[Zawgyi]

လူမႈကြန္ရက္ေပၚမွ ထိုင္းေဂးအလွမယ္နဲ႔ MTV ရိုက္ကူးမယ့္ ဟန္ထူးစ်ာန္

အဆိုေတာ္ ဟန္ထူးစ်ာန္ဟာ သူ႔ရဲ ႔ Celebrity သီခ်င္းကို ရိုက္ကူးဖို႔ ထိုင္းနိုင္ငံက Miss Maeya SunSun (ဆြန္ဆြန္) ကိုကမ္းလွမ္းခဲ့တဲ့ အတြက္ အခုဆိုရင္ ျမန္မာနိုင္ငံကိုေရာက္ရွိေနၿပီျဖစ္ပါတယ္။ဒီလိုရိုက္ကူးျဖစ္တာကလည္း ဆြန္ဆြန္ဟာအြန္လိုိင္းေပၚမွာ နာမည္ႀကီးသူတစ္ေယာက္ျဖစ္တဲ့ အတြက္ျမန္မာပရိသတ္ေတြကို ေပ်ာ္ရႊင္ေစခ်င္လို႔ သူ႔ရဲ ႔MTV မွာရိုက္ကူးဖို႔ ကမ္းလွမ္းျဖစ္ခဲ့တာျဖစ္တယ္ လို႔လည္း ဟန္ထူးစ်ာန္ရဲ ႔ေျပာျပခ်က္ေတြ အရသိရပါတယ္။

ဆြန္ဆြန္ဟာ ထုိင္းနိုင္ငံမွာတင္မကဘဲ လူမႈကြန္ရက္ေပၚမွာ သူတင္တဲ့ Post ေတြေၾကာင့္ လူသိမ်ားတဲ့ ေဂးအလွမယ္တစ္ေယာက္ျဖစ္ပါတယ္။ သူတင္တဲ့ Post ေတြကေတာ့ ဟာသမ်ားျဖစ္ၿပီး လူမႈကြန္ရက္မွာ သူ႔ကို Follow ထားတဲ့ သူေတြဟာ ၇သိန္း၈ေသာင္းေက်ာ္ ရွိပါတယ္။

 

ဟန္ထူးစ်ာန္ရဲ ႔ MTV သီခ်င္းေလးထြက္ရင္ အားေပးၾကမွာလား ပရိသတ္ႀကီးေရ ။ ပရိသတ္ႀကီးေရာ ဆြန္ဆြန္ရဲ ႔ ဟာသ ဗီဒီယုိေလးေတြကို ႀကိဳက္နွစ္သက္တယ္ဆိုရင္ MTV သီခ်င္းေလးကိုလည္း အားေပးဖို႔ အတြက္ သတင္းေကာင္းပါးလိုက္ပါတယ္ေနာ္…

ၾကည္သာ (Akhayar)

Photo Credit:Maeya SunSun Facebook ၊ Han Htoo Zen Facebook

www.akhayar.com

[Unicode]

လူမှုကွန်ရက်ပေါ်မှ ထိုင်းဂေးအလှမယ်နဲ့ MTV ရိုက်ကူးမယ့် ဟန်ထူးဈာန်

အဆိုတော် ဟန်ထူးဈာန်ဟာ သူ့ရဲ့ Celebrity သီချင်းကို ရိုက်ကူးဖို့ ထိုင်းနိုင်ငံက Miss Maeya SunSun (ဆွန်ဆွန်) ကိုကမ်းလှမ်းခဲ့တဲ့ အတွက် အခုဆိုရင် မြန်မာနိုင်ငံကိုရောက်ရှိနေပြီဖြစ်ပါတယ်။ဒီလိုရိုက်ကူးဖြစ်တာကလည်း ဆွန်ဆွန်ဟာအွန်လိုင်းပေါ်မှာ နာမည်ကြီးသူတစ်ယောက်ဖြစ်တဲ့ အတွက်မြန်မာပရိသတ်တွေကို ပျော်ရွှင်စေချင်လို့ သူ့ရဲ့MTV မှာရိုက်ကူးဖို့ ကမ်းလှမ်းဖြစ်ခဲ့တာဖြစ်တယ် လို့လည်း ဟန်ထူးဈာန်ရဲ့ပြောပြချက်တွေ အရသိရပါတယ်။

ဆွန်ဆွန်ဟာ ထိုင်းနိုင်ငံမှာတင်မကဘဲ လူမှုကွန်ရက်ပေါ်မှာ သူတင်တဲ့ Post တွေကြောင့် လူသိများတဲ့ ဂေးအလှမယ်တစ်ယောက်ဖြစ်ပါတယ်။ သူတင်တဲ့ Post တွေကတော့ ဟာသများဖြစ်ပြီး လူမှုကွန်ရက်မှာ သူ့ကို Follow ထားတဲ့ သူတွေဟာ ၇သိန်း၈သောင်းကျော် ရှိပါတယ်။

 

ဟန်ထူးဈာန်ရဲ့ MTV သီချင်းလေးထွက်ရင် အားပေးကြမှာလား ပရိသတ်ကြီးရေ ။ ပရိသတ်ကြီးရော ဆွန်ဆွန်ရဲ့ ဟာသ ဗီဒီယိုလေးတွေကို ကြိုက်နှစ်သက်တယ်ဆိုရင် MTV သီချင်းလေးကိုလည်း အားပေးဖို့ အတွက် သတင်းကောင်းပါးလိုက်ပါတယ်နော်…

ကြည်သာ (Akhayar)

Photo Credit:Maeya SunSun Facebook ၊ Han Htoo Zen Facebook

www.akhayar.com