ထိုင္းေၾကာ္၊ အသီးအရြက္၊ သီးစံုေၾကာ္ေတြ၊ သေဘာၤသီးေထာင္းေတြနဲ႔ မာလာရွမ္းေကာ အဝစားလည္းပါတယ္။

ဖက္ထုပ္ေၾကာ္၊ တန္ပူရာေၾကာ္၊ ေကာ္ျပန္႔ေၾကာ္၊ အေအး၊ ေရသန္႔၊ ဖရဲသီး၊ အုန္းႏို႔သာကူ အဲ့ေလာက္ထိ စုစုေပါင္း အမ်ိဳး ၃၀ ရတယ္။ တုန္ယမ္းက ပုစြန္ထုပ္ေတြနဲ႔ ခ်က္ထားတာ အရသာေတာ့ေပါ့တယ္။ ပုစြန္ခ်က္ဟင္းပြဲကေတာ့ ပြဲအလိုက္ခ်ေပးပါတယ္။

ေဆာ့စ္ ၄ မ်ိဳးေလာက္ရွိတယ္။ ငါးပိခ်က္၊ တို႔စရာလည္း ရွိတယ္။ စံုလားေမးရင္ အရြက္နဲ႔ ၾကက္သားမ်ားတယ္။ ထမင္းကို ဟင္းနဲ႔အဝစားတတ္တဲ့သူေတြ၊ ထိုင္းစာႀကိဳက္တဲ့သူေတြ၊ ေန႔လည္စာဗိုက္အတင္းအကား စားတတ္တဲ့သူေတြအတြက္ဆိုတန္မယ္ထင္ရတာပါပဲ။

အဆင္မေျပတာကေတာ့ ပူပူေႏြးေႏြးေလး ေအာက္ကမီးအပူမေပးထားတာရယ္၊ တခ်ိဳ႕ဟင္းပြဲေတြကအရသာသိပ္မေျပေသးတာရယ္၊ အရြက္မ်ားတာရယ္ေလာက္ေတာ့ ရွိတယ္။

မာလာရွမ္းေကာအရသာေလးေတာ့ မဆိုးဘူး ေၿပာရမယ္။ ေတာ္ေတာ္ အစပ္အဟပ္တည့္တယ္ ခံစားရတယ္။ ဒီဆိုင္မွာ အစားမ်ားတဲ့ထဲပါတယ္တဲ့။ အသားလံုးေတြ၊ ေခါက္ဆြဲေတြမပါဘဲ အသားနဲ႔ပဲ ခ်က္ထားတာေပမယ့္ အရသာရွိတာေတြ႕ရတယ္။ မာလာရွမ္းေကာႀကိဳက္တဲ့သူေတြအတြက္ေတာ့ ဒီမွာ ၂နာရီစာ အဝစားရံုနဲ႔တင္ တန္ၿပီထင္တာပဲ။

ပုစြန္ထုပ္ေတြနဲ႔ အသား၊ ငါးေတြပါတာပဲ အဆင္ေျပတယ္လို႔ ခံစားရပါၿပီ။ ကဏန္းကေတာ့ ညေန ၉၀၀၀ တန္ ဘူေဖးစနစ္မွာမွပါတာပါတဲ့။

ေန႔လည္ခင္းစားခ်ိန္ဆို ၁၀:၀၀ ကေန ၃:၃၀ အထိ ၆၀၀၀ က်ပ္ကြက္တိနဲ႔ ညေန ၄ နာရီကေန ည ၁၀:၃၀ ထိကိုေတာ့ ၉၀၀၀ က်ပ္က်မွာပါတဲ့။

လိပ္စာက ေျမနီကုန္း၊ ျပည္သူ႔ရင္ျပင္၊ ဓမၼေစတီလမ္းအေပါက္၊ စမ္းေခ်ာင္းရဲစခန္းအေရွ႕၊ Happy Zone အနီး အလွျပထားတဲ့ ခဲေရာင္ေလယာဥ္ႀကီး ၂စီးေနာက္က ဆိုင္ပါေနာ္။ ကားရပ္စရာေနရာေတြရွိပါတယ္။ ခုခ်ိန္ထိေတာ့ ေန႔လည္ခင္းေတြ ၁၂ ေလာက္ထိ လူနည္းတုန္းပဲ။

