[Zawgyi] 

Tesla ကလက္ရွိထုတ္လုပ္ေရာင္းခ်ေနတဲ့ ကားေတြထဲက Model 3 ထုတ္လုပ္မႈကို ယာယီရပ္ဆို္င္းလိုက္ပါတယ္။ အခုလို ရပ္တန္႔လိုက္တာေၾကာင့္ အရင္က Model 3 ကို Pre-Order မွာထားသူေတြအတြက္ေတာ့ အထိနာခဲ့ပါတယ္။ Model 3 ကေတာ့ Tesla ရဲ႕ အေသးဆံုး မိသားစုစီး Compact Electric Sedan အမ်ိိဳးအစားထဲမွာပါဝင္တဲ့ ကားပဲျဖစ္ပါတယ္။ 

Tesla Gigafactory

Model 3 ေတြထုတ္လုပ္မႈကို ရပ္တန္႔လိုက္ရတဲ့ အေၾကာင္းအရင္းကေတာ့ ဝယ္ယူသူေတြဆီမေရာက္ခင္ တင္ပို႔မယ့္အခ်ိန္ ၾကန္႔ၾကာေနတာမ်ိဳးေတြကို ေျဖရွင္းေပးဖို႔ပဲျဖစ္ပါတယ္။ Model 3 ထုတ္လုပ္မႈကို ၄ ရက္ကေန ၅ ရက္အထိၾကာျမင့္ေအာင္ ရပ္တန္႔လိုက္မွာျဖစ္တယ္လို႔ Tesla ကဆိုပါတယ္။ ထုတ္လုပ္မႈရပ္ဆိုင္းလိုက္တာက Model 3  အေရအတြက္ကို ေလ်ာ့က်သြားေစမွာမဟုတ္ဘူးလို႔လည္းဆိုပါတယ္။ 

Tesla အေနနဲ႔ လက္ရွိ Model 3 ေတြကိုတပ္ဆင္ထုတ္လုပ္ေနတဲ့ California မွာရွိတဲ့ Fremont စက္႐ံုနဲ႔ Gigafactory 1 တို႔ကို ယာယီရပ္နားဖို႔ စီစဥ္ထားတာပဲျဖစ္ပါတယ္။ အခုလို ရပ္နားလိုက္တဲ့အတြက္ ထုတ္လုပ္မႈအပိုင္းမွာ ရွိလာႏိုင္တဲ့ ျပႆနာေပါင္းစံုကို ႀကိဳတင္ကာကြယ္ဖို႔အတြက္ လိုအပ္တာေတြကို လုပ္ေဆာင္သြားႏိုင္မွာျဖစ္ပါတယ္။ 

လက္ရွိမွာ Tesla က တစ္ပတ္အတြင္းမွာ Model 3 အစီးေရေပါင္း ႏွစ္ေထာင္အထိ တပ္ဆင္ထုပ္လုပ္ႏိုင္ခဲ့ၿပီး ေနာက္ပိုင္းမွာ တစ္ပတ္အတြင္း ကားအစီးေရ ငါးေထာင္အထိ တပ္ဆင္ထုတ္လုပ္လာႏိုင္ဖို႔အထိ ရည္႐ြယ္ထားပါတယ္။ လက္ရွိစက္႐ံုရပ္တန္႔မႈေတြေၾကာင့္ Model S နဲ႔ Model X ထုတ္လုပ္မႈေတြအေပၚ ထိခိုက္မႈ မရွိဘူးလို႔ Tesla ကေျပာထားပါတယ္။ 

Ref: The Verge

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode] 

Model 3 ကားတွေထုတ်လုပ်မှုကို ယာယီရပ်တန့်လိုက်တဲ့ Tesla

Tesla ကလက်ရှိထုတ်လုပ်ရောင်းချနေတဲ့ ကားတွေထဲက Model 3 ထုတ်လုပ်မှုကို ယာယီရပ်ဆိုင်းလိုက်ပါတယ်။ အခုလို ရပ်တန့်လိုက်တာကြောင့် အရင်က Model 3 ကို Pre-Order မှာထားသူတွေအတွက်တော့ အထိနာခဲ့ပါတယ်။ Model 3 ကတော့ Tesla ရဲ့ အသေးဆုံး မိသားစုစီး Compact Electric Sedan အမျိုးအစားထဲမှာပါဝင်တဲ့ ကားပဲဖြစ်ပါတယ်။ 

Tesla Gigafactory

Model 3 တွေထုတ်လုပ်မှုကို ရပ်တန့်လိုက်ရတဲ့ အကြောင်းအရင်းကတော့ ဝယ်ယူသူတွေဆီမရောက်ခင် တင်ပို့မယ့်အချိန် ကြန့်ကြာနေတာမျိုးတွေကို ဖြေရှင်းပေးဖို့ပဲဖြစ်ပါတယ်။ Model 3 ထုတ်လုပ်မှုကို ၄ ရက်ကနေ ၅ ရက်အထိကြာမြင့်အောင် ရပ်တန့်လိုက်မှာဖြစ်တယ်လို့ Tesla ကဆိုပါတယ်။ ထုတ်လုပ်မှုရပ်ဆိုင်းလိုက်တာက Model 3  အရေအတွက်ကို လျော့ကျသွားစေမှာမဟုတ်ဘူးလို့လည်းဆိုပါတယ်။ 

Tesla အနေနဲ့ လက်ရှိ Model 3 တွေကိုတပ်ဆင်ထုတ်လုပ်နေတဲ့ California မှာရှိတဲ့ Fremont စက်ရုံနဲ့ Gigafactory 1 တို့ကို ယာယီရပ်နားဖို့ စီစဉ်ထားတာပဲဖြစ်ပါတယ်။ အခုလို ရပ်နားလိုက်တဲ့အတွက် ထုတ်လုပ်မှုအပိုင်းမှာ ရှိလာနိုင်တဲ့ ပြဿနာပေါင်းစုံကို ကြိုတင်ကာကွယ်ဖို့အတွက် လိုအပ်တာတွေကို လုပ်ဆောင်သွားနိုင်မှာဖြစ်ပါတယ်။ 

လက်ရှိမှာ Tesla က တစ်ပတ်အတွင်းမှာ Model 3 အစီးရေပေါင်း နှစ်ထောင်အထိ တပ်ဆင်ထုပ်လုပ်နိုင်ခဲ့ပြီး နောက်ပိုင်းမှာ တစ်ပတ်အတွင်း ကားအစီးရေ ငါးထောင်အထိ တပ်ဆင်ထုတ်လုပ်လာနိုင်ဖို့အထိ ရည်ရွယ်ထားပါတယ်။ လက်ရှိစက်ရုံရပ်တန့်မှုတွေကြောင့် Model S နဲ့ Model X ထုတ်လုပ်မှုတွေအပေါ် ထိခိုက်မှု မရှိဘူးလို့ Tesla ကပြောထားပါတယ်။ 

Ref: The Verge

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။