[Zawgyi]

ထိုင္းရုိးရာ အလွအပလွ်ဳိ႕ဝွက္ခ်က္မ်ား

ထူးျခားေတာက္ပရႊန္းစိုေနတဲ႔ အသားအေရ၊ ရွည္လ်ားေပ်ာ႔ေပ်ာင္းတဲ႔ ဆံေကသာေလးေတြ၊က်န္းမာသန္စြမ္းတဲ႔ ေျခသည္းလက္သည္းေလးေတြနဲ႔ ကမၻာေပၚကလူေတြသတိထားမိေလာက္ေအာင္ လွပသူေတြထဲမွာ ထိုင္းအမ်ဳိးသမီးေတြပါဝင္ပါတယ္။ ေရႊမႈန္႔စားလို႔လား ေငြမႈန္႔စားလို႔လား ဘာလို႔မ်ား အဲေလာက္လွၾကလဲဆိုတာကို စပ္စုၾကည္႔တဲ့အခါမွာ ထိုင္းတို႔ရဲ႕ရုိးရာ အလွအပလွ်ိ႕ဝွက္နည္းေတြကို ရွာေဖြေတြ႔ရွိခဲ႔ပါတယ္။ ထိုင္းႏိုင္ငံဟာ အလွကုန္နဲ႔ပတ္သက္ရင္ ျပည္တြင္းျဖစ္ထုတ္ကုန္ေတြ အမ်ားၾကီးထုတ္လုပ္ႏိုင္သလို ရိုးရာနည္းေတြကိုလည္းပစ္မထားဘဲ အသံုးခ်ေနၾကဆဲမို႔ ထိုင္းရုိးရာအလွအပလွ်ဳိ႕ဝွက္နည္းေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) မန္က်ည္းသီး

ဗီတာမင္နဲ႔သတၱဳဓာတ္ေတြ ၾကြယ္ဝစြာပါဝင္လို႔ မန္က်ည္းသီးက အလွအပအတြြက္ အက်ဳိးအာနိသင္မ်ားစြာျဖစ္ထြန္းေစတဲ့ သဘာဝကေပးတဲ့ အလွျပင္ပစၥည္းပဲျဖစ္ပါတယ္။ အလွအပအတြက္ မန္းက်ည္းသီးကို သဘာဝအလွျပင္ပစၥည္းတစ္ခုအေနနဲ႔ အသံုးျပဳလို႔ရလို႔ Cosmetic ဖိုးကိုလည္း ေခၽြတာရာေရာက္ပါတယ္။ ထိုင္းအမ်ဴိးသမီးေတြအေနနဲ႔ မန္က်ည္းသီးကို အႏွစ္ျပဳလုပ္ၿပီး ဆဲလ္ေသေတြကို ဖယ္ရွားဖို႔အတြက္ Scrub အေနနဲ႔ အသံုးျပဳၾကပါတယ္။ အဲလိုျပဳလုပ္ျခင္းအားျဖင္႔ အသားေရကို ႏူးညံ႔ေစၿပီး အျပစ္အနာအဆာေတြနဲ႔ အမည္းစက္ေတြကို ေလ်ာ့က်ေစပါတယ္။ ဒါအျပင္ အသားအေရကိုထိထိေရာက္ေရာက္သန္႔စင္ေပးျပီး သန္႔စင္ၾကည္လင္တဲ႔အသားအေရကို ရရွိေစမွာျဖစ္ပါတယ္။ ပ်ားရည္တစ္ခြက္၊ မန္းက်ည္းသီးအႏွစ္နဲ႔ ဒိန္ခ်ဥ္စားပဲြတင္ဇြန္းသံုးဇြန္းကို ေရာေႏွာၿပီး မ်က္ႏွာသစ္ေဆးအေနနဲ႔လည္း အသံုးျပဳႏိုင္ပါတယ္။ မန္းက်ည္းသီးမ်က္ႏွာသစ္ေဆးနဲ႔ သစ္ေပးျခင္းက ဆဲလ္ေသေတြကို ဖယ္ရွားေပးၿပီး မ်က္ႏွာေပၚရွိ ေသြးလည္ပတ္မႈကိုလည္း ပိုမိုေကာင္းမြန္ေစပါတယ္။