၆၀၀၀ တန္ဘူေဖး တန္၊ မတန္၊ဂ်င္း၊ မဂ်င္း၊ ခ်ိန္ဆေနတဲ့သူေတြအတြက္ေတာ့ Hot Pot ၊ BBQ မဟုတ္ဘဲ ထမင္း အေၾကာ္အေလွာ္နဲ႔ ဟင္းပြဲေတြမို႔ စားႏိုင္တဲ့သူေတြအတြက္ေတာ့ တန္မွာပါလို႔ အခရာမွ စားေသာက္ခဲ့သမွ်အေထြေထြတင္ေပးလိုက္ပါတယ္ရွင့္။

[Unicode]

ဟင်းပွဲ ၃၀ ကျော် နဲ့ ၆၀၀၀ တန် Thai Taste Buffet ဂျင်း၊ မဂျင်းအနေအထား

Thai Taste ဆိုတာက ရန်ကုန်မြို့ရဲ့ ထိုင်းစားသောက်ဆိုင်တွေထဲမှာ နာမည်တစ်ခုရထားပြီးသားဖြစ်သလို ခုလည်း သုဝဏ္ဏဆိုင်အပြင် ပြည်သူ့ရင်ပြင် Happy Zone ထဲမှာပါ ဆိုင်ခွဲတစ်ဆိုင် ထပ်ဖွင့်ထားတယ်ဆိုပဲ။

ဒီအထိက မထူးဆန်းသေးပေမယ့် ခု နေ့လည်စာ ဟင်းပွဲ ၃၀ နဲ့ ၂ နာရီစာဘူဖေးထမင်းဟင်း အဝစားကို ၆၀၀၀ ကျပ်၊ ညစာဆို ၉၀၀၀ ကျပ်ဆိုပြီး တန်တန်ကြီး ခင်းကျင်းနေတယ်ဆိုတော့ ထိုင်းစာရော၊ ထမင်းဟင်းဝဝစားချင်တဲ့သူတွေအတွက်ပါ အေခြအနေ အနေအထားဘာညာ တန်၊ မတန်၊ ဂျင်း၊ မဂျင်း သိချင်နေတဲ့သူတွေအတွက် အခရာကနေ သွားရောက် စားသောက်ကြည့်လိုက်တဲ့အခါ….

နေရာအနေအထား
မှတ်မိကြမလားမသိဘူး။ ငယ်ငယ်တုန်းက ကျောင်းမုန့်ဈေးတန်းတို့ ကန်တင်းတို့က စားသောက်ခန်းမကြီးတွေမှာ ထမင်းစားရသလိုပဲ။ ဆိုင်က အခန်းကျယ်ကြီးကို စားပွဲခုံတွေနဲ့ ကျန်တာ ဘာမှမပြင်ဆင်ရသေးတာလား၊ မပြင်ထားတာလားတော့ မသေချာပါဘူး။

ခုမှဖွင့်ကာစဆိုတော့ ဆိုင်းဘုတ်တောင် ဒီနေ့မှစတပ်နေကြတာ မြင်ခဲ့ရတယ်။ ထောင့်စွန်းမှာ ဗန်းကြီးတွေနဲ့ ဟင်းပွဲတွေ တန်းစီထားတယ်။ ဒီလောက်ပါပဲ။ သန့်ရှင်းမှုကတော့ စိတ်ချရပါတယ်။

ဝန်ထမ်းအနေအထား
ဝန်ဆောင်မှုကောင်းတယ်။ ဝန်ထမ်းလေးတွေက သေချာရှင်းပြတယ်။ ဘေးက လိုတာလိုက်သယ်ပေးတယ်။ သဘောကျစရာပါပဲ။

အစားအသောက်အနေအထား
ကြက်သား ချိုချဉ်၊ ချဉ်စပ်၊ မျှစ်ချဉ် အပါအဝင် ကြက် ၄,၅ မျိုး၊ ငါး ချိုချဉ်၊ ချဉ်စပ်အပါအဝင် ၃,၄ မျိုး၊ ကင်းမွန်အုန်းနို့၊ ကင်းမွန်ကြော်၊ ပုစွန်ထုပ်ချက် တွေက တစ်ပိုင်း။

တုန်ယမ်းဟင်းချို၊ ဝက်ချဉ်စပ်၊ ကြာဆံကြော်၊ ခေါက်ဆွဲကြော်၊ ဖက်ထိုင်းကြော်၊ အသီးအရွက်၊ သီးစုံကြော်တွေ၊ သဘောၤသီးထောင်းတွေနဲ့ မာလာရှမ်းကော အဝစားလည်းပါတယ်။

