[Zawgyi]















ကြည်သာ (Akhayar)

www.akhayar.com
[Unicode]

ထိုင်းမင်းသမီးလေး Davika အကြောင်းနဲ့ပါဝင်ရိုက်ကူးခဲ့တဲ့ ဇာတ်ကားတချို့

မြန်မာပြည်ကိုရောက်ရှိခဲ့တဲ့ ထိုင်းမင်းသမီးလေး Davika Hoorne ကို ၁၉၉၂ ခုနှစ် မေလ ၁၆ ရက်နေ့မှာ မွေးခဲ့တာဖြစ်ပါတယ်။ သူမဟာ ထိုင်းနိုင်ငံ ရဲ့ နာမည်ရ မော်ဒယ် မင်းသမီးတစ်ယောက်လည်း ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်ရဲ့ TV စီးရီးတစ်ခု မှာ ခေါင်းဆောင်မင်းသမီးနေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ၂၀၁၂ ခုနှစ်မှာပရိသတ်တွေ ရဲ့ အားပေးခြင်းကို ရရှိခဲ့တဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။ ဒါ့အပြင်၂၀၁၃ ခုနှစ်မှာ Pee Mak ဇာတ်ကားနဲ့လူသိများခဲ့တဲ့ မင်းသမီးတစ်လက်လည်းဖြစ်ပါတယ်။

၁၄ နှစ်သမီးထဲက ကြော်ငြာမင်းသမီးဖြစ်ခဲ့တဲ့ Davika

၁၄ နှစ်သမီးထဲက ကြော်ငြာမင်းသမီးဖြစ်ခဲ့တဲ့ Davika

ထိုင်းမင်းသမီးလေး Davika

ထိုင်းမင်းသမီးလေး Davika

ထိုင်းမင်းသမီး Davika ဟာ မင်းသမီးမော်ဒယ်အပြင် အစီအစဉ်တင်ဆက်သူတစ်ဦးအနေနဲ့ပါလူသိများကြပါတယ်။ သူမဟာ အသက် ၁၄ နှစ်အရွယ်လောက်ကတည်းက ကြော်ငြာတွေကို စတင်ရိုက်ကူးခဲ့တာလည်းဖြစ်ပါတယ်။

၁၄ နှစ်သမီးထဲက ကြော်ငြာမင်းသမီးဖြစ်ခဲ့တဲ့ Davika

၁၄ နှစ်သမီးထဲက ကြော်ငြာမင်းသမီးဖြစ်ခဲ့တဲ့ Davika

သူမပါဝင်ရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတချို့ နဲ့ ဇာတ်ဝင်ခန်းတချို့ကိုလည်းပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Father Land ကတော့ Pee Mak မတိုင်ခင် ၂၀၁၂ ခုနှစ်က ထွက်ရှိတဲ့ ဇာတ်လမ်းဖြစ်ပြီး ဒီဇာတ်လမ်းကိုလည်း မကြည့်ရသေးသူတွေ အတွင် အမြည်းခံစားနိုင်အောင် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Plae Kao ကတော့ Pee Mak အပြီး ၂၀၁၄ ခုနှစ်မှာ ပြသခဲ့တဲ့ ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ ထိုင်း ဒရာမာ ဇာတ်လမ်းလေး ဖြစ်လို့ ပရိသတ်တွေ ကြိုက်နှစ်သက်ကြမယ်လို့ထင်ပါတယ်။

ထိုင်းမင်းသမီးလေးကို ကြိုက်နှစ်သက်ကြမယ့် သူတွေ အတွက် အခုလိုပြန်လည်ဖော်ပြပေးခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit : Davika Hoorne Fan Club

ကြည်သာ (Akhayar)

www.akhayar.com