(၂) စပါးလင္

စပါးလင္ကို ဟင္းလ်ာခ်က္ျပဳတ္ရာမွာ အရမ္းက်ယ္က်ယ္ျပန္႔ျပန္႔ႀကီးမသံုးၾကဘဲ အလွအပနဲ႔ က်န္းမာေရးေတြအတြက္ ပိုျပီးအသံုးျပဳၾကပါတယ္။ စပါးလင္က ဆဲလ္ေသေတြကို ကြာက်ေစၿပီး အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးႏိုင္တဲ႔ အစြမ္းရွိပါတယ္။ စပါးလင္ကိုအသံုးျပဳၿပီး ထိုင္းမေလးေတြ ျပဳလုပ္ေလ႔ရွိတာက စပါးလင္ေရေႏြးေငြ႔ေပါင္းတင္ျခင္းပဲ ျဖစ္ပါတယ္။ စပါးလင္ေရေႏြးေငြ႔ေပါင္းတင္ျခင္းက ဘယ္အသားအေရမ်ိဳးအတြက္မဆို ျပဳလုပ္ေပးလို႔ရပါတယ္။ အဲလိုေပါင္းတင္လိုက္တဲ့အခါ ေခၽြးေပါက္ထဲမွာရွိတဲ႔ အညစ္အေၾကးေတြနဲ႔ အဆီပိုေတြကို ဖယ္ရွားသန္႔စင္ေပးလို႔ သန္္႔ရွင္းၾကည္လင္တဲ့ အသားအေရကို တစ္မဟုတ္ခ်င္း ပိုင္ဆိုင္သြားမွာ အေသအခ်ာပါပဲ။

(၃) Thai Massage

ထိုင္းႏိုင္ငံရဲ႕ ရိုးရာ Thai Massage ဟာလည္း ကမၻာေက်ာ္တယ္လုိ႔ဆိုရမွာပါ။ Thai Massage ျပဳလုပ္ျခင္းက အသားအေရနဲ႔ ခႏၶာကိုယ္တစ္ခုလံုးကို Soothing Effect ရရွိေစကာ စိတ္ကိုလန္းဆန္းေစပါတယ္။ ခႏၶာကိုယ္ရဲ႕ေညာင္းညာကိုက္ခဲမႈေတြကိုလည္း သက္သာေစျပီး စိတ္ဖိစီးမႈကို သက္သာေစပါတယ္။ စိတ္ဖိစီးမႈကင္းရင္ ရုပ္ရည္လည္းႏုပ်ိဳလွပတယ္ဆုိတာကို ေကာင္းေကာင္းသိရွိလက္ခံထားျပီး အသံုးခ်တတ္သူေတြျဖစ္ပါတယ္။

(၄) ထိုင္းအစားအေသာက္

ထိုင္းအမ်ဳိးသမီးေတြက အသားထက္ ဟင္းသီးဟင္းရြက္ကို အေျမာက္အျမားစားသံုးၾကပါတယ္။ အနီေရာင္ရွိတဲ့အသားကို အနည္းငယ္သာစားသံုးၿပီး အသားအစား ပင္လယ္စာနဲ႔ ငါးကုိေပါေပါမ်ားမ်ား စားသံုးၾကပါတယ္။ ဒါအျပင္ ထိုင္းဟင္းေတြမွာ ေကာင္းမြန္တဲ႔ ဟင္းခတ္အေမႊးအႀကိဳင္ေတြပါဝင္ၿပီး အဲဒီဟင္းခတ္အေမႊးအႀကိဳင္ေတြက ခႏၶာကိုယ္ကို သန္႔ရွင္းစင္ၾကယ္ေစကာ အသားအေရကိုေတာက္ပလာေစပါတယ္။

(၅) ထိုင္းေဖ်ာ္ရည္

ထိုင္းမိန္းမပ်ဳိေတြက ေရနဲ႔ လတ္ဆတ္တဲ႔ေဖ်ာ္ရည္ကို အမ်ားအျပားေသာက္သံုးၾကပါတယ္။ Green Tea က ထိုင္းမေလးေတြ လက္ကမခ်တမ္းေသာက္တဲ့ ေဖ်ာ္ရည္အမ်ဳိးအစားပဲဲျဖစ္ပါတယ္။ Green Tea မွာ ေကာင္းမြန္တဲ႔ Antioxidant ဓာတ္ေတြ မ်ားစြာပါဝင္ပါတယ္။ အသင္႔ေသာက္ေဖ်ာ္ရည္ေတြ ေသာက္သံုးမယ့္အစား အသားအေရကိုေကာင္းက်ဳိးျပဳတဲ့ အသီးအႏွံေဖ်ာ္ရည္ နဲ႔ Green Tea ကိုေျပာင္းလဲေသာက္သံုးလိုက္ပါ။

