[Zawgyi]

အဘိဓမၼာအခါေတာ္ေန႔ (သီတင္းကြ်တ္လျပည့္ေန႔)

သီတင္းကြ်တ္လဟာ ျမန္မာဆယ့္ႏွစ္ခမွာ သတၱမေျမာက္လျဖစ္ၿပီး ရဟန္းသံဃာေတာ္ေတြ မိုးရာသီခိုေအာင္းရာ ဝါတြင္းကာလရဲ႕ ေနာက္ဆံုးလလည္း ျဖစ္ပါတယ္။ ရာသီခြင္မွာ တူရာသီ ျဖစ္ၿပီး အႆ၀တီနကၡတ္နဲ႔ လမင္းတို ့စန္းယွဥ္ကာ မြန္းတည့္ၾကပါတယ္။

သီတင္းကြ်တ္လကို ေရွးျမန္ာေက်ာက္စာေတြမွာ “သံတူလ” လုိ႔ ေရးထိုးၾကပါတယ္။ ခ်ိန္ခြင္ပံု ၾကယ္တာရာ နကၡတ္ေတြ စုေဝးတဲ့ မိုးကာလ၊ ေတာင္သူလယ္သမားေတြ စိုက္ပ်ိဳးထားတဲ့ စပါးပင္ေတြ သန္စြမ္းတဲ့လဆုိၿပီး ဖြင့္ဆိုၾကပါတယ္။  ျမန္မာတို႔ရဲ႕  ဆယ့္ႏွစ္လရာသီပြဲေတာ္ေတြမွာ သီတင္းကၽြတ္လဟာ မီးထြန္းပြဲေတာ္ က်င္းပၾကပါတယ္။

မီးထြန္းပြဲကုိ ေဂါတမဘုရားရွင္ သက္ရွိထင္ရွားရွိတုန္းက က်င္းပခဲ့ၾကတယ္လုိ႔ ဆိုႏိုင္ပါတယ္။ ျမတ္စြာဘုရားရွင္ဟာ သာ၀တၳိျပည္ က႑မၺသရက္ျဖဴပင္အနီးမွာ ေရမီးအစုံအစုံ တန္ခိုးျပာဋိဟာကို ျပေတာ္မူၿပီးေနာက္ သတၱမေျမာက္၀ါတြင္း သီတင္းသုံးရန္အတြက္ တာ၀တႎသာ နတ္ျပည္ကုိ ၾကြေတာ္မူခဲ့ပါတယ္။

တာ၀တႎသာနတ္ျပည္ ပင္လယ္ကသစ္ပင္ရင္းမွာ ခင္းထားအပ္တဲ့ ပ႑ဳကမၺလာ ျမေက်ာက္ဖ်ာေပၚမွာ ေနမင္းလုိ တင့္တင့္တယ္တယ္ စံေနေတာ္မူၿပီး မယ္ေတာ္ျဖစ္ခဲ့ဖူးတဲ့ သႏၲဳႆိတနတ္သားကုိ အမႈးထားကာ စၾက၀ဠာတိုက္ တစ္ေသာင္းမွ တရားနာလာေရာက္ၾကကုန္တဲ့ နတ္ျဗဟၼာအေပါင္းေတကုိ အဘိဓမၼာ တရားေတာ္ျမတ္ကို ေဟာၾကားေတာ္မူခဲ့ပါတယ္။

ဝါတြင္းသုံးလတိုင္ ေဟာၾကားေတာ္မူၿပီးေနာက္ သီတင္းကြ်တ္လျပည့္ေန႔မွာ ဘုရားရွင္ဟာ နတ္ျဗဟၼာအေပါင္းျခံရံၿပီး သိၾကားမင္း ပူေဇာ္ထားတဲ့ ေရႊေစာင္းတန္း၊ ပတၱျမားေစာင္းတန္း၊ ေငြေစာင္းတန္းသုံးသြယ္မွာ သိၾကားလက္ယာ ျဗဟၼာလက္ဝဲထားၿပီး အလယ္ ပတၱျမားေစာင္းတန္းနဲ႔ သကၤႆနဂိုရ္ျပည္ကုိ ျပန္လည္ဆင္းသက္ခဲ့ပါတယ္။ သီတင္းကြ်တ္လျပည့္ညမွာ ဘုရားရွင္နဲ႔ သံုးလတိုင္ ခြဲေနၾကရတဲ့ ဒကာဒကာမေတြဟာ ဘုရားရွင္ တာ၀တႎသာနတ္ျပည္မွ ျပန္လည္ၾကြေရာက္လာတာကုိ မီးရွႈးမီးတိုင္၊ မီးပန္း၊ ဆီမီးေတြနဲ႔ ပူေဇာ္ႀကိဳဆိုၾကပါတယ္။ ဒီျဖစ္စဥ္ကို အေၾကာင္းျပဳၿပီး သီတင္းကြ်တ္မီးထြန္းပြဲေတာ္ စတင္ျဖစ္ေပၚလာတာျဖစ္ပါတယ္။

ထူးျမတ္တဲ့ တရားေတာ္ႀကီးကို တာ၀တႎသာနတ္ျပည္မွာ ေဟာေတာ္မူၿပီး လူ႔ျပည္သို႔ ျပန္လည္ၾကြဆင္းေတာ္မူသည့္ေန႔ကို အေၾကာင္းျပဳၿပီး အဘိဓမၼာအခါေတာ္ေန႔အျဖစ္ သတ္မွတ္ျခင္းျဖစ္ၿပီး ဘုရားရွင္နဲ႔ အထူးျမတ္ဆုံး တရားကို ပူေဇာ္တဲ့အေနနဲ႔ မီးထြန္းပြဲေတြ က်င္းပပူေဇာ္ခဲ့ၾကပါတယ္။