ဖက်ထုပ်ကြော်၊ တန်ပူရာကြော်၊ ကော်ပြန့်ကြော်၊ အအေး၊ ရေသန့်၊ ဖရဲသီး၊ အုန်းနို့သာကူ အဲ့လောက်ထိ စုစုပေါင်း အမျိုး ၃၀ ရတယ်။ တုန်ယမ်းက ပုစွန်ထုပ်တွေနဲ့ ချက်ထားတာ အရသာတော့ပေါ့တယ်။ ပုစွန်ချက်ဟင်းပွဲကတော့ ပွဲအလိုက်ချပေးပါတယ်။

ဆော့စ် ၄ မျိုးလောက်ရှိတယ်။ ငါးပိချက်၊ တို့စရာလည်း ရှိတယ်။ စုံလားမေးရင် အရွက်နဲ့ ကြက်သားများတယ်။ ထမင်းကို ဟင်းနဲ့အဝစားတတ်တဲ့သူတွေ၊ ထိုင်းစာကြိုက်တဲ့သူတွေ၊ နေ့လည်စာဗိုက်အတင်းအကား စားတတ်တဲ့သူတွေအတွက်ဆိုတန်မယ်ထင်ရတာပါပဲ။

အဆင်မပြေတာကတော့ ပူပူနွေးနွေးလေး အောက်ကမီးအပူမပေးထားတာရယ်၊ တချို့ဟင်းပွဲတွေကအရသာသိပ်မပြေသေးတာရယ်၊ အရွက်များတာရယ်လောက်တော့ ရှိတယ်။

မာလာရှမ်းကောအရသာလေးတော့ မဆိုးဘူး ပြောရမယ်။ တော်တော် အစပ်အဟပ်တည့်တယ် ခံစားရတယ်။ ဒီဆိုင်မှာ အစားများတဲ့ထဲပါတယ်တဲ့။ အသားလုံးတွေ၊ ခေါက်ဆွဲတွေမပါဘဲ အသားနဲ့ပဲ ချက်ထားတာပေမယ့် အရသာရှိတာတွေ့ရတယ်။ မာလာရှမ်းကောကြိုက်တဲ့သူတွေအတွက်တော့ ဒီမှာ ၂နာရီစာ အဝစားရုံနဲ့တင် တန်ပြီထင်တာပဲ။

ပုစွန်ထုပ်တွေနဲ့ အသား၊ ငါးတွေပါတာပဲ အဆင်ပြေတယ်လို့ ခံစားရပါပြီ။ ကဏန်းကတော့ ညနေ ၉၀၀၀ တန် ဘူဖေးစနစ်မှာမှပါတာပါတဲ့။

နေ့လည်ခင်းစားချိန်ဆို ၁၀:၀၀ ကနေ ၃:၃၀ အထိ ၆၀၀၀ ကျပ်ကွက်တိနဲ့ ညနေ ၄ နာရီကနေ ည ၁၀:၃၀ ထိကိုတော့ ၉၀၀၀ ကျပ်ကျမှာပါတဲ့။

လိပ်စာက မြေနီကုန်း၊ ပြည်သူ့ရင်ပြင်၊ ဓမ္မစေတီလမ်းအပေါက်၊ စမ်းချောင်းရဲစခန်းအရှေ့၊ Happy Zone အနီး အလှပြထားတဲ့ ခဲရောင်လေယာဉ်ကြီး ၂စီးနောက်က ဆိုင်ပါနော်။ ကားရပ်စရာနေရာတွေရှိပါတယ်။ ခုချိန်ထိတော့ နေ့လည်ခင်းတွေ ၁၂ လောက်ထိ လူနည်းတုန်းပဲ။

၆၀၀၀ တန်ဘူဖေး တန်၊ မတန်၊ဂျင်း၊ မဂျင်း၊ ချိန်ဆနေတဲ့သူတွေအတွက်တော့ Hot Pot ၊ BBQ မဟုတ်ဘဲ ထမင်း အကြော်အလှော်နဲ့ ဟင်းပွဲတွေမို့ စားနိုင်တဲ့သူတွေအတွက်တော့ တန်မှာပါလို့ အခရာမှ စားသောက်ခဲ့သမျှအထွေထွေတင်ပေးလိုက်ပါတယ်ရှင့်။