ထိုင္းအလွအပလွ်ိဴ႕ဝွက္နည္းေတြက လြယ္ကူရုိးရွင္းၿပီး လိုက္လုပ္ဖို႔လည္း အဆင္ေျပတာေၾကာင္႔ စမ္းၾကည္႔သင္႔ပါတယ္။ ကိုယ္႔အတြက္တကယ္ထူးျခားမႈရွိတယ္ဆုိရင္ ျပန္လည္မွ်ေဝေပးပါဦးေနာ္။

H.H(အခရာ)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ထိုင်းရိုးရာ အလှအပလျှို့ဝှက်ချက်များ

ထူးခြားတောက်ပရွှန်းစိုနေတဲ့ အသားအရေ၊ ရှည်လျားပျော့ပျောင်းတဲ့ ဆံကေသာလေးတွေ၊ကျန်းမာသန်စွမ်းတဲ့ ခြေသည်းလက်သည်းလေးတွေနဲ့ ကမ္ဘာပေါ်ကလူတွေသတိထားမိလောက်အောင် လှပသူတွေထဲမှာ ထိုင်းအမျိုးသမီးတွေပါဝင်ပါတယ်။ ရွှေမှုန့်စားလို့လား ငွေမှုန့်စားလို့လား ဘာလို့များ အဲလောက်လှကြလဲဆိုတာကို စပ်စုကြည့်တဲ့အခါမှာ ထိုင်းတို့ရဲ့ရိုးရာ အလှအပလျှိ့ဝှက်နည်းတွေကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ထိုင်းနိုင်ငံဟာ အလှကုန်နဲ့ပတ်သက်ရင် ပြည်တွင်းဖြစ်ထုတ်ကုန်တွေ အများကြီးထုတ်လုပ်နိုင်သလို ရိုးရာနည်းတွေကိုလည်းပစ်မထားဘဲ အသုံးချနေကြဆဲမို့ ထိုင်းရိုးရာအလှအပလျှို့ဝှက်နည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) မန်ကျည်းသီး

ဗီတာမင်နဲ့သတ္တုဓာတ်တွေ ကြွယ်ဝစွာပါဝင်လို့ မန်ကျည်းသီးက အလှအပအတွက် အကျိုးအာနိသင်များစွာဖြစ်ထွန်းစေတဲ့ သဘာဝကပေးတဲ့ အလှပြင်ပစ္စည်းပဲဖြစ်ပါတယ်။ အလှအပအတွက် မန်းကျည်းသီးကို သဘာဝအလှပြင်ပစ္စည်းတစ်ခုအနေနဲ့ အသုံးပြုလို့ရလို့ Cosmetic ဖိုးကိုလည်း ချွေတာရာရောက်ပါတယ်။ ထိုင်းအမျိူးသမီးတွေအနေနဲ့ မန်ကျည်းသီးကို အနှစ်ပြုလုပ်ပြီး ဆဲလ်သေတွေကို ဖယ်ရှားဖို့အတွက် Scrub အနေနဲ့ အသုံးပြုကြပါတယ်။ အဲလိုပြုလုပ်ခြင်းအားဖြင့် အသားရေကို နူးညံ့စေပြီး အပြစ်အနာအဆာတွေနဲ့ အမည်းစက်တွေကို လျော့ကျစေပါတယ်။ ဒါအပြင် အသားအရေကိုထိထိရောက်ရောက်သန့်စင်ပေးပြီး သန့်စင်ကြည်လင်တဲ့အသားအရေကို ရရှိစေမှာဖြစ်ပါတယ်။ ပျားရည်တစ်ခွက်၊ မန်းကျည်းသီးအနှစ်နဲ့ ဒိန်ချဉ်စားပွဲတင်ဇွန်းသုံးဇွန်းကို ရောနှောပြီး မျက်နှာသစ်ဆေးအနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။ မန်းကျည်းသီးမျက်နှာသစ်ဆေးနဲ့ သစ်ပေးခြင်းက ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး မျက်နှာပေါ်ရှိ သွေးလည်ပတ်မှုကိုလည်း ပိုမိုကောင်းမွန်စေပါတယ်။

