[Zawgyi]

လိုဏ္ဂူထဲပိတ္မိရာမွလြတ္ေျမာက္ခဲ့တဲ့ ထိုင္းလူငယ္ေဘာလံုးအသင္း သာသနာ့ေဘာင္ဝင္ခဲ့

ထိုင္းႏိုင္ငံတစ္ခုလံုးအုတ္ေအာ္ေသာင္းတင္းၿဖစ္ေစခဲ့တဲ့ လိုဏ္ဂူထဲပိတ္မိခဲ့သူ ထိုင္းေတာဝက္ေဘာလံုးအသင္းက လူငယ္ေလးေတြဟာ ဂူထဲက ျပန္လည္လြတ္ေျမာက္လို႔ ေဆးကုသမႈခံယူအၿပီး ဇူလိုင္လ ၂၅ရက္ေန႔မွာ သာသနာ့ေဘာင္ထဲဝင္ခဲ့ၾကပါတယ္။

ဒီလိုတစ္ဖြဲ႕လံုး သာသနာ့ေဘာင္ထဲဝင္ခဲ့ၾကရျခင္းမွာ သူတို႔ကို ကယ္တင္ရင္း အသက္ေပးသြားခဲ့ရတဲ့ ထိုင္းေရတပ္အၿငိမ္းစားတပ္ဖြဲ႕ဝင္ ေရငုပ္သမားကို ေအာက္ေမ့သတိရတဲ့အထိမ္းအမွတ္နဲ႔ ေကာင္းမႈမွ်ေစလိုတဲ့ရည္ရြယ္ခ်က္ျဖစ္တယ္လို႔ သိရပါတယ္။

ေတာဝက္ေဘာလံုးအသင္းရဲ႕ နည္းျပျဖစ္သူ အသက္ ၂၅ ႏွစ္အရြယ္ Mr. Ekapol Chanthawong အပါအဝင္ ဗုဒၶဘာသာဝင္ ေဘာလံုးသမားလူငယ္ေလး ၁၁ ဦးနဲ႔ စုစုေပါင္း ၁၂ ဦး သာသနာ့ေဘာင္ဝင္ခဲ့တာျဖစ္ပါတယ္။ က်န္တစ္ေယာက္ကေတာ့ ခရစ္ယာန္ဘာသာဝင္ျဖစ္တာမို႔ မပါဝင္ခဲ့ပါဘူး။

အဖြဲ႕ဝင္လူငယ္ေလးအားလံုးဟာ ကိုရင္အျဖစ္မေရာက္မီ တစ္ရက္အလိုမွာ Chaing Rai’s Mae Sai နယ္ေျမက Wat Phra That Doi Tung ဘုန္းႀကီးေက်ာင္းမွာ ေခါင္းရိတ္ခဲ့ၾကပါတယ္။

“သူတို႔ရဲ႕ဘဝအျမင္ေတြက ေျပာင္းလဲသြားခဲ့ပါၿပီ။ ဒီလိုအသက္ေဘးၾကံဳခဲ့ရတဲ့အေတြ႕အၾကံဳေတြေၾကာင့္ ခုဆို သူတို႔ဟာ မိဘေတြရဲ႕ တန္ဖိုးကို နားလည္လာၾကၿပီး တရားဓမၼရဲ႕ ေက်းဇူးကို ပိုေအာက္ေမ့လာၾကပါတယ္” လို႔ Mae Sai ယဥ္ေက်းမႈေကာင္စီ ဥကၠဌ Mr Manit Prakobkit က ေျပာၾကားခဲ့ပါတယ္။

သူတို႔အားလံုးဟာ Mae Sai ကဘုန္းႀကီးေက်ာင္းအသီးသီးမွာ ကိုရင္ဘ၀ကို ၉ရက္တာ ခံယူမွာျဖစ္ပါတယ္။

EiEiKhineMinn (Akhayar)

[Unicode]

လိုဏ်ဂူထဲပိတ်မိရာမှလွတ်မြောက်ခဲ့တဲ့ ထိုင်းလူငယ်ဘောလုံးအသင်း သာသနာ့ဘောင်ဝင်ခဲ့

ထိုင်းနိုင်ငံတစ်ခုလုံးအုတ်အော်သောင်းတင်းဖြစ်စေခဲ့တဲ့ လိုဏ်ဂူထဲပိတ်မိခဲ့သူ ထိုင်းတောဝက်ဘောလုံးအသင်းက လူငယ်လေးများဟာ ဂူထဲက ပြန်လည်လွတ်မြောက်လို့ ဆေးကုသမှုခံယူအပြီး ဇူလိုင်လ ၂၅ရက်နေ့မှာ သာသနာ့ဘောင်ထဲဝင်ခဲ့ကြပါတယ်။

ဒီလိုတစ်ဖွဲ့လုံး သာသနာ့ဘောင်ထဲဝင်ခဲ့ကြရခြင်းမှာ သူတို့ကို ကယ်တင်ရင်း အသက်ပေးသွားခဲ့ရတဲ့ ထိုင်းရေတပ်အငြိမ်းစားတပ်ဖွဲ့ဝင် ရေငုပ်သမားကို အောက်မေ့သတိရတဲ့အထိမ်းအမှတ်နဲ့ ကောင်းမှုမျှစေလိုတဲ့ရည်ရွယ်ချက်ဖြစ်တယ်လို့ သိရပါတယ်။

တောဝက်ဘောလုံးအသင်းရဲ့ နည်းပြဖြစ်သူ အသက် ၂၅ နှစ်အရွယ် Mr. Ekapol Chanthawong အပါအဝင် ဗုဒ္ဓဘာသာဝင် ဘောလုံးသမားလူငယ်လေး ၁၁ ဦးနဲ့ စုစုပေါင်း ၁၂ ဦး သာသနာ့ဘောင်ဝင်ခဲ့တာဖြစ်ပါတယ်။ ကျန်တစ်ယောက်ကတော့ ခရစ်ယာန်ဘာသာဝင်ဖြစ်တာမို့ မပါဝင်ခဲ့ပါဘူး။

အဖွဲ့ဝင်လူငယ်လေးအားလုံးဟာ ကိုရင်အဖြစ်မရောက်မီ တစ်ရက်အလိုမှာ Chaing Rai’s Mae Sai နယ်မြေက Wat Phra That Doi Tung ဘုန်းကြီးကျောင်းမှာ ခေါင်းရိတ်ခဲ့ကြပါတယ်။

“သူတို့ရဲ့ဘဝအမြင်တွေက ပြောင်းလဲသွားခဲ့ပါပြီ။ ဒီလိုအသက်ဘေးကြုံခဲ့ရတဲ့အတွေ့အကြုံတွေကြောင့် ခုဆို သူတို့ဟာ မိဘတွေရဲ့ တန်ဖိုးကို နားလည်လာကြပြီး တရားဓမ္မရဲ့ ကျေးဇူးကို ပိုအောက်မေ့လာကြပါတယ်” လို့ Mae Sai ယဉ်ကျေးမှုကောင်စီ ဥက္ကဌ Mr Manit Prakobkit က ပြောကြားခဲ့ပါတယ်။

သူတို့အားလုံးဟာ Mae Sai ကဘုန်းကြီးကျောင်းအသီးသီးမှာ ကိုရင်ဘဝကို ၉ရက်တာ ခံယူမှာဖြစ်ပါတယ်။

EiEiKhineMinn (Akhayar)