[Zawgyi]

ဂူထဲမွာ တစ္ေယာက္တည္း အေမွာင္ညကို ေက်ာ္ျဖတ္ရမယ္႔ ထိုင္းေဘာလံုးအသင္းနည္းျပ

ဂူထဲမွာေပ်ာက္ဆံုးေနတဲ႔ ထိုင္းကေလး ၁၂ ေယာက္နဲ႔ နည္းျပဆရာကုိ ကယ္ဆယ္ေရးေတြျပဳလုပ္ၿပီး ကယ္ထုတ္ေနခဲ႔တာ အခုဆိုရင္ ကေလးရွစ္ေယာက္ကို ေရႀကီးေနတဲ႔ ဂူထဲကေန ကယ္ထုတ္ႏုိင္ခဲ့ပါၿပီ။ ေနာက္ဆံုးမွာ မေန႔က ဂူတြင္းမွာ က်န္ရွိေနတဲ႔ ဒုတိယကေလးလးေယာက္အုပ္စုအဖဲြ႔ဟာလည္း ေလေကာင္းေလသန္႔ေတြကို ေကာင္းေကာင္းႀကီး ရႈရႈိက္ခြင္႔ရရွိခဲ႔ပါၿပီ။ ကယ္ဆယ္ေရးတာဝန္ရွိသူေတြရဲ႕ ေျပာျပခ်က္အရေတာ့ ကေလးေတြရဲ႕နည္းျပဆရာဟာ ေအးစိမ့္ေနတဲ့ လိုဏ္ဂူထဲမွာ တစ္ေယာက္တည္းက်န္ရွိေနၿပီး အေမွာင္ညကို ရင္ဆိုင္ျဖတ္သန္းရဦးမွာပါ။

ကယ္ဆယ္ေရးေခါင္းေဆာင္ Narongsak Osottanakorn က ငါးေယာက္လံုးကို တစ္ၿပိဳင္တည္းကယ္ထုတ္ခ်င္ေပမယ္႔လည္း ေဘးကင္းလံုျခံဳစိတ္ခ်စြာကယ္ထုတ္ႏိုင္ဖို႔ဆိုရင္ ေလးေယာက္ကသာ အသင္႔ေတာ္ဆံုးျဖစ္တဲ့အတြက္ အသက္ (၂၅) ႏွစ္အရြယ္နည္းျပဆရာ Ekaphol Chantawong ကို ဂူထဲမွာခ်န္ရစ္ခဲ့ၿပီးမွ က်န္ရွိေနတဲ႔ ကေလးေလးေယာက္ကုိ အရင္ကယ္ဆယ္သြားမွာ ျဖစ္ပါတယ္။

Thai Coach

Thai Coach

မိဘေတြအေနနဲ႔ အႀကီးအက်ယ္ပူပန္ေသာကေတြ ခံစားေနရေပမယ္႔လည္း ဂူထဲကေနကယ္ထုတ္ထားတဲ႔ ကေလးေတြဟာ ကိုယ္ခံအားနည္းေနေသးလို႔ ေရာဂါပိုးေတြကူးစက္မွာစိုးတဲ႔အတြက္ လက္ရွိခ်ိန္ထိ မိဘေတြနဲ႔ ထိေတြ႔ခြင္႔မျပဳေသးပါဘူး။ ကယ္ထုတ္ထားတဲ့ ကေလးေတြကို ေဆးရုံမွာ သိီးသန္႔ခဲြထားၿပီး ေဆးကုသမႈေတြ ျပဳလုပ္ေပးေနၿပီး သူတို႔ရဲ႕က်န္းမာေရးကေတာ့ စိုးရိမ္စရာမရွိိဘူးလို႔ ကုသေပးေနတဲ့သူေတြက ေျပာၾကားထားပါတယ္။ဒီေနရာမွာ ထူးဆန္းတာကေတာ့ ကေလးေတြဟာ ဒီလုိဒုကၡသုကၡေတြ မေတြ႔ခင္တုန္းက ေရေတာင္ေကာင္းေကာင္းမကူးတတ္ၾကတဲ႔သူေတြ ျဖစ္တာပါပဲ။

လုိဏ္ဂူအတြင္းရွိ ကေလးေတြနဲ႔ နည္းျပကုိ ကယ္ဆယ္ေရးျပဳလုပ္ေနတဲ႔ အသင္းအဖဲြ႔ေတြကိုလည္း ထိုင္းဝန္ႀကီးခ်ဳပ္က မေန႔ညကတင္ ေက်းဇူးတင္ေၾကာင္းေျပာၾကားခဲ႔ပါတယ္။ ဒါ့အျပင္ ကေလးေတြအေနနဲ႔လည္း ဒီလိုခံစားခဲ႔ရတဲ႔ ဒုကၡသုကၡေတြကေန အေတြ႔အၾကံဳေတြယူကာ ေနာက္ဒီလိုမ်ဳိးထပ္မံမျဖစ္ေအာင္ ေရွာင္ရွားႏိုင္ေစဖို႔အတြက္ ႏႈိးေဆာ္ခ်က္ေတြျပဳလုပ္ေပးသြားမယ္လို႔ပါ ထပ္ေလာင္းေျပာၾကားသြားပါတယ္။