Acer Swift 3 အကြောင်း အသေးစိတ်ကြည့်ရန်

(၂) စပါးလင်

စပါးလင်ကို ဟင်းလျာချက်ပြုတ်ရာမှာ အရမ်းကျယ်ကျယ်ပြန့်ပြန့်ကြီးမသုံးကြဘဲ အလှအပနဲ့ ကျန်းမာရေးတွေအတွက် ပိုပြီးအသုံးပြုကြပါတယ်။ စပါးလင်က ဆဲလ်သေတွေကို ကွာကျစေပြီး အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့ အစွမ်းရှိပါတယ်။ စပါးလင်ကိုအသုံးပြုပြီး ထိုင်းမလေးတွေ ပြုလုပ်လေ့ရှိတာက စပါးလင်ရေနွေးငွေ့ပေါင်းတင်ခြင်းပဲ ဖြစ်ပါတယ်။ စပါးလင်ရေနွေးငွေ့ပေါင်းတင်ခြင်းက ဘယ်အသားအရေမျိုးအတွက်မဆို ပြုလုပ်ပေးလို့ရပါတယ်။ အဲလိုပေါင်းတင်လိုက်တဲ့အခါ ချွေးပေါက်ထဲမှာရှိတဲ့ အညစ်အကြေးတွေနဲ့ အဆီပိုတွေကို ဖယ်ရှားသန့်စင်ပေးလို့ သန့််ရှင်းကြည်လင်တဲ့ အသားအရေကို တစ်မဟုတ်ချင်း ပိုင်ဆိုင်သွားမှာ အသေအချာပါပဲ။

(၃) Thai Massage

ထိုင်းနိုင်ငံရဲ့ ရိုးရာ Thai Massage ဟာလည်း ကမ္ဘာကျော်တယ်လို့ဆိုရမှာပါ။ Thai Massage ပြုလုပ်ခြင်းက အသားအရေနဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို Soothing Effect ရရှိစေကာ စိတ်ကိုလန်းဆန်းစေပါတယ်။ ခန္ဓာကိုယ်ရဲ့ညောင်းညာကိုက်ခဲမှုတွေကိုလည်း သက်သာစေပြီး စိတ်ဖိစီးမှုကို သက်သာစေပါတယ်။ စိတ်ဖိစီးမှုကင်းရင် ရုပ်ရည်လည်းနုပျိုလှပတယ်ဆိုတာကို ကောင်းကောင်းသိရှိလက်ခံထားပြီး အသုံးချတတ်သူတွေဖြစ်ပါတယ်။

Acer Swift 3 အကြောင်း အသေးစိတ်ကြည့်ရန်

(၄) ထိုင်းအစားအသောက်

ထိုင်းအမျိုးသမီးတွေက အသားထက် ဟင်းသီးဟင်းရွက်ကို အမြောက်အမြားစားသုံးကြပါတယ်။ အနီရောင်ရှိတဲ့အသားကို အနည်းငယ်သာစားသုံးပြီး အသားအစား ပင်လယ်စာနဲ့ ငါးကိုပေါပေါများများ စားသုံးကြပါတယ်။ ဒါအပြင် ထိုင်းဟင်းတွေမှာ ကောင်းမွန်တဲ့ ဟင်းခတ်အမွှေးအကြိုင်တွေပါဝင်ပြီး အဲဒီဟင်းခတ်အမွှေးအကြိုင်တွေက ခန္ဓာကိုယ်ကို သန့်ရှင်းစင်ကြယ်စေကာ အသားအရေကိုတောက်ပလာစေပါတယ်။

(၅) ထိုင်းဖျော်ရည်

ထိုင်းမိန်းမပျိုတွေက ရေနဲ့ လတ်ဆတ်တဲ့ဖျော်ရည်ကို အများအပြားသောက်သုံးကြပါတယ်။ Green Tea က ထိုင်းမလေးတွေ လက်ကမချတမ်းသောက်တဲ့ ဖျော်ရည်အမျိုးအစားပဲဖြစ်ပါတယ်။ Green Tea မှာ ကောင်းမွန်တဲ့ Antioxidant ဓာတ်တွေ များစွာပါဝင်ပါတယ်။ အသင့်သောက်ဖျော်ရည်တွေ သောက်သုံးမယ့်အစား အသားအရေကိုကောင်းကျိုးပြုတဲ့ အသီးအနှံဖျော်ရည် နဲ့ Green Tea ကိုပြောင်းလဲသောက်သုံးလိုက်ပါ။

ထိုင်းအလှအပလျှိူ့ဝှက်နည်းတွေက လွယ်ကူရိုးရှင်းပြီး လိုက်လုပ်ဖို့လည်း အဆင်ပြေတာကြောင့် စမ်းကြည့်သင့်ပါတယ်။ ကိုယ့်အတွက်တကယ်ထူးခြားမှုရှိတယ်ဆိုရင် ပြန်လည်မျှဝေပေးပါဦးနော်။

H.H(အခရာ)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။