ကုိးကား ။  ။ ဘာသာေရးဗဟုသုတ ၊ ဓာတ္ပုံမူရင္း (မင္းလွသားေလး)

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

အဘိဓမ္မာအခါတော်နေ့ (သီတင်းကျွတ်လပြည့်နေ့)

သီတင်းကျွတ်လဟာ မြန်မာဆယ့်နှစ်ခမှာ သတ္တမမြောက်လဖြစ်ပြီး ရဟန်းသံဃာတော်တွေ မိုးရာသီခိုအောင်းရာ ဝါတွင်းကာလရဲ့ နောက်ဆုံးလလည်း ဖြစ်ပါတယ်။ ရာသီခွင်မှာ တူရာသီ ဖြစ်ပြီး အဿဝတီနက္ခတ်နဲ့ လမင်းတို့စန်းယှဉ်ကာ မွန်းတည့်ကြပါတယ်။

သီတင်းကျွတ်လကို ရှေးမြန်ာကျောက်စာတွေမှာ “သံတူလ” လို့ ရေးထိုးကြပါတယ်။ ချိန်ခွင်ပုံ ကြယ်တာရာ နက္ခတ်တွေ စုဝေးတဲ့ မိုးကာလ၊ တောင်သူလယ်သမားတွေ စိုက်ပျိုးထားတဲ့ စပါးပင်တွေ သန်စွမ်းတဲ့လဆိုပြီး ဖွင့်ဆိုကြပါတယ်။  မြန်မာတို့ရဲ့  ဆယ့်နှစ်လရာသီပွဲတော်တွေမှာ သီတင်းကျွတ်လဟာ မီးထွန်းပွဲတော် ကျင်းပကြပါတယ်။

မီးထွန်းပွဲကို ဂေါတမဘုရားရှင် သက်ရှိထင်ရှားရှိတုန်းက ကျင်းပခဲ့ကြတယ်လို့ ဆိုနိုင်ပါတယ်။ မြတ်စွာဘုရားရှင်ဟာ သာဝတ္ထိပြည် ကဏ္ဍမ္ဗသရက်ဖြူပင်အနီးမှာ ရေမီးအစုံအစုံ တန်ခိုးပြာဋိဟာကို ပြတော်မူပြီးနောက် သတ္တမမြောက်ဝါတွင်း သီတင်းသုံးရန်အတွက် တာဝတိံသာ နတ်ပြည်ကို ကြွတော်မူခဲ့ပါတယ်။

တာဝတိံသာနတ်ပြည် ပင်လယ်ကသစ်ပင်ရင်းမှာ ခင်းထားအပ်တဲ့ ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာပေါ်မှာ နေမင်းလို တင့်တင့်တယ်တယ် စံနေတော်မူပြီး မယ်တော်ဖြစ်ခဲ့ဖူးတဲ့ သန္တုဿိတနတ်သားကို အမှုးထားကာ စကြဝဠာတိုက် တစ်သောင်းမှ တရားနာလာရောက်ကြကုန်တဲ့ နတ်ဗြဟ္မာအပေါင်းတေကို အဘိဓမ္မာ တရားတော်မြတ်ကို ဟောကြားတော်မူခဲ့ပါတယ်။

ဝါတွင်းသုံးလတိုင် ဟောကြားတော်မူပြီးနောက် သီတင်းကျွတ်လပြည့်နေ့မှာ ဘုရားရှင်ဟာ နတ်ဗြဟ္မာအပေါင်းခြံရံပြီး သိကြားမင်း ပူဇော်ထားတဲ့ ရွှေစောင်းတန်း၊ ပတ္တမြားစောင်းတန်း၊ ငွေစောင်းတန်းသုံးသွယ်မှာ သိကြားလက်ယာ ဗြဟ္မာလက်ဝဲထားပြီး အလယ် ပတ္တမြားစောင်းတန်းနဲ့ သင်္ကဿနဂိုရ်ပြည်ကို ပြန်လည်ဆင်းသက်ခဲ့ပါတယ်။ သီတင်းကျွတ်လပြည့်ညမှာ ဘုရားရှင်နဲ့ သုံးလတိုင် ခွဲနေကြရတဲ့ ဒကာဒကာမတွေဟာ ဘုရားရှင် တာဝတိံသာနတ်ပြည်မှ ပြန်လည်ကြွရောက်လာတာကို မီးရှှုးမီးတိုင်၊ မီးပန်း၊ ဆီမီးတွေနဲ့ ပူဇော်ကြိုဆိုကြပါတယ်။ ဒီဖြစ်စဉ်ကို အကြောင်းပြုပြီး သီတင်းကျွတ်မီးထွန်းပွဲတော် စတင်ဖြစ်ပေါ်လာတာဖြစ်ပါတယ်။

ထူးမြတ်တဲ့ တရားတော်ကြီးကို တာဝတိံသာနတ်ပြည်မှာ ဟောတော်မူပြီး လူ့ပြည်သို့ ပြန်လည်ကြွဆင်းတော်မူသည့်နေ့ကို အကြောင်းပြုပြီး အဘိဓမ္မာအခါတော်နေ့အဖြစ် သတ်မှတ်ခြင်းဖြစ်ပြီး ဘုရားရှင်နဲ့ အထူးမြတ်ဆုံး တရားကို ပူဇော်တဲ့အနေနဲ့ မီးထွန်းပွဲတွေ ကျင်းပပူဇော်ခဲ့ကြပါတယ်။

ကိုးကား ။  ။ ဘာသာရေးဗဟုသုတ ၊ ဓာတ်ပုံမူရင်း (မင်းလှသားလေး)

ကျော်စိုးအောင် (အခရာ)

www.akhayar.com