H.H(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ဂူထဲမှာ တစ်ယောက်တည်း အမှောင်ညကို ကျော်ဖြတ်ရမယ့် ထိုင်းဘောလုံးအသင်းနည်းပြ

ဂူထဲမှာပျောက်ဆုံးနေတဲ့ ထိုင်းကလေး ၁၂ ယောက်နဲ့ နည်းပြဆရာကို ကယ်ဆယ်ရေးတွေပြုလုပ်ပြီး ကယ်ထုတ်နေခဲ့တာ အခုဆိုရင် ကလေးရှစ်ယောက်ကို ရေကြီးနေတဲ့ ဂူထဲကနေ ကယ်ထုတ်နိုင်ခဲ့ပါပြီ။ နောက်ဆုံးမှာ မနေ့က ဂူတွင်းမှာ ကျန်ရှိနေတဲ့ ဒုတိယကလေးလးယောက်အုပ်စုအဖွဲ့ဟာလည်း လေကောင်းလေသန့်တွေကို ကောင်းကောင်းကြီး ရှုရှိုက်ခွင့်ရရှိခဲ့ပါပြီ။ ကယ်ဆယ်ရေးတာဝန်ရှိသူတွေရဲ့ ပြောပြချက်အရတော့ ကလေးတွေရဲ့နည်းပြဆရာဟာ အေးစိမ့်နေတဲ့လိုဏ်ဂူထဲမှာ တစ်ယောက်တည်းကျန်ရှိနေပြီး အမှောင်ညကို ရင်ဆိုင်ဖြတ်သန်းရဦးမှာပါ။

ကယ်ဆယ်ရေးခေါင်းဆောင် Narongsak Osottanakorn က ငါးယောက်လုံးကို တစ်ပြိုင်တည်းကယ်ထုတ်ချင်ပေမယ့်လည်း ဘေးကင်းလုံခြုံစိတ်ချစွာကယ်ထုတ်နိုင်ဖို့ဆိုရင် လေးယောက်ကသာ အသင့်တော်ဆုံးဖြစ်တဲ့အတွက် အသက် (၂၅) နှစ်အရွယ်နည်းပြဆရာ Ekaphol Chantawong ကို ဂူထဲမှာချန်ရစ်ခဲ့ပြီးမှ ကျန်ရှိနေတဲ့ ကလေးလေးယောက်ကို အရင်ကယ်ဆယ်သွားမှာ ဖြစ်ပါတယ်။

Thai Coach

Thai Coach

မိဘတွေအနေနဲ့ အကြီးအကျယ်ပူပန်သောကတွေ ခံစားနေရပေမယ့်လည်း ဂူထဲကနေကယ်ထုတ်ထားတဲ့ ကလေးတွေဟာ ကိုယ်ခံအားနည်းနေသေးလို့ ရောဂါပိုးတွေကူးစက်မှာစိုးတဲ့အတွက် လက်ရှိချိန်ထိ မိဘတွေနဲ့ ထိတွေ့ခွင့်မပြုသေးပါဘူး။ ကယ်ထုတ်ထားတဲ့ ကလေးတွေကို ဆေးရုံမှာ သီးသန့်ခွဲထားပြီး ဆေးကုသမှုတွေ ပြုလုပ်ပေးနေပြီး သူတို့ရဲ့ကျန်းမာရေးကတော့ စိုးရိမ်စရာမရှိဘူးလို့ ကုသပေးနေတဲ့သူတွေက ပြောကြားထားပါတယ်။ဒီနေရာမှာ ထူးဆန်းတာကတော့ ကလေးတွေဟာ ဒီလိုဒုက္ခသုက္ခတွေ မတွေ့ခင်တုန်းက ရေတောင်ကောင်းကောင်းမကူးတတ်ကြတဲ့သူတွေ ဖြစ်တာပါပဲ။

လိုဏ်ဂူအတွင်းရှိ ကလေးတွေနဲ့ နည်းပြကို ကယ်ဆယ်ရေးပြုလုပ်နေတဲ့ အသင်းအဖွဲ့တွေကိုလည်း ထိုင်းဝန်ကြီးချုပ်က မနေ့ညကတင် ကျေးဇူးတင်ကြောင်းပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ကလေးတွေအနေနဲ့လည်း ဒီလိုခံစားခဲ့ရတဲ့ ဒုက္ခသုက္ခတွေကနေ အတွေ့အကြုံတွေယူကာ နောက်ဒီလိုမျိုးထပ်မံမဖြစ်အောင် ရှောင်ရှားနိုင်စေဖို့အတွက် နှိုးဆော်ချက်တွေပြုလုပ်ပေးသွားမယ်လို့ပါ ထပ်လောင်းပြောကြားသွားပါတယ်။

H.H(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။